တစ္ဆေရင်သွေး ၊ အပိုင်း (၄)
"ဟဲ့ တာတေ၊ နင် ထမင်းကြမ်းစားချင်
ရင် စားဖို့ ငါဝက်သားဟင်း ဖယ်ထား
တယ်၊ ကျန်တာကတော့ ထမင်းကြီး
စားတော့မှ စားမယ်"
"အမေက ဝက်သားဟင်း ဘယ်ကရလို့
တုံး၊ ချက်တာလည်း မတွေ့ပါလား"
"ငါချက်တာ မဟုတ်ဘူး၊ နင့်ဒွေးလေးပြား
ကြည် လာပေးတာ၊ မနေ့က သူတို့ ပဲတွေ
အကုန်သိမ်းဆည်းပြီးသွားလို့ဆိုပြီး ဘန့်
ဘွေးကုန်းမှာ ဝက်ဆုံသား မှာသတဲ့။ မ
နည်းဘူး။ သုံးပိဿာတောင်ကျော်တယ်
တဲ့။ ဘုန်းကြီးကျောင်းလည်း ဆွမ်းပို့သ
တဲ့။ ရပ်ထဲရွာထဲက လူကြီးသူမတွေကို
လည်း ဟင်းပို့သတဲ့။ ငါ့ဆီလည်း ပို့တာ
ချိုင့်နဲ့တစ်လုံးပဲတဲ့"
"သြော် ဟုတ်လား၊ ဒွေးလေးတို့ ပဲတွေ
ဘယ်လိုနေသတဲ့တုံး"
"သြော် အဆင်ပြေတာပေါ့၊ သူတို့လင်
မယားတွေ အလုပ်လုပ်တာတော့ တော်
တော်ကို တက်ညီလက်ညီရှိတာဗျ။ မ
နက်အစောကြီး ထမင်းတောင်းထည့်ပြီး
ယာထဲဆင်းကြတာ ဘလေးက လှည်း
မောင်းပြီးလို့ ဒွေးလေးက သူတို့သမီး
ပဲစိန်မကို သူ့ရင်ခွင်ထဲ ထိုင်ခိုင်းပြီး
စောင်တစ်ထည်ခြုံခေါ်သွားတာ ပဲစိန်
မကလည်း ငုတ်တုတ်ကလေးထိုင်ပြီး
အိပ်လိုက်သွားတာဗျ"
"ပဲစိန်မကို ခေါ်သွားရတာပေါ့ဟဲ့၊ အိမ်မှာ
ထားခဲ့လို့မှ မရတာ။ မအေ သွားလေရာ
ကို ဒီကောင်မက တကောက်ကောက်
လိုက်နေတာလေ။ ယာထဲရောက်မှပဲ
သစ်ပင်အောက်မှာ ဖျာတစ်ချပ်ခင်းပြီး
ဆော့ခိုင်းထားတာဆိုပဲ။ ဆွဲခြင်းတောင်း
ထဲမှာ ပဲစိန်မ ကစားတဲ့ အိုးပုတ်တွေ
အရုပ်တွေ၊ အကုန်ထည့်သွားဆိုပဲ။ အဲ
ဒါ ဘန့်ဘွေးပင်ကြီးအောက်မှာ ဖျာခင်း
ပေးထားရင် တစ်ယောက်တည်း စကား
တပြောပြောနဲ့ ဆော့နေတဲ့ဟေ့၊ ကလေး
ကလည်း ကလေးအေးလေး ရထားတော့
အဖေ အမေတွေ အလုပ်မပျက်တော့
စီးပွားတက်တာပေါ့ဟယ်"
ညဘက်အေးလွန်းတော့ ကျုပ်တို့တွေ ဘယ်မှာကောင်းကောင်းအိပ်နိုင်မှာတုံး
ကွာ၊ ခဏ ခဏ နိုးတော့တာပါ။ မနက်
ရောက်တော့ အိပ်ရာက စောစောမထ
နိုင်ကြဘူးဗျ။ ကျုပ်ဆိုရင် မနက်ကို ခု
နှစ်နာရီကျော်မှ နိုးတာချည်းပဲဗျ။
"ကိုကြီးတာတေ၊ ကိုကြီးတာတေ"
ကျုပ်က နိုးတော့နေပြီဗျ။ အိပ်ရာထဲမှ
စောင်ခြုံပြီး ကွေးနေတာ။ ဝိုင်းဝကနေ
ကျုပ်ကိုခေါ်နေတာ ကျောက်ခဲအသံဗျ
ကျုပ်အိပ်ရာကနေ ကပျာကယာ ထပြီး
ဝိုင်းဝကို လှမ်းကြည့်လိုက်တယ်။ နှင်း
တွေမှ ကျလိုက်တာ ပိတ်နေတာဗျ။
ဝိုင်းဝကို မြင်ဖို့ နေနေသာသာ ရှေ့
တစ်လံလောက်ကိုတောင် မမြင်ရ
ဘူး။
"ကျောက်ခဲလား၊ လာလေကွာ၊ ဝင်ခဲ့၊
ဝင်ခဲ့"
ဟုတ်ပါ့ဗျာ။ ကျောက်ခဲဗျ။ စောင်
ကြားကြီးတစ်ထည်ကိုယ်မှာ ပတ်လို့
ဗျို့။ သိပ်အေးရင် လည်ပင်းနဲ့ နားကို
လုံအောင်လုပ်ထားရတာလေဗျာ။
ကျောက်ခဲခုံတန်းမှာ ဝင်ထိုင်လိုက်တာနဲ့
ကျုပ်ပြောလိုက်တာဗျ။
"စောစောစီးစီးပါလားကွာ၊ ကျောက်ခဲရ"
"ဟာ မစောတော့ပါဘူးဗျ၊ ကိုကြီးတာ
တေ အိပ်ရာထ နောက်ကျနေလို့ပါ။
ရှစ်နာရီပဲ ထိုးပေါ့"
"ဟေ ဟုတ်လားကွ၊ ခဏစောင့်ကွာ"
ကျုပ်က မျက်နှာကို ကပျာကယာ သစ်
တယ်။ပြီးတော့ အမေ အဆင်သင့် ထည့်
ထားတဲ့ ထမင်းကြမ်းပန်းကန်နဲ့ ခရမ်းချဉ်
သီးပန်ထွာဖျော်ကို အိမ်ရှေ့ယူလာပြီး စား
ရင်းသောက်ရင်း ကျောက်ခဲနဲ့ စကားပြော
ရတာပေါ့ဗျာ။
ဗိုက်ကလည်း ဆာနေပြီလေဗျာ။
"ကျောက်ခဲ အကြောင်းတစ်ခုခုတော့ ရှိ
ပြီထင်တယ်"
"ဟုတ်တယ်ဗျ၊ ကိုကြီးတာတေရ၊ဒွေးလေး
ပြားကြည်တို့အိမ်ရှေ့မှာ ညက သရဲမကြီး
မြင်လို့တဲ့"
"ဟေ ဟုတ်လား"
"ဟုတ်တယ်ဗျ၊ ဒွေးလေးပြားကြည်ရော၊
ဘလေးသိုးဖြူရော မြင်တာတဲ့ဗျ၊ ဒီမနက်
ကျတော့ ဘလေးတို့ မျက်နှာချင်းဆိုင်
တည့်တည့်ဝိုင်းက အရီးဒေါ်ဆင်မကြီးက
လည်း ညက သူလည်း မြင်တယ်လို့
ပြောတယ်ဗျ"
"ဟ ဒါဆိုရင် ဟုတ်လို့ပေါ့ကွ၊ သရဲမက
ဘယ်လိုပုံစံတုံး ကျောက်ခဲရ"
"အရပ်အရှည်ကြီးတဲ့ဗျ၊ ဆံပင်ကြီးဖား
လျားချလို့တဲ့။ မျက်နှာရော ကိုယ်လုံးရော
ဆံပင်က ဖုံးနေတာတဲ့ဗျ။ ဆံပင်က သရဲမ
နဲ့ ဒူးခေါင်းလောက်အထိ ဖုံးနေတာဆိုပဲဗျ"
"အဝတ်အစားကော ပါသတဲ့လား"
"ဟာ ကိုကြီးတာတေကလည်း ဆံပင်
ကြီးက တစ်ကိုယ်လုံးဖုံးနေပါတယ်ဆိုမှ
တော့ အဝတ်အစားပါလား မပါလား
ဘယ်သိမှာတုံးဗျ"
"အေး ဒါလည်း ဟုတ်တာပဲ၊ နို့ သရဲမက
ဒွေးလေးပြားကြည်တို့ဝိုင်းရှေ့မှာ ဘာ
လုပ္တာတဲ့တုံး"
"သူတို့ပြောတာတော့ ဘာမှမလုပ်ဘူးတဲ့ဗျ။
ဝိုင်းရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်
လိုက်၊ အိမ်ထဲကို ကြည့်လိုက်ပဲ လုပ်နေ
တာတဲ့ဗျ။ ဝိုင်းစည်းရိုးကို ထိလိုက်ရင် မီးပူ
သလို တုံ့ကနဲ တုံ့ကနဲ ဖြစ်သွားတာဆိုပဲဗျ၊
ဘလေး သိုးဖြူတို့ကလည်း ဒီနှစ် ပဲတွေ
အောင်လို့ဆိုပြီး မနေ့ကတင် ဘုန်းကြီး
ကျောင်းမှာဆွမ်းကပ်မတဲ့ဗျ။ပုဗ္ဗာရုံကျောင်း
ဆရာတော်က သူတို့လင်မယားကို ပရိတ်
ရေတစ်ပုလင်း ပေးတယ်ဆိုပဲ။ပြီးတော့ ဆ
ရာတော်က အမိန့်ရှိသေးသတဲ့ဗျ။
'ဒီပရိတ်ရေထဲမှာ ဆေးဝါးတွေပါတယ်၊
အိမ်ရောက်ရင် ရေနဲ့ပွားပြီး ဝိုင်းစည်းရိုး
ကို ပတ်ဖြန်းထားလိုက်"
လို့ ဆရာတော် မှာတာနဲ့ ဘလေးသိုးဖြူ
ကဝိုင်းထဲရော ဝိုင်းစည်းရိုးရော ပရိတ်ရေ
ဖြန်းထားတာဆိုပဲဗျ"
"အေး ဒါကြောင့် ဝိုင်းစည်းရိုးကို သရဲမ
မကိုင်နိုင်တာဖြစ်မှာပေါ့ ကျောက်ခဲရ"
"ဟုတ်မယ်ဗျ၊ ကိုကြီးတာတေရ"
"နေပါဦး ကျောက်ခဲရဲ့။ အဲဒီသရဲမက
နောက်ဆုံးဘယ်ရောက်သွားတုံး"
"ဒွေးလေးပြားကြည်တို့ ပြောတာက
တော့ သူတို့အိမ်ရှေ့က မန်ကျည်းပင်
ပေါ်ကြီးပေါ်ကို တက်သွားတယ်တဲ့ဗျ"
"ဟေ ဟုတ်လားကွ၊ ဒါဆိုရင် နဂိုတည်း
က ဒီအပင်မှာနေတဲ့ သရဲမလားမှ မသိ
တာ"
အပိုင်း(၅)ဆက်ရန်...
"ဒါတော့ မပြောတတ်ဘူးဗျ"

Comments
Post a Comment