ခေါင်းတလားတစ္ဆေ အပိုင်း(၃)
သူမထွက်ကြည့်သောအချိန်မှာ အောက်ထပ်၌ အမျိုးသမီးတစ်ယောက် ရပ်နေသည်ကို လှမ်းမြင်လိုက်ရ၏။ ဇဝေဇဝါဖြင့် စဥ်းစားနေချိန်မှာ အောက်ထပ်မှ ရပ်နေသော အမျိုးသမီးက ဖျက်ခနဲ ပျောက်သွားလေသည်။
“ဟင်”
တအံ့တသြ ဖြစ်နေစဥ်မှာပင် သူမရပ်နေသော အနောက်ဘက်မှ အသံကြားရသဖြင့် လှည့်ကြည့်လိုက်ရာ နောက်မှာရပ်နေသူက လူတစ်ယောက် မဟုတ်ပေ။
ရုပ်ပျက်ဆင်ပျက်ဖြစ်နေသော မံမီရုပ်အလောင်းကြီး
ဖြစ်နေလေသည်။
“အမယ်လေး ... ကယ်ကြပါဦး”
ရပ်နေသော မံမီအလောင်းကြီးက လက်ကားရားခြေကားရားဖြင့်
ရှေ့သို့တိုးလာပြီး၊ ကြောက်လန့်တကြား နောက်ဆုတ်လိုက်ရာ လှေခါးထစ်မှအောက်သို့ ပြုတ်ကြသွားသည်။
“အား”
အော်သံကြောင့် မာရီယာအပြင်ထွက်လာပြီး ကြည့်သောအခါ လှေခါးခြေရင်းတွင် ခွေခွေလေးငြိမ်သက်နေသော အတူနေအမျိုးသမီးကို
တွေ့လိုက်ရသဖြင့် ဆင်းကြည့်လိုက်၏။ အသက်မရှိတော့ပေ။
ချက်ချင်း ရဲကိုအကြောင်းကြားလိုက်သည်။
သူမ မသတ်သော်လည်း တစ်အိမ်တည်းမှာ နေသူချင်း သေဆုံးသွားသောကြောင့် မသင်္ကာမှုဖြင့်စစ်ဆေးမေးမြန်းခြင်း ခံရ၏။ နေရင်းထိုင်ရင်း သံသယတရားခံဘဝ ရောက်ခဲ့ရသည်။
မာရီယာတစ်ယောက် ထိုအိမ်ကြီးမှာ တစ်ယောက်ထဲ ဆက်မနေဝံ့လောက်အောင် ကြောက်လန့်လာ၏။
ရက်ပိုင်းလပိုင်းအတွင်းမှာပင် ပိုမိုဆိုးဝါးသော အဖြစ်အပျက်တစ်ခု
နှင့်လည်း ကြုံတွေ့ခဲ့ရသည်။
ညဘက်အိပ်ပျော်နေစဥ် အခန်းတွင်း၌ အရိပ်တစ်ခုရောက်လာပြီး သူမလည်ပင်းကို ဖောက်ပြီးသွေးစုပ်ယူနေသကဲ့သို့ ခံစားရလေ၏။
မနက်လင်းသောအခါ သူမလည်ပင်းတစ်နေရာ၌ အစွယ်ရာနှစ်ပေါက်ကို ထူးဆန်းစွာ တွေ့ရလေသည်။
“ကြာရင် ကျွန်မလည်း သေရတော့မယ်ထင်ပါရဲ့”
ဟု မာရီယာက သူမပြောပြနေသော အကြောင်းအရာများကို အဆုံးသတ်လိုက်သည်။
ဒီတော့မှ မင်းကျော်စွာလည်း မာရီယာ၏ ပုံသဏ္ဌာန်ကို သတိပြုမိလေ၏။ ယခင်ကနှင့်မတူပေ။ အတော်ကို ပိန်ကျသွားသည်ကိုတွေ့ရ၏။
ထိုအခါ အန္တရာယ်များမှာ သူတစ်ယောက်တည်း ကျရောက်လာခြင်းမဟုတ်ပဲ အားလုံးထံသို့ ရောက်နေမှန်း သိလိုက်သည်။
ဦးထင်ကျော်က သူတို့ပြောသော စကားများကိုနားထောင်ပြီး ပြောလိုက်၏။
“ဒါ ခေါင်းတလားတစ္ဆေပဲ! ဖာရိုးဘုရင်တွေရဲ့သင်္ချိုင်းဂူတွေက
ကျိန်စာနဲ့ ထားခဲ့ကြတာ၊ သူတို့နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေကို ယူမိရင် အန္တရာယ်တွေ့ကြရတာပဲ”
“ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ဒီတစ်ခါ ကြုံတွေ့ရတဲ့
အန္တရာယ်ကကြီးတယ်၊ ကြာရင် ကျွန်တော်တို့ အားလုံးသေကြရလိမ့်မယ်၊ ဆရာကြီးရလာတဲ့ ရွှေခေါင်းတလားကြီးကို တစ်ခုခုလုပ်မှ ဖြစ်မယ်”
ဟု မင်းကျော်စွာက ပြောလိုက်သည်။
ထိုအခါ ဦးထင်ကျော်က မာရီယာကိုကြည့်ပြီး
“နင်အရောင်းအဝယ်လုပ်ဖို့ အဆက်အသွယ်တွေ
ချိတ်မိပြီလား မာရီယာ”
“အခုထိတော့ မတွေ့သေးဘူး၊ တွေ့တဲ့လူတွေကလည်း သာမန်ပစ္စည်းလောက်ကိုသာ စိတ်ဝင်စားကြတယ်၊ ဒီလောက်ကြီးတဲ့ ရွှေခေါင်းကြီးကို ဝယ်ဖို့ လက်တွန့်နေကြတယ်ထင်ပါရဲ့၊ ပြောရရင်တော့
ကြောက်လန့်နေကြပုံရတယ်”
ဦးထင်ကျော်က သက်ပြင်းတစ်ချက်ချလိုက်၏။
သူ့စိတ်ထဲမှ ထိုမျှလောက်အန္တရာယ်များသော ရွှေခေါင်းကြီးကို တစ်သက်လုံး သိမ်းဆည်းထားရန်လည်း မဖြစ်ချေ။
အကယ်၍ ထုခွဲရောင်းချပြီးပါက မင်းကျော်စွာနှင့် မာရီယာတို့အား
သင့်တော်သလောက်စီ ခွဲဝေပေးပြီး ထိုလုပ်ငန်းများကို စွန့်လွှတ်တော့မည်ဟုပင် စိတ်ကူးထားပြီးဖြစ်ပေပြီ။ ထိုအကြံအစည်ကိုပြော
ပြတော့လည်း ကျန်နှစ်ယောက်က သဘောတူသည်။
သို့သော်လည်း နောက်ပိုင်းမှာတော့ သူတို့အကြံအစည်ကို အကောင်အထည်ဖော်ရန် အခွင့်အရေးမရခဲ့ပေ။
# # #
အခန်း၃။
မင်းကျော်စွာမှာ မမျှော်လင့်ပဲ လက်တစ်ဖက်ဆုံးရှုံးသွားပြီးနောက်ပိုင်း ယခင်ကဲ့သို့ အမဲလိုက်သောအလုပ်ကို မလုပ်နိုင်တော့ပေ။ စိတ်ဓာတ်ကျသွားသောကြောင့် အပြင်သို့ သွားလာခြင်း သိပ်မလုပ်
တော့ပေ။
အလုပ်မလုပ်နိုင်တော့သဖြင့် ဝင်ငွေလည်း လျော့နည်းလာ၏။ ယခင်ကငွေလိုလျှင် ဦးထင်ကျော်ထံသို့ သွားကာတောင်းလျှင် သင့်တော်သလောက်တော့ရသည်။
ရွှေခေါင်းတလားကြီး ရလာပြီးနောက်ပိုင်းတွင် သူကိုယ်တိုင်လည်း အခြေအနေမကောင်းတော့သဖြင့် မပေးနိုင်တော့ပေ။ ယခင်က ပြုလုပ်ထားသော စီးပွားရေးလုပ်ငန်းမှာ တဖြည်းဖြည်းပျက်စီးလာ
သည်။
လက်တွဲလုပ်ကိုင်သော လုပ်ဖော်ကိုင်ဖက်များက သစ္စာဖောက်သဖြင့် လုပ်ငန်းများပျက်စီးရုံသာမက ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများဆုံးရှုံးသွားသဖြင့် မချောင်လည်တော့ပေ။
သူ့အတွက် တစ်ခုတည်းသော ထွက်ပေါက်မှာ ရွှေခေါင်းတလားကြီးပင်ဖြစ်၏။ ရွှေခေါင်းတလားကြီးရောင်းချရလျှင် ငွေမြောက်များစွာရမည်ဟုမျှော်လင့်ထားသည်။
ရှေးဟောင်းပစ္စည်းတန်ဖိုးအပြင် ရွှေခေါင်း၌စီခြယ်ထားသော ကျောက်မျက်ရတနာများ၏ တန်ဖိုးကလည်း မနည်းလှပေ။ သို့သော် သူရောင်းချလိုသော ရွှေခေါင်းကြီးမှာ ယခုအထိ ဝယ်မည့်သူ
မပေါ်သေးပေ။
ထို့ကြောင့် ဦးထင်ကျော်မှာ အခက်တွေ့နေ၏။
သစ်တစ်ပင်ကောင်းလျှင် ငှက်တစ်သောင်းနားခို
နိုင်သော်လည်း ထိုသစ်ပင်ချို့ယွင်းပျက်စီးလာသော
အခါ ငှက်များဒုက္ခရောက်ကြရသကဲ့သို့ပင် ဦးထင်
ကျော် အခြေအနေ ယို့ယွင်းလာသောအခါ ကျန်လူ
များလည်း ဒုက္ခရောက်ကျရပေသည်။
ထိုအထဲတွင် မင်းကျော်စွာလည်း အပါအဝင်ဖြစ်ပေသည်။
အပိုင်း(၄)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments
Post a Comment