ကျောက်တစ်လုံးသိုက် ၊ အပိုင်း(၁)






ကျောက်တစ်လုံးသိုက်

ပေကုန်းရွာ အလယ်ရှိ အိမ်ခြံဝင်းကြီးအတွင်း

လူများ ရှုပ်ယှက်ခတ်မျှ ဝင်ထွက် သွားလာနေကြသည်။

အိမ်ရှင်၏ သမီးမှာ စိတ်နောက်ပြီး အိမ်ရှိလူများကို

ပြဿနာမျိုးစုံ ရှာနေသဖြင့် ကောက်ကာငင်ကာ

ဖြစ်လာကာ သမီး၏ ရောဂါကုသနိုင်ရေးအတွက်

စဉ်းစားမရ စိတ်ဆင်းရဲ နေကြသည်။

တစ်ညလုံး တစ်မနက်လုံး ရောဂါဆိုးဝါးနေသဖြင့်

အနားသို မည်သူမှ မကပ်နိုင်ကြ၊ အော်ဟစ်

ဆဲဆိုလိုက်၊ သီချင်းဆိုလိုက်၊ ငိုလိုက်

ရယ်လိုက်ဖြစ်နေသည်။

အစာကျွေးလဲ မရ၊ အစားအစာထည့်သော

ပုဂံနှင့် ကောက်ပေါက်ကာသည်။

အိပ်ခန်းထဲမှ အပြင်လည်း မထွက်တော့၊

ထိုကဲ့သို ရောဂါဖောက်နေ၍ ထိုရောဂါမျိုး

ကုသနိုင်မည့် ဆရာစုံစမ်းသည်။

သတင်းအစအနမရ၊ နေ့ခင်းတစ်နာရီခန့်ရောက်တော့

တိုက်ဆိုင်စွာ ၊ ရွာထဲသို အောက်လမ်းဆရာလိုလို၊

ပယောဂဆရာလိုလို ၊ ရောက်လာကြောင်း

သတင်းရောက်လာသည်။

သတင်းကြားကြားချင်း သမီးဖြစ်သူအား

ကုသပေးရန် သွားရောက်ပင့်ဆောင်လေသည်။

ဆရာနှင့် တပည့်နှစ်ယောက်တို ပယောဂကုသရန်

အိမ်ကြီးသို လိုက်လာစဉ် စိတ်ဝင်စားကြသော

ရွာသားတိုလည်း နောက်ကလိုက်လာခဲ့ကြသည်။

ပင့်လာသော ဆရာလည်း အိမ်ဦးခန်း၌

အခန့်သား ထိုင်လိုက်သည်။

ထိုနောက် အိပ်ခန်းအတွင်းမှ တရုန်းရုန်း ပြုမှုလျက်

အော်လိုက်၊ ငိုလိုက်၊ ရယ်လိုက် လုပ်နေသော

ရောဂါသည် မိန်းကလေး၏ အသံကို

အတိုင်းသား ကြားနေရသည်။

"ကဲ …မိခင်နဲ့အတူ အမျိုးသမီးတစ်ယောက်

အခန်းတွင်းက မိန်းကလေးကို အပြင်ခေါ်ခဲ့ပါ "

မိခင်နှင့်အတူ အမျိုးသမီးတစ်ယောက်

အခန်းတွင်း ဝင်သွားသည်။

"သွား …မလိုက်ဘူး နင်တိုက ဘာမိုလို

ငါ့ကို လာခေါ်ရတာလဲ ထွက်သွား …

ခု …ထွက်သွား "

"လာပါ …သ္မီးရယ် ၊ ဆရာခေါ်နေတယ် "

"ဘာသမီးရယ် …အခု အခန်းထဲကထွက်"

ဘယ်ကဲ့သိုမှ ချော့မော့ပြီး ခေါ်၍ မရ၊

သိုကြောင့် လက်လျော့ပြီး အခန်းအပြင်သို

ပြန်ထွက်လာခဲ့သည်။

"ထားလိုက် ဘယ်သူမှ မခေါ်နဲ့တော့

ကျုပ်ခေါ်ထုတ်မယ် "

အိပ်ဦးခန်းမှာ အခန့်သား ထိုင်နေသော

ဆရာက အမိန့်သံပါပါနဲ့ ပြောလိုက်ရာ

မိခင် ဖြစ်သူလည်း ၊ အခန်းထဲ သမီးကို

ထားခဲ့ကာ ဆရာကြီးဆိုသူ၏ တပည့်များ

ဘေးတွင် လာ၍ ထိုင်နေလိုက်သည်။

မိခင်နှင့် ဖခင်တိုလည်း သမီး၏

အခြေအနေဆိုးနေသည့်အတွက် စိတ်မကောင်းကြ။

စိတ်မချမ်းသာစွာနှင့် ဆရာကို အားကိုးတကြီး

ကြည့်နေမိသည်။ထိုအခါ ဆရာကြီးဆိုသူက

အမိန့်သံပါပါနှင့် သမားဂုဏ် ပြလေတော့သည်။

"ကိုင်း …ကောင်းကောင်းခေါ်လို မလိုက်တဲ့

မိန်းကလေးကို ဆိုင်ရာပိုင်ရာတိုက

ကြပ်မတ်ပြီး လူနာကို ငါ့ရှေ့ကို ခေါ်လာကြစမ်း …"

ထိုကဲ့သို အမိန့်သံပါပါအော်၍ ပြောလိုက်သော

စကားသံ အဆုံးတွင် အခန်းတွင်းမှ

မိန်းကလေးက ရိုသေကျိုးနွံစွာ

ဆရာရှေ့သို ထွက်လာပြီး ထိုင်လိုက်လေသည်။

မိခင်ဖြစါသူ ချော့မော့သွားခေါ်ရာ

အကြောက်အကန် ငြင်းဆန်ပြီး

အော်ဟစ်မောင်းထုတ်ခဲ့သော မိန်းကလေးမှာ

စောစောက သူဘာမှမလုပ်ခဲ့သည့်အလား

အေးဆေးစွာ ထွက်လာသည်ကို မြင်ပြီး

လာကြည့်ကြသော ရွာသားတို

ဆရာကြီးကို အထင်ကြီးသွားကြသည်။

"တော်တော်စွမ်းတဲ့ဆရာပဲ အတင်းဆွဲခေါ်တာတောင်

မလိုက်တဲ့ မိန်းကလေးကို အမိန့်တစ်ချက်ပေးလိုက်တာနဲ့

ထွက်လာအောင် လုပ်နိုင်တယ်"

ထိုနောက် ဆရာကြီးက ရောက်လာကြသော

ရွာသားတိုဘက်လှည့်၍ …

"လူကို ပြုစားနှောင့်ယှက်ပုံက အမျိုးမျိုးရှိတကွဲ ၊

ဘီလူး၊ သဘက်ဥပါတို အတိုက်အခိုက်လုပ်ခြင်းကို

တောသူ ပြုစားတယ်လို ခေါ်တယ် ၊တစ္ဆေ ပြိတ္တာ

တိုကို ဘုတ်လိုခေါ်ပြီး သရဲကို အစိမ်းအဝါးလို

သတ်မှတ်ကြတယ်၊ တောသူ ပြုစားရင်မှိင်းထိုငိးထိုင်း၊

တွေတွေဝေဝေနဲ့ မျက်တောင်မခတ်ဘဲ နေတတ်ကြတယ်

ဘုတ်အစိမ်းသရဲတို ဝင်ကပ်ခဲ့ရင် ၊

ဇက်လေးခြင်း ခေါင်းငိုက်စိုက်ကျနေပြီး

ဇက်လေးသလို ဖြစ်နေတတ်တယ်

စုန်းပြုစားရင်တော့ ဦးခေါင်းမငြိမ်မသက်နဲ့

ရယ်မော နေတတ်တယ်၊ နတ်လုပ်ထားရင်တော့

မျက်စေ့ကြည့်ပုံက ရဲရင့်တယ် ၊ တစ်ကိုယ်လုံး

တဆတ်ဆတ်တုန်နေတတ်တယ် ။

ကဲ …လာကြည့်တဲ့ ရွာသားတွေရော …ငါ့တပည့်တွေကော

ဒီမိန်းကလေးကို ဘယ်လိုမြင်ကြလဲ "

လာကြည့်ကြသော ရွာသားတိုက ဘာမှမပြော

ဆရာနှင့် ပါလာသော တပည့်တစ်ယောက်က

"မှန်ပါ ။ မိန်းကလေးက အရွယ်နဲ့မလိုက်အောင်

မျက်စေ့အကြည့်က ရဲတင်းတယ်

ကိုယ်ခန္ဓာကလည်း တဆတ်ဆတ်တုန်နေတယ်

ဆရာကြီး၊ ဒါကြောင့် နတ်စွဲ၊ နတ်ကိုင်ထားတာ

ဖြစ်နိုင်ပါတယ် ဆရာ"

"နတ်ကိုင်ထားတယ်ဆိုရင် ဘယ်လိုနတ်မျိုးလို

ငါ့တပည့်တွေ ထင်လဲ "

"ပညာရှင် တစ်ယောက်က၊ နတ်စင်က နတ်နဲ့

တိုက်ထားတယ်လို တပည့်ထင်ပါတယ် ဆရာကြီး"

"အေး …ငါ့တပည့်တွေ တွေးတောထင်မြင်

ယူဆချက်က ဒက်ထိမှန်သကွဲ "

" နတ်နဲ့ တိုက်ထားတာ ဆိုပါလား "

"ဘယ်လို လူမျိုးက ဘာနဲ့ပဲ တိုက်ထားတိုက်ထား

ဆရာနဲ့ တွေ့မှတော့ ပျောက်ပြီလိုသာ မှတ်လိုက်တော့ "

"အားကိုးပါတယ်  ဆရာကြီးရယ် "

ဆရာကြီးဆိုသူက ဆေးကုသရန် မလုပ်သေးဘဲ၊

ရွာသူရွာသားတွေ၊ အထင်ကြီး လာစေရန် သမားဂုဏ်ပြ

နေသည်။ ထိုနောက်တော့ အောက်လမ်းဆရာကြီးက

လူနာမိန်းကလေး၏ မိဘများဘက်သို လှည့်လိုက်ပြီး

"ဘယ်လိုလဲ လူနာမိန်းကလေးကို ဆေးကုသဖို

ကျုပ်လက်ကို အပ်တယ် မဟုတ်လား "

"ဆရာရယ် အားကိုးပါတယ် သမီးလေးကိုသာ

ပျောက်အောင် ကုသပေးပါ။ ဆေးကုသခ

ထိုက်ထိုက်တန်တန် ပူဇော်ပါ့မယ် "

"ကောင်းပြီ …မိန်းကလေး ဆရာဆေးစီရင်စရာ ရှိသေးတယ်

အခန်းထဲမှာ ခဏသွားပြန်နေစမ်း "


အပိုင်း (၂) ဆက်ရန်

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)