စောရဦးခေါင်း ၊ အပိုင်း(၆)
နောက်ပြီး ဂျပန်က ရက်ရက်စက်
စက် ခေါင်းဖြတ်သတ်ခဲ့တဲ့ စောရ
ကြီးကိုလည်း ကျုပ်သနားတယ်။
သူ့ကို လွတ်ရာကျွတ်ရာ သွားစေ
ချင်တယ်။ တကယ်လို့ စောရကြီး
က အကုသိုလ်ကြီးလို့မကျွတ်လွတ်
နိုင်သေးရင်တောင် သူ့ဘဝမှာ
နောက်ထပ် အကုသိုလ်တွေ ထပ်
မပိုစေချင်တော့ဘူးဗျာ။ ဒါ ကျုပ်ရဲ့
ပကတိစေတနာပါ။
ဒီတော့ စောရဦးခေါင်းလို့ ခေါ်တဲ့
မှော်အစီအရင်ကြီးကို ကျုပ် ဖျက်
ဆီးပစ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
ဒါပေမဲ့ ကျုပ်က တာတေလေဗျာ။
စပ်စုကြည့်ချင်တဲ့ ကျုပ်ရဲ့ဝါသနာ
ကိုတော့ မချိုးနှိမ်နိုင်ဘူးဗျ။ စောရ
ကြီးကို မဖျက်ဆီးခင်မှာ တစ်ခါတော့
ကျုပ် စမ်းကြည့်ချင်တယ်။ ကိုမင်းဒင်
ရဲ့ အပြောလောက်နဲ့ ကျေနပ်မနေ
ဘဲ တကယ်ဟုတ် မဟုတ် ဆိုတာ
ကို ကျုပ်ကိုယ်တိုင် ကြုံကြည့်ချင်
သေးတယ်ဗျ။ ဆေးလိပ်တိုကလေး
ကို မြေပေါ်မှာ ထိုးချေလိုက်တယ်။
ဆောင်းကုန်တော့မှာ ဆိုပေမဲ့ အေး
တုန်းဗျ။ အဘနဲ့ အမေလည်း စော
စောအိပ်ရာ ဝင်သွားကြပြီ။ ကျုပ်အိမ်
ပေါ်ကို ခြေသံမကြားအောင် တက်ခဲ့
တယ်။ ပြီးတော့ ကိုမင်းဒင်ပေးခဲ့တဲ့
သေတ္တာပြားကလေးကို ဖွင့်ပြီး စော
ရဦးခေါင်းကို ထုတ်ယူလိုက်တယ်။
ရှော်ကြိုးတစ်ချောင်းရှာပြီး စောရ
ဦးခေါင်းကို ကျုပ် ချက်ပေါ်မှာအုပ်
ပြီး ရှော်ကြိုးနဲ့ ချည်လိုက်တယ်။
ကျုပ်ဝတ်နေကျ အညာဖျင်ကြမ်း
အင်္ကျီ ဝါကျင့်ကျင့်ကလေးကို အ
ပေါ်က ထပ်ဝတ်လိုက်တာပေါ့ဗျာ။
အဘနဲ့ အမေ မသိအောင် ခြေဖွ
နင်းပြီး ဝိုင်းထဲကို ဆင်းလာခဲ့တယ်။
ဟိုရက်တွေကတည်းက သေတ္တာ
ကလေးထဲမှာ ကိုမင်းဒင် ရေးထည့်
ထားတဲ့ အခေါ်ဂါထာနဲ့ အနှင်ဂါထာ
ဆိုတာတွေကို ကျုပ်ကျက်ထားပြီး
သားဗျ။ နှုတ်တက်ရနေပြီ။
ညဆယ့်တစ်နာရီလောက်တော့ ရှိ
ပြီထင်တယ်။ ရွာထဲက လူသူလေး
ပါး အရိပ်အခြေကို ကျုပ်တစ်ချက်
ကြည့်တယ်။ အားလုံးကတော့
တိတ်ဆိတ်နေတာပဲဗျ။
တစ်ရွာလုံးလည်း အိပ်ကုန်ကြပြီဗျို့။
သူများ အိပ်ပေမဲ့ မအိပ်နိုင်တာက
တော့ အင်မတန် စပ်စုချင်တဲ့ တာ
တေတစ်ယောက်ပဲ ရှိမှာပေါ့ဗျာ။
ကျုပ်ရွတ်ပြီး အခေါ်ဂါထာကို ကျုပ်
ရွတ်လိုက်ပြီဗျို့။ ကိုမင်းဒင် ပြောတာ
တော့ ခုနှစ်အုပ် ရွတ်ရမှာဆိုပဲ။
ခုနှစ်အုပ်ဆိုတာ ခုနှစ်ခေါက်ကို ပြော
တာဗျ။ တစ်အုပ်၊ နှစ်အုပ်၊ သုံးအုပ်
…ခုနှစ် ပြည့်ပြီ၊ ခုနှစ်အုပ်ပြည့်ပြီဗျို့။
ဟာ လာပြီဗျို့။ လာပြီ။ ကျုပ်ရှေ့မှာ
ရိပ်ကနဲ ပေါ်လာတာဗျ။ မည်းမည်း
အရိပ်ကြီးဗျ။ အရပ်ကြီးက ခုနှစ်ပေ
လောက်တော့ ရှိမယ်။ ကျုပ်က ကို
မင်းဒင် မှာခဲ့တဲ့အတိုင်း ပြောရတာ
ပေါ့ဗျာ။
"စောရကြီးရေ၊ ကျုပ်တော့ အသုံး
အစား ကျပ်နေပြီဗျို့။ကျုပ်ကို ကြည့်
လုပ်ပေးဦး"
ဟော စောရကြီးရဲ့ အရိပ်မည်းမည်း
ကြီးက ဝိုင်းပေါက်ဝကို ချာကနဲ လှည့်
ထွက်သွားတယ်။ ကျုပ်က သူ့နောက်
က လျှောက်လိုက်သွားတယ်။ ကိုမင်း
ဒင် ပြောသလိုဆိုရင် ကျုပ်ကိုယ်
ပျောက်နေပြီပေါ့ဗျာ။
ဒါပေမဲ့ ကျုပ်ကိုယ်ပျောက် မပျောက်
ဆိုတာကို ကျုပ်က ဘယ်လိုမှ မသိ
နိုင်ဘူးလေဗျာ။ အရိပ်မည်းကြီးက
ရှေ့ကသွား၊ကျုပ်က နောက်ကလိုက်
ပေါ့ဗျာ။ တစ်နာရီလောက်တော့ ရှိ
လောက်ပြီဗျ။ ဟာ ရှေ့မှာ မြို့ကြီး
တစ်မြို့ဗျ။ မီးတွေမှ လင်းထိန်နေ
တာပဲဗျို့။ ဟာ ကျုပ်မြို့ထဲကို
ရောက်နေပါရောလားဗျ။
ူကျုပ်တို့ရွာနဲ့ မန္တလေးက ကားနဲ့
လာရင်တောင် လေးနာရီတော့
အနည်းဆုံးပဲဗျ။အခုလမ်းလျှောက်
လာတာ တစ်နာရီပဲ ကြာတယ်။
ဟော စောရကြီး လမ်းချိုးတစ်ခု
ကို ဝင်သွားပြီဗျ။ ဟာ နှစ်ထပ်
တိုက်ကြီး တစ်လုံးရှေ့မှာ ရပ်
လိုက်တယ်။
"မင်းညီနောင်ပွဲရုံ"ဆိုပါလားဗျ။
ဆိုင်းဘုတ်ကြီး ချိတ်ထားတယ်။
တိုက်ရှေ့မှာလည်း ကုန်သယ်တဲ့
လော်ရီကားကြီးတစ်စီး ရပ်လို့ဗျ။
အလို တိုက်တံခါးကြီး ပွင့်ရက်
သားကြီးပါလား။ဟော စောရကြီး
ရဲ့ ဝိညာဉ်မည်းမည်းကြီးက တိုက်
ထဲဝင်သွားပြီ။ ကျုပ်လည်း လိုက်
ဝင်လာတယ်။
အို…အိမ်ထဲမှာ လူတွေ အိပ်နေ
ကြတာပဲ။ အားလုံးယောက်ျား
ချည်းပဲဗျ။ ပွဲရုံက အလုပ်သမား
တွေ ထင်တယ်။
"ခေလာ၊ ခေလာ၊ ခေလာ"
ဟောက်နေလိုက်ကြတာများဗျာ။
အရိပ်မည်းကြီးက အိမ်ထဲ ဆက်
ဝင်သွားတယ်။ ကျုပ်လည်း လိုက်
ခဲ့တယ်။ ဟော အိပ်ခန်းကြီးထဲကို
ဝင်တာဗျို့။ အိပ်ခန်းထဲမှာ ညအိပ်
မီးလုံးမှိန်မှိန်လေး ထွန်းလို့ဗျ။ ကု
တင်နှစ်လုံးပေါ်မှာ လူတစ်ယောက်
စီ အိပ်နေတာဗျ။ ကျုပ်လည်း ဇာ
ခြင်ထောင်ပါးပါးကလေးထဲက အိပ်
နေတဲ့ လူတွေကို တစ်လှည့်စီ
ကြည့်လိုက်တယ်။
"ဟာ "
ကျုပ် ယောင်အော်မိတော့မလို့ဗျ။
ကိုမင်းဒင်ပါလား။ ဟိုဘက်က ကု
တင်ပေါ်မှာ အိပ်နေတာက ကိုမင်း
လွင်ပဲ။ လက်စသတ်တော့ 'မင်းညီ
နောင် ပွဲရုံ'ဆိုတာ သူတို့ညီအစ်ကို
ရဲ့ ပွဲရုံပဲကိုး။ ဖြစ်မှ ဖြစ်ရလေဗျာ။
နောက်ကို ကျုပ်လှည့်ကြည့်လိုက်
တော့ အရိပ်မည်းမည်းကြီးက ရပ်
နေတယ်။ သူ့ဘေးမှာကတော့
တံခါးကြီးပွင့်နေတဲ့ မီးခံသေတ္တာ
တစ်လုံးဗျ။ အို…အထဲမှာ ငွေတွေ
ရော၊ ရွှေတွေ၊ စိန်တွေရောဗျာ။
ညအိပ် မီးလုံးရောင်နဲ့ တဖျတ်ဖျတ်ကို
လက်နေတာဗျို့။ သြော်…ဘိုးအိုပေး
ခဲ့တယ်ဆိုတဲ့ ရတနာတွေပါလားလို့
ကျုပ် တွေးလိုက်မိတယ်။ အရိပ်မည်း
ကြီးက ကျုပ်ကို ကြည့်နေတဲ့ပုံပဲဗျ။
ကျုပ် ဒါတွေ မယူချင်ဘူး။
ဒါပေမဲ့ မယူရင် စောရကြီးက စိတ်
ဆိုးပြီး ကျုပ်ကို တစ်ခုခုလုပ်လိုက်
မှာလည်း ကြောက်တယ်ဗျ။
အပိုင်း(၇) ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Comments
Post a Comment