♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ အပိုင်း(၁)



 ♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ 


ဖိုးခေါင်တောင်ရွာသား.....

အောင်မော်မှာ ခေတ်ပညာကို မြိုကျောင်းတွင်ဘွဲရသည်အထိသင်ကြားဖူးသူဖြစ်၏။


သူတတ်မြောက်သော ပညာနဲ့ မြိုတွင် အလုပ်ကောင်းကောင်းတစ်ခု ရနိုင်ပါလျက် ..

မြိုတွင်မနေချင်ဟုဆိုကာ ရွာသိုပြန်သူဖြစ်၏ ။

မြိုကျောင်းတက်ပြီး ပညာသင်သည်ကပင်မိဘများဆန္ဒကြောင့်သာ၊သူ့သဘောဆိုပါက သင်ဖြစ်မည်မဟုတ်ပေ။


မိဘများကရွာတွင်ငွေကြေးပြည့်စုံသူများမို တစ်ဦးတည်းသောသားအောင်မော်ကဘာအလုပ်မှလုပ်စရာမလိုအိမ်တွင်အေးဆေးနေရုံပင်ဖြစ်၏ ။


ယခုတလောအောင်မော်လုပ်နေသောအလုပ်

ကြောင့်မိဘနှစ်ပါးအောင်မော်အတွက်

ခေါင်းရူတ်နေရလျက်ရှိနေ၏ ။

အောင်မော်အတွက်ခေါင်းရူတ်ရသည်ဆိုခြင်း အတွက်အောင်မော်အရက်သေစာသောက်စားခြင်း ။လောင်းကစားမူပြုခြင်း ။မိန်းမပွေရူပ်ခြင်းတိုကြောင့်ကား မဟုတ်ချေ.....။


အောင်မော်မှာ အရက်သေစာမသောက်စားသည့်အပြင်လောင်းကစားလည်းကင်းရှင်းသူဖြစ်ဖြစ်၍

မိန်းမကိစ္စဖြင့်ပတ်သက်လာပါကရည်းစားပင်မထား ပေ။

မိဘများကသင့်တော်သောမိန်းခလေးတွေ့၍ စီစဉ်မည်ဆိုလျင်ပင် စောပါသေးတယ် လွပ်လွပ်လပ်လပ်နေချင်သေးသည်ဟုငြင်းတတ်သူဖြစ်သည်။


ထိုအမူ ကိစ္စများကင်းရှင်းပါလျက် အောင်မော်အတွက် မိဘမျ ား အဘယ်ကြောင့် ခေါင်းရူတ်နေရသည်ဆိုသောအကြောင်းရှိ၏ ။


အောင်မော်တွင် ထူးထူးခြားခြားဝါသနာတစ်ခုရှိနေ

သောကြောင့်ပင်ဖြစ်၏ ။

ထိုဝါသနာကား တခြားမဟုတ် ...

"တောကြက် တည်ဖမ်းခြင်း" ဟုအရပ်အခေါ်

ကြက်တည်ချင်းဝါသနာရှိသောကြောင့်ဖြစ်ပါ

တော့သည်။


အောင်မော်တို ရွာမှာရခိုင် ရိုးမနဲ့နီးသောကြောင့် တောတွင်းသားကောင်ပေါများခြင်းနဲ့ အတူ ။တောကြက်များ လည်းအင်မတန် ပေါလှသော အရပ်ဒေသ တစ်ခုပင်ဖြစ်၏ ။


တောကြက် "တည်"ခြင်းအကြောင်းကိုအနည်းငယ်ရှင်းပြရမည်ဆိုပါက


တောကြက်မှာကြက် "တိန်ညင်" နဲ့ မျိုးနွယ်ခြင်း တူသောကြောင့် ကြက်တည်မည်ဆိုပါက အရွယ်ရောက်ပြီး တိန်ညင်ကြက်ဖတစ်ကောင်လိုအပ်၏ ။


တောကြက်ရှိရာတောတွင် အိမ်ကြက်အား ကြိုးဖြင့်ချည်၍ ညွတ်ကွင်းများဖြင့်ဝိုင်းကာထားရ၏။


အိမ်ကြက်မှ တွန် သံပြု လိုက်သောအခါ အိမ်ကြက်တွန်သံကိုကြားရသော တောကြက်ဖသည် သူ့နယ်အတွင်း တခြားကြက်တစ်ကောင်ရောက်နေမှန်းသိ၍ ဒေါ သဖြစ်ကာ လာ ခွပ်ရင်း ထောင်ထားသော ညွတ်ကွင်းတွင်မိတတ်ကြ၏ ။


တချို ့သောသူများမှာ အင်မတန်ပါးနပ်၍ကြက်ဖဖြင့် တည်ဖမ်းမရသော ကြက်မျိုးအားကြက်မဖြင့်တည်ဖမ်းတတ်ကြ၏ ။


အများအားဖြင့် ကြက်တည်သော အချိန်အား မနက်(၄) နာရီခန့်တွင်စကြသည်ကများ၏ ။

အကြောင်းမှာ မနက်ပိုင်းတွင်တောကြက်တွန်သံကို ဟိုးအဝေးကြီးမှ ကြားရသလို အိမ်ကြက်တွန်သံအားလည်းတောကြက်က ဟိုးအဝေးကြီးမှကြားနိုင်သောကြောင့်ပင်ဖြစ်သည်။


အောင်မော်မှာ ငယ်စဉ်က သူ့ဦးလေးနဲ့ ကြက်တည်လိုက်ရင်း အထူးတလည် ကြက်တည်ခြင်းအားဝါသနာပါလာခြင်းဖြစ်သည်။

တည်ကြက်တစ်ကောင်ပိုက်၍မနက်အစောကြီး

အိမ်မှထွက်၍မွန်းတည့်ချိန်မှပြန်ရောက်လာတတ်၏။ တောကြက်ရလာသောအခါသူကြက်ကိုဘယ်လို

ဘယ်လိုမျိုးတည်ရကြောင်း တပတ်ဆယ်ရက်

လူစုံတိုင်းပြောနေတတ်၏ ။သိုသော်လည်းရမလာသည့်အခေါက်ပိုများနေတတ်သည်။

အောင်မော် မိဘနှစ်ပါးကား ခေတ်ပညာတတ် သူ့တိုသားတော်မောင်တစ်ယောက်ကြက်ကြီး

တစ်ကောင်ပိုက်လျက်ကြက်တည်ထွက်နေခြင်းအား ဖြစ်နိုင်လျင် လုံးဝမလုပ်စေချင်ပေ။

သိုသော်လည်း ...

တဖက်မှတွေးလျင် မဟုတ်တာ လုပ်နေတာမှမဟုတ်တာ၊ တချိန်သူရိုးသွားလျင် နောက်မလုပ်လောက်တော့ဟု စိတ်ဖြေတွေးကြလျက် အောင်မော် လုပ်သမျ မသိချင်ယောင်ဆောင်ကာ မျက်ကွယ်ပြု ထားကြခြင်းပင်ဖြစ်သည်။


" ကိုကြီး အောင်မော်...ကိုကြီးအောင်မော်....”,


"ဟေ...လှအောင်...လာလေကွာ ခြံဝကအော်ရလား...လာအထဲဝင်....”


သူ့အမေညီမမှမွေးသော ညီဝမ်းကွဲ လှအောင်က 

အောင်မော်နာမည်အားခြံရှေ့မှ လေသံတိုးတ်ိးဖြင့်အော်ခေါ် နေသံကြောင့် အိမ်အောက်တွင်ကြက်စာ ကျွေးနေသော အောင်မော်ကအိမ်ထဲဝင်ခိုင်းလိုက်ခြင်းပင်ဖြစ်၏။


လှအောင်က အောင်မော်အနီး ရပ်ရင်းဘေးဘီဝဲယာသိုမလုံမလဲလျောက်ကြည့်နေတာကြောင့် အောင်မော်လည်းစိမရှည်စွာဖြင့်...


"ဟေ့ကောင်...မလုံမလဲနဲ့ မင်းပုံစံက ဘာတွေလိုက်ကြည့်နေတာလဲ.....”


"ဟို...ဘထွေး ..တို.အရီးလေးတို ကိုကြည့်နေတာ.....”


"အဖေနဲ့အမေ မရှိဘူး တဖက်ရွာအလှူသွားတယ် 

နေ့လယ်ပိုင်းလောက်မှ ပြန်ရောက်မှာ မင်းဘာကိစ္စရှိလိုလဲ......


"ဟူး...တော်ပါသေးရဲ့"


ထိုအခါမှ လှအောင်ကသက်ပြင်းချကာပြောလာခြင်းဖြစ်သည်။


"ဘာတော်ပါသေးရဲ့လဲ  လှအောင်ရ"


"ဒီလို ကိုကြီးရေ ကျွန်တော် အခုလာတာ တောကြက်တစ်အုပ် တွေ့လို ကိုကြီးကို လာပြောတာ...

အဲဒါ ဘထွေးတို အရီးလေးတိုက ရှိရင်

ကျွန်တော်ကို ဆဲလွတ်မှာစိုးလို..

ကိုကြီး ကြက်တည်တာကို အားပေးအားမြှောက်လုပ်တယ်ပြောမှာဆိုပြီး......”


"ဟေ...လှအောင် တောကြက်တစ်အုပ်တွေ့ထားတယ် ဟုတ်လား ..ဘယ်မှာလဲ..

ဘယ်နေရာမှာတွေ့တာလဲ....


တောကြက်ဆိုသောအသံကြားလိုက်ရသည်နဲ့ အောင်မော်က သူ့သိချင်စိတ်ကို ထိန်းမနိုင်သိမ်းမရ အငန်းမရ မေးလိုက်ခြင်းပင်ဖြစ်သည်။


"ကျွန်တော် တွေ့လာတာတော့ မဟုတ်ဘူး 

ကျွန်တော့်သူငယ်ချင်း ညိုမောင်တိုနွားပျောက်ရှာရင်းတွေ့တာ ကြက်ဖ ကြက်မ အားလုံးပေါင်း

ဆယ့်ငါးကောင်လောက်တောင်ရှိမယ်ပြောတာပဲ

.....


"ဟေ..ဟုတ်လား.နေရာကကော...

ဘယ်မှာတွေ့တာတဲ့လဲ.....


"နေရာက.....”


အပိုင်း(၂)ဆက်ရန်...


Credit to Original Uploader

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)