ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အကြောင်းအရာများ./အပိုင်း(၈) ဇာတ်သိမ်းပိုင်း

 


ရေနံဆီညှော်နံ့များနဲ့ရောပြီးအသား
ညှော်နံ့များထွက်ကာ ဖုတ်ဝင်နေသော
စောမောင်ခန္ဓာကိုယ်အားတဖျစ်ဖျစ်မြည်၍လောင်ကျွမ်းလျှက်ရှိနေပါသည် ။
    ထိုအချိန်ကျမှကြောက်လန့်တကြား
ထွက်ပြေးသွားကြသူများကိုအော်ခေါ်၍လူပြန်စုရသည် ။ 

     စောမောင်အလောင်းမှာအရိုးကျသွားချိန်ရောက်မှထိုအရိုးများကိုသင့်တော်ရာနေရာတစ်ခုတွင်မြုတ်နှံလိုက်ကြသည်။

   ဖုတ်ကောင်အားနိူင်သောနတ်ဆက်ဓားကိုလည်း ဆေးကြော၍ အမွှေးနံ့သာများဖြန်း၍ နတ်ကွန်းသိုပြန်ပိုရသည် ။

    အားလုံးမှာအိပ်ချင်စိတ်မရှိကြတော့ပဲစုရုန်းထိုင်ကြရင်း စောမောင်အပင်ပိ
သေသောအကြောင်း ၊ ရစ်များကိုလက်
ကြီးတဖက်က လာနိူက်ယူ၍တောကြောင်များဝမ်းဗိုက်တွင်လောက်ထွက်လာသည့်အကြောင်း။
မိုးအောင်ကို သရဲမိသားစုမှလည်ပင်း
လာညှစ်၍ စောမောင်ဖုတ်ဝင်သည့်
အကြောင်းများကို အပြန်ပြန်အလှန်လှန်ပြောဆိုနေကြသည် ။

  အနီးအပါးပတ်ဝန်းကျင်တောအုပ်မှ
တောကြက်တွန်သံများကြားရသောအခါမှ အာရုံတက်ပြီဖြစ်ကြောင်း
သိလိုက်ရသည်။

  အာရုံတက်ရောက်လာပြီဖြစ်သော်လည်းမည်သူမျ အိပ်ချင်စိတ်မရှိ
ဖြစ်နေကြသည်။

....ဟော...ဟိုမှာ လူတစ်ယောက်ဒီကို
လာနေတယ်....

   ဖောက်လုပ်ထားသောသစ်တောကား
လမ်းအတိုင်းလူတစ်ယောက်သစ်စခန်း.ရှိရာသိုလာနေသည်ကိုတစ်ယောက်ကတွေ့၍အော်လိုက်ရာအားလုံးလူပ်လူပ်ရှားရှားဖြစ်သွားကြသည် ။

   ညဦးပိုင်းကြောက်လန့်စရာကြုံထားပြီမိုသွေးပျက်နေကြခြင်းဖြစ်သည် ။

  ထိုလူမှာသစ်စခန်းသမားတိုလူစုရှေ့မလှမ်းမကမ်းတွင်ရပ်တန့်လိုက်သည်။

  အရပ်ရှည်ရှည် သျှောင်တစောင်းထုံး
ထားသော အသက်ခြောက်ဆယ်ခန့်
လူတစ်ယောက်ဖြစ်သည် ။

  ထူးခြားချက်အဖြစ်ထိုလူမျက်လုံးများ
ကအရောင်တစ်မျိုးထွက်နေခြင်းပင်ဖြစ်သည် ။

  ဦးစောနိူင်မှာစခန်းတွင် အသက်အကြီးမို ထိုလူ့ရှေ့တိုးသွားကာမျက်နှာ
ခြင်းဆိုင်တွင်ရပ်လိုက်သည် ။

 ဦးစိုးနိူင်မှ 

” ဘာကိစ္စအတွက်ရောက်လာတာလဲခင်ဗျာ၊ ကျွန်တော်တိုဘာအကူအညီပေးရမှာလဲ...”

”..ကျုပ်သတိပေးစရာရှိလိုရောက်လာ
တာပဲ ၊ခင်ဗျားလူတွေကိုမှာထားပါ ၊
တောထဲမှာသစ်ပင်ကြီးတွေကိုမခုတ်ခင်ကြိုတင်နေရာဖယ်ပေးဖိုအရင်ပြော
ပြီးမှခုတ်ပါလို ။
  
 ဒီနေ့ကျုပ်ဆီကိုမိသားစုတစ်စုရောက်လာတယ် ၊ ခလေးရောပါတယ်
နေ့လည်ကသူတိုနေတဲ့သစ်ပင်ကို
ခင်ဗျားတိုခုတ်လိုက်တာ နေစရာမရှိတော့လိုတဲ့ ၊ 
သူတိုလည်းဒေါသထွက်ပြီးအပင်နဲ့ဖိသတ်တာ တစ်ယောက်သေသွားတယ်၊

နောက်တစ်ယောက်ကိုအိပ်နေတုန်း
လည်ပင်းသွားညှစ်သတ်တာ လူရောက်လာလို မသတ်ခဲ့ရဘူးတဲ့ ၊

 အခုသူတိုကို ကျုပ်နေစရာပေးလိုက်ပါပြီ ၊ နောက်နောင်ဒီလိုတွေမဖြစ်ရအောင် ဆင်ဆင်ခြင်ခြင်လုပ်ဖို ့ကျုပ်
လာသတိပေးတာပဲ....”

   ထိုလူ၏ မာမာထန်ပြောစကားများကို
နားထောင်၍ ဦးစိုးနိူင်တစ်ယောက်ကျောရိုးတစ်လျှောက်စိမ့်၍ ကြက်သီး
မွှေးညှင်းများပင်ထလာသည် ။

     ထိုအတူ ယခုလာသောပဂ္ဂိုလ်မှာလည်းသာမာန်လူတစ်ယောက်မဖြစ်နိူင်
ဟုစိတ်အတွင်းတွေးလိုက်မိသည် ။

   ” ..ခလေးတွေက မသိနားမလည်လို
စော်ကားသလိုဖြစ်သွားရင်တောင်းပန်
ပါတယ် ။
  နောက်နောင်ဒီလိုကိစ္စမျိုးထပ်ပြီးမပေါ်ပေါက်လာစေရပါဘူးလို အာမခံပါတယ်... ”

 ” ဒီကိစ္စပြောချင်လိုကျုပ်လာရတာပဲ
ကျုပ်ပြန်ပြီ...”

  ဦးစိုးနိူင်ထံမှအာမခံစကားရသောအခါ ထိုသူမှာလမ်းဟုဖောက်လုပ်
ထားခြင်းမရှိသော တောင်အောက်တောအုပ်များအတွင်းဆင်းသွားပါတော့သည် ။

   ထိုလူပြန်သွားသောအခါ တစ်ခြားသူများက သူတိုတစ်စွန်းတစ်စကြားလိုက်သောစကားများကိုစိတ်ဝင်စားစွာ ဦးစိုးနိူင်ကိုမေးမြန်းလာ
ကြသည် ။

   ဦးစိုးနိူင်လည်းနေ့လည်က မိုးအောင်၊
စောမောင်လှဲလိုက်သောအပင်ကြီးတွင်
ပရလောကသား မိသားစုတစ်စုနေထိုင်ကြောင်း၊ သူတိုနေသောနေရာကိုဖျက်ဆီးသူများကို အပင်ဖြင့်ဖိသတ်ရာ
စောမောင်သေဆုံးရခြင်းမှာ ပရလောကသားမိသားစုနေထိုင်ရာနေရာကို ကြိုတင်ခွင့်တောင်းခြင်းမရှိပဲ ခုတ်လဲဲခြင်းကြောင့်ဖြစ်ကြောင်း သစ်လုပ်ကွက်မှလူများကိုရှင်းပြလိုက်သည် ။
   ဦးစိုးနိူင်စကားဆုံးသောအခါ သစ်လုပ်ကွက်မှလူများမှာအံ့သြသင့်ကုန်ကြသည် ။

   ထိုအထဲတွင် မိုးအောင်မှာပို၍ပင်အံ့သြသင့်နေမိသည်..။

 သူတိုသစ်ပင်ခုတ်လှဲရန်ပြုနေချိန်လာရောက်တားမြစ်သူတစ်ယောက်၏
စကားကိုသူတိုအရေးမလုပ်ခဲ့ကြသော
ကြောင့် ဝမ်းနည်းစရာကိစ္စရပ်များကြုံလာရခြင်းဖြစ်သည် ။

   သစ်လုပ်ကွက်မှလူများမှာ ဝတ်ဖြူစင်ကြယ်ဖြင့်သတိလာပေးသော ပုဂ္ဂိုလ်မှာ ထွက်ရပ်ပေါက်ဘိုးတော်တစ်ပါးဖြစ်ကြောင်းဆိုကြသလို
တချိုကလည်း တောစောင့်နတ်ဖြစ်ကြောင်းပြောနေကြသည် ။

   သစ်လုပ်ကွက်မှချိန်းသမားများမှာ
ထိုနေ့၊ထိုရက်မှစ၍ အပင်ကြီးများကို.ခုတ်လှဲမည်ဆိုပါက မြင်ရ၊မမြင်ရသော ဆိုင်ရာပိုင်ရာများကိုခွင့်တစ်ရက်
ကြိုတောင်းပြီးမှ ခုတ်လှဲကြသည်။

   ထိုကဲ့သိုဆိုင်ရာပိုင်ရာများကိုခွင့်တောင်း၍ခုတ်လှဲရာ မည်သည့်ဘေး
အန္တာရယ်မှမကြုံတွေ့ရသည်မှာယနေ့အချိန်ထိပင်ဖြစ်ပါတော့သည်။

===========================

 ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..


Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)