ကဝေသိုက် အပိုင်း(၃)
ခဏနေတော့ ကျုပ်တို့ကို လိုက်ပို့တဲ့ ကိုဆင်ပေါက်
ပြန်သွားတယ်ဗျ။
" အကိုထွန်း အိမ်သူရော မမြင်ပါလား"
"မရှိတော့ဘူး ကိုလူပေရဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ကပဲ
ဆုံးသွားပြီ။ ကျုပ်က သားနှစ်ယောက်နဲ့အတူတူ
နေတာ။ အကြီးကောင်ရော အငယ်ကောင်ရော
အိမ်ထောင်တွေကျပေမဲ့ သားသမီးက တစ်
ယောက်မှ မထွန်းကားကြဘူးဗျ။ အခုတော့ ယာ
ထဲ ဆင်းသွားကြတယ်။ ညနေမှ ပြန်ရောက်မှာ။
နို့ ကိုလူပေတို့ ထမင်းရော စားပြီးပြီလား"
"ဟာ စားခဲ့ပြီးပြီ အကိုထွန်းရဲ့"
"ဟဲ့ လုံးတင် …အဲဒီ နှမ်းတွေ ထားခဲ့ပြီးတော့ ယာ
ထဲကို လိုက်သွားစမ်း။ အိမ်မှာ ကျုပ်ဆရာကြီးရဲ့
သား ဧည့်သည်ရောက်နေတယ်လို့ စောစောပြန်
ခဲ့ကြလို့ သွားပြောလိုက်။ ချက်ဖို့ ပြုတ်ဖို့ တစ်ခါ
တည်း ပြင်ဆင်ခဲ့လို့ ကြားလား လုံးတင်"
"ဟုတ်ကဲ့ ဟုတ်ကဲ့ ဘိုးရေ…။ ကျုပ် ခုပဲ သွား
လိုက်မယ်"
ကျုပ်တို့ ဝင်လာတုန်းက ဝိုင်းထဲမှာ နှမ်းပြာနေတဲ့
မိန်းမကို ဘိုးထွန်းက လှမ်းပြောတာဗျ။ ဘိုးလူပေ
ကို ခေါင်းရင်းမှာ နေရာထိုင်ခင်းပေးထားပြီး ရေ
နွေးကြမ်းတို့ လက်ဘက်ရည်တို့ကို သူကိုယ်တိုင်
ထပြီး လုပ်ပေးတာဗျ။ ကျုပ်ကတော့ လွယ်အိတ်
ထဲက နဂါးဆေးပေါ့လိပ်ကလေး တစ်လိပ်ထုပ်
ပြီး ကျုပ်ရဲ့လက်စွဲတော် ဓနုဖြူ ဒေါ်ရီမီးခတ်နဲ့
မီးညှိလိုက်တယ်။
နဂါးဆေးပေါ့လိပ်ကလေး ဖွာလိုက် လက်ဖက်က
လေး စားလိုက် ရေနွေးကြမ်းလေး သောက်လိုက်
နဲ့ အမောဖြေနေရတာပေါ့ဗျာ။ ကျုပ်ဆရာကြီး ဘိုး
လူပေကတော့ ဘာမှကို ဖြစ်ပုံမရတာဗျ။ မောပုံ
ပန်းပုံလည်း မရဘူးဗျ။ ကျုပ်နဲ့တွေ့စတုန်းကမှ
ဆေးတံလေးသောက်တာ တွေ့သေးတယ်။
နောက်ပိုင်းတော့ ဆေးတံတောင် မသောက်
တော့ဘူးဗျ။
"ဆရာကြီး ဆေးတံမသောက်တော့ဘူးလား"
လို့ ကျုပ်က မေးတော့ ဆရာကြီးက ခေါင်းခါပြ
ပြီး ပြောတယ်။
"အပိုဒုက္ခတွေ ဘာမှ မလုပ်တော့ပါဘူး မောင်
တာတေရယ်။ ဒီခန္ဓာဝန်ကြီးထမ်းရတာတင်
လေးလှပါပြီကွယ်"
လို့ ပြန်ပြောဖူးတယ်ဗျ။
အိမ်မှာ လူရှင်းနေတုံးဆိုတော့ ဆရာကြီးက ဘိုး
ထွန်းကို ကျီတော်ကဝေမ အကြောင်း မေးလိုက်
တယ်။
"ကိုလူပေရေ ဒီကဝေမ အကြောင်းတော့ မပြော
ပါနဲ့တော့ကွယ်၊ ဒီအနီးအနားက ရွာခုနှစ်ရွာကို
မလှုပ်ရဲအောင် ခြိမ်းခြောက်ထားပြီး အခွန်သဏ္ဍာ
ကောက်စားနေပါပေါ့လား။ ဘယ်သူမှလည်း သူ့
ကို မတော်လှန်ရဲဘူး။ ပုံမှန်အခွန်ဆက်သလို ဆက်
နေရတော့တာပါပဲကွယ်။
နေတာကတော့ ကျီတော်ကနေ ခွေးတဟောင်
လောက်ဝေးတဲ့ နေရာမှာ အဝန်းအဝိုင်းကြီး
တည်ဆောက်ပြီး နေတာကွဲ့။ လပြည့်လကွယ်
ညတွေဆိုရင် ကျီတော်ကဝေမရဲ့တပည့်တပန်း
စုန်းမတွေ တဝင်းဝင်းနဲ့ တောက်စားကြတာလို့
ဓါတ်တော်တို့ လက်ပံကုန်းတို့ကတောင် မြင်ကြ
ရတာကွဲ့။
တစ်ခါတစ်ခါဆိုရင် မီးလုံးကြီးတွေ ပျံနေတာတောင်
မြင်ကြရတာတဲ့။ ဒီခုနှစ်ရွာထဲက သူတို့မကျေနပ်တဲ့
ရွာဆိုရင် စုန်းမကြီးတွေက ဠင်းတကြီးတွေလုပ်ပြီး
ရွာပေါ်မှာ ဝဲတော့တာပါပဲ ကိုလူပေရယ်။ ဒါဆိုရင်
ရွာက လူတွေလည်း ကြောက်လန့်ပြီး ကျီတော်ကို
လူလွှတ် ဘာများ မကျေနပ်လို့ပါလဲ ဆိုတာကို
သွားမြန်းပြီး သူတို့အလိုရှိတာကို လုပ်ပေးကြရ
တော့တာကွဲ့"
"တော်တော်ကို လူပါးဝတဲ့ ကဝေမပဲ အစ်ကိုထွန်းရဲ့"
"သိပ်ဟုတ်တာပေါ့ ကိုလူပေရယ်။ ကျုပ်ဖြင့် ကျုပ်
ဆရာကြီးကို သတိရလိုက်ပါ။ ဆရာကြီးသာ ရှိရင်
ကျုပ်ကိုယ်တိုင် လာပင့်ပြီး ဒီကဝေသိုက်ကို ရှင်း
ဖို့ လျှောက်ထားပါရဲ့ကွယ်။ အခုတော့ ဆရာကြီး
ကလည်း မရှိတော့ ကျုပ်ကလည်း ဆရာကြီးက
ပညာကို ဟုတ်ဟုတ်ညားညား ယူထားတာ မ
ဟုတ်ဘူးလေ။ ဒီတော့ ကဝေမကို အခွန်ဆက်
ရတဲ့ အထဲမှာ ကျုပ်ပါ ပါနေတော့တာပေါ့ကွယ်"
"မပူပါနဲ့ အကိုထွန်းရယ်။ ဆရာပွားကြီး မရှိတော့
ပေမဲ့ ဆရာပွားကြီးရဲ့သား လူပေရှိပါတယ်ဗျာ။
ဒီကိစ္စကို အမြစ်ပြတါ ရှင်းပစ်ဖို့ အထက်ပုဂ္ဂိုလ်
ကြီးတွေက ကျုပ်ကို တာဝန်ပေးလိုက်လို့ ကျုပ်
လာခဲ့တာ အကိုထွန်းရဲ့"
"ဟာ ဟုတ်လား ကိုလူပေ၊ ကျုပ်ဖြင့် ကြားရတာ
ဝမ်းသာလိုက်တာကွယ်။ ကိုလူပေရဲ့အစွမ်းတွေ
ကို ကျုပ်လည်း သတင်းသဲ့သဲ့တော့ ကြားပါတယ်
ကျုပ်တို့ ခုနှစ်ရွာကို ကယ်ပါဦး ကိုလူပေရယ် နို့
ဒီသူငယ်က…"
"ဒီသူငယ်ရဲ့နာမည်က မောင်တာတေတဲ့။ လူငယ်
လောက် အင်မတန်သတ္တိကောင်းတဲ့ သူငယ်ပဲ အ
ကိုထွန်းရဲ့"
"ဟင် ဒီလို သူသေကိုယ်သေ လုပ်ရမဲ့ကိစ္စမျိုးမှာ
ဒီသူငယ်က ငယ်လွန်းများနေသလားလို့ပါ ကိုလူ
ပေရယ်"
ဘိုးလူပေက ဘိုးထွန်းကို ပြုံးကြည့်ပြီး ပြောတယ်ဗျ။
"ဒီအတွက်တော့ မပူနဲ့ အကိုထွန်း။ မောင်တာတေ
က ကျုပ်နဲ့တွေ့ပြီး ပွဲတော်တော် တွေ့ခဲ့ဖူးပြီ။ ပြီး
တော့ အကိုထွန်း သိတယ်မို့လား အကို စိုင်းနွံဖ
ကိုလေ"
"ဟား ဆရာနွံဖကို သိပါပြီလား ကိုလူပေရယ်။ ဆ
ရာဦးပွားရဲ့အားကိုးရတဲ့ ညာလက်ရုံးတပည့်ကြီးလေ"
"ဟုတ်ပါတယ် အကိုထွန်း၊ မောင်တာတေက
ဆရာနွံဖနဲ့လည်း တွဲပြီး အတွေ့အကြုံတွေ
ရှိခဲ့ဖူးတယ်ဗျ"
"ဟေ…ဟုတ်လား။ ဒီသူငယ်က လူသာငယ်တယ်
ဇက တယ်မသေးပါလား ကိုလူပေရဲ့၊ နာမည်က
မောင်တာတေတဲ့လား။ အင်း နေတက်ရေတက်
မွေးတဲ့ စနေသားလေး ထင်ပါရဲ့"
လို့ ကျုပ်ကို စိုက်ကြည့်ပြီး ဘိုးထွန်းက ပြောတယ်ဗျ
"အင်း တွေးမိရင် စိတ်မကောင်းဖြစ်ရတယ် ကို
လူပေရယ်"
ဘိုးထွန်း ကောက်ကာငင်ကာ ပြောလိုက်တဲ့ စကား
ကို ကြားတော့ ဘိုးလူပေက အံ့သြသွားပြီး…
"ဟင် ..ဘာများတုံး အစ်ကိုထွန်းရဲ့"
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment