♕ ♕ ဝါသနာအစွဲနဲ့ ရွာဟောင်းတောင်ကသရဲ♕ ♕ အပိုင်း(၅) /ဇာတ်သိမ်းပိုင်း
တဟင်းဟင်းညီးသံနဲ့အတူ တဲအနားသို ကုန်းကုန်း ကွကွဖြင့် လူရိပ်တစ်ခုချည်းကပ်လာကာ
တဲပြင်တွင်ဆောင့်ကြောင့်ထိုင်ရင်းရှိနေ၏ ။
…တဲ....ရှင်တို....အိပ်ကြ ပြီလား........
အရမ်းဆာနေလို စားစရာလေးများ မရှိကြဘူးလားကွယ်...ဆာလိုပါ......
ကြောချမ်းဖွယ် လည်ချောင်းသံအက်အက်ဖြင့် အဖွားကြီးတစ်ယောက်အသံအားကြားလိုက်ရတာကြောင့် အောင်မော်လည်း ထိတ်လန့်ကာ သူ့ဘေးမှ လှအောင်အား တတောင်ဖြင့် သုံးလေးချက်တွက်ကာနိုးလိုက်သည်။
…အင်.....အင်...ဘာဖြစ်ိလိုလဲ ကိုကြီး......
…ဟိုမှာ စားစရာလာတောင်းနေတယ်......
…ဘယ်သူလဲစားစရာတောင်းတာ.....
ခုမှနိုးလာသောလှအောင်အားအောင်မော်ကရှင်းပြနေချိန်
…အင်း......ဟင်း.......ဟင်း.....
အရမ်းလည်းချမ်းတယ်..အစားမစားရတာလည်းအတော်ကြာပါပြီ စားစရာလေးတွေရှိရင် နည်းနည်းကျွေးပါ.......အင်း.....ဟင်း....ဟင်း......
အဘွားကြီးကားဆံပင်စုတ်ဖွားဖြင့် တဲပေါ်ဝတွင်ငုတ်တုတ်ထိုင်ရင်း စားစရာတောင်းကာ တဟင်းဟင်း တအင်းအင်းညီးညူ နေတာကြောင့် ခုမှနိုးလာသော လှအောင်တစ်ယောက်လှမ်းကြည့်ကာထိတ်လန့်သွားတော့၏။
"…စားစရာ ဘာမှမရှိဘူး ကျွန်တော်တိုက ဒီကို ခနလာတဲ့သူတွေပါ...ဘာစားစရာမှမရှိတော့ဘူး..”.....
"အင်း....ဟင်း.....ရှိပါတယ်.....မင်းတိုမကျွေးရင်ငါယူစားရမလား....
အောင်မော်အပြောကို အဘွားကြီးကမေးရိုက်သံဖြင့် ခွန်းတုန့်ပြန်လိုက်ခြင်းဖြစ်သည်။
နှစ်ယောက်သားတဲပေါ်ဌိုင်ရင်း အပြင်မှာအဘွားကြီးအားကြည့်ကာကျောချမ်းနေကြပြီဖြစ်သည်။
လှအောင်ကားပုံမှန်မဟုတ်သောအခြေအနေကိုတွေ့ကြုံနေရခြင်းကြောင့် အသားတဆတ်တုန်ကာ ဘာမှမပြောနိုင်ဖြစ်နေသည်။
"မရှိပါဘူးဆို… ပြန်တော့ဗျာ ဘာမှမရှိဘူး....."
"ရှိပါတယ်...အင်း...ဟင်း ........
မင်းတိုမကျွေးရင် ငါယူစားပြီနော်...
..
…အွပ်...ကွပ်...ကွပ်....ဂျွတ်...ဂျွတ်…
…ဟာ…
အဘွားကြီး၏ လက်တချောင်းသည် ရှည်ထွက်လာပြီး မီးဖိုဘေး တဲထုတ်တန်းပေါ်တွင် သိပ်ထားသောအောင်မော် တည်ကြက်အား လှမ်းဆွဲသွားခြင်းပင်ဖြစ်၏ ။
ကြက်ကားတကွပ်ကွတ်အော်မြည်ရင်း အဘွားကြီးလက်အတွင်းရှိနေချိန် ....
.အဘွားကြီးက ကြက်လည်ပင်းကိုကိုက်ချလိုက်.ပြီးနောက် ခြေနှစ်ခြောင်းမှကိုင်ကာ သွေးသံတရဲရဲဖြင့် ကိုက်ဖဲ့စားသောက်နေတော့၏ ။
…ဝုန်း....
….ပြေး.....လှအောင်ရေ..
...ပြေး.......ဟ
ထိုမြင်ကွင်းအားကြည့်ရင်းနှစ်ယောက်သား
ကြောက်ဒူးတုန်ကုန်ကြ၏။
အောင်မော်လည်းခနကြောင်နေပြီးမှတဲနောက်မှ အလွယ်ကာထားသော ထရံအား ခြေဖြင်ဝုန်းခနဲဆောင့်ကန်လိုက်ရင်း တဲထက်မှခုန်ဆင်းကာကြောင်ကြည့်နေသော လှအောင် အားသတိပေးရင်းခုန်ဆင်းကာရွာဖက်သိုဦးတည်ပြေးတော့၏ ။
လှအောင်မှာ လည်းဘယ်အချိန်ကပင်ပြေးဖိုချောင်းနေသည်မသ်ိ ပြေးလိုက်သည်မှာ အောင်မော်ကိုပင်ကျော်တက်၍ ရှေ့မှပြေးနေလျက်ရှိနေ၏ ။
တဲဝတွင်ဆောင့်ကြောင့်ထိုင်ကာကြက်တကောင်လုံးအရိုးပါမကျန် တဂျွတ် ဂျွတ် ဖြင့် ကိုက်စားနေသောအဘွားအိုကြီးသည်
ကြက်တကောင်လုံးကုန်သောအခါ ဖားပြုတ်ကဲ့သို ခုန်ဆွ ခုန်ဆွဖြင့် အောင်မော်တိုနောက်လိုက်လာတော့သည်။
....ဟောဟဲ........နောက်မှာလိုက်လာတယ် ကို ကြီး.....ဟော..ဟဲ.....
.…အောင်မလေး ကယ်ကြပါအုံး.. .ဗျို
ကြောက်လန့်တကြားသံကုန်ခြစ်အော်၍
နှစ်ယောက်သားပြေးနေကြရာ နှစ်နာရီ ခန့်ခရီးကိုဘာမျမကြာလိုက်ခင်ရွာသိုရောက်လာကြတော့၏
သရဲမကြီးကား ဘယ်ဆီကတည်းက နောက်တွင်ကျန်နေခဲ့ပြီကိုသူတိုနှစ်ယောက်မသိ
ရွာဝင်လမ်းမှရွာအတွင်းကဆုန်ပေါက်ပြေးနေကြ
တော့၏ ။
သူတိုနှစ်ယောက်အော်သံကြောင့် ညနက်သန်းခေါင်အိပ်မောကျနေသော ရွာသားများ သူခိုး လိုက်ဖမ်းသည်ထင်မှတ်ကာ မီးတုတ်များ ဓားလှံများဖြင့် ဆွဲ၍ ထွက်လာကြချိန် အော်ဟစ်ပြေးလာသောအောင်မော်တို ညီအစ်ကိုနှစ်ယောက်အားတွေ့လိုက်ရတော့သည်။
ရွာသားများကိုတွေ့မှစိတ်လျော့လိုက်သော အောင်မော်တိုနှစ်ယောက် မြေကြီးပေါ်ပက်လက်လှန်ရင်းဟောဟဲ ဟောဟဲဖြင့်အမောဖောက်နေသောကြောင့် နီးစပ်ရာအိမ်ပေါ်ဆွဲတင်၍ အမောပြေချိန်ရောက်မှ နှစ်ယောက်သားကြုံလာခဲ့သမျ ရွာသားများအားတယောက်တလှည့်စီပြောပြကြတော့သည်။
ထိုနေ့ထိုအချိန်မှစ၍ အောင်မော်တစ်ယောက် ကြက်တည်သောအလုပ်အားရာသက်ပန်စွန့်လွတ်လိုက်တော့သည်။
နောက်ဆက်တွဲအနေနဲ့ကားသရဲ ကိုကျေးဇူးတင်နေသူနှစ်ယောက်ရှိနေကြပါသည်။
သရဲကျေးဇူးကြောင့်သူတိုသားအောင်မော်ကြက်တည်ဝါသနာပျောက်သွားသောကြောင့် သရဲအားကျေးဇူးတင်နေကြသော အောင်မော်မိဘများပင်ဖြစ်ပါတော့သတည်း။
[ပြီးပါပြီ]
Credit To Original Uploader

Comments
Post a Comment