တစ္ဆေရင်သွေး ၊အပိုင်း(၆)
ဒီကောင်နှစ်ယောက်က စိတ်ချရတယ်ဗျ။
နေ့ခင်းပိုင်း ရောက်တော့ ကျုပ်ဆီကို ပြန်
ရောက်လာတယ်။ကြက်တစ်ကောင်လည်း
အမွေးနှုတ်ပြီးသား ပါလာတယ်။ ထမင်းအိုး
တစ်အိုး၊ ကြက်သားတစ်အိုး ဝိုင်းချက်လိုက်
ကြတာ ကျက်ကရောဗျ။
အားလုံးကျက်တော့မှ ကျုပ်က ပြောတာဗျ။
"ကဲ ကျောက်ခဲ ၊ မီးလောင်ကုန်းက ဒေါ်
တုတ်ကို သွားခေါ်ကွာ"
"ဟာ ကိုကြီးတာတေ၊ မြောက်ပိုင်းက အရီး
မဖြူတို့အိမ်မှာ ဒေါ်ထွန်းကြီး ရောက်နေလို့
ကျုပ် အကြောင်းပြောခဲ့ပြီးပြီဗျ။ ဒေါ်ထွန်း
စောင့်နေလိမ့်မယ်၊အချိန်ကျရင်သာ လာ
ခေါ်လို့ ဒေါ်ထွန်းက မှာလိုက်တယ်"
"ဟေ ဟုတ်လား ၊ မင်းတောင် တော်တော်
လုပ်တတ်နေပြီပဲ၊ ကဲ ဒီည ဒေါ်ထွန်းကို ခေါ်
သွားပြီး သင်္ချိုင်းထဲမှာမဖဲဝါကို ပင့်ကွာ၊ စားပွဲ
လည်းပေး၊ ပြီးတော့ခါတိုင်း ငါလုပ်သလို ကိ
စ္စကို ပြောပြလိုက်"
"ဟာ …မဟုတ်တာဗျာ၊ မဖဲဝါက ကျုပ်ပင့်
လို့ လာမလားဗျ၊ မလုပ်ပါနဲ့ဗျာ၊ မလာဘဲ
တခြားသရဲတွေ ရောက်လာလို့ အသက်
တောင် ဘယ်ကထွက်ရမှန်းမသိအောင်
ဖြစ်သွားလိမ့်မယ်"
ကျုပ်က ရယ်စရာပြောလိုက်တော့ သံမ
ဏိက ရယ်တော့တာပဲဗျို့။ရှစ်နာရီထိုးတာ
နဲ့ ဒေါ်ထွန်းကို ဝင်ခေါ်ပြီး ကျုပ်တို့ထနောင်း
ကုန်းသင်္ချိုင်းထဲကို ရောက်လာခဲ့တယ်
စားပွဲတွေ ဂူပေါ်မှာပြင်ပြီး ခါတိုင်းလိုပဲ
မဖဲဝါကို ကျုပ်က ပင့်တယ်။
"ဝူး ၊ ဝူး ၊အာဝူး ၊အီ ၊အီ၊ အီ"
ဟော မကြာလိုက်ဘူးဗျ။ မဖဲဝါရဲ့ ခွေးကြီး
နက်ကျော်အူတဲ့အသံကို ကြားရတယ်။ မ
ဖဲဝါရဲ့ ခွေးကြီးအူသံကိုကျုပ်ပဲ ကြားရတာ
လေဗျာ။ ကျန်တဲ့လူတွေကတော့ ဘယ်ကြား
မှာတုံး။ ဟော ဂူတွေအပေါ်က ဖြတ်ပြီးရွေ့
လာတဲ့ ဖြူဖြူအရိပ်ကြီးက ဒေါ်ထွန်းကိုပြေး
ကပ်လိုက်တယ်။ ဆံပင်ဖားလျားချပြီး လက်
အုပ်ကလေးချီထားတဲ့ ဒေါ်ထွန်းကလက်ကြီး
တွေ ကောက်ကွေးပြီး ထလာတယ်ဗျ။
"ဟီး၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး"
ပါးစပ်ကလည်း အသံတွေ ထွက်နေသဗျ။
မတ်တတ်ရပ်ပြီးတာနဲ့ ဂူကြီးပေါ်က စားပွဲ
ကိုလှမ်းကြည့်တယ်။ ဟော ခုန်ပြီဗျို့။ မဖဲ
ဝါ ခုန်ပြီ။လွှားကနဲ နေတာပဲဗျာ။ ဂူပေါ်မှာ
အကျအနထိုင်ပြီးစားတော့တာဗျို့။ ခဏ
နေတော့ ကျုပ်ကို လှမ်းကြည့်တယ်။
"မဖဲဝါ ကျုပ်တို့ထနောင်းကုန်းရွာထဲကို
ညဘက်ရောက်ရင် ဆံပင်အရှည်ကြီးနဲ့
သရဲမကြီးရောက်ရောက်လာလို့ဗျာ"
"ဟဲ့ တာတေ၊ အဲဒါ ဘန့်ဘွေးပင်က သရဲ
မသားအမိဟဲ့။သူ့ကလေးက ပြားကြည်ရဲ့
ကလေးနဲ့ ယာထဲမှာ ကစားဖက်တွေ ခင်
နေကြတာ၊ ပဲသိမ်းပြီးနေ့က ပြားကြည်သ
မီးလေးက သရဲမလေးကို သူ့အိမ်လိုက်ခဲ့
ဖို့အတင်းချော့မော့ပြီး ခေါ်လာတာ၊ ဆံရှည်
သရဲမကတခြားကို သွားနေတုန်း၊ သူ့က
လေးက ပြားကြည်သမီးနဲ့လိုက်လာတာ၊
နောက်တစ်နေ့ရောက်တော့ ပြားကြည်
တို့ လင်မယား ဆွမ်းကပ်တယ်။
ဆရာတော်က ပရိတ်ရေပေးလိုက်တယ်။
အဲဒီပရိတ်ရေထဲမှာ ဆေးဝါးတွေလည်း ပါ
တယ်။အဲဒါနဲ့ ပြားကြည်ယောင်္ကျား ဝိုင်းစည်း
ရိုးတွေဖျန်းလိုက်ရော၊ ညရောက်လို့ ဆံရှည်
မက သူ့ကလေး ဒီမှာရှိမှန်းသိတော့ လာခေါ်
တယ်။ ဒါပေမဲ့ အထဲက ကလေးကလည်း
တစ်ဝိုင်းလုံးဖျန်းထားတဲ့ ပရိတ်ရေ အစွမ်း
ကြောင့် ဝိုင်းပြင်ကိုမထွက်နိုင်ဘူး။ အဲဒါ
ကြောင့် ဆံရှည်မက ဟိုပြေး ဒီပြေး လုပ်
နေတာ။ ကြာလာရင် ဆံရှည်မဒေါသဖြစ်ပြီး
နင်တို့ရွာကို ဒုက္ခပေးလိမ့်မယ်။ ဒီညပဲ နင်
ကလေးကို ဆံရှည်မနဲ့ ပြန်ထည့်လိုက်"
"ဘယ်လိုလုပ်ပြီး ကလေးကို ထုတ်ရ
မှာတုံးဗျ"
"ခြံစည်းရိုးကို တစ်နေရာက ဖောက်
လိုက်လေ။ အဲဒီအပေါက်ထဲ ကလေး
ထုတ်ပေးလိုက်"
ကျုပ်တို့ ရွာပြန်ရောက်တော့ ကိုးနာရီ
ခွဲနေပြီ။ ချက်ချင်းပြင်ကြရတာပေါ့ဗျာ။
ဘလေးသိုးဖြူနဲ့ဒွေးလေးပြားကြည်ကို
မဖဲဝါ ပြောတာတွေ ပြောပြရတာပေါ့။
ဘလေးရော၊ ဒွေးလေးပါ အံ့သြကြ
တာပေါ့ဗျာ။
"ဟဲ့ ပဲစိန် လာစမ်း ဒီကို"
လို့ ဒွေးလေးက ပဲစိန်ကို ခေါ်လိုက်တော
့ ပဲစိန်ကကုပ်ကုပ်ကလေးဗျ။ သူ့အမေရှေ့
ကို ရောက်လာတယ်။
"ဒွေးလေး ခင်ဗျား ကျုပ်တူမကို မဆူ
မငေါက်နဲ့၊ ကျုပ်ဘာသာ မေးမယ်"
လို့ ဒွေးလေးတို့ လင်မယားကို ကျုပ်က
ဟန့်ထားလိုက်ပြီးမှ ပဲစိန်ကို မေးရတာဗျ။
"ပဲစိန် နင် ယာထဲက အပြန်မှာ နင်နဲ့ ဘန့်
ဘွေးပင်အောက်မှာ ကစားနေကျ ကောင်
မလေးကို အိမ်ခေါ်လာတယ်ဆို"
ပဲစိန်က ဘာမှ မပြောဘဲ ခေါင်းလေးပဲ
ညိတ်ပြတာဗျ။
"ဘာလဲ ၊ နင့်သူငယ်ချင်းကို ခင်လို့လား"
"ဟုတ်တယ် ၊ သူနဲ့ ကစားရတာပျော်လို့ "
"သြော် အေး အေး ၊ နေဦး သူငယ်ချင်း
နာမည်က ဘာတဲ့တုံး"
"သူ့မှာ နာမည်မရှိဘူးတဲ့၊ သူ့ကို မဲစိန်
လို့ ခေါ်တယ်"
"ဘာ ၊ မဲစိန် ဟုတ်လား၊ ဒီနာမည်ကို
ဘယ်သူပေးထားတုံး"
"သမီး ပေးထားတာ၊ သမီးက ပဲစိန်ဆို
တော့ သမီးသူငယ်ချင်းက မဲစိန်ပေါ့
ကိုကြီးတာတေရဲ့"
"ဟား ဟား ဟား ဟား "
အားလုံးဝိုင်းရယ်ကြတော့တာပေါ့ဗျာ။
ငိုအားထက် ရယ်အားသန်ဆိုတာ ဒါမျိုး
ပဲ ဖြစ်မယ်ဗျ။ ပဲစိန်ကို ဒေါသဖြစ်နေတဲ့
ဒွေးလေးပြားကြည်တောင် သူ့သမီးကို
ကြည့်ပြီး ရယ်နေတာဗျို့။ ဘလေးသိုးဖြူ
ကလည်း ရယ်တာပဲဗျ။
"ကဲ ပဲစိန်၊ နင့်သူငယ်ချင်း မဲစိန်ကို ပြော
လိုက်၊သူ့အမေ လာခေါ်လိမ့်လို့ ကိုကြီး
တာတေ ပြန်ထည့်ပေးလိုက်မယ် သိ
လား ပဲစိန်"
ပဲစိန်က မျက်လုံးပြူးလေးနဲ့ ခေါင်း
ညိတ်ပြတယ်ဗျ။ ပဲစိန် အသက်က
အခုမှ ခြောက်နှစ် ရှိသေးတာဗျ။
"ဝူး ၊ ဝူး ၊ ဝူး၊ အူး အူး"
အပိုင်း(၇)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ ခရစ်ဒစ် ပေးပါသည်။

Comments
Post a Comment