ရိုးမသစ်လုပ်ကွက်မှ ထူးဆန်းသော အကြောင်းအရာများ / အပိုင်း(၅)
သူတိုအနီးအမှောင်အတွင်းမှ ကိုက်ဖဲ့စားသောက်သံများနဲ့အတူ အရိုးကိုတကျွတ်ကျွတ်ဝါးနေသော အသံများကြားလိုက်ရသောကြောင့် ရစ်ကို
စားသောက်နေခြင်းဖြစ်ရမည်ဟုတွေး၍ ဖိုးထူးတစ်ယောက် ဒူးတဆတ်
ဆတ်တုန်သည်အထိကြောက်စိတ်ဝင်နေမိသည် ။
” ...ဘာ..ဘာသံတွေလဲမသိဘူး ၊ ပြန်..ပြန်ရအောင်ထွန်းလှရာ... ”
” ဖိုးထူးရာ ဘယ်လိုဖြစ်နေတာလဲ
တောကြောင်တစ်ကောင်မီးမြိုက်စရာ
ရှိသေးတယ် ခနနေစမ်းပါအုံး....”
ထွန်းလှမှာဘာမှမသိပဲ မီးမမြိုက်ပဲ
ကျန်နေသေးသော တောကြောင်တစ်
ကောင်ကို မီးမြိုက်ရန်ပြုလုပ်နေသည် ။
ဖိုးထူးမှာသာဘေးဘီဝဲယာကြည့်
ရင်းကြောက်စိတ်ဝင်နေမိသည် ။
ထိုအချိန်မှာပင်အမှောင်အတွင်းမှ
လက်မဲကြီးမှာနောက်တကြိမ်ထွက်လာ
ပြီးရစ်ကိုယူသွားပြန်သည် ။
အသားများကိုကိုက်ဖဲ့စားသောက်၍
အရိုးများကိုဝါးနေသော တဂျွတ်ဂျွတ်
အသံများကြားနေကြရသည် ။
လက်မဲကြီးကတစ်ခေါက်ပြီးတစ်ခေါက်ရစ်ငှက်များကိုယူသွားရာ ရစ်လေးကောင်မှ ခနအတွင်းကုန်သွားပါသည် ။
ဖိုးထူးတစ်ယောက်မှာ ရစ်လေးကောင်လုံး လက်မဲကြီးယူသည်ကိုအစ
အဆုံးမြင်နေရသည်မို ကြောက်ဒူးတဆတ်ဆတ်တုန်ရင်း ကြောက်ရွံမူကြောင့်မေးပင်တဂတ်ဂတ်ရိုက်နေသည် ။
ထိုအချိန်မှာပင်....
....ညောင်..ညောင်....ညောင်....ခွီး.....
ဖီး.....
အံ့သြစရာကောင်းသလိုကြောက်စရာ
ကောင်းသောအခြေအနေ ရုတ်တရက်
ဖြစ်ပေါ်လာသည်။
အမွှေးမီးမြိုက်ကာနံဘေးတွင်ချထား
သောတောကြောင်မှာ ရုတ်တရက်မျက်
လုံးပွင့်၍မတ်တတ်ရပ်ရင်းအော်မြည်
သံပြုလိုက်သည်။
ထိုအတူ ထွန်းလှကိုင်၍အမွေးမီးမြိုက်
နေသော နေသောတောကြောင်မှာ
ရုတ်တရက် အော်မြည်၍ ကိုယ်ကိုတွန့်
လိမ့်ရုန်းကာ မာန်ဖီသံပြုလာသောကြောင့်ထွန်းလှမှာကြောက်လန့်ကာတောကြောင်ကိုလွှတ်ချလိုက်မိတော့သည် ။
သုတ်ကိုင်းမှသတ်၍ယူလာပြီးအမွှေး
ကိုမီးပင်မြိုက်ပြီးချိန်ရောက်မှအော်သံ
ပြုပြီးအသက်ဝင်လာသော တောကြောင်နှစ်ကောင်ကြောင့် ငယ်သံ
ပါအောင်အော်၍သုတ်ခြေတင်ပြေးကြ
ပါတော့သည် ။
ငိုချင်ရက်လက်တိုဆိုသလို အစကတည်းကပင်ကြောက်လန့်၍ပြေးချင်နေသော ဖိုးထူးကအရင်စပြေးခြင်းဖြစ်
သည် ။
စခန်းမှာအနားကပ်နေသောကြောင့် စခန်းမှလူများထွက်ကြည့်ကြရာ
အူယားဖားယားပြေးလာသောနှစ်ယောက်ကို အကျိုးအကြောင်းမေးမြန်း
ရာ ဖိုးထူးကပင် လက်မဲကြီးတစ်ဖက်က
ရစ်များလာဆွဲကြောင်း ။
မီးမြိုက်ထား
သောကြောင်နှစ်ကောင်အသက်ဝင်လာ
ကြောင်းပြောပြရာ ထွန်းလှမှာ လက်မဲ
ကြီးကရစ်များကိုဆွဲယူကြောင်းယခုမှ
သိလိုက်ရသည် ။
လူသုံးလေးယောက်စု၍ထိုနေရာသို
သွားကြည့်ကြရာ ရစ်များကိုမတွေ့ရသော်လည်း တောကြောင်နှစ်ကောင်ကို
ပြန်တွေ့ကြသည် ။
ထွန်းလှမှာတောစီးသွားသောတော
ကြောင်နှစ်ကောင်ကို သက်ာမကင်းသောကြောင့် ဓားဖြင့်ဝမ်းဗိုက်ကိုခွဲကြည့်ရာ အားလုံးပျိုအန်မတတ်ဖြစ်ကုန်
ကြတော့သည် ။
အကြောင်းမှာ တောကြောင်ဗိုက်ကိုခွဲလိုက်ရာဝမ်းဗိုက်အတွင်းမှလောက်ကောင်များအပြည့်အသိပ်ရွစိထိုးလျှက်ရှိနေသည်ကိုတွေ့လိုက်ရသည် ။
နောက်ထပ်တစ်ကောင်ဗိုက်ကိုခွဲကြည့်ရာတွင်လည်း ပထမကြောင်နည်းတူ
ဗိုက်အတွင်းမှ လောက်ကောင်များတိုး
ထွက်လာကြသည် ။
အားလုံးမှာလည်းမကြုံစဖူးအဖြစ်ထူးမို တောကြောင်များကိုလွင့်ပစ်၍
စခန်းသိုပြန်လာခဲ့ကြတော့သည် ။
ညမမှောင်ခင်ကတည်းကစသော
ဖဲဝိုင်းကားအရှိန်ကောင်းနေပြီဖြစ်သည် ။
အစပထမအပျော်ကြေးလောက်သာဆော့သော ဖဲဝိုင်းက ညနက်လာလေလေ ကြေးတက်လာလေလေပင်ဖြစ်သည် ။
မိုးအောင်မှာ သူငယ်ချင်းဖြစ်သူ
အသေဆိုးနဲ့သေရခြင်းအတွက်စိတ်တွင်းခံစားရသောကြောင့် ညနေကတည်းက ထမင်းပင်မစားပဲအရက်များသောက်နေလျှက်ရှိသည် ။
မူးပြီးမှောက်သွားသောကြောင့်
အသုဘအလောင်းအနီးဖဲဝိုင်းပြုလုပ်သောနေရာနားမှတဲတန်းတွင် မိုးအောင်ကိုသိပ်ထားလိုက်ကြသည် ။
ညနက်လာသောအခါမိုးအောင်တစ်
ယောက်ရင်ဘတ်များပူ၍ လည်ချောင်း
များခြောက်ကပ်ကာနိူးလာပါသည် ။
...ဟင်...မင်းတိုဘယ်သူတွေလဲ...
အပြင်ဖက်မှအလင်းရောင်မှာ တဲအတွင်းတစွန်းတစဝင်ရောက်လျှက်ရှိရာ မိုးအောင်မျက်လုံးဖွင့်လိုက်ချိန်တွင်
သူ့အိပ်ယာဘေးတွင်ရပ်နေသူများကို
တွေ့လိုက်ရသည် ။
ယောက်ကျားတစ်ယောက်ခလေး
ချီထားသောမိန်းမတစ်ယောက်ကိုတွေ့လိုက်ရခြင်းဖြစ်သည် ။
သူတိုသစ်လုပ်ကွက်တွင်မိန်းမနဲ့ခလေးမရှိသောကြောင့် အလန့်တကြား
မေးလိုက်ခြင်းဖြစ်သည် ။
...ဘာ လုပ်တာလဲ... အု...အစ်...အစ်...
ယောက်ကျားကြီးမှာရုတ်တရက်ပက်လက်လှန်လဲသော မိုးအောင်ရင်ဘတ်ပေါ်ခွထိုင်၍ မိုးအောင်လည်ပင်းကို သန်မာသောလက်နှစ်ဖက်
နဲ့ညှစ်ထားလိုက်ရာမိုးအောင်တစ်ယောက် သူ့လည်ပင်းကိုညှစ်ထားသော
လက်များကိုရုန်းဖယ်ရင်းရှိနေသည် ။
...သတ်...သတ်...ကျွန်မတိုအိမ်ကိုဖျက်ဆီးတဲ့လူတွေအသေသာ သတ်...
ဘေးက ခလေးချီထားသောမိန်းမက
မိုးအောင်လည်ပင်းညှစ်ခံထားရခြင်းကို
ဝမ်းသာအားရအသံဖြင့်ပြောလာသလို
ခလေးကလည်း သဘောကျဟန်ခိုးခိုး
ခစ်ခစ်ရယ်မောလျှက်ရှိနေပါသည် ။
မိုးအောင်မှာ ပြုတ်တူကဲ့သိုသန်မာ
သောလက်ဖြင့်အညှစ်ခံထားရသလို
ရင်ဘတ်ကိုဘတ်တက်ဖိထားခြင်းကြောင့် အသက်ရူရကြပ်ကာ မျက်လုံး
ပင်ပြာဝေလာသည် ။
အပိုင်း(၆)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment