ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အကြောင်းအရာများ/ အပိုင်း(၃)
” ဘာဖြစ်လိုလဲစောမောင် စက်တစ်ခုခု
ဖြစ်သွားလိုလား...”
”မဟုတ်ဘူးကွ..ခလေးငိုသံတွေရော
ယောက်ကျားမိန်းမအသံတွေရောကြား
ရလို... ”
” ..ငါမကြားပါလား ဧကံတ အပင်ကိုဖြတ်နေတဲ့အသံကို မင်းစိတ်ထင်ရာအသံကြားတယ်ထင်တာနေမှာပါကွာ...”
” မဟုတ်ဘူးကွ.. ၊မိသားစုတစ်စုအသံ
ငါနားနဲ့ဆတ်ဆတ်ကြားနေရတာ...”
” စောမောင် မူးနေပြီလားကွာ ၊
ဒီတော ၊ ဒီတောင်မှ ဘယ်ကမိသားစု
တွေခလေးတွေရှိရမှာလဲကွာ..၊လုပ်စရာ
ရှိတာဆက်လုပ်ကြရအောင်....”
မိုးအောင်ပြောစကားကလည်းမှန်သည်မိုစောမောင်သက်ပြင်းချလိုက်
မိသည် ။
ဒါပေမယ့်သူကြားလိုက်ရတဲ့အသံတွေက နားကြာမှားတာမဟုတ်တာတော့သေချာနေသည် ။
” ..ဟာ...အပင်ကပြတ်သွားပြီး
ဘာလိုမလဲသေးတာလဲစောမောင်....”
” ဟုတ်တယ်.. ၊ ထူးဆန်းတယ်ကွ ၊
တကယ်ဆိုရင် တဖက်ကိုယိုင်စောင်းနေတဲ့အပင်မျိုးက တဝက်ကျော်လောက်ပြတ်နေရင်တောင်သူ့အရှိန်နဲ့သူ တဖျစ်ဖျစ်မြည်ပြီးလဲသွားတတ်ကြတယ်၊ အခုဒီအပင်ကဟိုဖက်ဒီဖက်ပြတ်နေပြီ ဘယ်လိုဖြစ်တာလဲ.....”
နှစ်ယောက်သား ဟိုဖက်ဒီဖက်ထုတ်ခြင်းပေါက်ပြတ်နေသော်လည်း အပင်မလဲခြင်းအတွက်ဝေခွဲရခက်စွာရှိနေစဥ်
အပင်ကြီးက တဖျစ်ဖျစ်တဝေါဝေါဖအသံမြည်၍ တပင်လုံးလူပ်ခါကာ တအိအိလဲပြိုရင်း အပင်မှာ တဝက်ခန့်
အရောက်တွင် တုန့်ခနဲ တစ်ယောက်ယောက်ဆွဲထားသည်အလား လေပေါ်ရပ်တန့်လျှက်ရှိနေခြင်း
ကိုအံ့သြဖွယ်ရာတွေ့လိုက်ရခြင်းကြောင့် နှစ်ယောက်သားစကားပင်မဆိုနိူင်လောက်အောင် မျက်လုံးပြူးမျက်ဆန်
ပြူးဖြင့်ကြည့်နေကြချိန်။
အပင်ကြီးမှာတဝက်ခန့်လဲပြိုရာမှ
ရုတ်တရက်ဆတ်ခနဲ ထောင်မတ်သွားသည် ။
ပြီးနောက် အရပ်လေးမျက်နှာ ယိမ်းထိုးလျှက်ရှိနေပါသည် ။
...စောမောင်...ပြေး..ပြေး..အပင်ကို
သရဲဝင်စီးနေပြီ.....
......ဝေါ...ဝေါ......ဖျော.....ဖျော....
ဝုန်း.....
.....အား.....
သစ်ပင်ကြီးမှာ စောမောင်နဲ့ မိုးအောင်တိုနှစ်ယောက်ဖက်သိုရုတ်တရက်လဲလာရာ မိုးအောင်မှာ သတိဝင်လာပြီးရုတ်တရက်ဘေးသိုလှိမ့်ရှောင်လိုက်သည် ။
သစ်ပင်စည်ကြီးမှာ သူဘေးကပ်သီလေးမြေကြီးပေါ်အရှိန်ဖြင့်ကျရာ မြေကြီးပင်တုန်ခါသွားပါသည် ။
မိုးအောင်မှာမြေကြီးပေါ်လှိမ့်ချစဥ်
ပွန်းပဲ့ဒဏ်ရာမျသာရသော်လည်းစောမောင်၏ နာကျင်စွာအော်သံကြားလိုက်ရခြင်းကြောင့် ကုန်းရုန်းထ၍ စောမောင်ကို စိုးရိမ်စိတ်ဖြင့်လိုက်ရှာနေမိသည် ။
.....ဟာ...ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရေ ၊ အဖြစ်ဆိုးလှချည်လားကွာ.....
စောမောင်မှာသစ်ပင်ကြီးပင်စည်အောက်တွင် မှောက်ရက်ကြီးပိပြားစွာ
ရှိနေပါသည် ။
စောမောင်ကိုယ်မှထွက်သောသွေးများဖြင့်ထိုနေရာတဝိုက်ရဲရဲနီလျှက်ရှိ
နေသည် ။
မိုးအောင်တစ်ယော်သူငယ်ချင်းစော
မောင်အဖြစ်ကိုမြင်ရပြီး ခံစားလွန်းရသောကြောင့် မချိတင်ကဲရေရွတ်လိုက်
မိပါသည် ။
ငယ်သူချင်းတစ်ယောက်သူ့ရှေ့တွင်
သစ်ပင်ပိသေဆုံးသွားရသောမြင်ကွင်းကမိုးအောင်စိတ်ကိုအထူးပင်ထိခိုက်
ကြေကွဲစေသည် ။
မိုးအောင်မှာ ထိုနေရာတွင်မိနစ်အတန်ကြာရပ်နေရင်းမှ သစ်စခန်းမှ
လူများကိုခေါ်ရန်သတိဝင်လာသောကြောင့် သစ်ပင်ကြီးအနီးမှထွက်ခွာ
လာခဲ့သည် ။
....ဝေါ....ဖျစ်...ဖျစ်...ဝုန်း...
စောမောင်ပိနေသောသစ်ပင်နဲ့အတန်
ငယ်ဝေးဝေးလျှောက်လာမိချိန် သူ့နောက်မှသစ်ပင်ကြီးဆီမှအသံကြားရ
သောကြောင့် မိုးအောင်ရပ်ကြည့်နေမိရာ သစ်ပင်အဖျားပိုင်းအကိုင်းများလူပ်ရှားနေခြင်းနဲ့အတူ ၊သစ်ပင်ကြီးကအပေါ်သိုကြွတက်လာသည်ကိုတွေ့လိုက်ရသည် ။
....ဟိုက်...
မိုးအောင်ပါးစပ်မှအာမေဋိတ်အသံ
ထွက်သွားသည် ။
သစ်ပင်အဖျားပိုင်းလူပ်ရှား၍ပင်စည်မြောက်တက်လာရသော
အကြောင်းမှာ သစ်ပင်ကိုထမ်း၍ မတ်
တတ်ရပ်နေသောစောမောင်ကြောင့်ပင်
ဖြစ်သည် ။
မိုးအောင်မှာရုတ်တရက်မိုစောမောင်
မသေသေးဟုတွေးကာဝမ်းသာသွားသည်။
သိုရာတွင် ၊ လူဆယ်ယောက်ခန့်ပင်မနည်းထမ်းမရမည့်သစ်ပင်ကိုစောမောင်ကထမ်းမထားသည့်အပြင်စောမောင်ရုပ်သွင်ကိုမြင်လိုက်ရချိန်တွင် ကြောက်လန့်စိတ်ကြောင့် အသက်ရူမှားမလိုခံစားလိုက်ရတော့သည် ။
စောင်မောင်ခေါင်းတစ်ခုလုံးသည်
အပင်ပိသောအရှိန်ဖြင့်မွမွကြေလျှက်
ရှိနေကာ မျက်နှာမှာသွေးများဖြင့်ပြည့်
ဖုံး၍စိစိညက်ညက်ကြေနေသည်။
ဦးခေါင်းမှာလည်း တခြမ်းပဲ့လျှက်
သွေးများနဲ့ အတူ ဦးနှောက်က အပြင်သိုပြုတ်ထွက်ကျနေသည် ။
ဝမ်းဗိုက်မှာလည်းဟောင်းလောင်း
ပေါက်ဖြစ်လျှက်အတွင်းကလီစာများ
ကိုမြင်နေရသည် ။
ဘေးနံရိုးများမှာတစစီကြိုးကြေလျှက် အူကအခွေလိုက်ပြုတ်ကျလျှက်ရှိနေသည် ။
...သူငယ်ချင်း.. ငါ့ကိုတစ်ယောက်တည်းမထားခဲ့ပါနဲ့ကွာ...
...ဟာ..အောင်မလေး.....
စောမောင်မှာသစ်ပင်ကြီးကိုထမ်းထားရာမှဘေးသိုဝုန်းခနဲပစ်ချလိုက်ပြီး
မိုးအောင်ကိုကြည့်၍ သူကိုတစ်ယောက်
တည်းမထားခဲ့ရန်ပြောလာသောစကား
ကြောင့် မိုးအောင်မှာ ကြောက်အားလန့်အားဖြင့် သစ်စခန်းရှိရာသိုပြေးပါလေတော့သည် ။
စောမောင်မှာ မိုးအောင်ပြေးသည့်နောက်သိုအူတန်းလန်းဖြင့်ပြေးလိုက်လာနေသည် ။
မိုးအောင်မှပြေးလွားရင်းနောက်သို
လှည့်ကြည့်မိရာ အူတန်းလန်းဖြင့်လိုက်လာနေသော မိုးအောင်ကိုမြင်ရသော
ကြောင့် ကြောက်ဇောကပ်ကာ စခန်းရှိရာသို အလဲလဲအပြိုပြိုဖြင့်ပြေးပါလေ
တော့သည် ။
အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment