ရွာတော်စောင့်သရဲ...အပိုင်း(၅)
ဆရာတော်တွေက ဆွမ်းစားပြီးတော့ ဒါဟာ ဒကာကြီးငထုံးရဲ့အလှူဖြစ်တဲ့အကြောင်း ရရှိတဲ့ ကုသိုလ်အဖိုဘာဂကို ငထုံးကြီး အပြည့်အဝ ရပါစေလို အမျှပေးဝေကြတယ်။ငထုံးကြီးက
သာဓုခေါ်တယ်။ဒီချိန်မှာပဲ ငထုံးကြီးရဲ့ အရိုးစုကို မီးသင်္ဂြိုဟ်လိုက်ကြတာပေဗျာ။တစ်ပြိုင်နက်တည်း လုပ်တာဗျ။ငထုံးကြီးလည်း သာဓုခေါ်တဲ့အချိန် သူ့အရိုးစုတွေလည်း ပြာကျတဲ့အချိန်တစ်ထပ်
တည်းဗျ ။ဟာ.....သာဓုလဲခေါ်ပြီးရော ဆင်ကြီးတစ်ကောင်လောက်ရှိတဲ့ သရဲကြီး ဖြုတ်ခနဲ ပျောက်သွားရောဗျာ။ကျုပ်က အချက်ပေးလိုက်တာနဲ့ တပြိုင်တည်း အသင့်စောင့်နေတဲ့ ရွာတော်သားတွေက တမာပင်ပုလေးရဲ့ခြံဝင်းကို
ဖျက်ကြပြီး တမာပင်ပုလေးကိုပါ ဝိုင်းခုတ်ကြ ထစ်ကြ အမြစ်တူးတဲ့လူကတူးပေါ့ဗျာ။ရွာတော်ဆရာတော်က ကျုပ်ကို ခေါ်ပြီးမေးတယ်။"ဒကာလေး မောင်တာတေ သရဲကြီးဦးထုံး ကျွတ်လွတ်
သွားတာကို မြင်ရသလားကွဲ" "မှန်လှပါဘုရား ၊ သရဲကြီး ကျွတ်လွတ်သွားပါပြီဘုရား၊
တပည့်တော်သေသေချာချာ မြင်ပါတယ်ဘုရား"
"အင်း………ဝမ်းမြောက်ဖွယ်ကောင်းလှပါဘိတော့တယ်"
လို ပြုံးပြီး ဆရာတော်ကမိန့်တယ်။တောင်ချွန်းဆရာတော်ကလည်း ဝမ်းမြောက်ဝမ်းသာ ရှိတာပေါ့ဗျာ ကိစ္စပြီးတာနဲ့ ကျုပ်ထနောင်းကုန်းကို ပြန်တယ်။ဘိုးထော်နဲ့စံဘော်က ကျုပ်ကို အိမ်အရောက်ပြန်ပိုကြပါတယ်။အဘနဲ့အမေအတွက်လဲ မြေပဲ၊မောင်မခ်ါပဲ၊ပဲကြီး၊ပုန်းရည်ကြီး၊နှမ်း၊ ပြီးတော့ ရွာတော်သူတွေ ယက်ကန်းခတ်ပြီးရက်ထားတဲ့အညာတဘက်နှစ်ထည် လက်ဆောင်ထည့်ပေးလိုက်တော့ အမေနဲ့အဘမျက်နှာက တပြုံးပြုံးနဲ့ပေါ့ဗျာ။
ပြီးပါပြီ။ ။
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment