"တိုက်အိုကြီးထဲက တစ္ဆေ" အပိုင်း(၁)

 





**********

   တိုက်အဆောင်ကြီး အတွင်းမှာ မကျွတ်မလွတ်သူ ရှိနေမှန်း မသိခဲ့၍သာ သူတိုနေခဲ့ခြင်းဖြစ်သည်။ မသိခဲ့၍လည်း ခုလို ခြောက်ခြားစရာ အဖြစ်ပျက် တစ်ခု ဖြစ်ပျက်ခဲ့တာပင် ဖြစ်သည်။ အစထဲက သိခဲ့ရင်တော့ ဘယ်လိုပဲဖြစ်ဖြစ် မနေခဲ့ပေ။ အကြောင်းအရာကို အစချီသော် ...

   နေ့လေးတစ်နေ့၏ မနက်ခင်း တစ်ခုမှာတော့ လူငယ် သုံးယောက် အလုပ်များနေလျက် ရှိကြသည်။ မနက်ခင်း နေရောင်ခြည် အနွေးဒဏ်ကို မခံစားနိုင်အားသေး။ ပစ္စည်းတွေကို စုပုံလျက် ရွေးနေကြလေသည်။ အိမ်တစ်အိမ် အတွင်းရှိ ဧည့်ခန်းထဲ၌ သူတို လူငယ် သုံးဦး၏ အသံတွေသာ ဆူဆူညံညံ ထွက်ပေါ်လျက် ရှိသည်။ စကားပြောသံ ဆိုသံ။ အော်ဟစ်သံ ပျော်ရွှင်မြူးတူးသံ စသဖြင့် ဆူဆူညံညံပင်။

"ခြင်ထောင် မယူရင် နေကွာ စောင်ပါးလေးတစ်ထည်တော့ ယူမှ ဖြစ်မယ်ကွ"

"ဟာ... မင်းကလည်း သယ်ရပိုးရတာ လွယ်ပါ့မလားကွာ ငါကတော့ အဝတ်အစားပဲ သယ်သွားချင်တာ"

"ဟာ... ဟေ့ကောင်ရ ဟိုမှာက တည်းဖိုက တည်းခိုခန်း ရှိမရှိ မသေချာဘူးလေ အဲ့ဒါကြောင့် ပြောနေတာပေါ့"

"မင်းကလည်း ဒီလောက်မြိုကြီး ဖြစ်နေတာကို မရှိပဲနေမလားဟ"

"ကဲပါကွာ မင်းတိုသဘောပဲ ဝန်ပေါ့တော့လည်း ကောင်းတာပေါ့"

   သူတို သုံးဦးကတော့ သူငယ်ချင်းတွေပင်။ ကျောင်းတုန်းထဲက တတွဲတွဲဖြင့် ခင်လာကြသည်။ အခုလည်း ကျောင်းပြီးလို အလုပ်ကိုယ်စီ ဖြစ်ကြတော့လည်း ကုမ္ပဏီတစ်ခုထဲမှာ ဝင်လုပ်ကြသည်။ ဇာတိတွေကတော့ နယ်ဘက်မှ ဖြစ်လေတော့ မြိုကြီးမှာပဲ သုံးယောက်သား အိမ်လေးတစ်လုံး ငှားနေကြလေသည်။

   သူတိုတွေကတော့ မင်းရဝေ။ စည်သူမျိုး။ ကောင်းဆက်။ စသဖြင့် သုံးယောက်ဖြစ်သည်။ အသက်အရွယ် အားဖြင့်တော့ ၂၈ နှစ်သာသာ လောက်ပဲ ရှိသေးသည်။ ကျောင်းပြီးလို အလုပ်လုပ်ကြတဲ့အခါ သူတိုဝါသနာပါသည့် အလုပ်ကိုသာ စွဲမြဲ လုပ်ကိုင်ခဲ့ကြသည်။ ထူးထူးခြားခြား သုံးယောက်လုံးက ခရီးထွက်ခြင်းကို ပိုပြီး သဘောကျတဲ့ အတွက် အခုလို လေလာရေး သုသေသန အလုပ်ကို ရွေးခဲ့ကြသည်ပင်။

   သုသေသနဆိုသည်က အမျိုးမျိုးရှိပေမဲ့ သူတိုကတော့ သုသေသန စစ်တမ်းကောက်သည့် ကုမ္ပဏီတစ်ခုမှာ ဝင်လုပ်ခဲ့ကြပြီး အမြဲပင် တပူးပူး တတွဲတွဲရှိနေတတ်သည်။ သူတိုကုမ္ပဏီကတော့ အမြဲတစေ ခရီးထွက်နေရသည်။ သိုကြောင့် သူတိုသုံးယောက်အဖိုကတော့ ကိုယ်ဝါသနာပါရာ လုပ်ကိုင်ရင်း ပျော်ပျော်ပါးပါးပင် အမြဲတက်ကြွ နေတတ်ကြသည့် လူငယ်တွေပင်။ 

   ယခုလည်း မန္တလေးတိုင်းထဲက မြိုလေးတစ်မြိုကို ခရီးထွက်ဖို အကြောင်းဖန်လာခဲ့သည်။ ဒါ့ကြောင့် မနက်လင်းတာနဲ့ ခရီးထွက်ဖိုကို ပြင်ဆင်နေခဲ့ ခြင်းပင်။ သွားရမှာက ညကားနဲ့ ဖြစ်ပေမဲ့ ကုမ္ပဏီကို အရင်ဆုံး သွားရမည် ဖြစ်တဲ့အတွက် ကြိုတင်ပြီး ပြင်ဆင်နေခဲ့ခြင်းပါ။ ညနေရုံးဆင်းတာနဲ့ ကားလက်မှတ်ဖြတ်ကာ တန်းသွားရမည်။ ဒီလိုပြင်ဆင်နေခဲ့ကြပြီး အသင့်ဖြစ်တဲ့အခါ ကိုယ်အထုတ်ပိုး ကိုယ်စီဆွဲကာ ကုမ္ပဏီကို ထွက်လာခဲ့လိုက်တော့သည်။

   ဒီလိုနဲ့ သူတိုလည်း ကုမ္ပဏီမှာ လုပ်စရာရှိတာတွေကို လုပ်ကိုင်ကြကာ ညနေရုံးဆင်းတော့မှသာ ခရီးထွက်ဖို ပြင်ရတော့သည်။ သူတိုသွားရမည့် မြိုကိုသိရတဲ့ အခါမှာတော့ စိတ်ဓာတ်တွေပင် ကျသွားမိတော့သည်။ နေရာကား သူတိုမရောက်ဖူးသည့် နေရာပင် ဖြစ်သည်။

"ဟေ့ကောင်တွေ ဘယ်လိုလုပ်မလည်းဟ အဲ့ဒီမြိုကို တိုလည်း မရောက်ဖူးဘူး"

ဒီလို မင်းရဝေရဲ့ အပြောကို ကောင်းဆက်မှ ..

"မင်းကလည်း စိတ်ဓာတ်ကျ မနေပါနဲ့ ဒီလိုပဲ အဆင်ပြေအောင် လုပ်ရမှာပေါ့ကွာ"

"ဒါတော့ ဒါပေါ့ကွာ .. ဒါပေမဲ့ ကိုယ်မရောက် ဖူးတဲ့ ဒေသဆိုတော့လည်း ..."

ဒီအခါ စည်သူမျိုးကလည်း ဝင်ပြောလိုက်သည်။

"ကဲပါကွာ တိုသုံးယောက် သွားမှာပဲ မရောက်ဖူးလည်း ဟိုရောက်မှ အခြေနေကြည့်ကြတာပေါ့"

   မရောက်ဖူးပေမဲ့လည်း အလုပ်က လွှတ်တာဆိုတော့ မသွားလိုကလည်း မရ။ ဒီတော့လည်း စိတ်ကို အားတင်းလိုက်ကာ ဘာမှတော့ ထပ်ပြီး မတွေးဖြစ်တော့။ 

   ဒီလိုဖြင့် အောင်မင်္ဂလာ အဝေးပြေးသို TAXI တစ်စီးငှားကာ သွားလိုက်ကြတော့သည်။ လိုင်းကားစီးချင်ပေမဲ့ ခရီးသွားဖို အထုတ်ပိုးတွေနဲ့ ဆိုတော့လည်း ခုလို အငှားကားပဲ ငှားသွားရတော့သည်။ ကားဝင်းကိုရောက်လာတော့ ကားလက်မှတ်က ဘိုကင်လုပ်ပြီးသားဖြစ်၍ ပိုက်ဆံရှင်းကာ အပြင်ထွက်လိုက်ကြသည်။ ကားထွက်ဖိုကလည်း အချိန်အနည်းငယ် လိုသေးတဲ့ အတွက် အချိန်ဖြုန်းဖို ဆိုင်တစ်ဆိုင်မှာ ဝင်ထိုင်ရင်း အင်တာနက်လေးသုံးလိုက် စကားပြောလိုက်ဖြင့် သုံးယောက်သား ပျော်ပျော်ရွှင်ရွှင်ဖြင့်သာ။

   ဒီလိုနဲ့ အချိန်ကျလာတော့ ကားဂိတ်ကိုပြန်သွားကာ ကားပေါ်တက်ထိုင်ရင်း ကားထွက်ချိန်ကိုသာ စောင့်နေလိုက်တော့သည်။ ခဏအကြာမှာတော့ သူတိုထိုင်နေသည့် ကားကြီးကား တရွေ့ရွေ့နဲ့ စတင် ထွက်ခွာလာချေပြီ။ သူတိုလည်း အေးစိမ့်နေသည့် Car-Aircon ကို ကားပေါ်ကပေးထားသည့် ခြုံစောင်ကိုခြုံရင်း လိုက်ပါလာခဲ့တော့သည်။ မောင်းနှင် ထွက်ခွာလာသည့် Express ကားကြီးပေါ်မှာတော့ သုံးယောက်သား ငိုက်မြည်းလျက်ပင်။

(စာရှည်မည် စိုးသောကြောင့် ခရီးသွားပုံအား အတိုချုံးပင် ဖော်ပြလိုက်ပါသည်)

.......... ..........


အပိုင်း(၂) ဆက်ရန်.....

မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)