ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၄)


ဟ တာတေပါလား မမြင်တာတောင်ကြာပြီ
ဆိုပြီးဟိုကနှ ုတ်ဆက် ဒီကနှ ုတ်ဆက် နဲ့ပေါ့ဗျာ ကျုပ်ကလည်းလူခင်လွှတ်ပေါတာဗျ 
ဟာတာတေပါလား ဘယ်လာတာတုံး 
အရီးအေးခင်ဗျ အမေနဲ့ညီအမတွေလိုခင်ကြတာ
အရီးရေ ကိုဘညိုအိမ်သွားမလို့ဗျ
ဟဲ့ ငွေတွင်းကုန်းရောက်တုန်း အရီးအိမ်မှာထမင်းစားလေ တာတေ
မစားတော့ဘူး အရီးရေ ကိုဘညိုမနေ့ထနောင်းကုန်းလာလို့သူတို့ချက်ထားမယ်ပြောထားတယ် အရီးရဲ့
သြော်ဒီလိုဖြစ့်အရီးဟင်းပို့ခိုင်းလိုက်မယ် ဘညိုတို့ဘစိမ်းတို့ကိုပြောထားလိုကိဦး
ဟုတ်ကဲ့ အရီး ဟုတ်ကဲ့
ရွာလယ်လမ်းကနေ တောင်ပိုင်းကို ချိုးချလိုက်တယ် ကျုပ်ရောက်တော့ ကိုဘညိုတို့ကိုဘစိမ်းတို့က ကျုပ်ကိုဝိုင်းဝကနေ ထွက်ကိုမျှော်နေတော့တာဗျ
မင်းမျှော်နေတာ တာတေရ
ကိုဘစိမ်းကပြုံးပြုံးကြီးဆီးပြောတာဗျ ကိုဘညိုကကျုပ်ထက်အသက်ငါးနှစ်ခြောက်နှစ်ကြီးတယ်ဘကိုဘစိမ်းနဲ့ကတော့ တနှစ်နှစ်နှစ်လောက်ပဲကွာတာပါ
ကျုပ်လဲရွာထဲမှာ ဟိုလူ့နှ ုတ်ဆက် ဒီလူ့နှ ုတ်ဆက်နဲ့ကိုကြာသွားတာဗျို့
ကဲလာအိမ်ပေါ်တက် တာတေ
ဒီညီအကိုကလွှတ်သဘောကောင်းတာဗျ
ဟဲ့တာတေနင်ငါ့တို့ရွာမရောက်တာကြာပေါ့
ကိုဘစိမ်းအမေ အရီးလုံးကြည်ကျုပ်ကိုပြုံးပြပြီးနှ ုတ်ဆက်တယ်ဗျ
ုဟုတ်ပါ့ အရီးရေ ကျုပ်လည်းဒီဘက်ကိုအကြောင်းမဆုံတာဗျ ခုမှပဲအကြောင်းလေးဆုံလို့ရောက်လာတာဗျို့
အေးပေါ့လေ လူဆိုတာဒီလိုကြီးပါပဲဟယ် ကိုယ့်ကိစ္စနဲ့ကိုယ် အားကြတယ်လို့ကိုမရှိပါဘူး 
နို့ဘိုးအောင်ဘရောမမြင်ပါလား အရီး
နင့်ဘကြီးအောင်ဘက မီးလောင်ကုန်းခဏသွားတယ် တာတေရဲ့
ဘိုးအောင်ဘရောအရီးရောနေကောင်းကြတယ်မို့လား
အေးကောင်းပါတယ် ဟိုတလောကတော့ နိဘကြီးကခါးနာလို့တဲ့ဟေ့ ခုတော့ပျောက်သွားပါပြီဟယ် ဘညိုသူငယ်ချင်းတယောက်ပေးလိုက်တဲ့ ဆေးမြစ်သွေးလိမ်းတာဟေ့ နေပါဦးဟဲ့ ဘညိုနင်ယူလာတာ ဘာအမြစ်တုန်း
ပျဉ်းမအဖြူအမြစ်ဗျ
ကိုဘညိုဝင်ပြောတော့မှကျုပ် အံ့သြသွားတာ
သြော် ပျဉ်းမမှာလဲအဖြှူရှိတာလားဗျ ကျုပ်ကရွေးဖြူပဲကြးဖူးတာ
ဟာ ရှိတယ်ကွ တာတေရ ရုံးကွင်းဘက်မှာရှိတယ်

ဟဲ့ တာတေ ဆာရောပေါ့ဟဲ့ ထနောင်းကုန်းကနေငွေတွင်းကုန်းအထိလမ်းလျှောက်ခဲ့ရတာ
အေး ဟုတ်သားပဲတာတေရ ကဲဘစိမ်းရေ ထမင်းခူးကွာ
ဒီတော့မှကျုပ်သတိရသွားတယ်
ဟာ နေကြဦးဗျ ကျုပ်ဒီလာတော့ အရီးအေးခင်နဲ့တွေ့တယ် သူ့အိမ်မှာထမင်းစားဖို့အတင်းခေါ ိနေတာ အဲ့ဒါအရီးအေးခင်ကပြောလိုက်တယ် ဘညိုတို့ကိုပြောလိုက်တဲ့သူဟင်းပို့လိုက်မယ်တဲ့
သြော်အရီးအေးခင်လား ဟုတ်တာပေါ့တာတေရဲ့ နင့်အမေငွေစိန်နဲ့အေးခင်ကညီအမတွေလိုနေကြတာ ကဲဘစိမ်းရေ နင့်အရီးအေးခင်ဆီသွားလိုက်ပါဦးဟယ် သူကိုယ်တိုင်တုန်တုန်ချိချိလာနေပါဦးမယ် 
ဟုတ် အမေ ကျုပ်သွားယူလိုက်မယ်အရီးအေးခင်က ဟင်းချက်တော့ကောင်းတယ်ကွ တာတေရ
ကိုဘစိမ်း ရွာလယ်ဘက်ထွက်သွားတယ် တယ်မကြာလိုက်ဘူးဗျ ပြန်ရောက်လာတယ် လက်ထဲမှာဇလုံတလုံးကိုင်လို့
နင့်အရီးဘာပေးလိုက်တုန်း ဘစိမ်း
အမဲခြောက်ရေစိမ်ပြီး ခရမ်းချွန်သီးနဲ့ချက်ထားတာဗျ ကျုပ်တော့လွှတ်ကြိုက်တာဗျ
ငွေတွင်းကုန်းသားတွေက ခရမ်းချဉ်သီးကို ခရမ်းချွန်သီးလို့ခေါ်ကြတာဗျို့
ကျုပ်တို့ထမင်းစားရင်း စကားတပြောပြောနဲ့ပေါ့ဗျာ စားပြီးသောက်ပြီးတော့ကိုဘစိမ်းက ဆေးလိပ်ခွက်လေူ အသင့်ယူလာတယ်ဗျ ကျုပ်သောက်နေကျ နဂါးဆေးပေါ့လိပ်လေးနှစ်လိပ်ထည့်ထားတယ်
ဆေးလိပ်သမားဆိုတာက ထမင်းစားပြီးရင် ဟန်မဆောင်နိုင်အောင်ဆေးလိပ်သောက်ချင်တာဗျ ဆေးလိပ်နှစ်ဖွာသုံးဖွာ ဖွာလိုက်တော့မှနေလို့ကောင်းသွားတာ
မနက်အစောကြီးကိုတောကျော်တခေါက်လာသေးတယ်ကွ တာတေရ
ဟင် ဘာကိစ္စတုန်း
တထြားမဟုတ်ပါဘူး မင်းလာမှာသေချာလာလို့လာမေးတာ ပြီးတော့သူ့အိမ်မှာ မင်းကိုထမင်းကကျွေးချင်လို့လာပြောတာ
တာတေကလာမယ်ဆို ဘယ်တော့မှမပျက်ဘူးလို့ပြန်ပြောလိုက်တယ် ပြီးတော့ထမင်းလဲဒီမှာစားမှာလို့ပြောလိုက်ရတယ်
ခဏကြာရင်တော့သွားလိုက်တာကောင်းမယ်ဗျ ကိုဘညိုရဲ့ တော်ကြာဟိုအောက်လမ်းဆရာပါဒီကိုလိုက်ချလာဦးမယ် 
ကိုဘစိမ်းကသူ့အကိုကိုပြောတယ်
အေး ဟုတ်တယ်ကွ လိုက်လာမှာသေချာတယ်
ကဲ ဒါဆိုလည်းသွားကြရအောင်ဗျာ
ကျုပ်ကလည်းအဲ့လူကိုဒီကိုမလာစေချင်ဘူးဗျ ဒါနဲ့ကိုဘညိုနဲ့ကျုပ်နဲ့ထွက်လာခဲ့တယ်
ကိုတောကျော်တို့အိမ်ကလည်းတောင်ပိုင်းမှာဆိုတော့ ကိုဘညိုတို့နဲ့သိပ်မဝေးဘူးဗျ လှည်းလမ်းကျော်လိုက်တာနဲ့တဝိုင်းကျော်ပဲ ဝိုင်းကလည်းကျယ်သားဗျ အိမ်ကြီးကလည်းကောင်းပါတယ်
ကိုတောကကျော်အဘ ဘိုးဖြူတုတ်ဆောက်ခဲ့တာကွ ကိုတောကျော်ကတဦးတည်းသောသားလေကွာ အမွေအားလုံးသူပဲရတာပေါ့
ဟာ ဘညိုလာကွ
အသံခပ်လေးလေးကြီးနဲ့လှမ်းခေါ်တာဗျို့ ကိုတောကျော်ဆိုတာဒီလူပဲဖြစ်မယ် လေဖြတ်တာကောင်းသွားပြီဆိုတာတောင် အသံကလေးနေတုန်းဗျ
ဘညို ဒါမောင်တာတေလား
ဟုတ်တယ် ကိုတောကျော်ကျုပ်တို့စားပြီးပြီးချင်းထွက်လာတာဗျ 
ဘညိုရာ မင်းရောမောင်တာတေရောဒီမှာစားကြရောပေါ့ကွာ
ကျုပ်တို့ကအိမ်မှာချက်ထားလိုက်လို့ပါဗျာ နို့မဟုတ်ရင်စားပါတယ် ကိုကြီးတောကျော်ရာ
ကျုပ်အိမ်ထဲကိုလှမ်းကြည့်လိုက်တော့ ပုဆိုးကွက်တုန်းကြီးနဲ့လူပိန်ပိန်တယောက်ထိုင်နေတာတွေ့တယ်ဗျ
ကဲ တက်ကြ ထိုင်ကြကွာ မောင်တာတေဒါဆရာစောရာမပဲကွ

အပိုင်း(၅)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)