ဝမ်းတွင်းစုန်းနှင့် မြို့ကြီးကျိန်စာ၊ အပိုင်း(၁)
### ဝမ်းတွင်းစုန်းနှင့် မြို့ကြီးကျိန်စာ ###
ရွာတစ်ရွာတည်ရင် စုန်း၇ယောက် ရှိရတယ်
ဆိုတဲ့အကြောင်းအရာလေးဟာ ရှေးရှေးက ဗမာလူမျိုးများရဲ့ ပါးစပ်ဖျားမှာ အမြဲပြောဖြစ်ခဲ့တဲ့ စကားလေးပါ ။
စုန်းဆိုပြန်တော့ တစ်မျိုးတည်းလို့ သတ်မှတ်လို့ကလည်း မရပြန်ဘူး စုန်းအမျိုးမျိုးနဲ့ အဆင့်ဆင့်ရှိတာကြောင့်
ကျင်းစားအဆင့် တိုက်ကောင်သုံးတဲ့အဆင့် တိမ်ညွန့်စားတဲ့အဆင့်တွေ အစုံရှိတာကလား။ တစ်ချို့ကတော့
စုန်းပညာ၀မ်းတွင်းပါတာလည်း ရှိကြတာပေါ့ အမှန်တော့ ၀မ်းတွင်းစုန်းဆိုတာမျိုးက မွေးရာပါ အမှောင်စွမ်းအ
င်ပါလာတဲ့ လူထူးဆန်းများ ပေါ့။ super heros in reality life .... ဒီလိုပေါ့။ ထားပါ တစ်ချို့စုန်းေ
တွကတော့ ခက်ခက်ခဲခဲသင်ယူရတယ် ပညာအမွေဆက်ခံရတယ် စည်းဖောက်ရင်အသက်ကိုပါ ထိခို
က်ကြရတယ်။ ကျင်းစားစုန်းတွေဆို သူတို့ကျင်းစားနေတုန်းမှာ မီးထိုးကြည့်ရင်ကို အသက်နဲ့ကိုယ်အိုးစားကွဲ
ရတယ်လို့ ကြားဖူးတယ်။ မွေးရာပါ စိတ်စွမ်းအင်တစ်မျိူးပါလာလို့ ကိုယ်မကျေနပ်တဲ့သူကိုကျိန်ရင်
တစ်ကယ်ဖြစ်သွားတတ်တဲ့ ၀မ်းတွင်းစုန်းများကျတော့ တစ်ချို့က ကိုယ့်ဘာသာတောင် မသိလိုက်ပဲ စုန်းဖြစ်မှ
န်းမသိဖြစ်နေတာမျိုးရှိတတ်ပါတယ် ။ ဒါမျိုးကျတော့ ဆရာသမားကောင်းနဲ့တွေ့ရင် ပညာတွေလှူပြီး လူ
သားစင်စစ်ဘ၀ကို ပြန်ယူ သရဏဂုံတည်ပြီး အေးအေးချမ်းချမ်းဘဝမှာ ပြန်နေသွားလို့ရကြတယ်။
ဒါကစုန်းအကြောင်းကို ကြားဖူးသလောက်ပြောပြတာပါ မြို့ကြီးအကြောင်းဆက်ရအောင် ဒီမြို့က သာယာပြီးအေး
ချမ်းတော့ အလည်လာတဲ့သူတွေ စိတ်နှလုံးရွှင်ပြုံးရတဲ့မြို့ပါ။ ဒါပေမယ့် ဒီမြို့ရဲ့ထုံးစံအရ ဒီမြို့သူ သို့မဟုတ် မြို့
သားနဲ့ မြို့ထဲမှာအိမ်ထောင်ကျရင် မြို့ကနေခွာလို့မရဘူး။ ခွာခါနီးအကြောင်းကြောင်းနဲ့ပြန်ရောက်လာကြရ
တယ်။ ခွာသွားပြီဆိုလည်း တစ်ခုခုဖြစ်ပြီး အသက်ဆုံး ဥစ္စာဆုံး သောကများရတယ်။ တစ်နေ့မှာ ဒီမြို့ရဲ့
ထုံးစံကိုစိန်ခေါ်မယ့် သူတစ်ယောက်ပေါ်လာခဲ့တယ်။ သူကတော့ဆရာလေး မင်းသော်။
••••••••••••••••••••••••••••••
ဒုတိယတန်းအတွက် အ.မ.က ကျောင်းလေးကို ဆရာသစ်ရောက်မယ်လို့ကြားတည်းက ကျောင်းအုပ်ကြီးမှာ ၀မ်
းသာရတယ်။ မဟုတ်ရင်ဆရာမလေးယဉ်ထွေးခင်မျာမယ် တတိယတန်းယော ဒုတိယတန်းပါ အလှည့်နဲ့သ
င်နေရတော့ ကလေးများလည်း စာကမသွား ဆရာမလေးခင်မျာလည်းပင်ပန်းနဲ့ အဆင်မပြေ ။ ဒီလို
နဲ့နှစ်၀က်အရောက်မှာ ဆရာလေးတစ်ယောက် ပြောင်းလာလို့သာ တော်ပေတော့တယ်။ ဒီနေ့ကျောင်းတံခါးဖွင်ြ့
ပီးကတည်းက ဆရာလေးကိုပဲထိုင်စောင့်နေမိတာ နေ့လယ်၁၁ထိုးထိပဲ ။ ဆရာလေးကလည်း ကားနဲ့လာ
မှာဆိုပေမယ့် အချိန်တွေကပဲနှေးနေသလားတော့မသိ ၁၂ရောက်မယ်လို့ပြောထားတာဆိုတော့ တစ်နာရီေ
လာက်လိုသေးတယ်။ ကျောင်းသားစာရင်းတွေနဲ့ ပညာရည်တိုးတက်မှုမှတ်တမ်းတွေ ထိုင်ဖတ်ရင်းနဲ့ပဲ အချိန်ဖြုန်းနေလိုက်တယ်။
••••••••••••••••••••••••••••••
၀ူးးးးးးး
§ ဟော ဆရာလေးမှတ်တယ် ကြွပါကြွပါ ကျွန်တော်အခန်းကိုပဲ ကြွပါ မျှော်နေတာ မနက်တည်းကပဲ
§
§ ဟုတ်ကဲ့လမ်းမှာအမြန်မောင်းလို့မရလို့ ဖြေးဖြေးပဲမောင်းလာခဲ့ရတာပါ ဆရာကြီး §
§ ထိုင်ပါဆရာ ကျွန်တော်ကကျော်လှပါ ကျောင်းအုပ်ဆိုပါတော့ဗျာ ဆရာခရီးပန်းလာရောပေါ့ ခဏနေထမင်းစားလေ ကျွန်ေ
တာ့အမျိုးသမီးက ဆရာလေးအတွက် ပဲနောက်ချဉ်ရည်ဟင်းနဲ့ သခွပ်ပွင့်သုတ် ငပိကောင်ကျော် ထည့်ပေးလို
က်တယ်ဆရာလေး ဆားထောင်းလေးနဲ့ဆို ဆရာလေးခံတွင်းတွေ့မှာပါ ဒါနဲ့ဆရာလေးနာမည်က §
§ ကျွန်တော့်နာမည်မင်းသော်ပါ ကျွန်တော်ကအရင်က ရန်ကုန်တိုင်း မှော်ဘီ အ.မ.က.--- က မူလတန်းပြပါ မန္တ
လေးဇာတိဆိုတော့ အထက်ပိုင်းကိုလာချင်တာနဲ့ ဒီဘက်ကိုတောင်းပြောင်းခဲ့တာပါပဲ §
§ ဟုတ်ကဲ့ပါဆရာ ကျေးဇူးလည်းတင်ပါတယ်။ ဆရာ ဒုတိယတန်း ကိုအတန်းပိုင်ကိုင်ပေးပါ။ ကျွန်တော်တို့ေ
ကျာင်းက ဆရာအင်အားနည်းတော့ အခုဆရာကိုင်မယ့်အတန်းကို ဆရာမလေးယဉ်ထွေးက နှစ်ခန်းခွကိုင်ထား
ရတာဆိုတော့ စာတွေလွတ်ကုန်လို့ပါ။ §
§ ဟုတ်ကဲ့ ဒီနေ့က သောကြာဆိုတော့ စနေနေ့မှာ စာရင်းအပြီးလွှဲပြီး တနင်္လာ မှာစ၀င်ပေးပါ့မယ်။ §
§ ကျေးဇူးတင်ပါတယ်ဆရာရယ် လာထမင်းစားရအောင်။ §
••••••••••••••••••••••••••••••
ဒီလိုနဲ့ ဆရာမင်းသော်တစ်ယောက် စနေနေ့အခန်းလွှဲအပ်ပြီးတည်းက ဆရာမလေးယဉ်ထွေးနဲ့အတွဲညီသွားကြတာ ေ
ကျာင်းကြီးပိတ်ချိန်ထိကိုရောက်လာပါလေရာ ။ ကျောင်းပိတ်တော့ ဆရာလေးမင်းသော်က ဆရာမလေးယဉ်ထွေးကို ချ
စ်ခွင့်ပန်တယ်။ ဆရာမလေးလည်း ကျောင်းပြန်ဖွင့်ရင် အဖြေပေးပါ့မယ်လို့ မယုတ်မလွန်ပြောပြီး ကျောင်း
ကြီးကိုနှုတ်ဆက်ခဲ့ကြတာပေါ့။
••••••••••••••••••••••••••••••••••••
ကျောင်းတွေပိတ်နေတုန်းမှာ ဆရာလေးဟာ မန္တလေးကျောက်ဆစ်တန်းရပ်က နေအိမ်ကိုပြန်ပြီး ကျောင်းဖွင့်တော့ပြန်လာ
ခဲ့တယ်။ ဆရာမလေးနဲ့လည်း ကျောင်းစဖွင့်ပြီးတစ်လအကြာမှာပဲ အဆင်ပြေခဲ့ကြတယ်။ ကျောင်းအုပ်ကြီးကိုဖွင့်
ပြောပြီးတော့ အတူတူတစ်တွဲတွဲနဲ့ပဲ တစ်နှစ်ကြိုပျော်ရွှင်စွာဖြတ်သန်းကြရင်း နှစ်ကုန်ချိန်မှာ နောက်တစ်နှစ် ကျော
င်းတွေပိတ်ရင် လပ်ထပ်ကြဖို့ ကတိက၀တ်ပြုပြီး အသီးသီး နေရပ်ပြန်ကြတာပေါ့ နောက်နှစ်ကျောင်းစဖွင့်တော့
နှစ်ဖက်မိဘတွေပါလာကြပြီး တွေ့ဆုံဆွေးနွေးကြလို့ ဆရာကြီးရှေ့မှာပဲ စေ့စပ်ထားလိုက်ကြတယ်။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments
Post a Comment