ကဝေသိုက် အပိုင်း(၆)


ဘိုးလူပေကလည်း အချိန်ဆွဲတတ်တဲ့လူ မဟုတ်
ဘူးဗျို့။ ရောက်တဲ့ညပဲ ကဝေသိုက်ကိုဝင်ဖို့ ဆုံး
ဖြတ်လိုက်တယ်။ ဒါကိုလည်း ဆရာကြီးက ကျုပ်
ကို ပြောပြတယ်ဗျ။

"နောက်နေ့ဆိုရင် ကျုပ်ရောက်နေတာကို ကျီတော်
ကဝေမ သိသွားမှာ သေချာတယ်ကွဲ့၊ ဒီတော့ သူ
မသိခင် ကိုယ်ကလက်ဦးမှု ယူရမယ် မောင်တာတေ
ရဲ့။ ဒါဆိုရင် လွယ်လွယ်လေးနဲ့ ကိစ္စပြီးသွားမယ်"

ညရှစ်နုာရီလောက်မှာ ကိုခင်က ကျုပ်တို့ကို လိုက်
ပို့တယ်။ ကဝေသိုက်ကို ဝင်ဖို့ လျှို့ဝှက်အပေါက်ကို
ကိုခင်က ဖွင့်ပေးတယ်။ ကျီတော်ကဝေမ နေတဲ့အိမ်
ကိုလည်း လမ်းညွှန်လိုက်တယ်။သူကတော့ ကျီတော်
ကို ပြန်သွားတယ်။ 

ဘိုးလူပေက ကဝေသိုက်ထဲကို ရောက်တာနဲ့ က
ဝေမနေဲ့ စုန်းမတွေရဲ့စက်ကို သိမ်းတယ်။ အချို့ကို
တော့ စက်မသိမ်းပဲ ချုပ်ထားလိုက်တယ်။

ကိုခင် ပြောထားလို့ ကဝေမတွေကိုးကွယ်တဲ့ ကဝေ
နတ်ကြီးရုပ်ထုရှိတဲ့ နတ်ကွန်းထဲသို့ ကျုပ်နဲ့ ဘိုးလူ
ပေ အခက်အခဲ မရှိဘဲ ချက်ချင်းရောက်ခဲ့ကြတယ်။
ဘိုးလူပေက ပထမံအတတ်နဲ့ စီရင်ထားတဲ့ ဆေးဖ
ယောင်းတိုင်ကြီးတစ်တိုင်ကို ကဝေနတ်ကြီးရဲ့ရှေ့
မှာ ထွန်းပြီး အမိန့်ပြန်တယ်။

"ပထမံ ပုဂ္ဂိုလ်ကြီးတွေရဲ့အမိန့်အရ ကျွန်ပ် ဒီနေရာ
ကို ရောက်လာခဲ့တယ်။ သင်တို့အားလုံးရဲ့စက်တွေ
ကို ကျွန်ုပ်သိမ်းလိုက်ပြီ။ သင်တို့ရဲ့ပညာတွေ ထုတ်
လို့မရ၊ ပိတ်သွားစေ၊ မြုံသွားစေ၊ ဒီအမိန့်ကို အာခံတဲ့
စုန်း၊ ကဝေ၊ ကတော်၊ မောက်လုံး၊ မောက်ပြား အား
လုံး လောင်မီးကျသလို ပူလောင်ကျွမ်းမြိုက်ကြစေ၊
အထက်ဆရာအားလုံးရဲ့အမိန့် ကျွန်ပ်ဆရာ မောင်
လူပေရဲ့အမိန့်"

လို့ အမိန့်ပြန်ပြီးတာနဲ့ မြေပြင်ကို ဖနောင့်နဲ့ ပေါက်
လိုက်တယ်ဗျ။

"ဝုန်း"

ကဝေနတ်ရုပ်ကြီးရှေ့မှာ ထွန်းထားတဲ့ ဆေးဖရောင်း
တိုင်ကြီးက ဝုန်းကနဲ မီးတောက်ကြီး တက်သွားပြီး က
ဝေနတ်ကြီးရဲ့နှာခေါင်းပေါက် နားပေါက်တွေထဲကို မီး
တောက်တွေ ဝင်သွားတယ်ဗျ။ ခဏကြာတော့ ကဝေ
နတ်ရုပ်ကြီး တစ်ခုလုံး မီးဟုန်းဟုန်း ထတောက်တော့
တာပဲဗျာ။

"မောင်တာတေ ဆေးဖယောင်းတိုင် ယူလိုက်"

ကျုပ်လည်း ဆေးဖယောင်းတိုင်ကို ကပျာကယာ
ပြေးပြီး နှုတ်ယူလိုက်တယ်ဗျ။

"မီးမှုတ်ပြီး လွယ်အိတ်ထဲ ထည့်ထားလိုက်"

"အောင်မလေးတော့၊ သေပါပြီတော့၊ ကယ်ပါဦး
ရှင်မရဲ့၊ ပူလှချည်ရဲ့တော့"

ဟာ ကဝေသိုက်ကြီး တစ်ခုလုံး၊ အော်သံဟစ်သံ
တွေနဲ့ ကျွက်ကျွက်ကို ညံသွားတော့တာပဲဗျို့။

"ဝီ"   "ဝီ"   "ဝီ"

ဟာ မီးလုံးကြီးဗျို့။ ကျုပ်တို့ ရှေ့နားမှာ ပျံနေတာဗျ။ 

"သတိထား မောင်တာတေ ဒါလောင်မီးကဝေကွဲ့။
ကျုပ်ချုပ်လို့ မရလို့ ကဝေမပဲကွဲ့၊ ဒီကောင်မနဲ့ သူ့
သခင်မ နှစ်ယောက်ပဲ ကျန်မှာပါကွယ်။ ကျန်တာ
တွေကတော့ သူတို့တဲထဲမှာ လူးလှိမ့်နေကြပါပြီ"

ဘိုးလူပေက ပြောပြောဆိုဆိုနဲ့ အင်းတစ်ချပ် နှိုက်
ပြီး ကျုပ်တို့ဘက်ကို တည့်တည့်ကြီး နှိမ့်ပျံလာတဲ့
မီးလုံးကြီးဆီကို လက်ထဲက အင်းနဲ့ပစ်လိုက်ရော
ဗျို့။

"ဝုန်း"

ဟာ မီးတောက်ကြီးဗျာ။ နဲနဲနောနော မဟုတ်ဘူး
ဗျို့။ ကဝေသိုက်ကြီး တစ်ခုလုံး လင်းထိန်သွားတာ
နေ့ဘက်လား မှတ်ရတယ်။ လောင်မီးကဝေမရဲ့
စက်တွေကလည်း ဖြာထွက်လာတာ။

ဘိုးလူပေက စက်တွေကို လက်နဲ့ ယမ်းပစ်လိုက်တာ စက်တွေက ကျုပ်တို့ဘက်ကို ရောက်မလာတော့ပဲ ဘေးဘက်တွေ ထွက်သွားရောဗျ။ လောင်မီးကဝေမ
ရဲ့အဖြစ်အပျက်ကိုသိသွားတဲ့ ကျီတော်ကဝေမက
ကိုယ်တိုင် ထွက်လာတော့တာပေါ့ဗျာ။

"ဟဲ့ ဘယ်ကအကောင်က ငါ့နယ်မြေကို ကျူးကျော်
လာတာတုံး၊ ကျီတော်ကဝေမအကြောင်းကို နည်း
နည်းမှ မကြားဘူးလို့ လာပြီး စမ်းတာလား။ဟိုနောက်
အကောင် ပေါက်စလေးကို ဘာလို့ခေါ်လာတာတုံး။
ကဝေနတ်ကြီးကို ယစ်ပူဇော်ဖို့လား။ ဟား ဟား
ဟား ဟား"

ကျီတော်ကဝေမက အရပ်ရှည်ရှည် ထွားထွားကျိုင်း
ကျိုင်းကြီးဗျ။

"ဟဲ့ ကျီတော်ကဝေမ နင်တို့ ကိုးကွယ်တဲ့ ကဝေနတ်
ကြီးလား မီးလောင်ပြီး ပြာတောင်ကျတော့မယ်"

"နင်က တော်တော်စွာတဲ့ အကောင်ပဲ ကဲ ရော့
ကျီတော်ကဝေမရဲ့စက်၊ နင်ခံနိုင်ရင်ခံပေတော့
မခံနိုင်ရင်တော့ မသာပေါ်ပြီသာ မှတ်ပေတော့
ဟေ့"

ဟာ ကျီတော်ကဝေမ စက်တွေ လွှတ်ပြီဗျို့။ စက်
တွေက တဝင်းဝင်းတလက်လက်နဲ့ ဘိုးလူပေဆီ
ကို ပြေးဝင်လာတာဗျ။ ဘိုးလူပေက အင်းတစ်ချပ်
ကို လက်မှာ ကျစ်ကျစ်ပါအောင် ဆုပ်ပြီး အဆင်
သင့် စောင့်နေတယ်ဗျ။

ဟော ပစ်ပြီဗျို့။ ဘိုးလူပေ အင်းပစ်လိုက်ပြီ။

"ဝုန်း၊ ဝုန်း"

ဟာ ကျီတော်ကဝေမ လွှတ်လိုက်တဲ့ စက်တွေ အ
ပိုင်းပိုင်း ပြတ်ထွက်သွားပြီဗျာ။ ကျီတော်ကဝေမ
ကိုယ်တိုင် မြေကြီးပေါ်ကို ဖင်ထိုင်လျက် လဲကျ
သွားပြီဗျို့။ ဒါပေမဲ့ ကျီတော်ကဝေမက ချက်ချင်း
ထပြီး ဆံပင်ကို ဖြေပြီး ဖားလျားချလိုက်တယ်ဗျ။

ဆရာကြီးဘိုးလူပေရဲ့အကျင့်ကို ကျုပ်က သိပြီး
သားဗျ။ ဘယ်တော့မှ အချိန်ဆွဲတဲ့ ပုဂ္ဂိုလ်မဟုတ်
ဘူး။ လုပ်စရာရှိတာ မြန်မြန်လုပ်တတ်တဲ့ပုဂ္ဂိုလ်ဗျ။
ကျီတော်ကဝေမက ကောင်းကင်ကို တစ်ချက်
မော့ကြည့်တယ်ဗျ။

"နင် ဒီလို စက်ကြိုးနင်းပြီး ထွက်ပြေးလို့ လွတ်မယ်
ထင်သလား ကဝေမရဲ့။ ရိုးသားတဲ့ တောင်သူတွေ
အပေါ်မှာ ဗိုလ်ကျပြီး အနိုင်ကျင့်တဲ့ နင့်လိုဟာမျိုး
ကို ဟောဒီလို ပွဲသိမ်းလိုက်မယ် ကဲ ဟာ"

လို့ ပြောပြီးတာနဲ့ ဘိုးလူပေက အင်းတစ်ချပ်ပစ်
သွင်းလိုက်ရောဗျို့။

"ဝုန်း"

အပိုင်း(၇)ဆက်ရန်...

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။


Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)