♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ အပိုင်း(၂)



 "ပြောလေကွာ.. ..မင်းကလည်းသိချင်ပါ

တယ်ဆိုမှ စျေးကိုင်လိုက်တာ....”


"ပြောရမှာလန့်နေလို ကိုကြီးရေ ရွာဟောင်း သင်ချို င်း တောင်ဖက်မှာတွေ့တာတဲ့....”


"ဒါလေး ပြောမှာမျ ားအလန့်တကြား ဘာဖြစ်လိုလဲကွ သင်ချိုင်းတောင်မှာတွေ့တော့....”


"ကိုကြီးမသိတာလည်းမဟုတ် အဲနေရာက သရဲ အရမ်းခြောက်တာတဲ့ သစ်ပင်ကြီးတွေနဲ့ စိမ်းစ်ိပြီး

နေ့ခင်းဖက်တောင် တစ်ယောက်တည်း မသွားရဲကြဘူး......”


"အလကားပါကွာလူတွေလျောက်ပြော တာမင်းယုံနေတယ် အဲနေရာမှာ ၊မင်းသရဲခြောက်ခံဖူးလားပြော သရဲခြောက်ခံ

ဖူးသူခေါ်လာပြ၊အလကား သတင်းလျောက်ဖွနေကြတာ လူကြောက်အောင်......”


"ဒါကတော့...သူများပြောတာပြန်ပြောတာလေ

ကိုကြီးရာ

ကျွန်တော်လည်းသူများပြောတာ ပြန်ပြော

ရတာပါ... ”


"တော်ပါကွာ...မဟုတ်ကဟုတ်က တွေငါ့လာမပြောနဲ့ ...ငါမယုံဘူး...”


လှအောင်ကား တဇွတ်ထိုး ခေတ်ပညာတတ်သူ့အစ်ကိုအား စကားခြင်းနိုင်အောင်မပြောနိုင်တာကြောင့်အသာနူတ်ပိတ်နေလိုက်ရတော့၏ ။


"ကိုကြီးသွားမယ်ဆိုရင် ကျွန်တော်ပါလိုက်ခဲ့ချင်တယ်ကျွန်တော့်ပါခေါ်ပါ

ါနော်"


"ဟ..အဆန်းပါလား မင်းကဘာလိုက်လုပ်မှာတုန်း လှအောင် ရ.."


"ကျွန်တော်လည်း ကြက်တည်တာဝါသနာပါလို နောက်ပြီးကြက်တည်တာ တစ်ခါမှ မမြင်ဖူးလို လိုက်ကြည့်ချင်တာ .."


"အော်..အေးငါကညအိပ်သွားမှာနော် နေရာကဝေးတော့ ရွာကနေမနက်အစောကြီးထသွားလို 

မှီမှာမဟုတ်ဘူး ဒါကြောင့် ညအိပ်ပြီးတည်မှာ မင်းအိမ်ကိုပြောလိုရ ရင်လိုက်ခဲ့ပေါ့ "


"ကိုကြီးက ဘယ်တော့လောက်သွားမှာလဲ…"


"မနက်ဖြန်နေ့လယ်လောက်ကတည်းကသွားပြီး

အခြေအနေလေ့လာပြီး… အဲမှာပဲ ညအိပ်မယ်..

မင်းလိုက်မယ်ဆို မနက်ဖြန်နေ့လယ်ပိုင်းလောက်ငါ့အိမ်အရောက်လာခဲ့လေ.....”


"အိမ်ကိုပြောလိုရ ရင်လာခဲ့မယ် ကျွန်တော်ပြန်တော့မယ်ဗျာ.....”


ထွက်သွား သောလှအောင်နောက်ကျောအားလိုက်ကြည့်ရင်းအောင်မော်ပြုံးလိုက်မိသည်။

လူပျို ပေါက်မိုအရာရာကိုစူးစမ်းချင်သည့်အရွယ်မဟုတ်လား ခုလည်းတောကြက်ရှိသည့် နေရာတကူးတက လာပြောချင်းကြောင့် အစပထမသူပင်အံ့အြနေမိသေးသည်။

နောက်မှအဖြေပေါ်လာ၏။တောကြက်တည်လိုက်ချင်၍ မိမိအားတကူးတက လာပြောခြင်း မဟုတ်ပါလား.......


➳ ➳ ➳ ➳ ➳ ➳ ❆ ❆ ➳ ➳ ➳ ➳ ➳ ➳ 


 ဆောင်းန့လယ်ပိုင်းမိုလည်ပိုင်းမို 

သစ်ရိပ်ဝါးရိပ်မျ ားဖြင့် အပူရှိန်သိပ်မပြင်းလှပေ။...

အော်မော်နဲ့လှအောင်တိုနှစ်ယောက်မှာအထုပ်အပိုး ကိုယ်စီလွယ်ရင်း ရွာဟောင်းတောင်ဖက်ထွက်လာခဲ့ကြပြီဖြစ်သည်။

ရွာဟောင်းတောင်ကား သူတိုရွာမတည်ခင်ကတောင်ပေါ်တွင် ရွာတည်ကာနေကြခြင်းဖြစ်ပြီး..တစ်နှစ်တွင် ရွာအတွင်း လူအသေအပျောက်အ

လွန်မျ ားသောကြောင့် လူကြီးများက မသန့်သောမြေတွင်ရွာတည်မိသောကြောင့် ဖြစ်ရသည်ဟုဆိုကာ ယခုအောင်မော်တိုနေထိုင်ရာ ရွာသိုအသစ်ပြောင်းတည်ကြခြင်းပင်ဖြစ်သည်။

ရွာဟောင်းတောင်နဲ့ အောင်မော်တိုရွာသည်ကားခြေလျင်ခရီးပြင်းနှင်မည်ဆိုပါက နှစ်နာရီ ခန့်တော့လျောက်ရမည်ပင်ဖြစ်သည်။


ရွာဟောင်းတောင်မှာသစ်ကြီးဝါးကြီးများအပြင်ရှေးကနေထိုင်သူတို စိုက်ပျိုးခဲ့သော သရက်ပင်၊ ပိနွဲပင်ကြီးမျ ားဖြင့် စိမ်းစိမ်းစိုစိုဖြင့်ရှိနေသော တောင်ကြီးတစ်လုံးပင်ဖြစ်သည်။

တောင်ပေါ်သိုကား တစ်ယောက်တည်းဆိုပါက နေ့ခင်းကြောင်တောင်ပင်ဘယ်သူမှမတက်ရဲကြပေ...

အင်မတန်သရဲခြောက်သည်ဟုနာမည်ထွက်သောကြောင့်ပင်ဖြစ်၏ ။

ရွာဟောင်းတောင်၏ နောက်ဖက်တွင်ကား ရွာဟောင်းတောင်လောက် မကြီးသောတောင်ငယ်လေးတစ်လုံးကရှိနေ၏ ။


ထိုတောင်လေးဆိုလျင်ကားတစ်ယောက်ထဲ လာရဲသူပို၍ ရှားသည် ။

အကြောင်းမှာ ထိုတောင်လေးကိုဟိုးယခင်ကရွာဟောင်းတောင်၏ သင်ချိုင်းမြေအဖြစ် အသုံးပြုခဲ့သောတောင်ဖြစ်သောကြောင့်ပင်ဖြစ်၏ ။

နွားပျေ ာက်ရှာသူများ၊တောထွက်အသီးအနှံရှာ

သူမျ ားထိုတောင်ဘေးမှဖြတ်လျောက်ပါက ပုတ်အဲ့အဲ့အနံများရခြင်း၊ လေမတိုက်ပဲ သစ်ပင်ကြီးမျ ား တဝုန်းဝုန်း ယိုင်ထိုး လှုပ်ခပ်ခြင်း ၊ တခါတလေ တောင်ပေါ်မှလူတစ်စု

 အော်သံကြီးမျ ားနဲ့ အတူ သစ်ပင် ငယ်လေးမျ ား ၊ သစ်ရွက်ခြောက်မျ ားအား နင်းဖြတ်လာကာ တောင်ပေါ်မှ တောင်အောက်သို ပြေးဆင်းလာတော့မည့်အလား ခြေသံမျ ားကြား

ရလေ့၊မြင်ရလေ့ရှိသည်။.ရွာသားများမှာတစ်ယောက်တစ်မျို း ခြောက်လှန့်ခံရသောကြောင့် တစ်ယောက်တည်း ဘယ်သူမှ မသွားလာရဲကြခြင်းဟုဆိုကြပြောကြ၏ ။

သင်ချိုင်းတောင်ကား အခြောက်အလှန့် အင်မတန်ကြမ်းလှသည့်နေရာတစ်ခုပင်ဖြစ်သည်။


အော်မော်တို ညီအစ်ကိုနှစ်ယောက် ရွာဟောင်းတောင်ခြေဘေးရောက်တော့ ညနေ သုံးနာရီခန့်ပင်ရှိနေပြီဖြစ်သည်။


ရွာဟောင်းတောင်ခြေ နဘေးမှ သစ်ခုတ်ဝါးခုတ်သူတို ယာယီသဘော

မျိုးနားနေအပန်းဖြေရန်ဆောက်ထားသော အင်ဖက်မိုး ဝါးကြမ်းခင်း မြေစိုက်တဲလေးတစ်လုံး ရှိနေတာကြောင့် ထိုတဲလေးမှာပင် သူတိုညီအစ်ကိုနှစ်ယောက်နေရာယူလိုက်ကြ၏။


ပါလာသောအထုတ်အပိုးများအားနေရာချပြီးချိန်

လှအောင်မှာတဲပေါ်တွင်ပက်လက်လှန်လှဲရင်းအမောအပန်းဖြေနေလျက်ရှိနေချိန် အောင်မော်မှာ

ပတ်ဝန်းကျင်အခြေအနေအားစနည်းနာရန်အတွက်ထွက်လာခဲ့တော့၏။


အောင်မော်တစ်ယောက်ရွာဟောင်းတောင်ကို

အဝေးမှသာမြင်ဖူးထားပြီး တခါမှ

တောင်ထက်မရောက်ဖူးသေးသောကြောင့် မနက်ကြက်တည်ရန်အကွက်အကွင်းကောင်းသောနေရာက်ိ အခုကတည်းက ကြိုတင်ရှာထားရမည်ဖြစ်သောကြောင့်နေရာရှာ

ရန်ထွက်လာခြင်းဖြစ်၏ ။


ဒါမှ မနက် လေးနာရီ ကြက်တည်ဖို အဆင်ပြေမည်ဖြစ်သည်။


အပိုင်း(၃)ဆက်ရန်....

Credit to Original Uploader

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)