စောရဦးခေါင်း၊ အပိုင်း(၁)
༼🌺💀စောရဦးခေါင်း💀🌺༽
တာတေဆိုတဲ့ ကျုပ်ကလည်း ထူးထူး
ဆန်းဆန်းဆိုရင် ကြုံမှကြုံတတ်ပလေ
ဗျာ။ကျုပ်မှတ်မိတယ် ဆောင်းတွင်းကြီး
ဗျ။ ကျုပ်တို့ အညာဆိုတာကလည်း
ခက်သားလား။နွေဆိုရင်လွှတ်ပူပြီး
ဆောင်းကျတော့လည်း လွှတ်အေး
တာလေ။နှစ်ညရှိပြီဗျ။ ဝိုင်းတွေထဲမှာ
နှမ်းရိုးတွေ မီးလှုံကြရတာ။
ကိုယ့်အရပ်နဲ့ ကိုယ်ဓလေ့ဆိုတော့
လည်း ပျော်ဖို့တော့ ကောင်းသားဗျ။
ကျုပ်တို့ဝိုင်းထဲမှာ ညဆိုရင် အဘနဲ့
အမေက နှမ်းရိုးတွေ မီးရှို့တော့တာ
ပဲဗျို့။ ကျုပ်တို့ဝိုင်းမှာ မီးရောင်တွေ့
ပြီဆိုတာနဲ့ ရွာထဲက မျက်ပြူးတို့ ၊
ဆင်ပေါက်တို့၊ တောကျော်တို့အုပ်
စုရောက်ချလာရောဗျာ။
ဒီကောင်တွေက ဆယ်နှစ်သား
လောက်တွေဗျ။ သူတို့ထက်ငယ်တဲ့
ကလေးတွေလည်း တစ်ခါတလေ ပါ
လာတတ်သေးသဗျ။ ကျုပ်အမေက
လည်း ကလေးအားကြီးချစ်တာ။ က
လေးတွေမို့လို့ ဝိုင်းထဲမှာ မီးလှုံလာပြီ
ဆိုရင် ပဲကြီးလှော်နဲ့ ထန်းလျက်ကျွေး
တော့တာဗျို့။
ဟိုကောင်တွေကလည်း စားပါ့ဗျာ။
တစ်ခါမှ ငြင်းတယ်လို့ မရှိဘူးဗျ။
မျက်ပြူးက လူလည်ဗျ။ ကျုပ်အ
ကြောင်းလည်း ဒီကောင်က တော်
တော်သိတာ။ လူစုံလို့ ဝိုင်းငြိမ်ပြီဆို
တာနဲ့ မျက်ပြူးက ကျုပ်ကို ဟိုမေး
ဒီမေး လုပ်တော့တာပဲဗျို့။ ကျုပ်
ကလည်း ကျုပ်တွေ့ကြုံခဲ့တာ
ကလေးတွေကို ပြောပြတယ်။
ဒီကောင်တွေအုပ်စုဆိုတာ ငြိမ်ပြီး
နညးထောင်တာဗျ။ တစ်ယောက်
မှကို မလှုပ်ဘူး။အဘနဲ့ အမေက
တော့တော်တော်ကလေး နွေးသွား
ရင် အိမ်ပေါ်တက်သွားကြတော့
တယ်ဗျ။ ဒီကောင်တွေနဲ့ ကျုပ်နဲ့
ပဲ က်န္ခဲ့တာ။
"ကိုကြီးတာတေ၊ ဆရာပေသီးကို
မဖဲဝါ ကျောက်ပြင်နဲ့ ရိုက်သတ်တုန်း
က ကိုကြီးတာတေ ပါတယ်ဆို"
မျက်ပြူးဆိုတဲ့ကောင်က စကားကို
ထောင်တဲ့နေရာမှာ အားကြီးတော်
တာဗ်။
"မပါပါဘူးကွာ၊ မင်းတို့ကို ငါပါတယ်
လို့ ဘယ်သူပြောတုံး"
ကျုပ်က ဒီကိစ္စတွေကို အခုထိ အုပ်
ထားတာဆိုတော့ ပြောင်ငြင်းရတာ
ပေါ့ဗျာ။
"တောင်ပိုင်းက ကိုသိန်းဇော် ပြော
တာဗျ၊ သူလည်း တိတိကျကျ သိ
တာတော့ မဟုတ်ဘူးဗျ၊ တာတေ
ပါနိုင်တယ်လို့ပဲ ပြောတာပါဗျာ"
"အလကားပါကွာ၊ သူထင်တာကို
လျှောက်ပြောတာပါ။ ငါလည်း အဲ
ဒီကိစ္စကို သူများပြောမှသိတာပါ"
"နေပါဦး ကိုကြီးတာတေရဲ့၊ ဘိန်းစား
ဘစိန်ကြီးကို မဖဲဝါ ဂုတ်ချိုးသတ်တုန်း
ကလည်း ကိုကြီးတာတေ ပါတယ်ဆို"
တောကျော်ကလည်း မျက်ပြူးလေသံ
ကို လိုက်ပြီး ကျုပ်ကို မေးပြန်တာပေါ့
ဗျာ။
"မပါပါဘူးကွာ၊ ဘိန်းစားဘစိန်က
ဂူဖောက်တာ ထင်ပါတယ်၊ မနက်
မိုးလင်းလို့ လူတွေပြောမှ ငါသိတာ
ပါ၊ အဲဒီညက ဘုရားပွဲရှိတော့ တစ်
ညလုံး ဘုရားပွဲမှာ ထိန်းနေရတာကွ၊
နို့ မင်းကို ဘယ်သူက ပြောတာတုံး
တောကျော်ရဲ့"
"အရှေ့ပိုင်းက ကိုကြီးဖိုးထောင် ပြော
တာဗျ။ သူလည်း အတိအကျ ပြော
တာတော့ မဟုတ်ပါဘူး၊ ပါတယ်ထင်
တယ်လို့ပဲ ပြောတာပါ"
"ငါက နေရာတကာ စပ်စပ် စပ်စပ်နဲ့
ပါနေကျကောင် ဆိုတော့ ဒီကိစ္စတွေ
မှာလည်း ပါသွားသလားလို့ တွေးကြ
တာပေါ့ကွာ"
ကျုပ်က ကလေးတွေနဲ့ စကားလက်ဆုံ
ကျရင်း နဂါးဆေးပေါ့လိပ်ကလေး တစ်
လိပ်ကို နှမ်းရိုးက မီးတောက်ကလေးယူ
ပြီးညှိလိုက်တယ်။ ဆေးပေါ့လိပ်ကလေး
နှစ်ဖွာ သုံးဖွာပဲ ဖွာရသေးတယ်။ ဝိုင်းဝ
က ခေါ်တဲ့အသံ ကြားရောပဲ။
"တာတေ မီးလှုံနေတာလားကွ၊ ဟာ
ကလေးတွေလည်း မနည်းပါလား"
ကျုပ်က မီးအလင်းရောင်ကို လက်နဲ့
ကာပြီး ဝိုင်းဝကို လှမ်းကြည့်တယ်။
"ငါပါကွ တာတေရ၊ ငွေတွင်းကုန်းက
မင်းဒင်ပါ"
"ဟာ ကိုမင်းဒင် ညဘက်ကြီးပါလား
လာ လာ"
ကျုပ်က ကိုမင်းဒင်ကို ခရီးဦးကြို
ပြုရတာပေါ့ဗျာ။
"တာတေ မင်း ကလေးတွေကို ပုံ
ပြောပြနေတာ ထင်တယ်"
"ဟုတ်ပါ့ဗျာ၊ ပုံလည်းပြောပြရသေး
တယ်၊ နှမ်းရိုးလည်း မပြတ်ထည့်ပေး
ရသေးတယ်၊ ပဲကြီးလှော်နဲ့ ထန်းလျက်
လည်း ကျွေးရသေးတယ်၊ အကြမ်းက
လည်း လက်ဖက်ခြောက် ခပ်ရတာ
နှစ်အိုး ရှိပြီ ကိုမင်းဒင်ရေ ဟား ဟား
လာဗျာ ဒီဘက်ကို"
ကိုမင်းဒင်က ကျုပ်ဘေးမှာ ဝင်ထိုင်
တယ်ဗျ။
"ဒီည တော်တော်အေးပါလားကွ၊
တစ်ချက် တစ်ချက် တုန်တောင်
သွားတယ်"
"ဟုတ်ပါ့ ကိုမင်းဒင်ရာ၊ ဒီည အေး
ချက်ကတော့ လွန်ရောဗျာ၊ ညနေ
သုံးနာရီလောက်ကတည်းက စိမ့်နေ
တာဗျ။ ကဲ ခဏနေဦးဗျာ၊ ကျုပ်အိမ်
ပေါ်တက်ပြီး လက်ဖက်ကလေး ဘာ
လေး ယူချေဦးမယ်"
" ဘာ နပေါဦးကှ တာတရော၊ ငါ
ခုပဲ ဒွေးလေးတို့အိမ်က ထမင်းစား
ပြီး ထလာတာကွ"
"ဟာ မဟုတ်သေးပါဘူးဗျာ၊ လက်
ဖက်ကလေးတော့ စားပါဦးဗျာ၊ မ
ကြာပါဘူးဗျ ကိုမင်းဒင်ရ"
ကျုပ်က ပျာပျာသလဲ အိမ်ပေါ်တက်
လာခဲ့တယ်။ ကျုပ်အိမ်ပေါ်တက်နီးမှာ…
"ကိုကြီးတာတေ၊ ကျုပ်တို့ ရေနွေးအိုး
ထပ်ကျိုထားရမလား"
မျက်ပြူးက လူ့အလိုက်ကို လွှတ်သိ
တဲ့ ကလေးဗျ။
"ဟာ ကောင်းတာပေါ့ မျက်ပြူးရ၊
စဉ့်အိုးအဖုံးပေါ်မှာ ရေမှုတ်ရှိတယ်"
"သိတယ်၊ သိတယ်၊ ကိုကြီးတာတေ"
မီးလှုံနေတဲ့ နေရာဘေးမှာတင် ကျုပ်
က ဖိုခနောက်ဆိုင်ပြီး ရေနွေးကျိုတာ
ဗျ။ကျုပ်အိမ်ပေါ်က ပြန်ဆင်းလာတော့
လက်ထဲမှာ လက်ဖက်အစ်ရော၊ နဂါး
ဆေးပေါ့လိပ် သုံးလိပ်ရော ယူလာတာ။
မျက်ပြူးရဲ့ ရေနွေးအိုးကလည်း မီးဖို
ပေါ် ရောက်နေပြီဗျ။ ဆင်ပေါက်က
ထင်းချောင်းတွေ ထိုးပြီး မီးမှုတ်ပေး
နေလေရဲ့။
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments
Post a Comment