ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အ‌ကြောင်းအရာများ /အပိုင်း(၆)

 


အပြင်ဖဲဝိုင်းမှလူများမှာ မိုးအောင်အဖြစ်ကိုမသိဟန်ဖြင့် ဖဲဝိုင်းအတွင်း
ငြင်းခုန်ပြောဆိုရင်းရှိနေသည် ။

  ...ဒုန်း...ဒုန်း....ဒုန်း...ဒုန်း....

 ....ဟေ့..ဟေ့.. ဘာဖြစ်တာလဲကွ.. 
မိုးအောင်....

...ဟင်း.....

   မိုးအောင်ကံကောင်းသည်ဟုဆိုရမည်။.
 ဖဲဝိုင်းဘေးတွင်မထိုးသော်လည်းဝါသနာအရ ရပ်ကြည့်နေသူတစ်ယောက်မှာပါးစပ်ချည်၍ဆေးလိပ်ဖွာလိုလာသောကြောင့် တဲအတွင်း ဆေးလိပ်လာယူချိန်တွင်
မိုးအောင်က ကြမ်းပြင်ကိုဖနောင့်ပေါက်
နေသောကြောင့် လက်နှိပ်ဓာတ်မီးဖြင့်
မိုးအောင်ရှိနေရာထိုးကြည့်၍သာ မိုးအောင်တစ်ယောက်အသက်ချမ်းသာရာ
ရခြင်းဖြစ်သည် ။

    တဲအတွင်းဝင်လာသူလက်နှိပ်ဓာတ်မီးထွန်းလိုက်ချိန်မှာပင်
မိုးအောင်လည်ပင်းကိုညှစ်သူနဲ့ ခလေး
ချီထားသောမိန်းမမှာရုတ်တရက်ပျောက်ကွယ်သွားကြတော့သည် ။

 မိုးအောင်တစ်ယောက်ချောင်းတဟွတ်
ဟွတ်ဆိုး၍ အသက်ကို အငမ်းမရရူရိူက်လျှက်ရှိနေသည် ။

    ” သေတော့မလိုပဲ ခင်ဗျားဝင်လာလို
ကံကောင်းသွားတယ် ၊ ဟိုလူတွေဘယ်ရောက်သွားပြီလဲ ကျုပ်လည်ပင်းလာ
ညှစ်တဲ့အကောင်မိသားစု....”

    တဲအတွင်းဝင်လာသူမှာမိုးအောင်စကားကို နားမလည်ဟန်ဖြင့်....

” ဘယ်ကလူတွေလဲကွ ငါတစ်ယောက်မှမတွေ့ပါလား၊ ငါတဲထဲဝင်လာတော့
မင်းတစ်ယောက်တည်းကြမ်းပြင်ကို
ဖနောင့်ပေါက်နေတာပဲတွေ့တယ်....”

     ” ယောက်ကျားတစ်ယောက်၊မိန်းမတစ်ယောက်လေဗျာ မိန်းမက ခလေး
တောင်ချီထားသေးတယ်.... ”

    ” ဘယ်သူမှမတွေ့ဘူးမိုးအောင်
မင်းအရက်တွေမူးပြီး အရိပ်စီးနေတာ
ဖြစ်ရမယ်.... ”

   တဲမှာတဖက်ပိတ်ဝင်ပေါက်တစ်ပေါက်တည်းသာရှိသောမြေစိုက်တဲ
ဖြစ်ရာ သူမြင်လိုက်ရသောမိသားစုသုံး
ယောက်မည်သည့်နေရာသိုထွက်သွား
သည်ကိုမိုးအောင်မတွေးတတ်အောင်
ပင်ခေါင်းရူတ်သွားရသည် ။

” ဒီနေ့တစ်နေကုန်ဘာတွေဖြစ်နေမှန်း
မသိတော့ပါဘူးဗျာ...နေ့လည်ကစောမောင်အပင်ပိသေတယ် ၊ အခုကျုပ်လည်ပင်းအညှစ်ခံရပြီးသေတော့မလို........”

”   သစ်စခန်းတစ်ခုလုံးဘာတွေဖြစ်နေကြတာလဲတော့ ညနေက ငှက်နဲ့ကြောင်
ရလာတဲ့အကောင်တွေလည်းသရဲခြောက်ခံရလိုဆိုလားပဲ..... ”

   မိုးအောင်မှာတဲအတွင်းတစ်ယောက်တည်းနေရသည်ကိုစိတ်မလုံသောကြောင့် လူများစုရုန်း
နေသောဖဲဝိုင်းအနီးကပ်၍ အရက်သောက်နေကြသူများထံမှအရက်တောင်းသောက်လျှက်ရှိနေသည် ။

    သစ်လုပ်ကွက်အလုပ်သမားများမှာ
တပတ်တကြိမ်ငွေရှင်းသောကြောင့်
ငွေယားလေးများရှိနေကြရာ ဖဲဝိုင်းတစ်ဝိုင်းတည်းမလုံလောက်သောကြောင့်
နောက်တဝိုင်းထောင်လိုက်ကြသည် ။

     လက်ကြီးသမားများကဝိုင်းကြီးတွင်
ဆော့၍ အနည်းအကျဥ်းဆော့သူများ
ကဝိုင်းသေးတွင်ဆော့လျှက် ရိုးမတောတွင်းသစ်လုပ်ကွက်က အော်ဟစ်ငြင်းခုန်သံများဖြင့် ဆူညံ့နေသည် ။

     လူရင်ဘတ်ခန့်အမြင့်ဝါးတိုင်လေးတိုင်စိုက်၍ တန်းထိုးကာ ဝါးကပ်ခင်း၍
စောမောင်အလောင်းကို ဖျာကြမ်းတထည်ပတ်၍ဖြစ်သလိုတင်ထားကြခြင်း
ဖြစ်သည် ။

     မည်သူမျလည်းစောမောင်အလောင်းကိုအရေးတယူဂရုစိုက်ခြင်း
မရှိပဲ ဖဲဝိုင်းအတွင်းသာ အာရုံရောက်
နေကြသည် ။

  ထိုအချိန်....။

 တောစပ်အမှောင်အတွင်းမှကြောင်နက်
ကြီးတစ်ကောင်ထွက်လာသည် ။

      ကြောင်နက်ကြီးမှာ သာမာန်ကြောင်များထက်ကြီးမားပြီး မျက်လုံးများမှာ
ရဲရဲနီလျှက် အနီရောင်များက အပြင်သို
ပင်လျှံထွက်နေသည်အလားရှိနေသည် ။

       ထိုကြောင်ကြီးမှာ စောမောင်ရှိရာ
အလောင်းစင်အနီးချည်းကပ်လာသည်ကို မည်သူမျှသတိမထားမိကြပေ ။

    ကြောက်ကြီး မှာစောမောင်အလောင်းဘေးတစ်ဖက်စင်အောက်မြေပြင်မှနေ၍
လွှားခနဲခုန်လိုက်ရာ စောမောင်အလောင်းတခြားတဖက်မြေပြင်ပေါ်
ကျသွားသည် ။

    ထိုနောက်...။ 

ကြောင်ကြီးမှာ ခပ်ဖွဖွပြန်ခုန်လိုက်ရာ
စောမောင်အလောင်းပေါ်ရောက်သွားသည်။

    အလောင်းကိုဖျာဖြင့်ပတ်၍ နှီးများဖြင့်တုတ်နှောင်ထားရာ တုတ်နှောင်ထားသော နှီးများမှာ တစ်ယောက်ယောက်
ဖြတ်လိုက်သည်အလား တထောက်ထောက်ဖြင့် တစ်ပင်ပြီးတစ်ပင်ပြတ်
တောက်ကုန်သည် ။ 

   နှီးအားလုံးပြတ်တောက်သွားသောအခါ  ဖျာစွန်းနှစ်ဖက်က ဘေးသို
ကျသွားပြီးစောမောင်၏ တစ်ကိုယ်လုံး
ကြေမွနေသော ကြောက်စရာအလောင်း
ကောင်ကြီးပေါ်လာသည်။

     ကြောင်နက်ကြီးမှာအလောင်းကောင်
စောမောင်ရင်ဘတ်ပေါ်ဆောင့်ကြောင့်ထိုင်၍ စောမောင်မျက်နှာကိုစိုက်ကြည့်
လျှက်ရှိနေသည် ။

   ခနအကြာတွင်ကြောင်ကြီး၏ မျက်လုံးအတွင်းအနီရောင်အလင်းတန်းများက အလောင်းကောင်
၏ပေါက်ထွက်နေသောမျက်လုံးနေရာ
တည့်တည့်သိုတိုးဝင်သွားချိန်တွင်ကြောင်ကြီးမှာ အလောင်းပေါ်မှအောက်သိုခုန်ချလျှက်တောနက်ကြီးသိုဝင်ရောက်ပျောက်ကွယ်သွားပါတော့သည်။ 

     စောမောင်ရင်ဘတ်တွင်ယှက်၍လက်မနှစ်ကို ပူးချည်ထားသောကြိုးက ထောက်ခနဲပြတ်သွားသလိုခြေမနှစ်ဖက်ကို ပူးချည်ထား
သောကြိုးကလည်းပြတ်တောက်သွား
ပြီး စောမောင်တစ်ယောက်တောင့်တောင့်ကြီးအနေအထားဖြင့်ထထိုင်လာပါတော့သည်။

   ကိုယ်ခန္ဓာကိုမလှည့်ပဲဘေးတိုက်အနေအထားဖြင့်လည်ပင်းကြီးကိုလိမ်ချိုး၍ ဖဲဝိုင်းရှိရာကြည့်ရင်းမှ တောင့်
တောင့်ကြီးမတ်တတ်ရပ်လာပြန်သည်။

   ပြီးနောက်အလောင်းစင်ပေါ်မှမြေပြင်သိုခုန်ချလိုက်ပါတော့သည် ။

 ”...ဟာ...ဟေ့ကောင်တွေ....စောမောင်...စောမောင်အလောင်းကြီးထလာနေတယ်....”

” ဟာကွာ...ဖဲကသေရတဲ့ကြားထဲ 
ပေါက်ကရတွေလာလှန့်မနေကြနဲ့ကွာ...”

”...တကယ်...တကယ်...ထလာတာကွ...
ပြေး....ပြေး.....”

အပိုင်း(၇)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ  credit ပေးပါသည်...


Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)