သင်္ချိုင်းရှင်မ "မဖဲဝါ" (ဇာတ်သိမ်းပိုင်း)
ဟေ့ကောင်စိန်မောင်...မင်းစကားမရှည်နဲ့...မင်းသာ
အမြန်သက်သာအောင်.... ဂရုစိုက်...ငါကတော့
မကြောက်ဘူးကွ....ငါ့ရဲ့ငှက်ကြီးတောင်နဲ့...မိတ်ဆက်
ပေးလိုက်မယ်ဒီည.....ကဲ....ကဲ...ငါပြန်ပြီ....စိန်မောင်
အကိုဖြစ်သူမှာ တားမရပဲ ထွက်သွားလေတော့သည်
အကိုကြီးသာဒင်က အရက်သောက်တတ်ပြီး မူးလာ
ရင် တဇောက်ကန်းလုပ်လွန်းလို့ စိန်မောင် စိတ်ပူနေရ
လေတော့သည်
တစ်ဖြေးဖြေးနဲ့ ညဥ့်နက်လာခဲ့ပြီ ဖြစ်သည်
ငှက်ကြီးတောင် တစ်လက်ကို ကျောမှာလွယ်ပြီး
တောအရက်ပုလင်း ခါးကြားထိုးခါ ရွာသင်္ချိုင်းဘက်
သို့ ထွက်လာခဲ့လေတော့သည် ညနေက သောက်ထား
တဲ့အရက်တန်ခိုးကြောင့် သာဒင် သွေးများဆူနေလေ
သည် တစ်ဖြေးဖြေးလျှောက်လာလိုက်တာ သင်္ချိုင်း
အနားသို့ ရောက်လာခဲ့သည် မပြုပြင်တာ ကြာပြီဖြစ်
တဲ့ ဇရပ်အိုကြီးမှာ အမိုးအကာများ ဖရိုဖရဲဖြင့်
ကြောက်ဖို့ကောင်းလှသည် လက်ထဲမှ ဓာတ်မီးဖြင့်
ဘေးဘီတွေ လိုက်ထိုးရင် ခါးကြားမှ အရက်ပုလင်းကို
ထုတ်ခါ မော့လိုက်ပြီး စိန်ခေါ်လေတော့သည်
....ဟေ့...သင်္ချိုင်းထဲမှာနေတဲ့.....တစ္ဆေမ....နင်က...
ရာရာစစ....ငါညီကို.....ခြောက်လှန့်ရဲတယ်ပေါ့....
....အခုထွက်လာခဲ့....လာခဲ့စမ်း....ငါ့ကိုလာခြောက်....
....ငါ့ရဲ့....ငှက်ကြီးတောင်ဓါး....ဘယ်လောက်ထက်လဲ
သိချင်ရင်.....ထွက်လာခဲ့...
သာဒင် မူးမူးနဲ့စိန်ခေါ်ပြီး ကျောမှာလွယ်ထားသော
ငှက်ကြီးတောင်ဓားကိုထုတ်ခါ တဝင်းဝင်းနှင့် ရမ်းနေ
တော့သည် သိပ်မကြာလိုက်ပါ ဖရိုဖရဲဖြစ်နေသော
ဇရပ်ခေါင်မိုးပေါ်သို့ တစ်ခုခု ခုန်ချလိုက်သံကို ကြား
ရလေ၏
.....ဝုန်း....
.....သြော်...နင်ရောက်လာပြီလား.....လာခဲ့စမ်း....
....အောက်ကိုဆင်းလာခဲ့.....
သာဒင်၏ စိန်ခေါ်သံကြောင့် ဇရပ်ပေါ်မှ အမျိုးသမီး
မျက်လုံး ရဲရဲနီးလျှက် ဟားတိုက်ခါ ရယ်မောလေ၏
....ဟား......ဟား....ဟား.....
...နင့့်လို....မလောက်လေး...မလောက်စား...ငမူးက
....ငါ့ကိုစိန်ခေါ်တယ်ပေါ့....သင်္ချိုင်းရှင်မ... မဖဲဝါရဲ့....
...အကြောင်းကို ....သိအောင်.... ပြရသေးတာပေါ့.....
....ကဲ....ငါလာပြီဟေ့...
မဖဲဝါဆိုသော အမျိုးသမီးမှာ ဇရပ်အပေါ်မှ
သာဒင်၏ အရှေ့တည့့်တည့့်သို့ ခုန်ချလိုက်သောအခါ
သာဒင်လဲ လက်ထဲမှငှက်ကြီးတောင်ဖြင့် တအား
ပိုင်းချလိုက်လေတော့သည်
......ဝှီ....ဟင်...
သာဒင် အပိုင်ခုတ်လိုက်ပေမဲ့ လေဟာနယ်ကို ဓားက
ဖြတ်သွားသလိုပါပဲ
....ဟား....ဟား....ဟား....နင့့်ရဲ့ဒီလောက်အစွမ်းအစနဲ့
ငါ့ကိုစိန်ခေါ်ချင်သေးတယ်....ငါအကြောင်းသိအောင်
....ပြရသေးတာပေါ့....ကဲ.....ဟာ.....
....ဘုတ်....ဟင်.......
မဖဲဝါဆိုသော အမျိုးသမီးမှာ သင်္ချိုင်းမြေကို လက်
ဖြင့် ဆုပ်ယူလိုက်ပြီး သာဒင်ရဲ့မျက်နှာသို့ ပစ်လိုက်
လေတော့သည်
သာဒင်တစ်ကိုယ်လုံး ဓာတ်လိုက်ခံရသလို တုန်ယင်
လာပြီး အသိစိတ်များ ကင်းမဲ့လျှက် လက်ထဲမှ
ဓာတ်မီးနှင့်ဓားအားပစ်ချခါ အော်ရယ်လေတော့
သည်
....ဟား......ဟား.....ဟား...
ခဏကြာသောအခါ ရယ်သံရပ်သွားပြီး အနီးရှိ
ဇရပ်တိုင်ကိုခေါင်းနှင့် ပြေးဆောင့်နေလေတော့သည်
....ဒုန်း....ဒုန်း....ဒုန်း.....
.....ဟာဟေ့ကောင်.....သာဒင်....မလုပ်နဲ့....ဟေ့ကောင်
ရွာထဲမှ လူကြီးများ အချိန်မီ လိုက်လာကြပြီး သာဒင်
အား ဝင်ဆွဲပေမဲ့ မရပေ သာဒင်တစ်ယောက် ဇရပ်
တိုင်ကို ခေါင်းနဲ့သာ ဆောင့်နေလေသည် ကပ္ပိယကြီး
လဲ ပါလာသောကြောင့် ဘုန်းကြီးပေးလိုက်သော
ပရိတ်ရေမန်းများဖြင့် ပက်လိုက်တော့မှ သာဒင်လဲ
ခေါင်းမှ သွေးများ ချင်းချင်းရဲလျှက် လဲကြသွားလေ
တော့သည်
.....ဟေ့....ထူကြပါဦးကွ.....လာ....လာ....ဒီကောင့်ကို
....ပြန်ထမ်းခေါ်ကြရအောင်ဟေ့......
ရွာထဲမှ ကာလသားနှစ်ယောက် ထမ်းခေါ်ဖို့လုပ်တုန်း
ကပ္ပိယကြီးလဲ လူအုပ်ထဲမှ ထွက်ခါ
...... သင်္ချိုင်းရှင်မ မဖဲဝါခင်မျာ...ရိုးရာဓလေ့အား...
မထီမဲ့မြင်ပြုခဲ့သော ....သာဒင်နဲ့ပတ်သက်ပြီး ...
....ရွာကပဲ.....အနုညွတ်တောင်းပန်ပါတယ်....
....သက်ညှာသောအားဖြင့်...ခြေလွန်လက်လွန်...
မလုပ်ဖို့....ဆရာတော်က....မိန့်လိုက်ပါတယ်ခင်မျာ...
နောင်မဖြစ်ရအောင်....ကျွန်တော်တို့ရွာက....
....သင်္ချိုင်းရှင်မ မဖဲဝါအတွက်...နတ်ကွန်းဆောက်
လုပ်ပေးပါ့မယ်....ခင်မျာ....
ထိုသို့ပြောပြီး သေလုမြောပါးဖြစ်နေသော သာဒင်
အား ထမ်းခေါ်ခဲ့ကြရလေတော့သည် ထိုနောက်ပိုင်း
သာဒင်လဲ တစ်လလောက်ဒဏ်ခံလိုက်ရပြီး ပြန်လည်
ကောင်းမွန်လာသောကြောင့် ထို့နေ့မှစပြီး ရွာသင်္ချိုင်း
ညောင်ပင်ခြေရင်း၌ သင်္ချိုင်းရှင်မ မဖဲဝါ နတ်ကွန်း
လေးကို ဆောက်လုပ်ပေးခဲ့ကြရလေတော့သည်
.
လောက၌ မမြင်အပ်သော ပရလောကသား
များကို မယုံကြည်ခဲ့လျှင်တောင်
မထီမဲ့မြင်တော့ မပြုသင့်သည်ကို
သိရှိစေချင်သောအားဖြင့် ယခုဝတ္ထုအား
ရေးသားလိုက်ရခြင်းပင်ဖြစ်ပေတော့သည်
ပြီးပါပြီ
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။
.

Comments
Post a Comment