ပဥ္စလက်မှော်ရွာ အပိုင်း(၂)
" အင်း..မောင်ရင်လေး တောင်ခြေတခုမှာသတိ
လစ်မေ့မြောနေတာ တွေ့လို့ ဦးအိမ်ခေါ်လာခဲ့တာ "
"ဟုတ်ကဲ့ ဦးလေး ကျေးဇူး အထူးတင်ပါတယ်
ကျွန်တော်မှာ ဦးလေးပေးတဲ့ အသက်ပဲရှိပါတော့တယ်"
"ကဲကဲ မောင်ရင်လေး လှဲနေလိုက်အုံး
မောင်ရင်လေးသတိလစ်မေ့မျောနေတာ တစ်နေ့.
နဲ့တည ရှိပြီ ..
သမီးရေ ဆေးရည်ကြို ထားတာ
တခွက်တိုက်လိုက်ပါအုံး ဒီသူငယ်ကို "
ဒီရမ်းအနီးမီးဖိုဘေးတွင်ရေနွေးကရားတစ်ခုဖြင့် နှပ်ထားသော ဆေးရည်အားခွက်တစ်ခုဖြင့် မိန်းမပျိုလေးကခပ်လိုက်ရင်း ဒီရမ်း အားကမ်းပေးလိုက်သည်။
ခပ်နွေးနွေးဆေးရည်အား တကျိုက်ကျိုက်ဖြင့် ဒီရမ်းမော့သောက်လိုက်မိသည်။
ဆေးရည်ကား အနည်းငယ် စိမ်းရွေရွေ ရနံ့ အနည်းငယ်ရှိသော ဆေးရည်တခွက်ကုန်မှ ဒီရမ်း
အိပ်ယာပေါ်တွင်ပြန်လှဲချကာ မျက်လုံးမှိတ်ထားလိုက်မိသည်။
နှင်းတောထဲတွင် အချိန်အတော်အကြာနေခဲ့ရသောကြောင့် ဒီရမ်းတကိုယ်လုံးပူခြစ်ကာ ကိုယ်ချစ်ချစ်တောက်ပူလျှက်ဖျား
နေခဲ့ပြီမဟုတ်လား...။
မျက်လုံးမှိတ်လိုက်ပြီး ခနအကြာမှာပင် "ဒီရမ်း"တစ်ယောက် အဖျားအရှိန်ဖြင့် ပြန်လည် အိပ်ပျော်သွားတော့သည်။
ဒီရမ်းနိုးလာတော့ မနက်ခင်းနေရောင်ခြည်သည်
အခန်းတခါးအားဖြတ်ကာ သူအိပ်နေရာ ဧည့်ခန်းအတွင်း ကျရောက်နေချိန်ဖြစ်သည်။
အိမ်အတွင်းဘယ်သူမှ မရှိဟန်ဖြင့် တအိမ်လုံးတိတ်ဆိတ်နေသည်။
ဒီရမ်းနံဘေးမီးဖိုလေးကား မီးငြိမ်းကာ မီးခိုတလူလူထွက်နေလျှက်ရှိသည်။
ဒီရမ်း လှဲနေရသည်မှ တကိုယ်လုံးညောင်းကိုက်နေသောကြောင့်
အားယူကာထလိုက်ရင်း သူခေါင်းရင်းနံရံအား
ကျောမှီထားလိုက်သည်။
ဒီရမ်းကားအဖျားအရှိန်ကျကာနေရထိုင်ရသက်သက်သာသာသာပင်ရှိနေခဲ့ပြီဖြစ်သည်။
ထိုအချိန်မှာပင်...
ကြမ်းပြင်အား နင်းဖြတ်လျှောက်လာသော အသံများကြားလိုက်ရခြင်းနဲ့အတူ မိန်းမပျိုလေး
နောက်ဖေးမီးဖိုချောင်ဖက်ဆီမှ ထွက်ပေါ်လာသည်ကိုတွေ့လိုက်ရသည်။
"ရှင်နိုးလာ ပြီလား..."
"ဟုတ်ကဲ့..ကျွန်တော်ကိုခုလိုကူညီပေးတာ
အထူးတင်ပါတယ် "
"ရပါတယ် လူတစ်ယောက် ဒုက္ခ ရောက်နေတာ
ကူညီရမှာပေါ့...ဒါနဲ့ ရှင်ဆာနေရောပေါ..
ဆန်ပြုတ်လေး သောက်လိုက်ပါအုံး "
မိန်းမပျို လေးကသူ့လက်အတွင်းမှအငွေ့တထောင်းထောင်းထနေသောဆန်ပြုတ်ပန်းကန်အား သူထံကမ်းပေးမှ ဆန်ပြုတ်နံကြောင့်ဒီရမ်းဝမ်း ဗိုက်ပင်တကြု တ်ကြုတ်ဆာလောင်လာသည်။
ကြက်သားအပြင်တခြားသော အသီးအဥများဖြင့်
အရာသာရှိလှသော ဆန်ပြုတ်တပန်ကန်ကုန်အောင်ခေါင်းမဖော်တမ်း
သူသောက်လိုက်မိသည်။
"ေက်းဇူးပါပဲ... ညီမ"
ဘယ်နှစ်ကြိမ်မြောက်သောကျေ းဇူးတင်စကားဟုဒီရမ်းမသိတော့ပေ ။
မိန်းမပျိုလေးက သူရှေ့မှဆန်ပြုတ်ပန်းကန်အလွတ်အား သိမ်းလိုက်ခြင်းနဲ့အတူ သူ့အတွက် ရေနွေးတစ်ပန်းကန်ကမ်းပေးလာပြန်သည်။
"ဒါနဲ့ ဦးတစ်ယောက်မတွေ့ပါလား.."
"အပါး ရာသီဥတု သာယာလို့ ဒီနေ့တောတက်သွားတယ် .."
"ကျွန်တော်နာမည် ဒီရမ်းပါ ပြည်မက
မုဆိုးအဖွဲ့တွေနဲ့ ကတိုး လာပစ်ရင်း
နှင်းမုန်းတိုင်းမိလို့ လူစုကွဲပြီး ရေခဲပျော်တော့
တောင်အောက်ပြုတ်ကျ ရင်း ဒီက ညီမတို့သားအဖ
ကယ်လို့သာပေါ့..."
"ဟုတ်ကဲ့ ကျွန်မနာမည် ဆွမ်ပရာ ပါ
ဖေဖေနာမည်ကတော့ လဗျန်နော် လို့ခေါ်ပါတယ်
ဟော...ပြောရင်း ဆိုရင်း ဖေဖေ လာပြီ..."
လဗျန်နော်ဆိုသောလူကြီးကား ဒီတခါ
သမင်တစ်ကောင်အား ထမ်း၍ ပြန်လာခြင်းပင်ဖြစ်သည်။
ကြည့်ရသည်မှာ ဒီတခေါက်ဆေးမြစ်ဆေးဥ ရှာဖွေဟန်မတူပဲ အမဲလိုက်ထွက်ဟန်တူသည်။
"ဘယ်လိုလဲကွ သက်သာပြီလား..."
"ဟုတ်ကဲ့ ဦးနေရထိုင်ရ ကောင်းသွားပါပြီ.."
လူကြီးက သမင်သေအား အိမ်ရှေ့ကပြင်တွင်ချထားလိုက်ရင်း ဒီရမ်းအား
နူတ်ဆက်လိုက်ခြင်းပင်ဖြစ်သည်။
"အေးကွာ ဦးလည်း ရွာမှာ ဒီညပွဲရှိလို့
တောပစ်ထွက်ရတာ "
"ဘာပွဲလဲ ...ဦး.."
"ဒီလိုပါပဲကွာ ရိုးရာပွဲ..ဆိုပါတော့..."
လဗျန်နော်က ဒီရမ်းဘေးဝင်ထိုင်၍
ဒီရမ်း ပျင်းရိနေမှန်းသိ၍ အပျင်းပြေစေရန်
စကားစမည်ပြောလာသည်။
သူဘဝတစ်လျောက်အမဲလိုက်၊ဆေးမြစ်ရှာရင်း
ကြုံတွေ့ရသော စွန့်စားခန်းများ၊တောတောင်သဘာဝများ။တောကောင်အကြောင်းများပင်။ လဗျန်နော်
ပြောပြသည့်အထဲတွင် ကတိုးကောင်အကြောင်း
ဒီရမ်းစိတ်အဝင်စားဆုံးဖြစ်သည်။
"တကယ်က လူတွေက ကတိုးဆီကိုလိုချင်လို့
ပစ်ကြတယ် ဆိုပေမယ့် ကတိုးကောင်တွေရဲ့ စိတ်ဟာအလွန်လေးစားဖို့ကောင်းတယ်ကွ..."
"ဘယ်လိုကြောင့်များလဲ...ဦး.."
"ကတိုးထီးတွေဟာ အစ်မအစာ စားနေချိန်ကင်းစောင့်ရင်း အစာစားလေ့ရှိပြီး
အမကို စိတ်ချလက်ချ စားစေတယ်....
တကယ်လို့ ရန်သူနဲ့ လက်တကမ်းအကွာရောက်နေရင်
အမရှေ့က အမ ပြေးခွင့်သာအောင်မားမား မတ်မတ်ရပ်ပြီး အသေခံပေးလေ့ရှိကြတယ်...
"ကျွန်တော် ဒီအကြောင်းအရာတွေမသိဘူး ဦး
အမှန်အတိုင်းပြောရရင် ကျွန်တတော်က အပျော်တမ်းမုဆိုးအဆင့်ပါ ..."
"အိမ်း...အဲဒါထက်လေးစားစရာကောင်းတာက
တို့မုဆိုးလောကမှာကတိုးကောင်တွေနဲ့ပတ်သက်ပြီး ဆိုရိုးစကားတောင်ရှိတခုရှိတယ်..."
"ဘယ်လိုဆိုရိုးစကားများလဲ ဦးရဲ့ "
အပိုင်း(၃)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာcreditပေးပါသည်။

Comments
Post a Comment