"တိုက်အိုကြီးထဲက တစ္ဆေ" အပိုင်း(၂)
နောက်တစ်နေ့ ဝေသီဝေလင်း မနက်ခင်းမှာတော့ သူတို သွားလိုသည့် မန္တလေးတိုင်းအတွင်းရှိ မြိုလေးသို ဆိုက်ရောက်ခဲ့လေပြီ။ ရောက်ရောက်ခြင်းပဲ ထုံးစံလိုဖြစ်နေသည့် ဆိုင်ကယ်တွေ သုံးဘီးတွေက အလုယက်ခေါ်ကြတော့သည်။ သူတိုမှာလည်း ကိုယ်မရောက်ဖူးသည့် နေရာ ဖြစ်တဲ့အတွက် မနက်လင်းတာကို စောင့်ပြီးမှ တည်းဖိုခိုဖိုကို စုံစမ်းရမှာ ဖြစ်လို ဆိုင်ကယ်တွေ သုံးဘီးတွေကို မငှားသေးပဲ အနီးနားက လက်ဖက်ရည်ဆိုင်သိုသာ ချီတက်ခဲ့ကြတော့သည်။
ထိုဆိုင် ရောက်မှသာ ဟာနေတဲ့ ဝမ်းကို အရင်ဖြည့်ရတော့သည်။ မနက်စာ အနေနဲ့ လက်ဖက်ရည်နဲ့ ထမင်းကြော်ကိုသာ မှာလိုက်ရင်း အချိန်ကုန်ခံ လိုက်တော့သည်။ တရွေ့ရွေ့ နဲ့ နေလုံးကြီးကတော့ ထွက်လာချေပြီ။ အလင်းရောင် ပိုလာတာနဲ့အမျှ ဆူဆူညံညံ အသံတွေကလည်း ပိုမိုလာခဲ့သည်။ စျေးရောင်းသူတွေ ဆိုင်ကယ်ဆရာတွေ ကားဆရာတွေကလည်း အသီးသီးဖြင့် များလာတော့လေသည်။ ဒီတော့မှ သူတိုလည်း ထိုင်နေသည့် လက်ဖက်ရည်ဆိုင်က ဆိုင်ပိုင်ရှင်ဆီသွားပြီး တည်းခိုဖိုအကြောင်း စုံစမ်းလိုက်တဲ့ အခါမှာတော့ တော်တော်လေးကို စိတ်ညစ်သွားရတော့သည်။
သည်မြိုလေးမှာက ထူးထူးခြားခြားပင် တည်းခိုခန်းကမရှိ။ ဆောက်လက်ပဲ ရှိသေးသည်ဆိုတော့ သူတိုလည်း ရူးချင်သွားတော့သည်။ သူတိုနေရမှာက ငါးရက်လောက် နေရမှာ ဖြစ်တဲ့အတွက် တည်းခိုဖို အဆင်ပြေမှသာ အလုပ်အတွက် စိတ်ချလက်ချ လုပ်နိုင်မည် ဖြစ်သည်။ အခုတော့ ဘယ်လိုလုပ်ရမလည်း ဆိုတာပင် မတွေးတတ်တော့ပေ။
"စည်သူမျိုးရေ .. သွားပြီကွာ ငါတို ဘယ်လိုလုပ်ရမလည်း"
"အေးကွာ တည်းဖိုမှရှိတော့ တိုတွေ အဆင်မပြေဘူးလေ"
သည်အခါမှာတော့ ကောင်းဆက်က စဉ်းစားလိုက်ပြီး ..
"ဒီလိုလုပ်ရင် မကောင်းဘူးလား"
ဒီတော့ ကျန်နှစ်ယောက်ကလည်း အားတက်သရောဖြင့် .."
"ပြောပါအုန်းဟ ဒါဆို"
"ဒီလိုလေကွာ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ အကူညီတောင်းကြည့်ရင်ရော ကောင်းမလား"
"နေအုန်းကွ ငါတိုက ဒီကို အခုမှ ရောက်တာလေ.. ဒီတော့ ဘုန်းကြီးကျောင်းက လက်ခံပါ့မလား.."
"မြန်မာလူမျိုးတွေပဲကွာ.. ငါတိုက လူဆိုးတွေမှ မဟုတ်တာ လက်ခံမှာပါ"
"ငါတိုက လူစိမ်းလေကွာ.. ဒီလိုလုပ်မယ်ကွာ ငါတို ဒီနေ့ သုသေသန စမ်းတမ်းယူမဲ့ ရွာမှာ စုံစမ်းကြည့်ပြီး ရွာလူကြီးကို အကူညီတောင်းကြည့်မယ် ရွာခံပါတော့ ကောင်းတာပေါ"
ဒီလို မင်းရဝေရဲ့ စကားကို ကျန်နှစ်ယောက်ကလည်း လက်ခံပြီး ..
"အေး ဒါဆို ပိုအဆင်ပြေမယ်ကွ .. ကဲ ဒါဖြင့် အဲ့ဒီရွာကို ရောက်မှပဲ တည်းဖိုပြောတော့မယ်ကွာ"
စသဖြင့် စဉ်းစားထားတာကတော့ အဆင်ပြေလေပြီ။ လက်တွေ့မှာလည်း ချောမောပါစေသာ ဆုတောင်းရတော့မည်။ ကိုယ့်ဒေသ မဟုတ်တော့လည်း ဘာတတ်နိုင်မှာလည်း။ သူတို ဒီနေ့ သွားရမည့်ရွာကို ရောက်မှသာ ဒီလိုတည်းဖို ခက်ခဲတဲ့ အကြောင်း ရွာလူကြီးကို ပြောပြပြီး ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ တည်းဖိုကို အကူညီတောင်းကြည့်ရမှာပင်။ ရွာကတော့ သူတိုကို ကူညီကောင်းပါရဲ့ ဆိုကာ တွေးထားလိုက်တော့သည်။
ဒီလိုနဲ့ စားပြီးသောက်ပြီးတော့ သုံးဘီးဆိုင်ကယ်လေး တစ်စီးကိုငှားကာ သူတိုသွားမည့်ရွာကို ပြောပြပြီး ငှားစီးခဲ့ရသည်။ သူတိုကသာ သုံးဘီးလိုခေါ်ပေမဲ့ မြိုခံတွေကတော့ ဆိုက်တွဲဟု ခေါ်သည်။ ကားလို နောက်တွဲ သုံးဘီးတော့မဟုတ်။ ဆိုင်ကယ်ကို ဆိုက်ကားလို ဘေးတွဲတတ်ထားသည့် ဆိုင်ကယ်တွဲဘီးပင်ဖြစ်သည်။ ထိုသိုစီးလားရင်း ကံကောင်းချင်တော့ ဆိုင်ကယ်တွဲဘီးဆရာက အခုသွားသည့်ရွာမှာနေသည့် ရွာခံဖြစ်နေလေသည်။ ဒီတော့လည်း ရွာလူကြီးသဘောကောင်းမကောင်း မေးကြည့်တော့ အားတက်စရာပင်။ သူတိုရွာရဲ့ ရွာလူကြီး သဘောကောင်းသည်ဟု ပြောသဖြင့် သူတိုလည်း စိတ်အေးခဲ့ရတော့သည်။
ရွာကိုရောက်ပြီးတော့ သူတိုအလုပ်အတွက် စစ်တမ်းကောက်ယူပြီးသည့် အချိန်ကတော့ ညနေ လေးနာရီလောက် ဖြစ်နေပြီ။ ဒီတော့ အချိန်မဆိုင်းတော့ပဲ အခက်အခဲကို ရွာလူကြီးကို ပြောပြပြီး အကူညီ တောင်းခဲ့တော့ အဆင်ပြေသွားတော့သည်။ သူတိုရှိနေသည့်ရွာနဲ့ မနီးမဝေးမှာတော့ ရွာလူကြီးတိုနဲ့ သိနေသည့် ဘုန်းကြီးကျောင်းတစ်ကျောင်းရှိပြီး ထိုဘုန်းကြီးကျောင်းမှာပဲ တည်းခိုဖိုပြောပေးမည်ဟု ဆိုစကားကြောင့် သူတိုသုံးဦးလည်း ခုမှ စိတ်အေးရတော့လေသည်။ တည်းခိုဖိုအဆင်ပြေမှသာ ဒီမြိုမှာ ကျန်သည့် လေးရက်အတွက် အဆင်ပြေမည်လေ။
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်
Comments
Post a Comment