စောရဦးခေါင်း ၊ အပိုင်း(၄)
"သြော် ဒါကြောင့် ဘိုးအိုက စောရ
ကြီး မြှုပ်တဲ့နေရာကို အတိအကျ
သိနေတာကိုး"
"ဘိုးအိုက ဂျပန်ခေတ်က သူတို့မြှုပ်
ခဲ့တဲ့ သူခိုးကြီးရဲ့ အလောင်းကို ပြန်
ဖော်တာပေါ့ကွာ၊ မှားစရာ မရှိဘူးတဲ့
ကွ၊သူတို့မြှုပ်ကတည်းက ခေါင်းပြတ်
ကြီးဆိုတော့ မှတ်မိတာပေါ့ကွာ၊ဒီမှာ
တင် ဘိုးအိုက စောရကြီးနဲ့ခေါင်းခွံကို
ယူပြီးဆရာကြီးကိုသွားပေးတယ်ဆိုပဲ။
အဲဒီဆရာကြီးကခေါင်းခွံကိုသံဖြတ်လွှ
နဲ့ မျက်နှာကလေးတင်လွှာထုတ်လိုက်
တာတဲ့။ပြီးတော့ကန်တော့ပွဲတွေထိုးပြီး
ဂါထာတွေစုတ်တာခုနှစ်ရက်တိတိဆိုပဲ
ကွ။နောက်ဆုံးတော့စောရကြီးနဲ့ဝိညာဉ်
ပြန်ရောက်လာတယ်တဲ့ဟေ့၊အဲဒီဆရာ
ကြီးက ဘိုးအိုကိုဂါထာနှစ်ပုဒ် သင်ပေး
တယ်တဲ့"
"ဟင် ဂါထာတွေ ဟုတ်လား၊ ဘာ
ဂါထာတွေတုံးဗျ"
"တစ်ပုဒ်က စောရကြီးကိုခေါ်တဲ့
ဂါထာတဲ့ကွ၊ တစ်ပုဒ်ကတော့
စောရကြီးကိုနှင်တဲ့ ဂါထာတဲ့"
"သြော် ကိစ္စရှိရင် အခေါ်ဂါထာရွတ်၊
ကိစ္စပြီးရင် အနှင် ဂါထာရွတ်၊ ဒီလို
ရှိမှာပေါ့ဗျာ"
"အေး ဟုတ်တယ်၊ ဟုတ်တယ် တာ
တေ၊ အဲဒီဂါထာတွေ ဒီသေတ္တာထဲ
မှာ စာရွက်နဲ့ ရေးထည့်ထားတယ်"
"နို့ နေပါဦး ကိုမင်းဒင်ရဲ့၊ ဒါကို ဘာ
အတွက်သုံးတာတုံး"
"ဒီလိုကွ တာတေရ၊ မင်းမှာ ငွေလိုတယ်
ဆိုရင် စောရကြီးရဲ့ဝိညာဉ်ကို ဂါထာရွတ်
ခေါ်လိုက်လေ၊ မင်းနားမှာ အရိပ်လိုလို
မည်းမည်းကြီး ပေါ်လာလိမ့်မယ်။သူ့ကို
မင်းပဲ တွေ့ရမှာနော်၊ ကျန်တဲ့လူတွေက
လုံးဝမတွေ့ရဘူး။ အဲဒီအချိန်မှာ မင်းက
'စောရကြီးရေ…ကျုပ်ငွေလိုနေတယ်လို့
ပဲ'ပြောလိုက်။ အဲဒီဝိညာဉ်လိုလို မည်း
မည်းအရိပ်ကြီးက ရှေ့က ထွက်သွား
လိမ့်မယ်၊မင်းက ပစ္စည်းထည့်ဖို့ အိတ်
လွယ်ပြီး သူ့နောက်က လိုက်ပေတော့၊
အဲဒီအချိန်က စပြီး မင်းကို ဘယ်သူမှ
မမြင်တော့ဘူး"
"ဟင် ဘာဖြစ်လို့တုံး ကိုမင်းဒင်"
"ဟာ မင်းကိုယ်ပျောက်နေလို့ပေါ့
တာတေရ"
"ဗျာ ကိုယ်ပျောက်နေတယ်၊ ဟာ
စွမ်းလှချေလား ကိုမင်းဒင်ရယ်"
"အေး မင်း သူ့နောက်ကသာ ရဲရဲ
လိုက်သွား၊ နာရီဝက်၊ တစ်နာရီ
လောက် သွားပြီးရင် ဘယ်နေရာ၊
ဘယ်ဒေသတွေမှန်း မသိတဲ့နေ
ရာတွေကို မင်းရောက်လိမ့်မယ်"
"ဟင် ဟုတ်လား"
"အင်မတန်ကြီးတဲ့ မြို့ကြီးတွေ၊ရွာကြီး
တွေကို မင်းရောက်သွားလိမ့်မယ်၊ ပြီး
ရင် ဝိညာဉ်အရိပ်ကြီးက အိမ်ကြီးတစ်
အိမ်ထဲကို ဝင်သွားလိမ့်မယ်၊မင်းလည်း
ဝင်လိုက်သွား၊ ဘာမှမကြောက်နဲ့၊ မင်း
က ကိုယ်ပျောက်နေတာ၊ ခြံတံခါး၊အိမ်
တံခါး၊ အခန်းတံခါး၊ မီးခံသေတ္တာ၊ သံ
သေတ္တာအားလုံး တံခါးတွေ ပွင့်နေ
လိမ့်မယ်၊ တစ်အိမ်လုံးလည်း လူရော၊
ခွေးရော၊ ကြောင်ရော ဘာကောင်မှ
မကျန်အောင် အိပ်မောကျနေလိမ့်
မယ်၊တွေ့တဲ့ပစ္စည်းတွေကို စိတ်တိုင်း
ကျ ရွေးပြီး မင်းကြိုက်သလောက်ယူ
ပေတော့၊ ပြီးရင် စောရကြီးရဲ့ဝိညာဉ်
က မင်းကို ပြန်ခေါ်လာလိမ့်မယ်"
"ဟင် ကျုပ်ရွာကိုရော ပြန်ရောက်
ပါ့မလားဗျ"
"ဟဲ ဟဲ မပူပါနဲ့ တာတေရာ၊ နာရီ
ဝက်တစ်နာရီအတွင်းမှာပဲ မင်းအိမ်
အထိကို ပြန်ရောက်လာမှာပါကွ၊ ဒါ
ပေမဲ့ မင်းရောက်သွားတာ ဘယ်မြို့
ဘယ်ရွာဆိုတာ မင်း ဘယ်လိုမှ မ
သိနိုင်ဘူးတဲ့ကွ"
"နို့ ဒီခေါင်းခွံကို မျက်နှာမှာ စွပ်သွား
ရမှာလား ကိုမင်းဒင်"
"မဟုတ်ဘူးကွ၊ စောရခေါ်တဲ့ ဂါထာ
မရွတ်ခင် မင်းရဲ့ချက်မှာ အုပ်ပြီး ကြိုး
နဲ့ချည်ထားရမှာ၊ ပြီးရင် အပေါ်က အ
င်္ကျီဖုံးထားမှာပေါ့ကွာ၊ ပြီးမှဂါထာရွတ်
ရမှာ"
"သြော် ဒီလိုလား"
"မင်း အိမ်ပြန်ရောက်တာနဲ့ စောရ
နှင်တဲ့ဂါထာကို ရွတ်လိုက်ပေတော့၊
အရိပ်မည်းမည်းကြီးချက်ချင်းပျောက်
သွားလိမ့်မယ်"
"ဟင် အဲဒီစောရကြီးရဲ့ ဝိညာဉ်ကြီး
ကို ဘာမှမကျွေးရ၊ မမွေးရဘူးလားဗျ"
"ဟာ မကျွေးရဘူးကွ၊ အဲဒီဝိညာဉ်က
အဲဒီလိုလုပ်နေရရင် လွှတ်ပျော်နေ
တာဆိုပဲ"
"သြော် ဖြစ်မှဖြစ်ရလေဗျာ၊ ဒီလို
ဘဝမျိုး ရောက်နေတာတောင်မှ
သူရဲ့ဝါသနာကို မစွံနိုင်သေးဘူးနော်"
"အေးကွ တာတေရ ၊ ထူးတော့ တော်
တော်ကို ထူးဆန်းတာနော်"
"ဟာ ကိုမင်းဒင်ရယ်၊ ထူးဆန်းပါပြီ
လားဗျာ"
"ကျုပ်တော့ ဒါမျိုးကို တစ်ခါမှကို
မကြားဖူးပါဘူးဗျာ၊ သြော် ဒါနဲ့ ဘိုးအို
ကြီးသေတ္တာထဲက ရွှေတွေ၊ စိန်တွေ
ကေရာ…"
ကျုပ်ပြောမလို့ လုပ်ပြီးမှ ကိုမင်းဒင်
က အားနာတာနဲ့ စကားရပ်ပစ်လိုက်
ရတာပေါ့ဗျာ။ဒါပေမဲ့ ကိုမင်းဒင်က
ပွင့်ပွင့်လင်းလင်းသမားဗျ။
"ဟုတ်တာပေါ့ တာတေရာ၊ စောရဦး
ခေါင်းကိုသုံးပြီး ဘိုးအိုရှာထားခဲ့တဲ့
ပစ္စည်းတွေပေါ့ကွာ၊ ငါတို့က ပိုင်ရှင်
ကို ပြန်ပေးချင်တာတောင်မှ ဘယ်
မှာ သွားပေးရမှာတုံး၊ဘိုးအိုကိုယ်
တိုင်တောင်မှ သူရောက်သွားတဲ့
နေရာတွေက ဘယ်နေရာတွေ
မှန်း မသိဘူးဆိုပဲ"
"အင်း ဒါတော့လည်း ဟုတ်တာပဲဗျ
နို့ စောရဦးခေါင်းကြီး ကျုပ်ဆီကို
ယူလာပြီး ပြတာက ဘာအတွက်
တုံး ကိုမင်းဒင်"
ကျုပ်က နားမလည်တာနဲ့ပဲ ပွင့်ပွင့်
လင်းလင်းမေးလိုက်တယ်ဗျို့။ကိုမင်း
ဒင်က ကျုပ်မေးတာကို ချက်ချင်းမဖြေ
သေးဘဲ လက်ဖက်ကလေးစားပြီး ရေ
နွေးသောက်နေတယ်။ ပြီး နဂါးဆေး
ပေါ့လိပ်ကလေးကို ဖွာနေပြန်ရောဗျ။
ကျုပ်လည်း ကိုမင်းဒင် ယူလာတဲ့ စော
ရဦးခေါင်း ဆိုတာကို တော်တော်စိတ်
ဝင်စားသွားမိတယ်ဗျ။
ဒါပေမဲ့ သူ့ဟာက တော်တော်တော့
ကြောက်စရာကောင်းသားဗျ။ကိုမင်း
ဒင်က ဆေးလိပ်ဖွာပြီးတော့မှ ကျုပ်
ကို ပြောတယ်
အပိုင်း(၅)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments
Post a Comment