လူခြောက်မယား အပိုင်း(၂)



"နေ့ခင်းဘက်ဆိုရင်တော့ အရီးကဟိုသွား ဒီသွား အလုပ်တွေ လုပ်နေတာပေါ့ တာတေရယ်၊ ညဘက်ဆိုရင်တော့ကလေးအမေပဲပေါ့၊ ကလေးကို နို့တိုက်ပြီး သိပ်နေရတာပါပဲ၊ ထမင်းကျွေးရတဲ့အရွယ်ရောက်တော့လည်း သူ့ဘေးမှာစားပွဲခုံလေးနဲ့ ထမင်းနယ်ဖတ်ပြီး ကျွေးရတယ်ဟဲ့၊ တခြားကလေးတွေ မွေးရသလိုပါပဲဟယ်၊ ဘေးလူတွေ့ရင်တော့ငါ့ကို ရူးနေတယ်လို့တောင် ထင်ချင်ထင်မှာပေါ့ဟယ်၊ အရီးတို့ကလည်းကလေးပျက်ကျသွားတယ်လို့ ပြောထားတာကိုး၊ ကလေးအဖတ်မတင်လို့မယ်သုံတစ်ယောက် ကြောင်တောင်တောင်ဖြစ်သွားတယ်လို့ပဲ ပြောကြမှာပေါ့လေ။ တကယ်တော့ အရီးမှာမမြင်ရတဲ့ ကလေးတစ်ယောက် တ
ကယ်ရှိနေတာပါ၊ သူ့ကို အရီးတို့ လင်မယားက ဒီပလို့ နာမည်ပေးလိုက်ကြတယ်"

"အရီး အိပ်မက်ထဲမှာပဲ ကိုကြီးဒီပကိုအမြဲတမ်းတွေ့နေတာပေါ့ ဟုတ်လားအရီး"

"အေး ဟုတ်တယ် တာတေရဲ့"

" အပြင်မှာရော တစ်ခါမှ မတွေ့ဖူးဘူးလား"

"တစ်ခါတစ်ခါတော့ ငါ့ဘေးမှာ ရိပ်ကနဲဖြတ်သွားတာကို မြင်လိုက်သလို ဘာလိုတော့ရှိတယ်၊ လူတစ်ယောက်နဲ့ တစ်ယောက် မြင်သလိုတော့ တစ်ခါမှ မတွေ့
ဖူးဘူးဟဲ့၊ နို့စို့တဲ့ အရွယ်လေးတုန်းကတော့ ညဆိုရင် ကိုယ့်ရင်ခွင်ထဲမှာနို့စို့ရင်း ကလေးအိပ်နေတယ် လို့ကို
ခဏခဏဖြစ်ဖူးတယ်၊ အေးရင်စောင်လေးတောင် ခြုံပေးထားလိုက်သေးတာဟဲ့"

"ဒါနဲ့ အရီးနဲ့ ဘထွေးဖိုးဆန်းက ကိုကြီးဒီပကို ရှင်ပြုပေးဖူးတယ်ဆို"

"ဟုတ်တယ်လေ တာတေရဲ့၊ နင့်ကိုကြီးဒီပက ဆယ်နှစ်သားလောက်ရောက်တော့ အိပ်မက်ထဲမှာ သူ့အဖေကိုရောငါ့ကိုရော ပြောတယ်၊ 'အဘနဲ့ အမေတို့
ကျုပ်ကို ရှင်ပြုပေးကြတော့၊ ကျုပ်ကိုရင်ဝတ်ရမယ့်အရွယ် ရောက်ပြီဗျ'တဲ့ဟေ့၊ဒါနဲ့ ဆရာတော်ကို အကျိုးအကောင်းလျှောက်တော့ ဆရာတော်က 'ဒါဆိုရင်လည်း နင်တို့ဝတ်ပေးလိုက်ကြပေါ့'လို့မိန့်တာနဲ့ နင့်ဘထွေးက မြို့တက်ပြီးပရိက္ခရာရှစ်ပါး ဝယ်ရတာပေါ့ဟယ်၊
ဆရာတော်က ပရိက္ခရာရှစ်ပါးကို ရှေ့မှာချပြီး တခြားကလေးတွေ ကိုရင်ဝတ်သလိုပဲ သင်္ကန်းတောင်းကို ဆိုပေးပြီးသင်္ကန်းတွေကို ဖြန့်ထားလိုက်ရောဟေ့။ညရောက်တော့ သပိတ်ကလေးပိုက်ပြီးကိုရင်လေးဖြစ်လို့ ။ 'ဒကာကြီးနဲ့ ဒကာမကြီးတို့ ကိုရင့်ကို ဆွမ်းလောင်းကြ'လို့ပြောတာနဲ့ အိပ်မက်ထဲမှာ ဆွမ်းလောင်းကြရတာပေါ့ဟယ်"

"သြော်…ဟုတ်လား၊ တော်တော်တော့ထူးဆန်းတာပဲ အရီးရဲ့"

"ဘန့်ဘွေးကုန်းတို့ မီးလောင်ကုန်းတို့ကမလုံးတင်တို့ မပြားကြည်တို့ကလည်း ပြောကြတယ်၊ အိပ်မက်ထဲမှာကိုရင်လေးတစ်ပါး ဆွမ်းလာခံလို့ ဆွမ်းလောင်းရတယ်လိုအိပ်မက် မက်ကြလို့တဲ့ဟေ့၊ လုံးတင်တို့ပြားကြည်တို့ မစိန်တို့ဆိုတာ အရီးဆီကိုမကြာ မကြာလာတတ်တဲ့‌ေ ကာင်မတွေလေဟာ၊ ဒီတော့ နင့်ကိုကြီးဒီပက သူတို့ကို သိနေတော့ သူတို့ဆီမှာ ဆွမ်းသွားခံတာ ဖြစ်မှာပေါ့ တာတေရဲ့။

အသက်နှစ်ဆယ်ပြည့်တော့ တစ်ခါပြောပြန်ရောဟဲ့၊သူ့ကို ပဉ္စင်းတက်ပေးပါဆိုလို့ ဆရာတော်ဆီမှာ လျှောက်တော့ ဆရာတော်က သနားပြီး ပဉ္စင်းတက်ပေးတယ်၊ကျောင်းမှာရှိတဲ့ သံဃာတွေနဲ့ပဲ သိမ်တက်ပေးတယ်၊ ဒီတုန်းကလည်း အရီးတို့ ဆွမ်းလောင်းကြရတာပဲ တာတေရဲ့"

" အရီးကတော့ ကိုကြီးဒီပကို အပြင်မှာမြင်ရင်လည်း မှတ်မိမှာပေါ့နော်"

"ဟာ …မှတ်မိတာပေါ့ တာတေရဲ့၊ညတိုင်းလို အိပ်မက်ထဲမှာ မြင်တွေ့နေရတဲ့ဟာ၊ သူ့အဘရောငါရော သူ့ရုပ်ကိုသိနေတာပေါ့၊ တခြားသားသမီးတွေလိုပဲဘာမှမကွာခြားဘူးဟဲ့ "

ဘထွေးဖိုးဆန်းနဲ့ အရီးမယ်သုံတို့မှာ ကိုကြီးဒီပအောက်မှာ သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိသေးတယ်ဗျ။သားကကိုရူပတဲ့၊ သမီးက စန္ဒာတဲ့ဗျ။ ကိုကြီးဒီပက အသက်သုံးဆယ့်ငါးနှစ်တဲ့ဗျ။ ကိုရူပက သုံးဆယ့်သုံးနှစ်၊ မစန္ဒာက နှစ်ဆယ့်သုံးနှစ်တဲ့။ 

"တာတေ နင်က နင့်ကိုကြီးဒီပကို တော်တော်စိတ်ဝင်စားနေတယ် ဟုတ်လား။ ဟိုကလည်း နင်တော့ချစ်သားဟဲ့၊ ဟိုတလောက ဝက်သားဟင်းချက်လို့တောင်ညဘက် အိပ်မက်ထဲမှာ ပြောသေးတယ်'အမေ တာတေက ဝက်သားဟင်း အားကြီးကြိုက်တာဗျ။ တာတေ့ကို ဟင်းတစ်ခွက်လောက်ပို့ပေးပါဦးလား'တဲ့။ အဲဒါငါက ပြောရတယ်၊ နောက်တစ်ခါချက်တော့မှပဲ တာတေ့ကို ပို့တော့မယ်သားရယ်၊နင့်ညီတာတေက ကလီစာချက်တာကြိုက်တဲ့ကောင်ဟဲ့လို့ပြန်ပြောတော့ နင့်ကိုကြီး
ဒီပက ရယ်လို့ဟဲ့၊ 'တာတေကတော့ တကယ့်ကောင်ပဲ အမေရဲ့၊ အသက်သာငယ်တာ ဗဟုသုတတော့ တော်တော်ရှိသဗျ၊ဆရာကောင်းသမားကောင်းတွေနဲ့လည်း
လျှောက်လိုက်ဖူးတာ၊ အရွယ်နဲ့ မလိုက်အောင်ကို အတွေ့အကြုံများတာဗျ'တဲ့ဟေ့။ နင့်ကိုတော့ နင့်ကိုကြီးဒီပက လွှတ်ချီးမွမ်းတာ"

"ဒါနဲ့ အရီးရဲ့ ကိုကြီးဒီပက ဘထွေးဖိုးဆန်းကို ယာထွန်ပေးတယ်ဆို"

ဒီအကြောင်းတွေက ရွာထဲကလူတွေ ဘယ်သူမှသိတာ မဟုတ်ဘူးဗျ။ အရီးမယ်သုံ ကျုပ်တို့အိမ်လာတုန်း ကျုပ်က နှစ်ကိုယ်ကြားမေးနေတာ။ ကျုပ်အဘနဲ့ အမေကိုသာ ဘထွေးတို့အရီးတို့က အကုန်ပြောတာ။ ကျန်တဲ့လူတွေကို ဒီအကြောင်း ဟတောင် မဟဖူးဘူးဗျ။ဘထွေးတို့အိမ်မှာ လူခြောက်ရှိတယ်ဆိုတာ ကျုပ်တို့ ရွာသားတွေ သိတဲ့သူတစ်ယောက်မှ မရှိဘူး။ ကျုပ်တို့ မိသားစုကလည်း မပြောဘူးဗျ။ 

"ဟာ နင့်ကိုကြီးက မိဘတွေကို အားကြီး ဂရုစိုက်တာဟဲ့ တာတေရဲ့၊ သူ့အဘ ပင်ပန်းရင် နည်းနည်းမှ ကြည့်ရက်တာ မဟုတ်ဘူး၊ သူ့အဘနဲ့ ယာထဲလိုက်ပြီး လုပ်ပေးချင်တယ်လို့ ကိုဖိုးဆန်းကို အိပ်မက်ထဲမှာပြောသတဲ့၊ ဒီတော့ သူ့အဘက'ဒီပရယ်၊ ယာထဲမှာ ကူလုပ်ပေးချင်ပေမယ့် ငါ့သားက လူတွေလို ခန္ဓာကိုယ်ရှိတာမှ မဟုတ်တာ၊ဘယ့်နှယ်လုပ်ပြီး ကူလို့ရမတုံး' ပြောတော့ နင့်ကိုကြီးက ပြောသတဲ့ 
တာတေရဲ့

အပိုင်း(၃)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)