ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အကြောင်းအရာများ /အပိုင်း(၄)
သစ်စခန်းမှာတောင်နှစ်လုံးကျော်
တွင်ရှိပြီး မိုးအောင်တောင်တစ်လုံးကျော်အထိ စောမောင်လိုက်လာသေး
သော်လည်း နောက်တောင်တစ်လုံးကို
ကျော်နေချိန်နောက်တွင် စောမောင်ကျန်နေရစ်ခဲ့သည် ။
ရပ်ကျန်နေခဲ့သောစောမောင်မှာ
မိုးအောင်အားသူငယ်ချင်း၊ သူငယ်ချင်းဟုလှမ်းခေါ်သောအသံကို
တောတောင်များကိုပဲ့တင်ထပ်၍မိုးအောင်ကြားနေရသည် ။
သစ်စခန်းရှိလူများမှာ မိုးအောင်အူယားဖားယားပြေးလာခြင်းအတွက်
ရုတ်တရက်ထိတ်လန့်သွားကြသည်။
ရိုးမတောအတွင်းမို မိုးအောင်ကျားနဲ့
တွေ့၍ပြေးလာခြင်းလား၊ ဝံ နဲ့တွေ့၍
ပြေးလာခြင်းလားဟုစိတ်အတွင်းထင်
မှတ်သွားကြ၍ဖြစ်သည် ။
မိုးအောင်ကို ကြောက်လန့်ကာ ပတ်ချာလှည့်ပြေးရင်း ပါးစပ်မှလည်း မပီမသ ဗလုံးဗထွေးအော်ဟစ်နေသောကြောင့် ယောက်ကျားသားသုံးလေးယောက်မိုးအောင်ကိုဝိုင်းဖမ်းချုပ်ထား
လိုက်ရသည် ။
မိုးအောင်အေးအေးဆေးဆေးဖြစ်ကာ အမောပြေ၍စိတ်ငြိမ်သွားချိန်ရောက်မှ မည်သည့်အတွက်ကြောင့်ပြေးလာကြောင်းမေးမြန်းလိုက်ကြသည်။
မိုးအောင်လည်း သူနဲ့စောမောင်အပင်လှဲရာမှစ၍ အပင်ကလှဲလိုသည့်နေရာမလဲသူ့တိုဖက်လဲကာ စောမောင်
အပင်ပိသွားသည့်အကြောင်း ။
ရုပ်ပျက်ဆင်းပျက်အပင်ပိသေနေသောစောမောင်သူ့နောက်သိုထလိုက်လာကြောင်းများပြောပြလာသည် ။
သစ်လုပ်ကွက်မှလူများမှာ မိုးအောင်ကိုထိုနေရာသိုလိုက်ပိုခိုင်းရာ မိုးအောင်တစ်ယောက်ကြောက်လန့်တကြားငြင်း
ဆန်နေသေးသည် ။
သိုရာတွင်..။
အကယ်၍ အပင်ခုတ်လှဲသောနေရာလိုက်ပြပါက စောမောင်ကိုသတ်သူမှာ
မိုးအောင်ဟုယူဆရမည်ဖြစ်ကြောင်းဝိုင်းပြောကြသောအခါမှကြောက်ကြောက်လန့်လန့် ဖြင့်လိုက်ပြလာသည် ။
မိုးအောင်နဲ့စောမောသစ်ပင်ကြီးခုတ်လှဲသောနေရာရောက်သောအခါ
စောမောင်ကို သစ်ပင်ကြီးပိလျှက်ရုပ်
ပျက်ဆင်းပျက်သေဆုံးနေသည်ကိုတွေ့လိုက်ကြသည် ။
သစ်ပင်ကြီးအောက်မှထ၍သူ့နောက်သို လိုက်လာသည်ကိုမြင်ရသော
မိုးအောင်မှာ စောမောင်အလောင်းကိုသစ်ပင်ကြီးပိလျှက်အနေအထားတွေ့ရခြင်းကြောင့်နားမလည်နိူင်ဖြစ်သွားရတော့သည် ။
သစ်ပင်ကြီးပိနေသောစောမောင်အလောင်းကို လူအားဖြင့်ခက်ခက်ခဲခဲ
ထုတ်ယူကြရင်း စခန်းအနီးသယ်လာ
ခဲ့ကြသည် ။
တချိုက ချက်ခြင်းမြုတ်နှံရန်ပြော
ကြသော်လည်း မိသားစုကိုအကြောင်း
ကြားရအုံးမည်မိုတစ်ညအိပ်ထားပြီး
ယခုနေ့ညပိုင်းသစ်ကားသမားများရွာဖက်ဆင်းသောအခါ မိသားစုကိုအကြောင်းကြားလိုက်ကြသည် ။
ရိုးမတောသည် ညမှောင်စပြုလာသည်နဲ့ အအေးပိုလာသည် ။
တောခြင်ရိုင်းများကလည်း ပျားပိတုန်းများကဲ့သို လူများထံအုံလိုက်ကျင်းလိုက်တိုးဝင်လာနေကြသည် ။
မြေတူးကားကြီးများဖြင့်မြေညှိထားသောရိုးမတောတောင်ကြောတစ်နေရာမှ သစ်စခန်းမှာ ညနက်သော်လည်း မအိပ်ကြသေးပဲ မီးရောင်
ထိန်ထိန်ဖြင့်ရှိနေသည် ။
မီးစက်နိူးထားခြင်းကြောင့် လျှပ်စစ်မီးရနေခြင်းဖြစ်သည် ။ ဖုန်းလိူင်းဆက်သွယ်မူကတော့ တိုင်မမိသောကြောင့်မရပေ။
တဲများနဲ့ခပ်လှမ်းလှမ်းတွင် ဝါးလုံးတိုင်များဖြင့်ယာယီပြုလုပ်ထားသော
အလောင်းစင်ရှိနေသည် ။
အလောင်းစင်မနီးမဝေးမြေကွက်လပ်တွင် လေးပေမီးချောင်းအောက်တွင် သစ်လုပ်ကွက်မှလူများ
အလောင်းစောင့်ရင်း အပြင်းပြေဖဲရိုက်နေကြလျှက်ရှိသည် ။
အရက်၊ဘီယာပုလင်းခွံများဖဲဝိုင်း
အနီးတွင်ပလူပျံလျှက် ဆေးလိပ်မီးခိုး
များလည်းဖဲဝိုင်းအတွင်းမှစုပေါင်း၍
မီးခိုးတအူအူ ထွက်နေသည် ။
ဖိုးထူးနဲ့ထွန်းလှမှာ အလုပ်နားချိန်များတွင် သုတ်ကိုင်းများထောင်တတ်ကြသည် ။
တောကြက်သုတ်ကိုင်း၊ ရစ်သုတ်ကိုင်း၊
တောကြောင်သုတ်ကိုင်းများထောင်ထားကြရာ မနက်ပိုင်းထောင်၍
အလုပ်အားသော ညနေပိုင်းများတွင်
သုတ်ကိုင်းများလိုက်ကြည့်ရာ ရစ် ငှက်နဲ့တောကြောင်များ အလွန်ပေါတနေ့လျှင်မရဆုံး ရစ်သုံးလေးကောင်တောကြောင်တစ်ကောင်နှစ်ကောင်လောက်ကတော့ရတတ်ကြသည် ။
ရစ်ကြီးများမှာ လေးငါးဆယ်သားခန့်ရှိပြီး တောကြောင်များမှာ သုံးလေးပိသာအရွယ်အစားရှိရာ စခန်းတွင်ဟင်းစားပြတ်သည်ဟူ၍ မရှိပေ။
ယနေ့ညနေတောလည်ရာတွင် တောကြောင်နှစ်ကောင်နဲ့ ရစ်လေးကောင်ရလာကြသည် ။
စခန်းအနီးရောက်လာသောအခါ
မီးတပုံဖို၍ရရှိလာသော သားကောင်များကို ရစ်များကိုအမွေးနူတ်၍မီးမြိုက်ကာ တောကြောင်များကို အမွေးများကိုတခါတည်းမီးမြိုက်၍ တုတ်ချောင်းလေးတစ်ချောင်းဖြင့်မီးကျွမ်းနေသော အမွေးများကိုတုတ်ချောင်းလေးတစ်ချောင်းဖြင့်ခြစ်
ချပေးနေကြသည် ။
တောကောင်များကို မီးမြိုက်ရာမှညှော်နံ့မှာလေနဲ့အတူ ပျံ့လွင့်လျှက်ရှိနေသည်။
ထိုအချိန်မှာပင်ခလေးငိုသံကြားလိုက်ရသောကြောင့် နှစ်ယောက်သားစိတ်တွင်းထိတ်ခနဲ ဖြစ်သွား၍
ဘေးဘီဝဲယာသိုစောင်းငဲ့ကြည့်နေမိကြသည် ။
...ဟင်....ဘာကြီးလဲ......
....ဂျွတ်...ဂျွတ်....ဂျွတ်....
ကလေးငိုသံကြောင့်ဘေးပတ်ဝန်းကျင်ကိုမျက်လုံးဝေ့ကြည့်နေကြစဥ် အမှောင်အတွင်းမှ အမွေးကြမ်း
ကြီးများပေါက်နေသော လက်မဲကြီးတစ်ချောင်းမှ အမွေးနူတ်မီးမြိုက်ထား
သောရစ်တစ်ကောင်ကိုဆွဲယူသွားသည်ကိုဖိုးထူးတွေ့လိုက်ရသောကြောင့် ကြက်သေသေသွားသည်။
အပိုင်း(၅)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment