ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၁)




လူတကိုယ်စရိုက်တမျိုးဆိုသလိုပေါ့ဗျာကျုပ်ဆိုတဲ့ကောင်ကဘာမှမလုပ်ပဲထိုင်ကိုမနေတတ်တာဗျ ကျုပ်တော့မမီလိုက်ပါဘူး ကျုပ်အဘိုးဦးပေစိ ဆိုတာကျုပ်တို့ထနောင်းကုန်းမှာတော့နာမည်ကြီးပေါ့ဗျာ အလုပ်လုပ်တဲ့နေရာမှာတော့ပုရွက်ဆိတ်ကတောင်အဘခေါ်ရမဲ့လူဆိုပဲ အလုပ်အားဘုရားပြောင်းဆိုတာ ကျုပ်တို့အဘိုးဦးပေစိကမှအစစ်ဗျ
သူ့အိမ်မှာဘုရားစင်ကိုအားနေရင် ဘုရားရုပ်ထုကိုဟိုဘက်ရွှေ့ထားလိုက်ဒီဘက်ရွှေ့ထားလိုက် ဘုရားကိုခံအမြင့်နဲ့တင်ထားလိုက် ခုံအနိမ့်နဲ့တင်ထားလိုက်လုပ်နေတာဆိုပဲ
ကျုပ်တို့ထနောင်းကုန်းကသူကြီးကလည်းရွာသားတွေကိုခေါ်ခေါ်ပြီးဟိုဟာခိုင်းဒီဟာခိုင်းသိပ်လုပ်တာဗျ အဲ့ဒိအခါဆိုရင်ရွာသားတွေကဘာပြောတယ်ထင်လဲ ငါတို့လဲကွာ ဒီသူကြီးတက်လာမှအငြိမ်ကိုမနေရဘူး ဘိုးပေစိအိမ်ကဘုရာိူုဖြစ်နေပါပြီ လို့ပြောကြသတဲ့ဗျာ
တာတေဆိုတဲ့ကျုပ်ကလည်းဘိုးပေစိမြေးမို့လို့လားမသိဘူးဗျို့ဒီအတိုင်းထိုင်ကိုမနေတတ်တာ အခုလည်းကျုပ်အလုပ်မရှိအလုပ်ရှာနေတာဗျ ကဝေပျံ စာအုပ်ထဲမှာကျုပ်ရေးခဲ့ဖူးတယ်လေဗျာ ကျုပ်မှာအောင်စိန်ဆိုတဲ့သူငယ်ချင်းတယောက်ရှိခဲ့ဖူးတဲ့အကြောင်းဗျာ
အခုအောင်စိန်က မန္တလေးမှာဗျ ပန်းပုနဲ့တော်တော်နာမည်ရနေတာဗျ မနှစ်ကကျုပ်မန္တလေးတခေါက်ရောက်သေးတယ် ဘုရားကြီးအနားမှာအောင်စိန်နဲ့တွေ့တော့ ကျုပ်ပြန်မဲ့နေ့ကိုမေးပြီးကျုပ်အတွက် သူ့လက်ရာပန်းပုရုပ်တရုပ်ကိုလက်ဆောင်ပေးတယ် ဆင်တကောင်သစ်ဆွဲနေတဲ့ပုံဗျ ဆင်ကလည်းအားနဲ့ကိုရုန်းနေတာဗျ ဆင်ဦးစီးကလည်းမာန်ပါလိုက်ပါဘိနဲ့ဗျာ သံကြိုးနဲ့ချည်ထားတဲ့သစ်တုံးကြီးကလည်းသေသေချာချာကိုကျွန်းတုံးပုံပေါ်အောင်ထုထားတာဗျကျုပ်ဖြင့်သဘောကျလိုက်တာဗျာ
အခုကျုပ်ကအဲ့ဒိပန်းပုရုပ်ကိုသေသေချာချာဖုန်ခါပြီးရေဝန်ကလေးနဲ့တိုက်နေတာဗျ ဖုန်တွေကိုတိုက်ရင်းနဲ့ဆင်ဦးစီးကိုသေသေချာချာကြည့်မိတယ်
ဟာမျက်နှာကတော်တော်အသက်ဝင်တာပဲဗျ သေသေချာချာကြည့်ရင်းနဲ့ကျုပ်အံ့သြသွားတယ် ဟာဒါငါ့ပုံပါလား
ဆင်ဦးစီးမျက်နှာကကျုပ်မျက်နှာနဲ့တထေရာတည်းပဲဗျ ဒါကြောင့်အောင်စိန်ကအရုပ်လက်ဆောင်ပေးတုန်းကပြောတာပဲ
ငါဒီအရုပ်ကိုစထုကတည်းကမင်းကိုပေးဖို့ဆိုပြီး တမင်ရီရွယ်ထုထားတာကွ တာတေရ
ကျုပ်ဒီတော့မှအောင်စိန်ပြောကိုသတိရသွားတာဗျို့ဒီအရုပ်ကျုပ်ရောက်နေတာတနှစ်လောက်သာရှိနေတာကျုပ်ကဆင်ဦးစီးမျက်နှာကိုသေသေချာချာကြည့်ဖူးတာမဟုတ်ဖူးဗျ
ပန်းပုဆရာများလက်ရာကောင်းပြီဆိုရင်သူတို့ထုတဲ့အရုပ်တွေကအသက်ဝင်နေသလိုပါပဲလားလို့ကျုပ်တွေးမိတယ်
ကျုပ်နဲ့တူအောင်ထုထားတဲ့ဆင်ဦးစီးကမျက်တောင်ခက်နေသလိုအသက်ဝင်နေတာဗျ သ်းလုံးကိုရုန်းမေနတဲ့ဆင်ကြီးရဲ့မျက်လုံးတွေကလည်းတကယ်ကိအြသက်ရှိသလိုကိုဖြစ်နေတာဗျို့အောင်စိန်ကိုကျုပ်စိတ်ထဲကတော်တော်လေးကိုချီးကျူးမိသွားတယ်
အောင်စိန်တို့မိသားစုကမန္တလေးကိုပြန်ပြောင်းသွားတာဗျငယ်ငယ်တုန်းကတော့အောင်စိန်နဲ့ကျုပ်နဲ့ကအင်မတန်အတွဲညီတဲ့ကစားဖက်တွေလေဗျာ
ကျုပ်ကဆင်ရုပ်လေးရဲ့အစွယ်ဖြူဖြူတွေကိုရေစိုအဝတ်နဲ့သေသေချာချာသုတ်ပေးလိုက်တယ်
တာတေ
ဗျာ
ဘယ်မှမသွားဘူးလားကွ အိမ်တွင်းပုန်းလုပ်နေတာလား
ကျုပ်လဲဆင်ရုပ်လေးကိုဖုန်တွေသုတ်နေရာကဝိုင်းထဲလှမ်းကြည့်မိလိုက်တယ်
ဟာ ကိုဘညိုကြီးပါလား လာဗျို့ လာ
ကျုပ်ကိုခေါ်ရင်းဝိုင်းထဲဝင်လာတဲ့ကိုဘညိုကိုလှမ်းခေါ်လိုက်တယ်ကိုဘညိုကငွေတွင်းကုန်းကဗျ ကျုပ်နဲ့တော့လူခင်တွေပါဗျာ
အိမ်မှာကအမေရောအဘရောမရှိကြဘူးဗျနှစ်ယောက်စလုံးပုဗ္ဗာရုံကျောင်းသွားကြတာဆွမ်း
ချိုင့်သွားပို့ကြတာမနေ့ကရွာနောက်ပိုင်းကကိုကျောက်ခဲတို့တောထဲကဘိသွားထောင်တာ တောဝက်တကောင်ရလာလို့အမေဝက်သားသွားဝယ်တယ်
အဲဒိတောဝက်သားကိုဆွမ်းဟင်းချက်ပြီးဆွမ်းချိုင့်နဲ့အမေရောအဘရောဆရာတော်ကိုဆွမိးသွားကပ်ကြတာဗျအိမ်မှာကျုပ်ပဲကျန်ခဲ့တာ ဒါကြောင့်ကိုဘညိုကြီးကိုအိမ်ပေါ်တက်ခဲ့ဖို့ခေါ်လိုက်တာလေ
ဘိုးဥာဏ်တို့ အရီးငွေစိန်တို့ရောကွ တာတေ
ကိုဘညိုကြီးကအိမ်ပေါ်ရောက်တာနဲ့မေးရောဗျာ
ဘုန်းကြီးကျောင်းကိုဆွမ်းသွားကပ်ကြတယ်ဗျ နို့ကိုဘညိုဘယ်ကလှည့်လာတုန်း
မင်းဆီကိုလာတာကွ တာတေရတခြားဘယ်ကိုမှလာတာမဟုတ်ဘူး
ကျုပ်လည်းတန်းလျားမှာဝင်ထိုင်လိုက်တဲ့ကိုဘညိုကိုနဂါးဆေးပေါ့လိပ်တလိပ်မီးညှိပြီးတည်လိုက်တယ် ပြီးမှပြာခံခွက်ထဲချထားတဲ့ကျုပ်သောက်လက်စဆေးပေါ့လိပ်ကိုယူပြီးဖွာလိုက်တယ်
ကိုဘညိုလက်ဖက်စားဦးဗျ အစ်ထဲမှာအသင့်သုတ်ပြီးသားရှိတယ်
ပြောပြောဆိုဆိုနဲ့ကျုပ်ကရေနွေးကြမ်းငှဲ့ပေးလိုက်တယ်
အေးပါ စားတာပေါ့ တာတေရာ မင်းမလဲအလုပ်မရှိအလုပ်ရှာပြီူလုပ်နေတော့တာကိုး ဒီအရုပ်ကလက်ရာကောင်းပါ့ ဘယ်လောက်များပေးရတုန်း
ဟာ ဝယ်တာမဟုတ်ဘူးကိုဘညိုရ အောင်စိနိလက်ဆောင်ပေးတာဗျ သူကိုယ်တိုင်ထုထားတာ ကျုပ်အတွက်ဆိုပြီူတမင်ရီရွယ်ထုတာတဲ့ဗျ
ဟင်နို့အောင်စိန်ဆိုတာဘယ်သူတုံး မီးလောင်ကုန်းကအောင်စိန်ကြည့်ကိုပြောတာလားအဲ့ဒိကောင်ကပန်းပုမထုတတ်လောက်ပါဘူး သရေဂွတောင်မခုတ်တတ်လို့ငါ့လာခုန်ခိုင်းတဲ့ကောင်ပါ

အပိုင်း(၂)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)