♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ အပိုင်း(၄)
ပြု တ်ထွက်ကျမလားဟုပင်ထင်ရသော ရဲရဲနီနေသောမျက်လုံးမျ ားဖြင့်ရှိနေကာ မျက်နှာကား အသားမရှိဟန်ဖြင့် အရိုးပေါ် အရေပြားကပ်နေသော အသွင်ကြောင့်ပင်ဖြစ်သည်။
……ဟီး......ဟီး.......ဟီး........
ထိုမကောင်းဆိုးဝါးကောင်လေးအောင်မော်အားငုံကြည့်ရင်း ညည်းညူ သံလိုလို ရယ်သံလိုလို ကျောခြမ်းဖွယ်အသံကြီးပြု လိုက်သောအခါ ပါးစပ်သည် နရွက်တက်ချိတ်မတတ် ကျယ်သွားခြင်းနဲ့ အတူ ကျိုးတိုးကျဲတဲဖြင့် ရှိနေသော ချွန်ထက်နေသော သွားကြီးများအား
တွေ့လိုက်ရ၏ ။တဆက်တည်းမှပင်
အပင်အားဖက်ထားသောလက်ဖြုတ် ချလိုက်လျက် အောက်မှနေ၍အပင်အားမှမော်ကြည့်နေသော အောင်မော် တည့်တည့်သို ခုန်ချလာတော့၏ ။
…အား....အောင်မလေး.....
အောင်မော်ကားကြောက်ရွံစိတ်ဖြင့် ကြက်သေသေနေကာကြည့်နေရင်း သူ့အပေါ်သိုထိုကြောက်စရာအကောင်ခုန်ချလိုက်သောအခါ နောက်သိုခြေတလှမ်း ဆုတ်လိုက်မိသည်။
ထိုသိုနောက်ဆုတ်လိုက်မှ အောင်မော်သည်အနောက်တွင်ရှိသော ခဲလုံးတလုံးကို နင်းမိကာခြေချော်ကာနောက်ပြန်လဲကျသွားသည်။
အပေါ်မှ ခုဆင်းလာသော မကောင်းဆိုးဝါးကောင်လေးသည် လဲကျသွားသော အောင်မော် ရင်ဘတ်အားခွကာ လည်ပင်းအား ဖျစ်ညှစ်လိုက်တော့သည်။
…အစ်.....အစ်......
… အီး....ဟီး.....ဟီး......
ပ်ိန်သေးသော လက်နှစ်ချောင်းဖြင့်အောင်မော်
လည်ပင်းအားညှစ်လျက်တ..အီး..အီး ..ဖြင့် အသံသေးအသံကြောင်ဖြင့်အော်ဟစ်နေသေးသည်။
အောင်မော်သည် ကြောက်စိတ်ကငယ်ထိပ်တက်နေပြီး သေးငယ်ပိန်လှီသောလက်အားဆွဲဖယ်ရန်ကြိုးပန်းသော်လည်း ထိုမကောင်းဆိုးဝါးကောင်လေးကား အင်မတန်သန်မာလှ၏ ။အောင်မော်လည်ပင်းကို
မလွတ်တမ်းဆုတ်ကိုင်ထားသည်။
အချိန်ကလည်း နေ့အလင်းရောင်ပင်ပျောက်၍ အမှောင် ဝင်ရောက်စပြုနေပြီ ပြီဖြစ်သည်။
အောင်မော်လည်း လက်အားဆွဲဖြုတ်မရသောအခါ ထိုမကောင်းဆိုးဝါးကောင်လေးလည်ပင်းအားအောက်မှပင့်ညှစ်လိုက်ရင်း ကိုယ်ကိုတပတ်စောင်းလှိမ့်ကာ သူတပြန်ကိုယ်တပြန် လည်ပင်းညှစ်နေကြလျက်
ရှိနေ၏။
အောင်မော် ထိုမကောင်းဆိုးဝါးကောင်လေးလည်ပင်းသားအားထိတွေ့မိသောအခါ ပျော့ဖတ်ဖတ်ဖြင့် ကြက်သီးထဖွယ်ပင်ကောင်းနေအောင် အသားရေရှိနေသည်ကိုခံစားမိလိုက်ရမိ၏ ။
အောင်မော်နဲ့ ထိုမကောင်းဆိုးဝါးကောင်လေး လူးလှိမ့်ရင်းဖြင့် အောင်မော်အပေါ်မှာအပေါ်သို
ရောက်သွား၏ ။
…ကဲကွာ.....ခွပ်.....ခွပ်......
အပေါ်မှနေ၍ ထိုကောင်လေးရင်ဘတ်ကိုဒူးတဖက်
ဖြင့်ဖိလျက်ထိချင်ထိ ထိုးကြိတ်နေတော့၏ ။
သူလက်များသည် ထိုမကောင်းဆိုးဝါးကောင်လေးအား ထိုးချိန်
ပျေ ာ့ကနဲ အသားထဲသိုကျွံဝင်ကာရော်ဘာတုန်းအား ထိုးရသလိုပင်ဖြစ်နေတော့၏ ။
သူ့လည်ပင်းအားညှစ်ထားသော ထိုမကောင်းဆိုးဝါး ကောင်လေးလက်သည်လည်း အနည်းငယ်ပြေလျော့ကုန်တော့သည်။
"ကိုကြီးအောင်မော် ရေ......ဝေး.......
ဘယ်ရောက်နေတာလဲ......ဝေး…”
အောင်မော်က လှအောင်ခေါ်သံကြားရဖက်သို လှည့်လိုက်ချိန်မှာပင်အောက်မှ မကောင်းဆိုးဝါးကောင်လေးမှာ
လှစ်ခနဲ ရုန်းထွက်ကာ ချောက်ထိပ်သို ပြေးသွားရင်း ချေက်အောက်သိုခုန်ဆင်းသွားတော့၏။
အောင်မော်လည်း ခုမှဟင်းခနဲ သက်ပြင်းချလိုက်ရင်း .......
"…ငါဒီမှာ လှအောင်ရေ......ဟေ့...”
လှအောင်အားအသံပြုလိုက်၍ ......
ခနအကြာ လှအောင်တစ်ယောက်အောင်မော်
အနီးရောက်လာတော့သည်။
"နေကလည်းမှောင်နေပြီ ...ကိုကြီးတောင်ပေါ်ကဆင်းမလာလို စိတ်မချလိုလိုက်လာတာ...
ဘာလုပ်လို ဒီလောက်ကြာနေရတာလဲ.....”
အောင်မော်လည်းကပ်ညှိနေသော ဖုန်မူန့်များခါကာမတ်တပ်ရပ်လိုက်ရင်း....
"ဘာမှမဟုတ်ပါဘူးကွာ....ကြက်တည်ကောင်းမဲ့နေရာတွေလိုက်ရှာရင်းနည်းနည်း ကြာသွားတပါ....
တကယ်အဖြစ်မှန်ကိုပြောပြပါက လှအောင်ကြောက်လန့်သွားမည်စိုး၍ မပြောပဲထိန်ချန်ထားလိုက်ခြင်းပင်ဖြစ်သည်။
တောင်ပေါ်မှဆင်းလာတော့ မှောင်ပင်မှောင်နေချေပြီ ...
ညအမှောင်နဲ့အတူ ချမ်းစိမ့်စိမ့် အေးလာသောကြောင့် စမ်းအိုင်ဘေးတွင်ရေ အမြန်ခပ်ချို းလိုက်ကြ၏ ။
တဲသိုရောက်တော့ ထမင်းဟင်းက အဆင့်သင့်ကျက်ပြီးသားဖြစ်နေ၏ ။
"ထမင်းစားကြတော့မယ်လေ....ကိုကြီး..”
"မင်းပဲစားတော့ကွာ ငါစားချင်စိတ်မရှိလို"
အောင်မော်ကားတောင်ပေါ်တွင်ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကြောင့် ခုထိရင်တုန်ပန်းတုန်ဖြစ်နေဆဲပင်ဖြစ်သည်။
ကြက်လည်းတည်ချင်စိတ်မရှိတော့ ခုတောင်အချိန်လင့်သွား၍သာမဟုတ်လျင်ရွာပြန်ချင်နေပြီဖြစ်၏။
လှအောင်ထမင်းစားသောက်နေချိန်..တဲအောက်တွင်တွေ့ရသော သစ်ကိုင်းခြောက်များဖြင့် မီးမွေးလိုက်ရင်း မီးပုံဘေးတွင်အချမ်းပြေလူံနေလိုက်သည်။
လှအောင်လည်းထမင်းစားသောက်ပြီး နှစ်ယောက်သားမီးပုံဘေးတွင်ခနတဖြုတ်စကားထိုင်ပြောနေကြတော့သည်။
အပြင်ဖက်တွင်ကားမြူ နှင်းမူန်များအားထိုးဖောက်ရင်း လရောင်သည်ပတ်ဝန်းကျင်တစ်ခို မိူင်းပြပြဖြင့်ရှိနေသည်။
ညအနည်းငယ်နက်လာတော့ နှစ်ယောက်သားပါလာသောစောင်ပါးလေးကို ခြု ံရင်တဲကြမ်းပြင်ပေါ်ကွေးနေကြတော့သည်။
ချမ်းလည်းချမ်းလာပြီကိုး ခနကြာတော့ လှအောင်တစ်ယောက် တခေါခေါဟောက်ရင်းအိပ်မောကျသွားတော့သည်။
အောင်မော်မှာသာအိပ်မပျော်နိုင်သေး ညနေကအဖြစ်အပျက်အားပြန်တွေးကာ ခုထိကျောချမ်းနေတုန်းရှိနေ၏။
ထိုစဉ်မှာပင်
…အင်း........ဟင်း.......ဟင်း…ဟင်း…
အပိုင်း(၅)ဆက်ရန်....
Credit to Original Uploader

Comments
Post a Comment