တစ္ဆေရင်သွေး ၊အပိုင်း(၅)
ကျောက်ခဲနဲ့ ကျုပ်နဲ့ စကားကောင်းနေ
လိုက်ကြတာ ဆယ်နာရီထိုးလောက်ရှိမှ
ကျောက်ခဲပြန်သွားတာဗျ။ ကျောက်ခဲ
ပြန်သွားပြီး သိပ်မကြာဘူးဗျ။ အမေ ရွာ
ထဲက ပြန်လာတယ်။ အဖေကကတော့
ပါမလာဘူး။
"ဟဲ့ တာတေ၊ နင် ဘယ်အချိန်မှ နိုး
လာတုံး"
"ရှစ်နာရီလောက်မှ နိုးတာဗျ"
"တာတေတို့ကတော့ မအိပ်ရင်လည်း
မအိပ်ဘူး၊အိပ်ပြီဆိုရင်လည်း မနိုး
တော့ဘူး"
"ဒါတောင် ကျောက်ခဲ လာနှိုးလို့ နိုး
သွားတာဗျ၊ ဒါထက် အဘရောဗျ"
"နင့်အဘနဲ့ ငါနဲ့သာမောင်တို့ ၊ မိစိန်တို့
အိမ်က ဆွမ်းကပ်ဖိတ်လို့ သွားကြတာ၊
နင့်အဘကတော့ အဲဒီအိမ်မှာ လူကြီး
တွေ စုမိပြီး စကားကောင်းနေကြတာနဲ့
ပြန်မလာသေးဘူး။ နို့ ကျောက်ခဲက စော
စောစီးစီး နင့်ဆီကို ဘာလာလုပ်တာတုံး"
"ညက ဒွေးလေး ပြားကြည်တို့ဝိုင်းရှေ့မှာ
သရဲတွေ့လို့တဲ့ အမေရ"
"ပေါက်ပေါက်ရှာရှာဟယ်၊ ဘယ်သူများ
မြင်တာတဲ့တုံး"
"ဒွေးလေးပြားကြည်ရော သူ့ယောင်္ကျား
ဘလေးသိုးဖြူရော အရှေ့ပိုင်းက အရီး
ဒေါ်ဆင်မကြီးရော မြင်တယ်တဲ့ဗျ"
"သရဲက အထီးလား၊ အမလား"
"သရဲမကြီးတဲ့ဗျ၊ ဆံပင်က တစ်ကိုယ်လုံး
ကို ဖုံးနေတာဆိုပဲ"
"ဘာတွေဖြစ်ကြပြန်ပြီတုံး၊ နင်ကတော့
စပ်စပ် စပ်စပ်နဲ့ပါရဦးမှာပေါ့ ၊ ဟုတ်လား
တာတေ"
"မပါလို့ ဘယ်လိုလုပ်မတုံး အမေရယ်၊
ဒါ ကိုယ့်ရွာပဲ မဟုတ်လား၊ ရွာမသန့်လို့
ရှိရင် အားလုံးဒုက္ခရောက်ကြမှာလေဗျာ"
"အင်း ဒါလည်း ဟုတ်တာပဲ။ ဒါကြောင့်
ရွာသန့်အောင်ဆိုပြီး နှစ်တိုင်း လမ်းဆုံ
လမ်းခွမှာ ပရိတ်တွေ ရွတ်ကြတာပေါ့
ဟဲ့။ ဒီကြားထဲမှာ မကောင်းဆိုးဝါးက
ဘယ်ကနေများ ရောက်လာရတုံးဟယ်"
"အခြေအနေတော့ စောင့်ကြည့်ရဦး
မှာပေါ့ အမေရာ၊သူ့ဟာသူ ပျောက်
ချင်လည်း ပျောက်သွားမှာပေါ့ဗျာ"
တစ်နေကုန် တလှုပ်လှုပ်နဲ့ လုပ်စရာ
ရှိတာတွေလုပ်ကြ၊ သွားစရာရှိတာတွေ
သွားကြနဲ့ ညမိုးချုပ်တော့မှနားကြပြီး မီး
လှုံကြရတာပေါ့ဗျ။ မီးလှုံရင်း စကားစ
မြည်ပြော၊ တော်တော်လေး နွေးပြီဆို
တော့မှ အိပ်ရာဝင်ကြရောဗျို့။
"ဒေါင် ဒေါင် ဒေါင် ဒေါင်"
"ဟဲ့ တာတေ၊ ထစမ်း၊ ထစမ်း၊ မီးကင်း
က သံချောင်းခေါက်လို့၊ မီးများလောင်
သလား"
ကျုပ်လည်း အိပ်ရာကနိုးလာပြီး ချက်
ချင်းထလိုက်တယ်။ ပြီးတာနဲ့ ဝိုင်းထဲ
ဆင်းပြီး တောင်မြောက်လေးပါးကို
ကြည့်ရတာပေါ့ဗျာ။
"ဟိုဘက်ကို ပြေးပြီဟဲ့၊ တောင်ဘက်
တောင်ဘက်"
ရွာအရှေ့ပိုင်းက အော်သံတွေ ကြားသ
ဗျ။အင်း…ဒါဆိုရင်တော့ မီးလောင်တာ
မဟုတ်ဘူး။ သူခိုးသူဝှက်မြင်လို့ ရှိမယ်လို့
ကျုပ်တွေးပြီး အိမ်ပေါ်ပြန်တက်ခဲ့တယ်။
"မီးမဟုတ်ဘူး အမေရ၊ သူခိုးလိုက်တာပါ"
"သြော် သူခိုးနှယ် ၊ဒီလောက်အေးရတဲ့
ကြားထဲ သူများပစ္စည်းကို ခိုးရတယ်လို့၊
အလုပ်လုပ်စားရင်တောင် ဒီထက် ဇိမ်ရ
ှိဦးမယ်"
ကျုပ်အမေကတော့ သူ့ထုံးစံအတိုင်း ပွစိ
ပွစိ ပြောနေတော့တာဗျ။ ကျုပ်ကတော့
အိပ်ရာထဲပြန်ဝင်ပြီး ကွေးနေလိုက်တယ်။
စောစောကမီးလှုံထားတဲ့ အရသာလေး
တွေလည်း ပျောက်သွားရောဗျို့။ ကျုပ်
လည်း အနွေးဓါတ်ကလေးပြန်ရပြီး မှေး
ကနဲ အိပ်ပျော်မယ် ရှိသေးသဗျ။
"ဒေါင် ဒေါင် ဒေါင် ဒေါင်"
"ဟဲ့ လုပ်ကြပြန်ပြီ၊ ဒီသူခိုးက ဘယ်လို
သူခိုးတုံးတာတေရဲ့ ၊ သူခိုးဆိုတာ လူမိ
ရင် တစ်ခါတည်းပြေးရောမို့လား"
"ကျုပ်လည်း မသိဘူးရဲ့၊ထူးတော့ ထူး
သားဗျ"
အမေနဲ့ ကျုပ် ပြောနေတာကို အဘတော့
တစ်ခုမှ ဝင်မပြောဘူးဗျို့။ ခဏနေတော့
ကျုပ်လည်း အိပ်ပျော်သွားတယ်။ နောက်
တစ်ခါတော့ သံချောင်းမခေါက်တော့ဘူး
ထင်တာပဲဗျာ။
"ကိုကြီးတာတေ ၊ ကိုကြီးတာတေ"
"ဟေ ဘယ်သူတုံး"
ကျုပ် နိုးရုံရှိသေးတာဗျ။ ဝိုင်းဝက
ခေါ်သံကြားလို့ယောင်ပြီး ထူးလိုက်တာ
"တာတေ ထတော့့ ၊ ဟိုမှာကျောက်ခဲနဲ့
သံမဏိနဲ့ဝိုင်းထဲဝင်လာကြပြီ။ တစ်ခုခု
ထူးလို့ လာတာပဲဖြစ်မယ်"
"ဟဲ့ ကျောက်ခဲလား၊ လာလေ ၊ ဟိုဟာ
သံမဏိမို့လား၊လာကြ ၊ လာကြ"
အမေကပဲ ဒီကောင်နှစ်ကောင်ကို လှမ်း
ခေါ်တာဗျ။ကျုပ်လည်း မျက်နှာ ကပျာ
ကယာသွားသစ်ပြီး ထွက်ခဲ့ရတာပေါ့ဗျာ။
"ကျောက်ခဲနဲ့ သံမဏိ ဘာထူးတုံး"
"ဟာ မနေ့က ကျုပ်လာပြောတဲ့ သရဲ
မကြီးပေါ့ဗျ။ ညက ရွာထဲမှာ ဟိုပြေးဒီပြေး
လုပ်နေလို့ ကင်းသမားတွေကြောက်ပြီး
ထွက်ပြေးကြတာ ၊ မပြေးခင် သံချောင်း
ခေါက်ခဲ့ကြတာဗျ"
"ဟေ ဟုတ်လား၊ ငါက သူခိုးဆိုမှတ်နေ
တာ"
"ဟာ ဘယ်ဟုတ်လို့တုံးဗျာ။ သူခိုးဆို
ရင် သံချောင်းသံ တစ်ခါကြားကတည်း
က ပြေးမှာပေါ့ဗျ။ အရှေ့ဘက်ကင်းက
ခေါက်ပြီး ခဏကြာတော့ တောင်ပိုင်း
ကင်းကလည်း သရဲမကြီး မြင်လို့ဆိုပြီး
ထခေါက်ကြတာဗျ။ ဒီညတော့ ရွာထဲမှာ
ကင်းတိုးချမှ ဖြစ်မှာဗျ။ လူနည်းရင်တော့
ဘယ်သူမှ စောင့်နေကြမှာ မဟုတ်ဘူးဗျ။
လွှတ်ကြောက်သွားကြတာ"
ကျုပ်လည်း ဘာလုပ်ရင်ကောင်းမလဲလို့
တွေးနေတာဗျ၊ ဘာဖြစ်တာတုံးဆိုတာ
သေသေချာချာသိမှ ဖြစ်မှာလေဗျာ။
"ကဲ ကျောက်ခဲနဲ့ သံမဏိ ၊ ဒီည မဖဲဝါကို
စားပွဲပေးပြီး မေးကြဖို့ပဲ ရှိတယ်"
ကျုပ်က ပြောတော့ ဒီကောင်တွေ ခေါင်း
ကလေးတွေထောင်သွားတာသဗျို့။ဒါမျိုး
များဆိုရင် ဒီကောင်နှစ်ယောက်က လွှတ်
စိတ်စားတဲ့ ကောင်တွေဗျ။
"ထမင်းစားပြီးချိန်လောက်ကျရင် မင်းတို့
နှစ်ယောက်ပြန်လာခဲ့ကြကွာ၊ ငါ ကြက်
ဝယ်ဖို့ ပိုက်ဆံပေးလိုက်မယ်၊ ငှက်ပျော
ဖက်ပါ တစ်ခါတည်း ခုတ်ခဲ့ကြ"
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments
Post a Comment