တစ္ဆေရင်သွေး ၊ (ဇာတ်သိမ်းပိုင်း)



ဟော ခွေးတွေ အူပြီဗျို့။
နာရီကြည့်တော့ ညသန်းခေါင်ကျော်ပြီ။
ကျုပ်က ခြံစည်းရိုးကို နည်းနည်းဖျက်
လိုက်တယ်။ လူတစ်ယောက် ဝင်သာရုံ
ပေါ့ဗျာ။ ခြံစည်းရိုး ဝါးဆယ်ချောင်းလောက်
ခဏနှုတ်ပစ်လိုက်တာပေါ့ဗျာ။

ပြီးတာနဲ့ နှမ်းထည့်တဲ့ ဂုန်နီအိတ်ခွံတွေကို
အိမ်လှေကားကနေ ခြံစည်းရိုးအပေါက်ကို
ရောက်တဲ့အထိ ဆက်ပြီး ခင်းလိုက်တယ်
ဂုန်နီအိတ်ကော်ဇောပေါ့ဗျာ။

ဘာဖြစ်လို့တုံးဆိုတော့ ဝိုင်းမြေပေါ်မှာ
ပရိတ်ရေတွေဖျန်းထားတာလေဗျာ။ မဲ
စိန် နင်းလို့ ဘယ်ရမှာမတုံး။ ပြီးမှ ကျုပ်
က မျက်ကွင်းဆေး ကွင်းလိုက်တယ်။

"ကဲ သမီး ပဲစိန်၊ နင့်သူငယ်ချင်း မဲစိန်ကို
သွားခေါ်တော့"

ကျန်တဲ့လူတွေက အိမ်နံရံမှာ ကပ်ပြီး
ထိုင်ပေးနေကြရတာဗျ။ ပဲစိန်က အိမ်
ပေါ်ထပ်ကိုတက်ပြီး ပြန်ဆင်းလာတယ်။

ဟော ပဲစိန်နောက်မှာ ပါလာပြီဗျို့။
ဆံပင်အရှည်ကြီးနဲ့ဗျ။ မျက်နှာရော
တစ်ကိုယ်လုံးပါ ဆံပင် ရှည်ကြီးအုပ်
နေတာဗျ။ ဆံပင်က ဒူးခေါင်းတောင်
ဖုံးတယ်

"လာ ကလေး ဘာမှမကြောက်နဲ့ ၊ ကို
ကြီးတာတေ ကိုယ်တိုင် နင့်အမေလက်
ထဲ အရောက် အပ်ပေးလိုက်မယ်"

လို့ ပြောပြီး ကျုပ်က ရှေ့က သွားတယ်။
ဆံပင်ရှည်သရဲမလေးက ကျုပ်နောက်က
လှုပ်လှုပ် လှုပ်လှုပ်နဲ့ လိုက်လာတယ်ဗျို့။

ဟာ ရောက်နေပြီဗျို့။ ရွာလမ်းပေါ်မှာ
ဆံရှည်သရဲမကြီး ရပ်နေတယ်ဗျို့။
အရပ်ကြီးမှ ဆယ်ပေ ကိုးပေလောက်
ရှိတာဗျာ။မဲစိန်လိုပဲ ဆံပင်က တစ်ကိုယ်
လုံးကို အုပ်နေတာဗျို့။ ကျုပ်က မဲစိန်လေး
ကို ဂုန်နီအိတ်ခင်းထားတဲ့ အပေါ်က
ခေါ်လာတယ်။

ဒါတော့ သူလျှောက်လို့ရသားဗျ။ မဲစိန်
က ကျုပ်နောက် ခပ်ခွာခွာက လှုပ်လှုပ်
လှုပ်လှုပ်နဲ့လျှောက်လာတာဗျ။ ကျုပ်က
ခြံစည်းရိုးအပေါက်နားရောက်တော့ မဲ
စိန်ကို လက်ညှိုးထိုးပြတယ်။

"မဲစိန် နင် ဒီအပေါက်က ထွက်လို့ရတယ်။
ထွက်သွား "

မဲစိန်က ကျုပ်လုပ်ထားတဲ့ ခြံစည်းရိုးအ
ပေါက်ကနေ ထွက်သွားတယ်။ ဟာ ရ
တယ်ဗျို့။ မဲစိန်လေး ထွက်လို့ ရသွားပြီ
ဗျာ။ ခြံအပြင်ရောက်တော့မဲစိန်က ရပ်ပြီး
နောက်ကို လှည့်ကြည့်တယ်။

ဟင် လှေကားရင်းမှာ မတ်တတ်ကလေး
ရပ်နေတာပဲစိန်ဗျ။ တလှုပ်လှုပ်နဲ့ ဝိုင်းထဲ
က ထွက်သွားတဲ့သရဲမလေးကို ကြည့်နေ
တာဗျို့။ ကျုပ်က ပဲစိန်ကို အံ့သြပြီး ကြည့်
နေလိုက်တယ်။

"မဲစိန်ရေ တာ့တာ့ ၊ နောက်တစ်ခါ လာခဲ့ဦး
နော်၊ အတူတူ ဆော့ရအောင်"

ပဲစိန်က သရဲမလေးကို လှမ်းအော်ပြော
လိုက်တာဗျ။

ဟော ဆံရှည်သရဲမကြီးက သူ့သမီး မဲ
စိန်လေးကိုစွေ့ကနဲ ချီလိုက်ပြီး ရွာလယ်
လမ်းအတိုင်း ရိပ်ခနဲပြေးပြီး ပျောက်သွား
ကြရောဗျို့။

ကျုပ်က လှေကားရင်းမှာ တွေတွေလေး
ရပ်နေတဲ့ပဲစိန်ကို ကောက်ချီပြီး သူ့မျက်နှာ
ကို သေသေချာချာကြည့်လိုက်တော့ ပဲစိန်
မျက်လုံးမှာ မျက်ရည်စလေးတွေနဲ့ဗျ။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)