တမလွန်ရွာသူမြစောဖြူ ~~~ အပိုင်း(၁)




"""ဝှီးး••••ဝေါ•••••ဝေါ•••••"""
လေပြင်းများကတရစပ်တိုက်ခတ်လို့နေသည်။
မိုးကလည်းသည်းသည်းမို့•••ကားရှေ့မှရေယက်တံ
တောင်ညောင်းလောက်ပြီ။ရှေ့မြင်ကွင်းကလည်းမသဲ
မကွဲမို့•••ညီထွဋ်ကားကိုအတော်ဂရုစိုက်ပြီး••
မောင်းနေရသည်။•••
မြို့ကထွက်လာတော့မိုးလေးညိုရုံရှိသည်။
ခုတော့သဲသဲမဲမဲနှင့်အညိုးတကြီးနိုင်လှသည်။
""တောက်•••"""
တောက်တချက်ခတ်လိုက်ရင်း•••ကားအရှိန်ကို
လျှော့ချလိုက်သည်။
နို့မို့ဆိုရှေ့မြင်ကွင်းကမသဲမကွဲမို့
ဘယ်အချိန်ဘာကိုဝင်တိုက်မည်မသိ။
•••ကားမီးရောက်ကရှေ့တစ်ကိုက်လောက်ကိုပင်
မသဲမကွဲသာမြင်နိုင်သော
အခြေအနေမဟုတ်ပါလား။
ထိုစဉ်ကားရှေ့မှ••
အရိတ်မဲတစ်ခုကြောင့်••
ကားကိုအချိန်မီဘရိတ်အုပ်လိုက်ရသည်။
မှောင်မှောင်ထဲမှာမဲမဲကြီးသာ
မြင်ရတာမို့လူလော•^•သရဲလော•••
မသဲကွဲပေ။
ညီထွဋ်သားရေဂျာကင်ကိုဆွဲစေ့လိုက်ကာ
ကားတံခါးဖွင့်၍ဆင်းလိုက်တော့
မိုးရေကမျက်နှာကို••ဖွဲကနဲလာစင်သည်။
ကားနဲ့မနီးမဝေးမှာခုဏမြင်ရသော
မိန်းကလေးမှာ••လူတစ်ယောက်။
မိန်းကလေးတစ်ယောက်ဆိုကပိုမှန်မည်။
ဒီချိန်ကြီး••ဒီလိုနေရာမှာ••
မိန်းကလေးတစ်ယောက်ထဲ•••
ဟုတ်မှဟုတ်ပါလေစ။
""ဒီမှာ•••ဟေ့"""
သူအသံကိုမြင့်၍ခေါ်လိုက်မှအမျိုးသမီးက
ခေါင်းမော့လာသည်။
ကားမီးရောင်မှုန်ဝါးဝါးမှာပင်အမျိုးသမီး၏
မျက်နှာမှဝင်းဝင်စက်စက်ရှိလှသည်။
ဆံပင်ရှည်များက••ပါးပြင်တစ်လျှောက်
မိုးရေများနှင့်စိုကပ်ကာ•••
တစ်ကိုယ်လုံးသို့လွမ်းခြုံနေလေသည်။
ညီထွဋ်မှာ••မိန်းကလေးတစ်ယောက်မို့
ဆွဲထူသင့်မထူသင့်တွေဝေနေမိသည်။
ဒီကြားထဲမိုးရေကတစ်ကိုယ်လုံးစိုရွှဲနေတော့
အားနာရပြန်သည်။
အမျိုးသမီးလေးဘေးနားမုဆိုးဒူးထောက်ထိုင်လိုက်ကာ
""မင်းရရဲ့လား••"""
ချမ်း၍ပြာနှမ်းနေသောနှုတ်ခမ်းသားများ
ကအဖွင့်အပိတ်ကိုအတော်အားယူနေပုံရသည်။
""မွ••မွ•••"""
""ပြော••ကျုပ်ဘာကူညီရမလဲ••
ပြီးတော့ဒီအချိန်ကြီးမင်း••လူမှဟုတ်ရဲ့လား""
""မြအ်ိမ်ပြန်ပါရစေ•••မြကိုကူညီပါ""
""ကူညီတာတော့ရတယ်•••
ငါကယောကျာ်းလေး••ဒီချိန်ကြီးမင်းကိုငါကူ
ညီရင်••မင်းမိဘ၊မင်းပတ်ဝန်းကျင်က
ပြောမလဲ ကျုပ်ကိုရောယုံမှာလား"""
"""မြ^^ကိုယုံပါ••ရှင့်ကိုဘာမှမထိခိုက်စေရပါဘူးရှင်"""
""ကဲ••အမိ••ဒါဆိုကားပေါ်တက်""
အမျိုးသမီးကရုတ်တရက်ထရပ်လိုက်တာမို့
တစ်ချက်ယိုင်ထွက်သွားကာ•••
ညီထွဋ်လှမ်းထိန်းလိုက်သည်။
မထူးတော့ပြီမို့ကားထဲထိတွဲပို့လိုက်မိသည်။
မုဆိုးမသွားလေရာမိုးလိုက်လို့ရွာပဲ
ရှိပါသည်။ခုတော့သူ့အဖြစ်ကမုဆိုးမလည်းမဟုတ်ပါပဲ
မိုးလိုက်လို့ရွာသည့်အပြင်•••
ဒုက္ခအိုးလေးတစ်ယောက်ကားပေါ်ထိပါလာလေပြီ။
ကားထဲရောက်တော့သူ့သားရေဂျာကင်ကို
သူမဆီလှမ်းပေးလိုက်သည်။
အတော်ချမ်းနေပုံရသည်။
ဟန်ပင်မဆောက်ပဲလှမ်းယူလိုက်သည်။
သူမက
""မြနာမည်ကမြစောမူပါ•••မြို့ကနေလာတာပါ
ဒီဒေသကိုလည်းမြကမကျွမ်းကျင်ပါဘူး""
"""ဒါဆိုဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ"""
"""မြ••ကဆရာမလေးပါ••
ရာထူးတိုးပါလို့ဒီကိုတစ်ယောက်ထဲရောက်လာတာ
လမ်းမှာ••ကားအက်စီးဒင့်ဖြစ်တော့•••
ရုန်းရင်းဆန်ခတ်ကြားကနေမြဘယ်လိုကျန်ခဲ့လဲ
မသိဘူး"""
""ဟာ•••မဖြစ်နိုင်တာ""
""တကယ်ပါ••မြဒီဒေသကိုတကယ်မသိပါဘူး
မြတစ်ယောက်ထဲလိုက်သွားနေတာ
လူစိမ်းတွေနဲ့တွေ့ရင်ကြောက်လို့့်တောလမ်းထဲ
ဝင်ပြေးရသေးတယ်"""
ညီထွဋ်ဂရုဏာသက်စွာကြည့်လိုက်မိသည်။
""ဒါနဲ့မင်းအလုပ်ကျတဲ့ရွာနာမည်တော့
သိမှာပေါ့"""
""ပန်းလှရွာပါရှင်""
""သြော်ကျုပ်နေတဲ့နေရာနဲ့မဝေးဘူးပဲ
ဒါနဲ့မင်းဘာဆက်လုပ်မယ်စိတ်ကူးလဲ""
""ဟိုဟို••"""
"""ထားတော့•••ငါ••ကူညီလက်စနဲ့ဆက်ကူညီမယ်
အိမ်မှာငါ့ဘကြီးနဲ့ငါပဲရှိတယ်•••
ဒီတစ်ညတော့လိုက်နားလိုက်ပေါ့•••
မင်းယုံမှပါ""
""ဟုတ်ကဲ့••ကျေးဇူးပါရှင်""
""မနက်ရောက်မှ••ပန်းလှရွာကသူကြီးအိမ်ပို့ပေးမယ်""
စကားတို့ကတိတ်ဆိတ်သွားကာ•^•
မိုးလည်းတိတ်လာပြီမို့ကားကိုအရှိန်မြင့်လိုက်သည်။
~~~~
{၂}
~~~~
တီ•••တီ•••
ကားဟွန်းသံကြောင့်••အိမ်တံခါးဝမှမီးအိမ်တလုံးလင်းလာလေသည်။
""မနက်ကျမှာလာရောပေါ့ငါ့တူရာ"""
အိမ်ကစိုက်ခင်းထဲမှာမို့ကားကိုခြံဝမှာ
ထားခဲ့လိုက်သည်။
မိုးရွာထားတာမို့လမ်းကဗွက်ထချင်သည်။
""မင်း•••ရရဲ့လား""
""ဟုတ်ကဲ့"""
""ဟေ•••မင်းမိန်းမခိုးလာတာလားကွ"""
ဘကြီးစကားကြောင့်မျက်နှာပူသွားရကာ
""ဟာ•••ဘကြီးကလဲ•••
ဒီမှာချမ်းနေပြီ••နောက်မှရှင်းပြမယ်""" အမျိုးသမီးလေးကခေါင်းငုံ့ကာနောက်မှလိုက်ပါလာလေသည်။
အမျိုးသမီးအင်္ကျီဆိုလို့မေမေ့ပစ္စည်းတွေသာရှိတာမို့
မေမေ့အင်္ကျီတွေထုတ်ပေးလိုက်သည်။
မေမေ့အင်္ကျီဆိုမှ••ယောကျာ်းကြီးတန်မဲ့
မျက်ရည်များပင်ကျလာသည်။
လွန်ခဲ့သောသုံးရက်က••
မြို့မှအပြန်••ဖေဖေရောမေမေပါ••အက်စီးဒင့်တွင်ဆုံးပါး
သွားပြီဖြစ်သည်။
တရားစခန်းမှပြန်အလာ••သူအကြိုပင်မစောင့်ပဲ
ကြုံရာကားနှင့်လိုက်လာခြင်းဖြစ်သည်။
ခုလည်းသူမေမေဖေဖေတို့အတွက်ရက်လည်ဆွမ်းကျွေးရန်
ပစ္စည်းဝယ်လာမှပြန်လာရင်း•••

အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)