တစ္ဆေရင်သွေး ၊အပိုင်း(၃)



"သြော်…အေး၊ အေး၊ အဲဒါ လှည်းနဲ့ ဘုရား
ပြိုကို အသွား ပြိုကျနေတဲ့ ဘုရားကြီးအနား
မရောက်တရောက်မှာ ကျုပ်တို့ လှည်းနောက်
ဘက်က မြင်းခွာသံတွေကြားလို့ လှည့်ကြည့်
လိုက်တော့ မြင်းနှစ်စီးဗျ၊ အသားကျ စီးလာ
တာ၊ကျုပ်ကလည်း သေသေချာချာကို ကြည့်
နေတာဗျို့။ မြင်းနှစ်စီးကို ရင်ဘောင်တန်းပြီး
တော့ကို စီးလာတာ။ အနားနီးတော့မှ သေ
သေချာချာ မြင်ရတာကလား။ ယောက်ျား
တစ်ယောက်နဲ့ မိန်းမတစ်ယောက်ဗျ။ နှစ်
ယောက်လုံး ဝတ်ထားတာ ဘုရင်တွေခေတ်
က နန်းတွင်းသူ နန်းတွင်းသားတွေ ဝတ်တဲ့
ပုံစံမျိုးနဲ့ဗျ။ ယောက်ျားက သျှောင်တွဲလေးနဲ့
ပုဝါပန်းရောင်လေးပေါင်းလို့။ မိန်းမကတော့
ချိတ်လုံချည်နဲ့ ခါးတောင်အင်္ကျီဝတ်လို့ဗျ။

ဒီခေတ်မတော့ ဒီအဝတ်အစားမျိုးကို ဇာတ်
ထဲမှာပဲ တွေ့နိုင်တော့တာပေါ့ဗျာ။ ကျုပ်တို့
လှည်းနဲ့ ငါးပေလောက်အကွာကနေပြီး ဖြတ်
စီးသွားတာဗျ။ ကျုပ်လည်း သေသေချာချာ
လိုက်ကြည့်နေတာပေါ့ဗျာ။ ကျုပ်တို့ လှည်း
ကိုလည်း တစ်ချက်ကလေးတောင် လှည့်
ကြည့်မသွားကြဘူးဗျ။

လှည်းကိုကျော်သွားပြီး ပေနှစ်ဆယ်လောက်
အကွာကိုရောက်တော့ ဖြုတ်ကနဲ ပျောက်
သွားတာဗျ။ ဒီတော့မှ ကျုပ်က…

' ဟာ'ဆိုပြီး အော်လိုက်တာကိုဗျ။ ဒီမှာတင်
ကျုပ်နဲ့ အတူ အဖော်ပါလာတဲ့ ကျုပ်တူ
အောင်သိန်းက…

"လေးလေး…ဘာဖြစ်လို့တုံး"

လို့ ကျုပ်ကို အလန့်တကြားမေးရောဗျ။
ကျုပ်ကလည်း ဒီကောင့်ကို အံ့သြသွားပြီး…

"ဟကောင် အောင်သိန်း၊ ဟိုမြင်းတွေ
ပျောက်သွားတာ မင်းမမြင်ဘူးလား"

လို့ ပြန်မေးတော့ အောင်သိန်းက ကျုပ်ကို
ပြူးတူးပြဲတဲနဲ့ ကြည့်ပြီး…

"ဘလေးစ်ိန်ညှက် ပြောတာ ဘယ်မြင်းတုံး၊
ကျုပ်တော့ ဒီနားမှာ မြင်းတစ်ကောင်မှ
မမြင်ပါလား"

လို့ ပြောသဗျ။ ဒါနဲ့ ကျုပ်က လှည်းမောင်းတဲ့
ကလေးကို မေးရတော့တာပေါ့ဗျာ

"ငါ့တူရာ ခုနက လှည်းကိုကျော်တက်သွား
တဲ့ မြင်းနှစ်ကောင်နဲ့ မြင်းစီးလာတဲ့ ယော
က်ျားနဲ့ မိန်းမကို မမြင်ပါလား"

"ကျုပ်လည်း မမြင်ပါလား"

လို့ လှည်းမောင်းတဲ့ ကောင်လေးကလည်း
ပြောသဗျ။ ဒီမှာတင် ကျုပ်က ကျုပ်မြင်လိုက်
တဲ့ မြင်းတွေအကြောင်း သူတို့ကို သေသေချာ
ချာ ပြောပြရတော့တာပေါ့ဗျာ။ ဒီတော့မှ နွား
လှည်းမောင်းတဲ့ ကောင်လေးက ပြောသဗျ။

"ဘကြီး မြင်တာတွေက ဥစ္စာစောင့်တွေ ဖြစ်
နိုင်တယ်ဗျ။ဒီဘုရားပျိုကြီးမှာ ဥစ္စာစောင့်တွေ
သွားလာနေတတ်တယ်လို့တော့ ပြောသံကြား
ဖူးတယ်ဗျ"

ဒီတော့မှ ကျုပ်လည်း ကျုပ်မြင်လိုက်တာ
ဥစ္စာစောင့်တွေပဲ ဖြစ်လိမ့်မယ်လို့ တွေး
လိုက်မိတာပေါ့ဗျာ။ ဒါပေမဲ့ သုံးယောက်
သားမှာ ကျုပ်တစ်ယောက်ပဲ မြင်ရတာကို
တော့ ကျုပ် ဒီနေ့အထိ တွေးလို့ကို
မရဘူးဗျ"

"အင်း စိန်ညှက်က ပြောတော့ ကျုပ်အတွေ့
အကြုံလေးလည်း ပြောပြရဦးမှာပေါ့ဗျာ"

ဘိုးရှိန်က စကားစလိုက်တာဗျ

"နွားများ သရဲတစ္ဆေဆိုရင် လွှတ်ကြောက်
ကြတာဗျ"

"ဟာ ကိုရှိန်ကလည်း သူတို့က နာနာဘာ
ဝကို မြင်ရတယ်လေဗျာ"

"အေးဗျ၊ ကိုမောင်ပြောတာ ဟုတ်လိမ့်မယ်၊
တစ္ဆေသရဲနဲ့ ကြုံရင် လူထက် သူတို့က
ကြောက်တာကလားဗျာ၊ ဒီတုန်းက ကျုပ်
က ကပ္ပလီစုက ငစိမ်းတို့အုပ်စုက အတင်း
ဆွဲတာနဲ့ ထန်းတောမှာ ဝင်ပြီး ထန်းရည်
သောက်တာနဲ့ မိုးကချုပ်ရောဗျ။ လရောင်
လေးတော့ ရှိတာပေါ့ဗျာ။ ကျုပ်က လှည်း
ကို မှန်မှန်ပဲ မောင်းလာတာပါ၊ မန်ကျည်း
ပင်အုပ်ကလေးနားရောက်တော့ နွားတွေ
က တုံ့ကနဲရပ်ပြီး ရှေ့ကို နည်းနည်းမှကို
မတိုးတော့ဘူးဗျ။ နှာခေါင်းတွေကလည်း
တဖူးဖူးနဲ့ မှုတ်နေရောဗျာ။

ကျုပ်လည်း နွားတွေကိုပဲ ဖိမောင်းနေရ
တာဗျို့။ နကန်နဲ့ထိုးလည်းမသွားဘူး၊ ပေ
ကိုခံနေတာဗျ။ ဒါနဲ့ ကျုပ်လည်း ဟိုကြည့်
ဒီကြည့်နဲ့ လိုက်ကြည့်တော့မှ သွားတွေ့
တာဗျို့။ တစ်ကိုယ်လုံး မဲမှောင်နေတဲ့
ကောင်ဗျ။ ဆံပင်တွေက အရှည်ကြီးဗျာ

မျက်နှာကို အုပ်ကျနေတာ ရင်ဘတ်
လောက်ကို ရောက်တယ်။အောက်ပိုင်း
မှာ ပုဆိုးတော့ ပါတယ်ဗျ။ ဒူးခေါင်း
လောက်ကို တိုတိုကြီး ဝတ်ထားတာ။
မန်ကျည်းပင်အုပ်အောက်မှာ ရပ်နေ
တာဗျ။ ကျုပ်လည်း ဘာလုပ်ရမှန်း မ
သိတော့ဘူးဗျို့။ သောက်ထားတဲ့ ထန်း
ရည်အရှိန်လေးလည်း ပျောက်သွား
တော့တာပေါ့ဗျာ။

ဒီမှာတင်  ကျုပ်စားဖို့ ဆိုပြီး ငစိမ်းတို့ညီ
အစ်ကိုတွေ    ထည့်ပေးလိုက်တဲ့  အမဲ
ခြောက်ထုပ်ကြီးကို သတိရသွားပြီး ပေး
လိုက်ရင် ကောင်းမလားလို့ စဉ်းစားနေ
တာဗျ။ ကျုပ်တွေးတာကို မဲနက်နေတဲ့ 
ဒီသရဲက သိရပုံတယ်ဗျ။

'အီး၊ အီး'လို့ အော်ပြီး သူ့ရဲ့လက်နှစ်ဖက်
ကိုရှေ့တန်းပြီး ဖြန့်ထားတယ်ဗျ။ တောင်း
တဲ့သဘောပေါ့ဗျာ။ 

'မင်းစားဖို့ အမဲခြောက်တွေ ငါပေးခဲ့မယ်၊
ငါသွားမယ့်လမ်းကို မနှောင့်ယှက်နဲ့၊ ရော့"

ဆိုပြီး ကျုပ်က ငစိမ်းတို့ ပေးလိုက်တဲ့ 
အမဲခြောက်ထုပ်ကြီး ပစ်ပေးလိုက်တယ်။
ဆံရှည်သရဲက အထုပ်ကို လှမ်းဖမ်းယူပြီး
တစ်ခါတည်းကို ပျောက်သွားရောဗျို့။ ဒီ
တော့မှ ကျုပ်နွားတွေလည်း သုတ်ချေ
တင်တော့တာပေါ့ဗျာ။ ထနောင်းကုန်း
ကို ခဏလေးနဲ့ ရောက်လာတာဗျို့"

ကျုပ်တို့လည်း ဘိုးလိပ်ပုတည်တဲ့ လက်
ဖက်ကလေး စားလိုက်၊    အကြမ်းလေး
သောက်လိုက်နဲ့ နားထောင်လို့ကလည်း 
ကောင်းလို့ဗျာ။တော်တော်လေးညဉ့်နက်
တော့မှ ဘိုးလိပ်ပုတို့အိမ်ကနေ ကျုပ်တို့
ပြန်လာခဲ့ကြတာဗျ။နောက်တစ်နေ့ ကျုပ်
အိပ်ရာက နိုးတော့ အမေက ကျုပ်ဆီကို
ဆီးပြောတယ်ဗျ။

အပိုင်း (၄)ဆက်ရန်

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)