ရွာတော်စောင့်သရဲ ... အပိုင်း(၄)
ကုန်းဘောင်မင်းတွေ အင်းဝကနေ အမရပူရကိုပြောင်းပြီးနန်းစိုက်တဲ့ အချိန်ကတည်းက ရှိနေတာ၊ဒီတုန်းက ဘကြီးတော် မင်းရဲ့အမိန့်နဲ့ စစ်ကဲကြီးဦးမာက ရွာတော်ကြီးကို စနစ်
တကျ တည်ခဲ့တာ။အိမ်ခြေထောင်ကျော်ရှိတယ်၊မင်းကြီးရဲ့ကျေးလက်စံအိမ်တော်ရှိတယ်။မင်းကြီးက ကျေးလက်မှာစံချင်တဲ့အခါ အခြွေအရံ အပြည့်အစုံနဲ့ ရွာတော်ကြီးကိုကြွလေ့ရှိတယ်။ဒီတော့ ရွာတော်ကြီးကမင်းစံရွာကြီးပေါ့တာတေဒါကြောင့်လည်း ရွာတည်တဲ့ စစ်ကဲကြီး ဦးမာက
ရွာစည်းရိုးကို သစ်လုံးတွေနဲ့ ကျကျနန အခိုင်အမာ
ကာရံရတယ်။ပြီးတာနဲ့ အင်မတန်ဆိုးတဲ့ ဓါးပြဗိုလ်ကြီး ငထုံးကို သတ်ပြီး ရွာစတေးခဲ့တယ်။ခေါင်းကိုရွာအပြင်မှာမြှုပ်တယ်ကိုယ်ကိုတော့လေးဘက်လေးတန်ပေါင်ဖဲ့ပြီး ရွာထောင့်လေးရပ်မှာ မြှုပ်ပြီးမင်းမိန့်ပြန်တမ်းနဲ့ ရွာတော်ကြီးကို အစောင့်ထားတယ်။အဲဒီသရဲကြီးက ငထုံးဘဲ တာတေ။ဦးမာ သစ္စာဆိုပြီး စိုက်ခဲ့တဲ့
တမာပင်ပုလေးကိုနင်တွေ့တယ်မိုလား၊သက်တမ်းရာချီနေပြီ၊အဲဒီတမာပင်ကလွဲရင် သရဲငထုံး ဘယ်မှာမှ မနေရဘူးလိုအမိန့်ထားခဲ့တယ်၊အဲဒီတမာပင်ပုလေးက သရဲကြီး ငထုံးရဲ့
ဗိမာန်ပဲ။"အိုး……ရှေးတုန်းက ဘုရင်တွေရဲ့အမိန့်ဟာ တယ်လည်းပြင်းထန်တာပါလား"
ကျုပ်က အတွေးနဲ့ ပြောလိုက်မိတာဗျ။
"နင်ငထုံးရဲ့ အရိုးတွေကို ရှာပြီးတူးလိုက်၊ပြီးရင် မီးသင်္ဂြိုဟ်ပေးလိုက်၊ဒါဆိုရင် ငထုံး ဒီနေရာကနေ ထွက်သွားလိမ့်မယ်၊
သူလည်း ဒီနေရာက သွားချင်လှပြီပေါ့ တာတေ၊
မင်းမိန့်မိုလို သူ့ခမျာ ခံနေရတာပါ"
"အရိုးတွေကို စစ်ကဲကြီးဦးမာ ဘယ်နေရာတွေမှာ မြှုပ်ခဲ့တယ်ဆိုတာ ကျုပ်မှမသိတာ မဖဲဝါရဲ့"
"မနက်ဖြန်လကွယ်ည သန်းခေါင်ယံမှာ နင်တိုရွာပြင်ထွက်ခဲ့။ငါခွေးနက်ကြီးကို လွှတ်လိုက်မယ်။ငထုံးရဲ့ ခေါင်းနဲ့ကိုယ်
မြှုပ်ထားတဲ့ နေရာတွေကို ခွေးနက်ကြီးက ပြလိမ့်မယ်""ကောင်းပါပြီ မဖဲဝါ"
နောက်နေ့ရောက်တော့ အစီအစဉ်အားလုံး လုပ်ရတာပေါ့ဗျာ။ရွာထဲက လူတွေစုပြီး ညသန်းခေါင်မတိုင်ခင်ကတည်းက
ကျုပ်တိုလူစု ရွာတော်အပြင်ကို ထွက်ခဲ့တယ်။မူလရွာကြီးကဘယ်လောက်ကြီးတယ်။ဘယ်နေရာမှာ ဝင်ပေါက်တံခါးရှိတယ်။ရွာကဘယ်ဘက်လှည့်တယ် ဘယ်သူမှ မသိကြတော့ဘူးလေဗျာ။နဂို ရွာကြီးနဲ့ပက်သက်တာဆိုလို ရွာတော်ကြီးဆို
တဲ့နာမည်ပဲ ကျန်တော့တာဗျ။
"ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ ၊ အီ"
လကွယ်ညဆိုတော့ ကြယ်ရောင်လေးပဲ ရှိတာပေါ့ဗျာ။မဖဲဝါရဲ့ ခွေးကြီးလာနေပြီဗျို။ဟော ဟော သွားပြီ သွားပြီ။ခွေးနက်ကြီးသွားပြီဗျို။ကျုပ်တိုလူစုလည်း ခွေးနက်ကြီးနောက်
ကလိုက်ရတာပေါ့ဗျာ။ ဟော……တူးပြီဗျို၊ တူးပြီ။ခွေးနက်ကြီးက နေရာတစ်နေရာကို တူးပြတယ်။ကျုပ်တိုထဲက နှစ်ယောက်နေခဲ့ပြီး အဲဒီနေရာ
မှာတူးကြတယ်။ခွေးနက်ကြီးကဆက်သွားပြီး တစ်နေရာမှာ တူးပြန်တယ်။ကျုပ်တိုထဲက နှစ်ယောက်နေခဲ့ပြီး တူးကျန်ရစ်တယ်။နောက်ထပ်ဆက်သွားဆက်တူးအားလုံးပေါင်းငါးနေရာဗျ။ပြီးတော့ ခွေးနက်ကြီး ပြေးထွက်ပြီး
ပျောက်သွားတယ်။
"ဝူး ၊ ဝူး ၊ ဝူး ၊ အီ ၊ အီ ၊ အီ"
ခွေးအူသံကြီးက တဖြန်းဖြန်း ဝေးဝေးသွားရောဗျို။ဟာ…တွေ့ပြီဗျို၊တွေ့ပြီ။သရဲငထုံးကြီးရဲ့ လူဘဝကခေါင်းခွံ၊လက်၊ခြေထောက်၊ကိုယ် အားလုံးဆက်လိုက်တော့ လူတစ်ယောက်
ရဲ့အရိုးစုကြီး ဖြစ်လာတာပေါ့ဗျာ။ ဒီတော့မှပဲ မူလရွာတော်ကြီးရဲ့ အကျယ်အဝန်းကို
ရွာသားတွေ တွေ့ရတော့တာဗျို။စစ်ကဲဦးမာတည်ခဲ့တဲ့ဒီရွာကြီးက နည်းတဲ့ရွာကြီးမှ မဟုတ်တာဗျာ။ဘုရင်တောင် ကြွပြီး
ကျေးလက်စံတဲ့ရွာဆိုတော့ ရွာစည်းရိုးကို အခိုင်အမာဆောက်ထားတာတဲ့ဗျ။ပြီးတော့ ရွာစတေးပြီး အစောင့်ချထားသေးတာ။
ဓားပြကြီး ငထုံး ဒီနေရာမှာ ဘယ်မှ မသွားဘဲစောင့်
နေတာ။ခမျာကြီးလည်း တော်တော်ကို သနားဖိုကောင်းပါတယ်ဗျာ။ နောက်တနေ့မှာဘဲ ရွာတော်ဆရာတော်ကျောင်းမှာရွာတော်သူကြီးနဲ့ ရွာထဲက လူကြီးတွေ တိုင်ပင်ကြတာပေါ့ဗျာ။
တိုင်ပင်ပြီးတာနဲ့ ချက်ချင်းဆုံးဖြတ်ကြတာဗျို။
ယင်းချောင်းတဖက်ကမ်းက တောင်ချွန်းဆရာတော်နဲ့
ရွာတော်ဆရာတော်အပါအဝင် သံဃာဆယ်ပါးကို
ဆွမ်းကပ်မယ်။သရဲကြီးငထုံးကို ဒီည ဝက်သားကျွေးပြီးတာနဲ့ကျုပ်ကအားလုံး အကျိုးအကြောင်းပြောပြီးမနက်အာရုဏ်တက်မှာတရားနာ ဖိတ်ရမယ်။သရဲကြီး ငထုံး တရားနာနေတုံးမှာ သူ့ရဲ့အရိုးတွေကို မီးသင်္ဂြိုဟ်ကြရမယ်။
ဒါဆိုရင် ရွာတော်စောင့် သရဲကြီး ကျွတ်နိုင်တယ်လို ယူဆကြတာပေါ့ဗျာ။ ရွာသားတွေလည်း သူတိုဆုံးဖြတ်တဲ့အတိုင်းချက်ချင်းထပြီးလုပ်ကြကိုင်ကြတာဗျို။တမာပင်ပုလေးနားမှာ ချက်ချင်း ကနဖျင်ထိုးပြီ အလှူအတွက်ခင်းကြတာပေါ့ဗျာ။
ကျုပ်လည်း အဲဒီညရွာတော်စောင့်ကြီးကို ဝက်သားကျွေးရင်း မဖဲဝါရဲ့ ကိုယ်ခွဲရုပ်ကလေးနဲ့ပြပြီး မနက်တရားနာဖို ဖိတ်လိုက်တယ်။ ကျုပ်ကတော့ မျက်ကွင်းဆေးကွင်းပြီး ကြည့်နေရတာ
ပေါ့ဗျာ။မနက်လေနာရီခွဲမှာ ဆရာတော်တွေကို
ဆွမ်းကပ်ကတည်းကသရဲကြီးငထုံးကို ကျုပ်ခေါ်လိုက်တယ်ဗျ။သရဲကြီးလည်း ကျွတ်လွတ်ချင်ရှာလွန်းလို လာပါတယ်ဗျာ။
သူုအတွက် ကျုပ်လုပ်ပေးထားတဲ့ နေရာမှာကြုံကြုံကြီးထိုင်နေတာ။တကယ်ကို ဆင်ကြီးတစ်ကောင် ထိုင်နေသလိုပါပဲဗျာ။
အပိုင်း(၅) ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်...

Comments
Post a Comment