ရိုးမသစ်လုပ်ကွက်မှထူးဆန်းသော အကြောင်းအရာများ/ အပိုင်း(၂)
နှစ်ယောက်သား ကိုယ်စီတာဝန်ခွဲ၍
အပင်များလှဲနေကြသလို လူနှစ်ယောက်ဖက်မကသော အပင်ကြီးများ
ဆိုပါကနှစ်ယောက်ပေါင်း၍ တစ်ယောက်တလှည့် အပင်လဲအောင်ကြိုး
စားနေကြသည် ။
နှစ်ယောက်သားအချိန်အတန်ကြာမှ
အပင်ခုတ်လှဲပြီးချိန်တွင် အသင့်ပါလာ
သော ဝီစကီကို သောက်ရင်း လူသုံးယောက်ဖက်မကသောအပင်ကြီးတစ်
ပင်ကိုလှဲရန်တိုင်ပင်နေကြသည် ။
အပင်ကြီးမှာတောင်စောင်းနေရာတွင်ပေါက်ရောက်နေခြင်းဖြစ်ကာ လူသုံးယောက်ဖက်မက ကြီးမားသောပင်စည်ရှိ၍ အပေါ်သိုတဖြောင့်တည်း
ဖြောင့်တန်းစွာဖြင့်မိုးထိမတ်မြင့်တက်နေကာ အပင်ထိပ်ဖျားတွင်သာ
အကိုင်းအခက်များရှိနေကာ အောက်ခြေမှစ၍ အပေါ်အထိတစ်ခြား
အကိုင်းအခက်များရှိမနေပေ ။
” မိုးအောင်ရေ ဒီအပင်ကြီးက ကြီးပြီးမြင့်လှချည်လား... ၊
ဒီလိုအပင်မျိုးမှာ မှီခိုနေထိုင်သူတွေ
ရှိတော့ ပွဲပေးပြီး နေရာအရင်ဖယ်ခိုင်း
ဖိုတောင်းပန်ရတယ်ကြားဖူးတယ်ကွ...”
” အယူသည်းမနေစမ်းပါနဲ့ စောမောင်ရာ အပင်ကအပင်ပဲ ဘာမှီခိုနေထိုင်သူ
ရှိရာမှာလည်း သောက်စရာရှိတာသောက် ပြီးရင်အပင်လှဲဖိုစလုပ်ကြမယ်... ”
စောမောင်က လူကြီးသူမများထံမှသူ
ကြားဖူးနားဝပြောသောစကားများကို
မိုးအောင်က တူးတူးခါးခါးငြင်းနေသည်။
နှစ်ယောက်လုံးမှာလည်းမနက်ကတည်းကသောက်လိုက်စားလိုက်လုပ်
နေကြရာ မူးယစ်စပြုနေပြီဖြစ်သည် ။
ထိုအချိန်မှာမည်သည့်နေရာကလာ
မှန်းမသိသော အသက်ခုနှစ်ဆယ်အရွယ် ဆံပင်ရှည်အဖြူ
များကိုခေါင်းအလည်တွင် အဖုထုံးကလေးထုံးထားသော အဘိုးကြီးတစ်
ယောက်က ခြုံနွယ်များကိုတိုးဝှေ့၍
ထွက်လာသည်ကိုတွေ့လိုက်ရသည် ။
” မိုးအောင် အဘိုးကြီးတစ်ယောက်ကွ...”
” တွေ့တယ် ဘယ်ကလဲ မသိဘူး...”
အဘိုးကြီးမှာသူတိုအနီးလျှောက်လာရာ သရဲတစ္ဆေလို ရုပ်အလွန်ဆိုးသော
မျက်နှာမျိုးရှိကြောင်းတွေ့လိုက်ရသည် ။
နဖူးမောက်မောက် ၊မျက်လုံးပြူးပြူး ၊ နှာခေါင်းပိပြားပြားက နှာခေါင်းပေါက်များက လူကြီးလက်သန်းထိုးထည့်လျှင်ပင်ဘေးအသားကိုထိမည့်ဟန်မတူ၊ ပါးစပ်မှပြဲ
၍နားရွက်တက်ချိတ်မတတ်ရှိနေသည် ။
မျက်နှာပေါ်တွင် ဇရာအရေးအကြောင်းများထင်နေရာ ရုပ်ရည်က
ကြောက်လန့်စရာအသွင်ဖြစ်နေသည်။
” မင်းတို သစ်ခုတ်သမားတွေလား ၊
ဒီအပင်ကြီးလှဲဖိုလုပ်နေကြတယ်ကြားတယ်.၊ မင်းတိုဆိုင်ရာပိုင်ရာကိုခွင့်တောင်းပြီးပြီလား....”
အဘိုးကြီးက ဒေါသဖြစ်နေဟန်မာမာ
ထန်ထန်ပြောလာရာ နှစ်ယောက်သား
စိတ်အတွင်း ဒေါသစိတ်ဖြစ်သွားကြသည်။
မိုးအောင်မှ
” အဘိုးကြီး ဘာတွေပြောနေတာလဲ
ဒီလုပ်ကွက်ပိုင်ရှင်က ခုတ်ခိုင်းလိုလာခုတ်နေတာဗျ နောက်ထပ်ဘယ်သူကို
ခွင့်တောင်းနေရအုံးမှာလဲ.... ”
မိုးအောင်စကားကြောင့်အဘိုးကြီးမျက်နှာကတင်းမာသွားသည် ။
နဂိုကပင်ကြောက်လန့်စရာရုပ်သွင်မှာ
ယခုလိုတင်းမာသွားရာပို၍အကျည်းတန်သွားတော့သည် ။
” ဒီနေရာမှာ မင်းတိုမရောက်ခင်၊မလာခင်ကတည်းကနေထိုင်တဲ့သူတွေ
ရှိတယ်ကွ ၊ ခုမင်းတိုလုပ်ရပ်ကဧည့်သည်ကအိမ်ရှင်ကိုစော်ကားနေသလိုပဲ၊
၊
မင်းတိုလုပ်ချင်ရာလုပ်နိူင်တယ် ၊ ဒါပေမယ့် ဖြစ်လာမယ့်အကျိုးဆက်ကိုမင်းတိုခံဖိုပြင်ထားကြပေတော့.....”
အဘိုးကြီးမှာ မိုးအောင်နဲ့စောမောင်ကို
လက်ညိူးငေါက်ငေါက်ထိုး၍ဒေါသတကြီးပြောဆိုကြိမ်းဝါးပြီးခြုံနွယ်များကို
တိုးဝှေ့၍တောအတွင်းဝင်သွားပါတော့သည် ။
မိုးအောင်နဲ့စောမောင်မှာရုတ်တရက်မို
ဘာစကားမှမဆိုနိုင်ပဲကျန်နေရစ်ခ့ဲသည်။
စောမောင်လည်းဒေါသဖြင့်
” ..တောက်..လူကိုခြိမ်းလား၊ခြောက်လား ဒီအဘိုးကြီးတော့ကွာ ၊ အသက်ကြီးနေလိုပေါ့ နိူမိုသူသေကိုယ်
သေပဲ...”
” အရူးပဲနေမယ်ကွ တောထဲလျှောက်သွားနေတယ် ၊ သူ့ကိုရုတ်တရက်တွေ့ရင်လန့်ကုန်ကြမှာ သရဲရုပ်နဲ့အဖိုးကြီး
...”
နှစ်ယောက်သားမှာအဘိုးကြီးကိုဒေါသဖြစ်စွာရေရွတ်ကြိမ်းဝါးကြရင်း
အရက်တစ်ယောက်တစ်ခွက်သောက်၍
အပင်လှဲရန်ပြင်ဆင်ကြတော့သည်။
ရှေးဦးစွာ အပင်ပေါက်ရောက်ပုံအနေ
အထားကိုကြည့်၍ မည်သည့်ဖက်သိုလှဲ
ချမည်ကိုကြိုတင်ရွေးချယ်ထားရသည် ။
ယခုအပင်မှာတောင်စောင်းတွင်ပေါက်ရောက်နေခြင်းဖြစ်ပြီး အောက်သိုအလွယ်တကူပြိုလဲသွားနိူင်သည့်အပင်မျိုးမို ပို၍သေချာစေရန်အောက်ဖက်မှလွလမ်းကြောင်းတစ်ခုပေး၍
နှစ်ယောက်သားအပင်ကြီးကိုပိုင်းဖြတ်
နေကြသည် ။
ထိုအချိန်စောမောင်နားအတွင်းယောက်ကျားမိန်းမအသံများ ခလေးငို
သံများကြားလိုက်ရသည် ။
မိုးအောင်ကိုလှမ်းကြည့်ရာ မိုးအောင်
မှာထိုအသံများကိုကြားပုံရဟန်မတူ၊
အပင်ကိုသာ ဂရုတစိုက်ဖြတ်နေကြောင်းတွေ့ရသည် ။
ချိန်းဖြတ်ရာလမ်းကြောင်းမှ သစ်သားအမူန်အမွှားများ ဖွားခနဲ၊ ဖွားခနဲ ထွက်လျှက် ချိန်းစက်နှစ်လုံးမှချိန်းသွားများက သစ်ပင်ကိုပိုင်း ဖြတ်နေရာ
ဝူးဟူသောအသံများနဲ့ရောစပ်ကာ
အသံတမျိုးထွက်လျှက်ရှိနေသည် ။
စောမောင်လည်းသူနားကြားမှားခြင်း.ဟုသဘောထားလိုက်ပြီး အပင်ကိုဘေးတဖက်မှဆက်ဖြတ်နေရာ အပင်ကြီးကိုတဝက်ခန့်ပြတ်သွားပြီးချိန်တွင်.
အသံများနောက်တကြိမ်ပြန်ကြားလိုက်ရပြန်သည် ။
ယောက်ကျားတစ်ယောက်အသံ ငိုသံစွက်နေသောမိန်းမအသံစူးစူးဝါးဝါး
အော်ငိုနေသော ခလေးအသံက သူ့နား
အတွင်းပီသရှင်းလင်းစွာကြားလိုက်ရ
ခြင်းကြောင့်စက်ကိုပိတ်၍ရပ်လိုက်သည် ။
စောအောင်စက်ပိတ်၍ရပ်လိုက်သော
အခါမိုးအောင်လည်းသူ့စက်ကိုပိတ်လိုက်သည် ။
အပိုင်း(၃)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment