သင်္ချိုင်းရှင်မ "မဖဲဝါ" အပိုင်း(၂)




....
.ဟင်.....ကပ္ပိယကြီး....ပြောတဲ့အတိုင်းဆိုရင်......

....ကျွန်တော်တို့ရွာသင်္ချိုင်းကြီးက....အတော်ဆိုးမယ့်

ပုံပဲနော်.....

လပြည့်ညဖြစ်၍ ဘုန်းကြီးကျောင်းဝန်းထဲ၌ ကာလ

သားများကို ကပ္ပိယကြီးမှ သူလူငယ်ဘဝက ကြုံခဲ့

ရသည့် မကျည်းကုန်းရွာသင်္ချိုင်းကြီးထဲ အောက်

လမ်းဆရာ ဘိုးထိန်တို့ ဆရာတပည့် နှစ်ယောက်နှင့်

သင်္ချိုင်းရှင်မမဖဲဝါတို့ရဲ့ ဖြစ်ပုံအား ပြန်လည် ပြောပြ

နေခြင်းပင်ဖြစ်သည်

....ဆိုးတာပေါ့ကွ...မနက်မိုးလင်းတော့....ရွာသင်္ချိုင်း

မှာ....လူသေအလောင်း.....တွေ့တယ်ဆိုလို့...ငါတို့....

....သွားကြည့်ကြတာပေါ့ကွာ.....လူပျိုပေါက်အရွယ်

ဆိုတော့.....အကြောက်အလန့်ကလဲ....သိပ်မရှိဘူး

လေကွာ.....အောက်လမ်းဆရာ...ဘိုးထိန်ကြီး...

ဂူထဲမှာလက်တစ်ဖက်......အပြင်မှာကတစ်ဖက်နဲ့....

ခေါင်းတစ်ခုလုံးလဲ.....စိစိညက်ညက်ကြေနေပြီ....

ဂူမှာလဲ.....သွေးတွေက.....မြင်မကောင်းပါဘူးကွာ.....

နောက်ပိုင်း ..ငါတို့ရွာထဲ ..ထမီရင်လျားနဲ့ အမျိုးသမီး

တစ်ယောက်.. အခေါင်းရွက်ပြီး.. ညဥ့်နက်သန်းခေါင်

ဖြတ်သွားဖြတ်လာလုပ်တတ်တာကို... တစ်ချို့တွေ

တွေ့ကြမြင်ကြတယ်တဲ့.....သူလာတဲ့ညတွေဆိုရင်..

ရွာထဲမှာရှိတဲ့ခွေးတွေ.....တအားအူကြတော့တာပဲဟေ့

ကာလသားများ ကပ္ပိယကြီးပြောစကားကြောင့်

ကြောက်လန့်သွားကြလေ၏

....ကဲ....ကဲ....ညဥ့်လဲနက်နေပြီ.....အိပ်ကြစို့ကွာ.....

ကပ္ပိယကြီး ​အိပ်ဖို့ပြောတော့မှ ကာလသားများလဲ

ကိုယ်စီ အိမ်ပြန်သွားကြလေတော့သည်
======
လဆုတ်ရက်ဆိုပေမဲ့ လရောင်က အနည်းငယ်မျှ

ရှိနေလေ၏ စိန်မောင်တစ်ယောက် မိမိရဲ့ ချစ်သူဖြစ်

သော ရွာ၏ကွမ်းထောင်ကိုင် အလှပဂေး မပန်းဝေတို့

အိမ်မှ လူပျို့လှည့်သွားခါ ယောက္ခမလောင်းကြီးနဲ့

စကားစပြောရင်း အပြန်နောက်ကျနေပြီ ဖြစ်သည်

မပန်းဝေတို့ ဝိုင်းခြံသည် ရွာထိပ်၌ရှိသောကြောင့်

စိန်မောင်နေထိုင်သည်က ရွာအနောက်ဘက်မို့

ညဥ့်နက်ပြီဖြစ်၍ စကားစကိုဖြတ်ခါ စိန်မောင်အိမ်

ပြန်လေတော့သည် ရွာထဲရှိအိမ်များမှာ မီးခွက်မှုတ်

အိပ်မောကြနေလေပြီ ရွာလယ်လမ်းအတိုင်း

ကျားခေါင်းဓာတ်မီးလေး တစ်လတ်နဲ့ ပြန်လာခဲ့သည်

လမ်းကို ပုံမှန်ထက်နည်းနည်း မြန်အောင် လျှောက်

လာရင်း ရုတ်တရက် ခွေးများ ဆွဲဆွဲငှင်ငှင်ထအူကြ

လေသည်

.......အူး.......ဝူး....အူး......ဝူး.....

....ဟာ...ဒီခွေးတွေကလဲကွာ.....ငါလာမှ...အူရတယ်

လို့.....

စိန်မောင် ခွေးအူသံတွေကြားတော့ ခြေလှမ်းကို

မပြေးရုံ လျှောက်နေလေတော့သည် စိတ်ထဲမှာ

ကပ္ပိယကြီး ပြောလိုက်တဲ့စကားတစ်ချို့ နားထဲပြန်

ကြားယောင်ရင်း စိတ်ထဲ ကြောက်လန့့်နေလေ၏

.....အူး....အူး......ဝူး....

ခွေးအူသံတို့သည် စိန်မောင်နှင့် တဖြေးဖြေးနီးသည်

ထက်နီးကပ်လာလေသည် လမ်းလဲလျှောက် ဘေးဘီ

ကိုလဲကြည့်နေရသော စိန်မောင် ဓာတ်မီးကလဲ

အားနည်းနေပြီဖြစ်၍ ဝိုးတဝါးသာ မြင်ရလေ၏

ခပ်သွတ်သွတ်လျှောက်လေ ခွေးအူသံများက နီးကပ်

လာလေ ရွာအလယ် ညောင်ပင်ကြီးနားသို့ အရောာက်

.....ဘုန်း.....ဘုန်း......ဘုန်း......

.....ဟင်....ဒါ....ဒါ....ဘာသံလဲ..?????

ညောင်ပင်အနာက်မှ ထွက်လာသော တဘုန်းဘုန်းနဲ့

ထုသံသည် ပို၍ကျယ်လာလေသည် ရုတ်တရက်

တစ်ခုခုကို ထွက်လာသည်ကို တွေ့လိုက်ရ၍ စိန်မောင်

ဓာတ်မီးဖြင့် ထိုးကြည့်သောအခါ.....

....အမေရေ.....

အမျိုးသမီးတစ်ယောက်ဗျ ထမီရင်လျားနဲ့

အခေါင်းကြီးကိုရွက်လို့ လက်တစ်ဖက်က ရွက်ထားတဲ့

အခေါင်းကြီးကို ထုနေတာဗျို့ စိန်မောင်သွေးပျက်

မတတ် အော်ပြီး လက်ထဲမှ ဓာတ်မီးကို ပစ်ချခါ

ခြေဦးတည့်ရာသို့ ပြေးလေ၏

....အား......ကယ်ကြပါဦးဗျာ.....အမေရေ....အီး...ဟီး

ပုဆိုးကျွတ်တာတောင် ပြန်မကောက်နိုင်တော့ပဲပြေး

လေတော့သည်

===============

...ဟီး..ဟင်း....ဟင်း...ဟင်း...

....စိန်မောင်....မင်းသက်သာရဲ့လား....

.....ဟုတ်ကဲ့...သက်သာပါတယ်...ကိုကြီးသာဒင်...

စိန်မောင်တစ်ယောက် ညက မဖဲဝါနဲ့ တည့်တည့်တိုး

ပြီး အိမ်ကိုပုဆိုးတောင်မပါ အပြေးရောက်လာ၍

လူကြီးများက ဝိုင်းဝန်းနှိပ်နယ်ပေးပေမဲ့ ကြောက်စိတ်

ကြောင့် ဖျားနေလေတော့သည် အကိုဖြစ်သူ သာဒင်

သတင်းလာမေးတာတောင် အဖျားကမကြချင်သေး

....ဘယ်လိုဖြစ်ရတာလဲ....စိန်မောင်ရယ်....

အကိုဖြစ်သူက မေးနေပေမဲ့ စိန်မောင် ပြန်ဖြေရမှာ

ကြောက်လန့်နေ၏

.....ဟိတ်ကောင်...ငါမေးနေတယ်လေကွာ....

စိန်မောင်လဲ သူမပြောမခြင်း မေးနေမှာ သိသော

ကြောင့်ဖြစ်ကြောင်းကုန်စင် ပြော​ပြလိုက်လေတော့

သည် အကိုဖြစ်သူမှာ ကရင်သွေးပါသူပီပီ ဗမာ

တွေရဲ့ ထုံထမ်းအစဥ်အလာကို အယုံအကြည် သိပ်ပြီး

မရှိပေ

...တောက်....ငါ့ညီကိုခြောက်တဲ့တစ္ဆေမ.....ငါနဲ့တွေ့ပြီ

ပေါ့ကွာ.....ဒီည....ဒင်းးနေတဲ့သင်္ချိုင်းကို....ငါသွားပြီး

စိန်ခေါ်ပြမယ်...

အကိုဖြစ်သူ သာဒင်၏ စကားကြောင့် စိန်မောင်လန့်

ဖျန့်ခါ တားရလေ၏

....ဟာ....အကိုကြီးသာဒင်....မသွားပါနဲ့ဗျာ....ဗမာ

တွေရဲ့ရိုးရာမှာ....မဖဲဝါဆိုတာ...တစ်ကယ်ရှိတယ်ဗျ...

ကျုပ်လဲ...အစကမယုံပါဘူးဗျာ....ကိုယ်တိုင်ကြုံမှ....

မယုံလို့မရဘူးဗျ.....ယုံခဲ့ရတယ်.....မသွားပါနဲ့ဗျာ...

အပိုင်း(၃)ဆက်ရန်....

မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)