တစ္ဆေတွေနေတဲ့၊ အပိုင်း ၅။
တစ္ဆေတွေနေတဲ့၊ အပိုင်း ၅။
"တာတေ ငါ့ခြေထောက်ကို သစ်တုံးကြီး တိုက်
သွားတာ၊ ကျိုးသွားပြီထင်တယ်"
ကိုဘထွန်းစကား ဆုံးတယ်ဆိုပဲ ကျုပ် ကမ်းစပ်
ရောက်သွားတယ်။ ခြေထောက်လို့ ရသွားပြီ။
"ကိုဘထွန်း၊ ကိုဘထွန်း ခင်ဗျား ဘယ်မှာတုံး"
"ငါ ဒီမှာကွ တာတေရ၊ ကမ်းစပ်ရောက်ပြီ"
"ဝေါ၊ ဝေါ၊ ဝေါ၊ ဝေါ၊ ဂျိန်း၊ ဂျိန်း"
အို ရွာလိုက်တဲ့မိုးဗျာ။ မိုးသံရော၊ ရေစီးသံရော
မိုးခြိမ်းသံရော၊ ကျုပ် ကိုဘထွန်းအသံကို မှန်း
ပြီး ပြေးသွားရတယ်။
တွေ့ပြီ၊ တွေ့ပြီ။ ကိုဘထွန်းက ထနောင်းပင်
ကြီးရဲ့ ပင်စည်ကို မှီပြီး ထိုင်နေတယ်။ လျှပ်
တစ်ချက် လက်လိုက်တဲ့အချိန်မှာ သူ့ကို ကျုပ်
တွေ့သွားတာဗျ။သူကလည်း ကျုပ်ကို မြင်သွား
တယ်။
"တာတေ လာ လာ၊ ငါဒီမှာ ငါခြေထောက်
တော့ သစ်တုံးကြီး ဝင်ဆောင့်သွားတာ ကျိုး
သွားပြီး ထင်တယ်ကွ၊ ငါ့ခေါင်းတွေလည်း မူး
နောက်နေတယ်၊ ဘာဖြစ်တုံး မသိဘူး တာတေ"
ကျုပ် ကိုဘထွန်းကို ချက်ချင်း မ,ထူပေးပြီ
ကျုပ်ကို ကျောပိုးခိုင်းတယ်။
"လာ ကိုဘထွန်း ဒီနေရာက မကြာခင် ရေမြှုပ်
တော့မှာ"
ကိုဘထွန်းက လူဗလံလေးဆိုတော့ ကျုပ်က
အသာကလေး ကျောပိုးနိုင်တာပေါ့ဗျာ
"ဘယ်သွားမှာတုံး တာတေ"
"တောင်ချိုင့်ကိုပဲ ပြန်ရမှာပေါ့ဗျာ"
"မင်း လမ်းသိလို့လား"
"လမ်းတော့ မသိဘူးဗျ၊ ကျုပ်တို့ ချောင်းထဲမှာ
မျောသွားတာလည်း ဘယ်လောက်ဝေးသွားမှန်း
မသိဘူး၊ ဒါပေမဲ့ လျှပ်လက်တဲ့အရောင်နဲ့ကြည့်
ပြီး သွားကြတာပေါ့ဗျာ။ တောင်ချိုင့် မရောက်
လည်း ရောက်တဲ့ရွာမှာ ဝင်ပြီး အကူအညီ
တောင်းဖို့ပေါ့ဗျာ"
ကိုဘထွန်းကို ကျောပိုးပြီး ကျုပ် ခပ်သွက်သွက်
လျှောက်တာပေါ့ဗျာ။ ကိုဘထွန်းကတော့ ကျုပ်
ရဲ့ ကျောပေါ်မှာ မှေးနေတယ်ဗျ၊ ဘာမှမပြော
တော့ဘူး။
"ဟာ ဟိုမှာ ဟိုမှာ"
ကျုပ်အသံကြားတော့ ကိုဘထွန်းက မေးတယ်
"ဟင် ဘာတုံး တာတေ"
"ဟိုရှေ့မှာ အိမ်ကြီးတစ်လုံးဗျ။ မီးရောင်တော့
မတွေ့ဘူး၊ လူတော့ရှိမှာပါ၊ မိုးတွေ လေတွေ
နဲ့ ဆိုတော့ မီးမှုတ်ပြီး စောစောအိပ်ချင် အိပ်
နေကြမှာပေါ့ဗျာ၊ အဲဒီမှာဝင်ပြီး မိုးခိုရတော့
မှာပဲဗျာ"
မိုးတွေကလည်း ရေတွေ သွန်ချနေသလိုကို
ရွာတာဗျ။ တော်တော်ကလေး သွားလိုက်
တော့မှ လှည်းလမ်းကြောင်းတစ်ခုကိုတွေ့
တယ်။ လှည်းလမ်းကြောင်းကို ကျော်လိုက်
တော့ အိမ်ဝင်းကြီးထဲကို ရောက်လာတယ်
လျှပ်စီးတစ်ချက် အလက်မှာ ကျုပ်အိမ်ကြီး
ဆီကို လှမ်းကြည့်လိုက်တော့ တံခါးကြီး ပွင့်
နေတယ်ဗျ။ ခပ်ဟဟလေး ပွင့်နေတာ လူရှိ
ရှိ မရှိရှိဗျာ၊ မိုးတော့ ဝင်ခိုလို့ရပြီ ဆိုပြီး ကျုပ်
ဝမ်းသာသွားတယ်။ ကိုဘထွန်းကို ကျောပိုး
ရင်း အိမ်ကြီးရဲ့ တံခါးမကြီးကို တွန်းဖွင့်ဝင်
လိုက်တယ်။အိမ်ကြီးထဲမှာလည်း မည်းမှောင်
နေတာဗျ။ ဘာမှကို မမြင်ရဘူး။ ကျုပ် အိမ်
ထဲကို ဝင်လိုက်တယ်။ တစ်လှမ်း၊ နှစ်လှမ်း
သုံးလှမ်း။
"ရပ်"
ကျုပ်တစ်ကိုယ်လုံး ကြက်သီးတွေ ဖြန်းကနဲ ထသွားတယ်ဗျို့၊ မှောင်ထဲက ထွက်လာတဲ့
အသံကြီးဗျ။ အသံက ခပ်သြသြကြီးဗျ။ ယော
က်ျားကြီးတစ်ယောက်ရဲ့အသံပဲ။
"ကိုဘထွန်း ကိုဘထွန်း"
ကျုပ်က ကိုဘထွန်းကို ခေါ်လိုက်တယ်။ ကိုဘ
ထွန်းက ပြန်မထူဘူး။ ကျုပ်ပခုံးပေါ်မှာ ခေါင်း
မှီပြီး အိပ်ပျော်နေပြီဗျ။
"ဘထွန်း မြွေဆိပ်တက်နေပြီ"
မှောင်ထဲက အသံကြီးက ထပ်ထွက်လာတယ်
ဟာ ကိုဘထွန်း ပိုးထိထားတာထင်တယ်။ ကျုပ်
တော်တော်ကို စိုးရိမ်သွားမိတယ်
"ခြေထောက်ကလည်းကျိုးလို့၊ ဒီအထဲကို မြန်
မြန်ခေါ်ခဲ့၊ ဒါထက်နောက်ကျရင် သေတော့မှာ"
"ဗျာ"
"အခုခေါ်ခဲ့ဆို၊ ဘာလုပ်နေတာတုံး"
ကျုပ် မှောင်ထဲကို ရမ်းလျှောက်ခဲ့ရတာပေါ့ဗျာ
ဘာမှလည်း မမြင်ရဘူး၊ မှောင်ထဲက ပြောနေ
တာလည်း ဘယ်သူမှန်း မသိဘူး။ ကျုပ်တစ်
ကိုယ်လုံးလည်း ရေတွေရွှဲနစ်ပြီး ခိုက်ခိုက်တုန်
နေပြီဗျို့။ ကြောက်လို့ ကြက်သီးထတာလည်း
ပါမှာပေါ့ဗျာ။
"ရောက်ပြီ၊ အဲဒီကုတင်ပေါ်မှာတင်လိုက်"
ကျုပ်လက်နဲ့ လိုက်စမ်းလိုက်တယ်။ ဟုတ်
တယ်ဗျ။ ကုတင်ကြီးတစ်လုံး။ ကျုပ် ကိုဘ
ထွန်းကို ကုတင်ပေါ် ခပ်ဖြည်းဖြည်း ချပေး
လိုက်တယ်။ကိုဘထွန်းကတော့ ငြိမ်နေတာ
ဗျို့။ အိပ်ပျော်နေတာလား၊ သတိလစ်နေတာ
လားဆိုတာ ကျုပ်မသိဘူး။ မှောင်မည်းနေ
တော့ ကိုဘထွန်းကိုလည်း ကျုပ်မြင်ရတာ
မဟုတ်ဘူးဗျ။
"သွားတော့လေ၊ ဘာလုပ်နေတာလဲ"
ကျုပ်နောက်ကျောဘက်က အသံကြီး ထွက်
လာတယ်။ ကျုပ်လည်း ဘာမှပြန်မပြောရဲဘဲ
မှောင်ထဲမှာပဲ စမ်းပြီး ထွက်လာခဲ့တယ်။ လျှပ်
စီးတစ်ချက်အလက်မှာ ပွင့်နေတဲ့ တံခါးပေါက်
ကို လှမ်းတွေ့လိုက်လို့ ကျုပ် လျောက်တတ်
တာပေါ့ဗျာ။ တစ်အိမ်လုံး ငြိမ်သွားတယ်။
"ဝေါ ဝေါ ဂျိန်း ဂျိန်း"
အပြင်မှာတော့ လေရောမိုးရောကို တော်
ကြမ်းနေတာဗျို့။ ကျုပ်လည်း ချမ်းလွန်းလို့
ခိုက်ခိုက်တုန်နေပြီ။ ကျုပ်နံရံကို မှီပြီး ထိုင်ချ
လိုက်တယ်။ ခဏနေတော့ ကျုပ် လစ်ကနဲ
အိပ်ပျော်သွားတယ်။
ဘယ်လောက်ကြာအောင် အိပ်ပျော်သွား
တယ် မသိပါဘူးဗျာ
"ဟေ့ သူငယ်၊ ဟေ့ သူငယ်"
ကျုပ်ကို လူတစ်ယောက် လှုပ်နှိုးနေတာဗျ။
မှောင်ထဲက ထွက်လာတဲ့ အသံကြီးကို ကျုပ်
ချက်ချင်းသတိရပြီး ဝုန်းကနဲ ထထိုင်လိုက်
တယ်။ မိုးကတော့ မရွာတော့ဘူး။ နေတွေပူ
နေပြီဗျ။ ကျုပ်အဝတ်တွေတောင် ခြောက်နေ
ပြီ။
"သတိထား သူငယ်၊ သတိထား၊ ဒီမြက်တော
ကြီးထဲမှာ ဘာလို့အိပ်နေရတာတုံး၊ ကျုပ်
လှည်းမောင်းလာရင်း တွေ့လိုက်လို့ လာ
ကြည့်တာကွ"
"ကိုဘထွန်း၊ ကိုဘထွန်း"
အပိုင်း ၆ ဆက်ရန်...
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။
Comments
Post a Comment