စောရဦးခေါင်း ၊ အပိုင်း(၇) [ဇာတ်သိမ်းပိုင်း]



ဒီတော့ ကျုပ် မီးခံသေတ္တာထဲက 
ငွေစက္ကူတစ်ရွက် ယူတယ်။ ပြီးတော့
ရွှေဒင်္ဂါးတစ်ပြား။ ကိုမင်းဒင် ကျုပ်ကို
ပေးခဲ့တဲ့ ဒင်္ဂါးမျိုးပဲဗျ။ ကိုမင်းဒင်တို့
မီးခံသေတ္တာကို ကျုပ် ပြန်ပိတ်ပေး
လိုက်တယ်။ ဒီတော့မှ စောရကြီးရဲ့
ဝိညာဉ်မည်းမည်းကြီးက ကျေနပ်
ပြီး ရှေ့က ထွက်သွားတယ်။

ကျုပ်လည်း သူ့နောက်က လိုက်ခဲ့
ရောဗျို့။ မန္တလေးလမ်းတွေကို ဖြတ်
လျှောက်သွားတာတော့ ကျုပ်သိ
လိုက်တယ်။ သိပ်မကြာဘူးဗျ။ကျုပ်
တို့ ရွာကို ပြန်ရောက်နေတယ်။
ကျုပ်တို့ ဝိုင်းထဲရောက်တဲ့အထိ
စောရကြီးက ပြန်ပို့တယ်။ ကျုပ်
လည်း သူ့ကို ပြန်ခိုင်းတဲ့ အနှင်
ဂါထာကို ရွတ်လိုက်တယ်။

ဟာ ပျောက်သွားပြီဗျို့။ချက်ချင်းကို
ပျောက်သွားတာ။ ကျုပ်လည်း ဗိုက်
မှာ ကပ်ထားတဲ့ စောရဦးခေါင်းကို
ဖြုတ်ပစ်လိုက်တယ်။

 ဝိုင်းထဲမှာ ကျုပ်တစ်ယောက်တည်းဗျ။
ကျုပ်ဖြင့် အော်သာရယ်ပစ်လိုက်ချင်
တော့တယ်ဗျာ။ စောရကြီးက ကိုမင်း
ဒင်တို့အိမ်ကို ဘာကြောင့်ခေါ်သွား
တယ်ဆိုတာ ကျုပ်တွေးလို့ကို မရဘူး
ဗျ။ ဒါပေမဲ့ ကျုပ်ဖြင့် ရယ်ချင်လိုက်
တာဗျာ။ ဘိုးအို တစ်သက်လုံးစုထား
တဲ့ ပစ္စည်းတွေ၊ ကျုပ် အကုန်ယူခဲ့
ရင် ရတာပေါ့ဗျာ။

အဲဒီလိုသာ ယူခဲ့ရင် ကိုမင်းဒင်တို့
ညီအစ်ကိုတွေ ထိုင်ငိုရုံပဲ ရှိတော့
မှာပေါ့လေ။ ကျုပ်လည်း ရယ်ချင်
စိတ်ကို ကြိတ်ထားလိုက်ပြီး အချိန်
ဆိုင်းမနေဘဲ ရွာပြင်ကို ထွက်လာ
ခဲ့တယ်။ စောရဦးခေါင်းဟာ တ
ကယ်စွမ်းတယ်ဆိုတာ ကျုပ်ကြုံ
လိုက်ရပြီလေ။

တော်ပြီပေါ့ဗျာ။ စောရကြီးကို ကျုပ် 
လွှတ်ပေးဖို့အချိန်တန်ပြီလေ။ထနောင်း
ကုန်းသင်္ချိုင်းဇရပ်နားမှာ ကျုပ်သစ်ကိုင်း
ခြောက်တွေကောက်ပြီး စုပုံလိုက်တယ်။
ပြီးတော့ မီးခတ်နဲ့ခတ်ပြီးမီးရှို့လိုက်တယ်။ 

ဟော မီးတောက်တွေ ထတောက်ပြီ။

ကျုပ်ယူလာတဲ့ စောရဦးခေါင်းကြီးကို
မီးတောက်ထဲ ပစ်ထည့်လိုက်တယ်။ ပြီး
တော့ စောရဦးခေါင်းကြီးရဲ့ ဝိညာဉ်ကို
ရွတ်ပြီး ခေါ်လိုက်တယ်ဗျ။ 

ဟော ရောက်လာပြီဗျို့။ ကျုပ်နဲ့ နှစ်လံ
လောက်မှာ ဘွားကနဲ ပေါ်လာတာဗျ။
မည်းမည်း အရိပ်ကြီးပါပဲ။ အရပ်ကြီးက
ခုနှစ်ပေ ရှစ်ပေလောက် ရှိမယ်ထင်တယ်
ကျုပ်ကို ကြည့်နေပုံပဲဗျ။ 

"စောရကြီး ကျုပ်ပြောတာကို သေသေ
ချာချာ နားထောင်ပါ။ သင်ဟာ သေဆုံး
ပြီးတဲ့နောက် ဆရာတစ်ယောက်ရဲ့မှော်
အတတ်နဲ့ စီရင်လိုက်တဲ့အတွက် သင့်ရဲ့
ဝိညာဉ်ဟာ လွတ်လွတ်လပ်လပ် သွား
ခွင့်မရဘဲ အနှောင်အဖွဲ့ ခံနေရတယ်။
မောင်အိုဆိုတဲ့ သူက သင့်ကို ခိုင်းစေ
ခဲ့တယ်။ အခုတစ်ခါ သင်ဟာ ကျုပ်
လက်ထဲကို ရောက်ခဲ့ပြန်ပြီ ကျုပ်က
သင့်ကိုနှောင်ဖွဲ့ပြီး ခိုင်းစေမှာ မဟုတ်
ဘူး။ ကျုပ်က သင့်ကို လွှတ်ပေးမှာပါ၊
အခု မှော်စီရင်ထားတဲ့ စောရဦးခေါင်း
ကို ကျုပ်မီးရှို့နေတာ သင့်အမြင်ပဲ။
ကဲ ကျုပ် သင့်ကို လွတ်မြောက်စေမဲ့
ဂါထာ နှစ်ဆယ်ခုနှစ်အုပ် ရွတ်တော့
မယ်၊ သင့်စောင့်နေပါ"

ကျုပ်က ပြောပြောဆိုဆိုနဲ့  အနှင်ဂါ
ထာကို စရွတ်တယ်။

တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်…

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ ဝူး၊ ဝူး"

ဟာ ဒါ မဖဲဝါရဲ့ ခွေးကြီးရဲ့ အူသံဗျ။
သင်္ချိုင်း ဟိုဘက်က ထွက်လာတာ။
မဖဲဝါ ရောက်လာပါပေါ့လား။ ဘာ
တွေ ဖြစ်မှာတုံး။ ကျုပ်ကျောထဲက
စိမ့်ကနဲ ဖြစ်သွားတယ်။ ဒါပေမဲ့
ဂါထာကို ကျုပ် ဆက်ရွတ်တယ်။

"ဝူး ဝူး ဝူး ဝူး"

ဟာ နီးလာပြီဗျို့။ ခွေးအူသံကြီးက
နီးနီးလာပြီ။ မဖဲဝါရဲ့ ခွေးကြီးက နွား
ပေါက်တစ်ကောင်လောက် ရှိတာဗျ။
ကျုပ် ဂါထာကို ဆက်ရွတ်နေတယ်။
ဂါထာရွတ်ရင်း သင်္ချိုင်းဘက်ကို ကျုပ်
ကြည့်နေတာပေါ့ဗျာ။

ဟော တွေ့ပြီဗျို့။  ဂူတွေပေါ်မှာ မ
ဖဲဝါကြီး ရပ်နေတာဗျ။ ဆံပင်ဖားလျား
ကြီး ချလို့။ အရပ်က ဆယ်ပေလောက်
ရှိတယ်။ မျက်လုံးနီနီကြီးတွေနဲ့ စောရ
ကြီးရဲ့ ဝိညာဉ်မည်းမည်းကြီးကို ကြည့်
နေတာဗျို့။ ကျုပ်ဂါထာရွတ်တဲ့ အသံ
ကိုလည်း မဖဲဝါ ကြားနေမှာပေါ့ဗျာ။

ကျုပ်လည်း ဂါထာကို မနားတမ်းရွတ်
နေတာ အုပ်နှစ်ဆယ်ကျော်လာပြီ။
နှစ်ဆယ့်တစ်၊ နှစ်ဆယ်သုံး…၊ နှစ်
ဆယ့်ခုနှစ်အုပ်၊ ပြည့်ပြီဗျို့။

စောရကြီးရဲ့ ဝိညာဉ်မည်းမည်းကြီး
က မြေကြီးပေါ်ကို ဒူးကြီးထောက်
ချလိုက်တယ်။ ဘာလုပ်တာတုံးဆို
ပြီး ကျုပ်ကြည့်နေတယ်။ ဟာ 
ကျုပ်ကို ကျေးဇူးတင်ကြောင်း ပြ
တာဗျ။ ဟော ဟော မတ်တတ်ထ
ရပ်နေပြီ။ ကျုပ် မီးရှို့ထားတဲ့ စော
ရကြီးခေါင်းကလည်း အားလုံးပြာ
ကျသွားပြီဗျို့။

ဟော မဖဲဝါကြီးက နောက်ကို ချာကနဲ
လှည့်ပြီး ထွက်သွားတယ်။ ဟင် စောရ
ကြီးရဲ့ဝိညာဉ်က မဖဲဝါကြီးရဲ့နောက်က
လိုက်သွားပြီးဗျို့။ လက်စသတ်တော့
မဖဲဝါက စောရကြီးရဲ့ ဝိညာဉ်ကို လာ
ပြီး ခေါ်သွားတာပဲဗျ။

"ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး"

မဖဲဝါရဲ့ နွားပေါက်တစ်ကောင်လောက်
ရှိတဲ့ ခွေးနက်ကြီးက ဆွဲဆွဲငင်ငင် အူလိုက်
တယ်။ သွားပြီ။ သွားပြီ။ စောရကြီး မဖဲဝါ
နောက် လိုက်သွားပြီဗျို့။

ကျုပ်လည်း အခုမှ စိတ်ထဲ ရှင်းသွား
တော့တယ်။ သူ ကျုပ်ကို မန္တလေးက
ကိုမင်းဒင်တို့ညီအစ်ကိုရဲ့ ပွဲရုံကို ခေါ်
သွားပြီး ဘိုးအိုကို သူရှာပေးခဲ့တဲ့ ပ
စ္စည်းတွေ ကျုပ်ကို ပြန်ယူခိုင်းတာဗျ။

ဒါကို တွေးကြည့်ရင် ကိုမင်းဒင်တို့
ကြီးပွားနေတာတွေ၊ သူ့ကို ကျုပ်ဆီ
မှာ ထားပစ်ခဲ့တာတွေကို စောရကြီး
က ကျေနပ်ပုံ မပေါ်ဘူးဗျ။

ဒါကြောင့် သူ ရှာပေးထားတဲ့ ပစ္စည်း
တွေ ကျုပ်ကို ခေါ်သွားပြီး ပြန်ယူခိုင်း
တာဗျ။ ဒါပေမဲ့ ကျုပ်အံ့သြနေတာက
စောရကြီးရဲ့ အစွမ်းပဲဗျို့။

ခဏလေးအတွင်းမှာ မိုင်ပေါင်းများ
စွာ ကွာဝေးတဲ့နေရာတွေကို ရောက်
သွားနိုင်တာကိုတော့ ကျုပ် မအံ့သြ
ဘဲ မနေနိုင်ဘူးဗျာ။

ခင်ဗျားလည်း ကျုပ်လိုပဲ အံ့သြနေ
မယ် ဆိုတာ ကျုပ် သိပါတယ်။

ပြီးပါပြီ

မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)