ကဝေသိုက် အပိုင်း(၅)



"ဒီကနေ လက်ပံကုန်းကို အရင်သွားရတယ် ဆရာ
ကြီး၊  လက်ပံကုန်း  ရောက်တော့မှ အရှေ့ထောင်
တက်လိုက်ရင် ကျီတော်ကို   ရောက်ရောဗျ။  ကျီ
တော်ရောက်တော့မှ  တောင်ဘက်ထွက်လိုက်ရင်
တောတွေ့တာပဲဗျ။  တောထဲမှာတော့ လှည်းလမ်း
ရှိတယ် အဲဒီ လှည်းလမ်းအတိုင်းသွားရင် ကျီတော်
ရှင်မနေတဲ့ နေရာကို ရောက်ရောဗျ"

"အထဲဝင်ဖို့ရော လွယ်ရဲ့လား မောင်ပိုကာရဲ့"

"ဟာ ဘယ်လွယ်မှာတုံးဗျ၊ ကျီတော်ရှင်မက သူ့နေ
ရာကို ရွာလေးတစ်ရွာလိုကို လုပ်ထားတာ ဆရာ
ကြီးရဲ့ တကယ်တော့ ဝိုင်းအကြီးကြီးပေါ့ဗျာ။ ဝိုင်းကြီး
လို့ရွာခရိုးတားသလိုကို ဆူးခက်တွေနဲ့ ကာထားတာ
ဗျ။လူမပြောနဲ့ တောကောင်တွေတောင် ဖောက်မဝင်
နိုင်ဘူး။ ဆူးခက်ခရိုးမှ အထူကြီးကာထားတာဗျ။ ပြီး
တော့ဝင်ပေါက် နှစ်ပေါက်ပဲ ရှိတယ်။ ဝိုင်းကြီးရဲ့အ
ရှေ့ဘက်မှာ တစ်ပေါက် အနောက်ဘက်မှာ တစ်
ပေါက်ဗျ။ ကျုပ်သွားပြီး ဆီတွေ ဆန်တွေပို့တဲ့အခါ 
ဆိုရင်တော့ အရှေ့ဘက် အပေါက်ကပဲ အမြဲဝင်
တယ်။ ဆင်မတို့ဓါတ်တော်တို့ မြခိုးတို့ဘက်က လူ
တွေ ရိက္ခာလာပို့ရင်တော့ အနောက်ဘက်အပေါက်
က ဝင်ကြရတယ် ပြောတာပဲ ဆရာကြီး"

"နို့ အဲဒီ ဝင်ပေါက်တွေမှာ တံခါးတွေ ဘာတွေ 
ရှိလားကွဲ့"

"ဟာ ရှိပါပြီလား ဆရာကြီးရယ်၊ တံခါးမှ အခိုင်
အမာကို လုပ်ထားတာဗျ။ သစ်သားတံခါးကြီး
တွေကိုအထဲကအမြဲတမ်း မင်းတုတ်ချပြီး ပိတ်
ထားတာ။ ကျုပ်က ဘယ်ရွာက လှည်းပါ၊ နာမည်
က ဘယ်သူပါလို့ အော်ပြောလိုက်တော့မှ တံခါး
ကို ဖွင့်ပေးတာဗျ"

"ဒါဆိုရင် ဒီအပေါက်တွေမှာ အစောင့်အမြဲချထား
ရမှာပေါ့"

"ဘာအစောင့်မှတော့ မတွေ့ဘူးဗျ။ ကျုပ်အော်လိုက်
ရင် တအောင့်လောက်ရှိတာနဲ့ တံခါးကြီးက သူ့အလို
လို ပွင့်သွားတာဗျ။  ကျုပ်လှည်းမောင်းပြီး  ဝင်လိုက်
တာနဲ့  တံခါးက  သူ့အလိုလို ပြန်ပိတ်သွားတာ တစ်
ယောက်ယောက်က အပိတ်အဖွင့် လုပ်ပေးနေသလို
တော့ ရှိတယ်။ ဒါပေမယ့် လူကိုမြင်ရတာ မဟုတ်ဘူး
ဆရာကြီးရဲ့။ အောင်မလေးဗျာ ပြောရင်နဲ့ ကြက်သီး
တွေတောင်ထလာပြီ ဆရာကြီးရယ် ကျုပ်ပြောပြနေ
တာကို ကျီတော်ရှင်မများ သိသွားပြီလား မသိဘူးဗျ"

"ဟား ဟား ဟား ဒီလောက်လည်း မကြောက်ပါနဲ့ မောင်ပိုကာရယ် ကျုပ်တစ်ယောက်လုံး ရှိပါတယ်
ကွဲ့။ မင်း ရှင်မလည်း မသိလောက်ပါဘူးကွယ်။ ဒါ
ထက် ဝန်းကြီးထဲမှာ အိမ်တွေရှိလားကွဲ့"

"ဟာ ရှိတာပေါ့ ဆရာကြီးရဲ့။ ကျုပ်တို့က ရိက္ခာပို့
တဲ့သူတွေဆိုတော့ ဝိုင်းကြီးတောင်ဘက်က ရိက္ခာ
ကျီထဲကို ပို့ပေးရတယ်။ ကျီသော့ကိုင်တဲ့ မိန်းမနှစ်
ယောက်က တံခါးဖွင့်ပေးတယ်။ သူတို့လည်း စုန်း
မတွေပဲ ထင်ပါတယ်ဗျာ။ အဲဒီကို သွားရင် တဲအိမ်
ငါးလုံးလောက်ကို ကျော်သွားရတယ်ဗျ။ တဲတိုင်းမှာ
မိန်းမနှစ်ယောက်၊ သုံးယောက် နေတာကို တွေ့ရ
တယ်။ ကျီတော်ရှင်မက ဝိုင်းကြီးရဲ့ အလယ်မှာ
အိမ်ကြီးတစ်လုံးနဲ့ နေတာဗျ။ သူ့အိမ်ရဲ့အရှေ့၊
အနောက်၊ တောင်၊ မြောက်မှာ တဲအိမ် ငါးလုံး
ခြောက်လုံးရှိတယ်။ စုစုပေါင်း ပညာသည်တွေ
နေတဲ့တဲက အလုံးအစိပ်လောက် ရှိမယ်ဗျ"

"ဒါဆိုရင် ကျီတော်ကဝေမရဲ့ တပည့်စုစုပေါင်း ငါး
ဆယ်ကျော်လောက် ရှိမှာပေါ့"

"ဟာ ရှိမယ် ရှိမယ် ဆရာကြီး အဲဒီလောက်ရှိနိုင်
တယ်"

"ကျီတော်မှာ မောင်ပိုကာနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ
ဘာတွေ ရှိသလားကွဲ့"

"ဟာ ရှိတာပေါ့ ဆရာကြီးရဲ့၊ ကျုပ်တို့ ခုနှစ်ရွာမှာ
က ဟိုတုံးကတည်းက ဟိုရွာ ဒီရွာ လှည့်ပတ်ပြီး
အိမ်ထောင်ချပေးကြတာ ဆိုတော့ အားလုံးဟာ
ဆွေရိပ်မကင်း၊ မျိုးရိပ်မကင်းတွေချည်းပဲဗျ။ ကျီ
တော်မှာဆိုရင် ကျုပ်အဘဘက်က အမျိုးတွေမှ
အများကြီးရှိတာ ဆရာကြီးရဲ့"

"ဟာ ဒါဆိုရင် ဟန်ကျပြီပေါ့ကွယ်၊ ကျုပ်တို့ကို
ကျီတော်က စိတ်ချရတဲ့သူနဲ့ ဆက်ပေးစမ်းပါကွယ်"

ဒီတော့မှ ဘိုးထွန်းက ဝင်ပြောတာဗျ။

"ဟာ ဒီအတွက်တော့ မပူနဲ့ကိုလူပေရဲ့၊ ကျုပ်ညီ
အရင်းရဲ့သား ကျုပ်တူအရင်း မောင်ခင်ဆိုတာ
ကျီတော်မှာ ရှိတယ်ကွဲ့။ဟိုရောက်ရင် မောင်ခင့်
အိမ်မှာတည်းပါ။ မောင်ခင်ဆိုတဲ့ကောင်က ကျုပ်
ငယ်ငယ်တုံးကလိုပဲ။ အထက်လမ်းဆရာတွေကို 
အားကြီး ရိုသေလေးစားတာကွဲ့၊ ကဲ မနက်ဖြန် 
မနက်စောစော မောင်ပိုကာက ကိုလူပေတို့ ဆ
ရာတပည့်ကို ကျီတော်က ကျုပ်တူ မောင်ခင့်
အိမ်ကို အရောက်ပို့ပေးလိုက်ပါကွယ်။ ပြီးတော့
ဒီကိစ္စကို အတတ်နိုင်ဆုံး သိုသိုသိပ်သိပ်နဲ့ လုပ်
ရမယ်ကွဲ့။ ကျီတော်ကဝေမက ကိုလူပေတို့
ရောက်လာတာကို ကြိုမသိလေကောင်းလေပဲ"

"စိတ်ချပါဘိုး ကျုပ် မနက်စောစော လှည်းကောက်
ပြီး လာခဲ့ပါမယ်"

"အေး အေး မောင်ပိုကာရေ အစစအရာရာ စိတ်ချ
မယ်နော်"

"စိတ်ချပါ ဘိုး။ စိတ်ချပါ"

ဘိုးထွန်းရဲ့ သားတွေနဲ့  ချွေးမတွေလည်း ယာထဲက
နေ အစောကြီး ပြန်လာပြီး   ကျုပ်တို့ကို   ချက်ပြုတ်
ကျွေးမွေး ဧည့်ဝတ်ပြုကြတယ်ဗျ။ နောက်နေ့ရောက်
တော့ ကိုပိုကာ လိုက်ပို့လို့ ကျုပ်နဲ့ဆရာကြီး ကျီတော်
ကို ရောက်တယ်။ ဘိုးထွန်းရဲ့တူ ကိုခင်က ဘိုးလူပေ
ကို တွေ့တွေ့ချင်း ကြည်ညိုသွားရောဗျ။ 

ဘိုးလူပေ သိချင်တာတွေကို ကိုခင်က အကုန်ပြော
နိုင်တယ်။ ဘာဖြစ်လို့တုံးဆိုတော့ ကျီတော်ရွာက
ရိက္ခာတွေ ပို့ရတဲ့လူက ကိုခင်ဖြစ်နေတာကိုဗျ။

"ဆရာကြီး ဘာမှမပူနဲ့ ကဝေသိုက်ထဲကို ရောက်
အောင် ကျုပ်လိုက်ပို့ပေးမယ်။ အဲဒီထဲကို ဝင်တဲ့
လျှို့ဝှက်အပေါက်ကို ကျုပ်သိတယ်။ ကျုပ်လည်း
ဒီကောင်မကြီးတွေကို ဖြိုပစ်ချင်တကြာပြီဗျ"

အပိုင်း(၆)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)