ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၆) ဇာတ်သိမ်းပိုင်း
ဝူးးးးးးဝူးးးးအီးး
ဟာမဖဲဝါရဲ့ခွေးကြီးသချိုင်းထဲတောင်ရောက်နေပြီဗျ ဟောဟိုမှာ ဂူတွေကြားမှာမားမားကြီးရပ်နေတာ မဖဲဝါရဲ့ခွေးနက်ကြီးဗျ မှောင်ထဲမှာမျက်လုံးနီနီကြီးတွေက တောက်နေပါရောလား ဟာ ရောက်လာပြီဗျို့မဖဲဝါကြီး ရောက်လာပြီဗျို့ ဂူကြီးတလုံးပေါ်မှာမားမားကြီးရပ်နေတာ ကျုပ်ကိုမျက်လုံးပြူးကြီးနဲ့စိုက်ကြည့်နေတယ် ဆံပင်ဖားလျားကြီးချလို့ဗျ မျက်လုံးကြီးနှစ်လုံးကလည်းနီရဲပြီးပြူးထွက်နေတာဗျ
အီးးအီးးဟင်းးဟင်းးးး
ဟာ မဖဲဝါကြီးဒေါသဖြစ်ရင်အော်တဲ့အသံဗျ သွားပြီထင်တယ် ကျုပ်လည်းကြက်သီးတွေတဖျန်းဖျန်းထနေတာဗျို့
ဟော လက်ရမ်းပြနေတယ် မဖဲဝါကကျုပ်ကိုလက်ရမ်းပြတယ် ကျုပ်ကိုဘေးဖယ်နေဆိုတဲ့သဘောဗျ ကျုပ်သိတယ်
တာတေဆေးလုံးပစ်တော့
ဟာကျင်းထဲက ဆရာစောရာမကလည်း ကျုပ်ကိုဆေးလုံးပစ်ခိုင်းနေပြီဗျ ကျုပ်ဘာလုပ်ရမှာတုံး ဒါပေမဲ့ကတိပေးပြီးရင်တာတေဆိုတဲ့ကောင်ကဘယ်တော့မှမဖျက်ဖူးဗျ ဖြစ်ချင်ရာဖြစ်တော့ဗျာ
ကဲ ပစ်ပြီဗျို့ ဆရာရေ
ကျုပ်ပါးစပ်ကအော်ရင်းဆေးလုံးကိုကျင်းထဲတည့်တည့်ပစ်ထည့်လိုက်တယ် ပြီးတော့မှမဖဲဝါကြီးဖယ်ခိုင်းတဲ့အတိုင်းကျင်းနဲ့ခပ်ဝေးဝေးရောက်အောင်ဆုတ်ပေးလိုက်တယ်
ဟာကျင်းထဲကမီးခိုးလုံးကြီးတွေတက်လာပြီဗျို့ ဒီဆရာတော်တော်အစမ်းထက်တာဗျ
ဟားးဟားးးအောင်ပြီဟေ့ အောင်ပြီ
ကျင်းထဲဆရာစောရာမရဲ့ကျုံးဝါးတဲ့အသံဗျ ဟောမဖဲဝါကြီးပြေးလာပြီဗျို့ဟောမီးခိုးလုံးတွေကြားကနေ ဆရာစောရာမခုန်ထွက်လာပြီး ကျင်းနှ ုတ်ခမ်းပေါ်ရောက်လာပြီဗျို့
ဟားးဟားးးဟားးး ငါ အောင်
ဘုန်းး ဘုန်းး
အားးးး
ရုတ်တရက်ဖြစ်သွားဗျာ ဆရာစောရာမကကျင်းပေါ်အရောက်လေထဲမှာပြေးလာတဲ့မဖဲဝါကလည်းကျင်းနားအရောက် ဆရာစောရာမရဲ့အော်ပြီးကြုံးဝါးလိုက်တဲ့ စကားတောင်မဆုံးလိုက်ပါဘူးဗျာ မဖဲဝါရဲ့လက်ကြီးလေထဲမြောက်သွားပြီး ဆရာစောရာမရဲ့ကျောကုန်းပေါ်ကိုရိုက်ချလိုက်တယ်
ဘုန်း ဘုန်း ဆိုတဲ့အသံကြီးနှစ်သံပေါ်လာပြီးဆရာစောရာမရဲ့ အားး ဆိုတဲ့အော်လိုက်တဲ့အသံကြီးဟာ သချိင်္င်းကုန်းထဲတင်မကပဲငွေတွင်းကုန်းတရွာလုံးပါလှ ွမ်းသွားတာဗျ
ဆရာစောရာမမြေကျင်းနားမှာဒူးထောက်ကျသွားပြီး
ဝေါ့ ဝေါ့
သွေးတွေ ပွက်ပွက်ပွက်ပွက်နဲ့အန်တော့တာဗျို့
ဟာ
ဇရပ်ပေါ်ကကိုဘညိုတို့လည်းပြေးဆင်းမယ်လုပ်ကြတာပေါ့
မဆင်းနဲ့ အဲ့ဒိမှာပဲနေ
မဖဲဝါကြီးကသူတို့ကိုလှမ်းကြည့်နေတာ သူတို့ကတွေ့မှမတွေ့ဘဲကိုး ဆရာစောရာမရဲ့လက်ထဲမှာဆုပ်ထားတဲ့အရုပ်လေးလွတ်ကျသွားပြီ
မဖဲဝါက ကျုပ်ကိုကြည့်တယ် ပြီးတော့ဆရာစောရာမလွတိကျသွားတဲ့အရုပ်ကလေးကိုလက်ညိုးထိုးပြတယ် ကျုပ်သိတယ် ကျုပ်ကိုကောက်ခိုင်းနေတာ ကျုပ်ကဘယ်ကောက်ရဲမှာတုံးဗျာ ဒီတော့မဖဲဝါကနောက်ကိုခြေနှစ်လှမ်းဆုတ်ပေးတယ် ဒီတော့မှကျုပ်လည်းအရုပိကိုခပ်သုတ်သုတ်သွားကောက်လိုက်တယ်
တာတေ ဒါဘာရုပ်လဲနင်သိလား
ဟာ ဘယ်လိုဖြစ်တာတုန်းဗျာ အရုပ်ကိုကျုပ်ကောက်ယူလိုက်တာနဲ့ မဖဲဝါပြောတဲ့အသံကိူကျုပ်ကြားရတာပဲဗျို တော်တော်စွမ်းတဲ့အရုပ်ပဲဗျို့
ကျုပ်မသိဘူးမဖဲဝါ ကျုပ်ကိုအကူညီတောင်းလို့ဆေးလုံးလိုက်ပစ်ပေးတာ
နင်မသိဘူးဆိုငါယုံပါတယ် အဲ့အရုပ်ကငါ့အရုပ်ဟဲ့ ငါ့ပုံစံထုထားတာ ဒီကောင် ကိုယ်တူကိုယ်ခွဲအစီရင်လုပ်တာ သူ့ပညာကသိပ်ထက်တော့ ငါဘာမှမတက်နိုင်ဘူး အဲ့အရုပ်ကိုငါအသက်သွင်းပေးလိုက်ရတယ် အရုပ်မှာအသက်ဝင်နေပြီ
ဒါကြောင့် ဟိုလူကအောင်ပြီလို့အော်တာကိုး
ဟုတ်တယ် အရုပ်ကအသက်ဝင်တော့ လှ ုပ်နေတာကိုးသိတာပေါ့ ဒါပေမယ့်ဒီကောင့်လက်ထဲအရုပ်ရောက်သွားရင်ခက်တော့မှာ ဒါကြောင့်သူ့အလစ်မှာငါသတ်ပစ်လိုက်ရတာ အဲ့အရုပ်ကိုနင်ယူသွား ဘယ်သူ့ကိုမှမပြောနဲ့အဲ့အရုပ်ဟာငါ့ရဲ့ကိုယ်တူကိုယ်ခွဲအရုပ်ပဲ လုံခြုံအောင်သိမ်းထား အရေးကြီးကိစ္စရှိမှ အရုပိကိုကိုင်ပြီးငါ့ကိုတလိုက် ချက်ချင်းအသက်ဝင်လာလိမ့်မယ် ငါပဲတာတေ ငါ့ကိုယ်ခွဲပဲ
သွားပြီ မဖဲဝါကြီး ဂူတွေပေါ်ကရိပ်ခနဲ ရိပ်ခနဲ ရွေ့သွားပြီ
ဝူးးဝူးးးဝူးးး
ခွေးအူသံကြီးကလညိးတဖြည်းဖြည်းဝေးသွားပြီဗျို့ ကျုပ်အရုပ်ကိုအင်္ကျီအိပ်ထောင်ထဲ မြန်မြန်ထည့်ပြီးဝှက်လိုက်တယ်
ကဲ ကိုဘညိုတို့ လာကြတော့ဗျို့
ကျုပ်ခေါ်သံကြားမှ အားလုံးဇရပ်ပေါ်ကဆင်းလာကြတယ် ဆရာစောရာမကတော့ကျင်းနှ ုတ်ခမ်းပေါ်မှာဒူးထောက်ရပ်ကြီးသေနေတာဗျို့
ဟာ ဒီဆရာအသက်မှမရှိတော့ပဲ သွေးတွေကလည်းအန်ထားလိုက်တာ နည်းတာမှမဟုတ်
ကိုဘညိုတို့တွေတအံ့တသြပြောဆိုကြတာပေါ့
ဘယ်လိုဖြစ်သွားတာတုန်းတာတေ
မဖဲဝါကြီးရောက်လာပြီးရိုက်သက်သွားတာဗျ
ဟာ ဟင်
ကိုဘညိုတို့ရွာထဲပြန်ပြီးသူကြီးကိုခေါ်ရတာပါ့ သူကြီးကလည်းအောကိလမ်းမှန်းသိနေတော့ တိုးတိုးတိတ်တိတ် မြှုပ်ခိုင်းလိုက်တယ်
ဘယ်သူမေးမေးဆရာစောရာမပြန်သွားပြီလို့ပြောစောစောကတူးထားတဲ့မြေကျင်းကိုပဲခြောက်ပေပြည့်အောင်တူးပြီးခက်နက်နက်မြှုပ်လိုက်ကြတယ်
သူ့ဆေးလွယ်အိပ်ကြီးကိုပါတပါတည်းထည့်ပေးလိုက်တယ်
ကျုပ်ကတော့ အိတ်ထဲကမဖဲဝါရုပ်လေးကိုလက်နဲ့မသိမသာဖိထားလိုက်မိတယ်ဗျ
ပြီးပါပြီ
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment