ပဥ္စလက်ရွာ အပိုင်း(၄) ဇာတ်သိမ်းပိုင်း
ထို့ကြောင့် ဒီရမ်း တစ်ယောက်ထိုနေရာမှ သွေးရူးသွေးတန်းပြေးလာခဲ့တော့သည်။
သူ့ခြေဖဝါးနှစ်ဖက်သည် ကျောက်စလစ်စူးသောဒဏ်ရာများကြောင့် ဟက်တက်ကွဲနေသလို ဆူးခြုံနွယ်များငြိသောကြောင့်
သွေးတစက်စက်ကျလျှက်ရှိနေသည်။
"ဘုန်း...အ"
ဒီရမ်းတယောက် ကံဆိုးစွာ ကျောက်ကမူ တခုအားခုလပ်တိုက်လျှက် လဲကျသွားတော့သည်။
ပြေးလာသောအရှိန်ဖြင့် လဲကျသောကြောင့်ရုတ်တရက်ပြန်မထနိုင်တော့ပေ။
"ဟာ"
ညှီစို့စို့ သွေးရနံ့များအား အရင်ရလိုက်ခြင်းနဲ့တဆက်တည်းသူအနားသို့ဝိုင်း
လာသော လူရိပ်များအားတွေ့လိုက်ရသည်။
သွေးအလိမ်းလိမ်း ဖြင့်ထိုသူများ၏ သွင်ပြင်ကားကြေက်မက်ထိတ်လန့်စဖွယ်တွေ့လိုက်ရတော့သည်။
ဒီရမ်းပြေးရန်အားယူအထ သူ့ခြေထောက်အားနောက်မှတစ်ယောက်ဆွဲလိုက်၍
လဲကျ သွားခြင်းနဲ့အတူ ဟိုမှသည်မှလက်များသူ့အား
အမဲဖျက်ရန်ဝိုင်းဆွဲလာကြတော့သည်။
"အား"
ဒီရမ်း၏ ကြောက်လန့်တကြာ အော်လိုက်သည့်အသံ
သည်တိတ်ဆိတ်နေသောညတွင်ကျယ်လောင်စွာ
ထွက်ပေါ်လာခြင်းနဲ့အတူ ကြောက်လန့် စိတ်ဖြင့်
ဒီရမ်း စိတ်အာရုံတခုလုံးမှောင်အတိကျသွားသည်။
"အောက်...အီး......အီ.....အွပ်"
မနက်လင်းကြက်တွန်သံကြားလိုက်ရခြင်းနဲ့အတူ
မကြာမီမိုးလင့်းတေ့ာမည်မို့ ရှေ့ပြေးအလင်းလေးများပင်ဝင်ရောက်ကာ အမှောင်ထု
ပျက်ပြယ်စပြုနေပြီဖြစ်သည်။
လဗျန်နော် အိမ်အတွင်းမီးဖိုလေးဘေးတွင်သားဖနှစ်ယောက်
တိတ်ဆိတ်စွာ ထိုင်နေကြသည်။
"အပါးသူ့ကို ဘယ်လိုလုပ်မလဲ"
အခန်းထောင့်အ်ိပ်ယာပေါ်တွင် ရှိနေသော ဒီရမ်းအား
ကြည့်ကာ မေးလိုက်ခြင်းပင်ြဖစ်သည်။
" စိတ်မပူနဲ့သမီး အပါးတိုက်ထားတဲ့
ဆေးမြစ်အစွမ်းကြောင့် သူနိုးလာရင်အားလုံးကို
မေ့သွားပါလိမ့်မယ်...
သူတောင်ပေါ်ကပြုတ်ကျတာပဲ
နောက်ဆုံးမှတ်ညဏ်အဖြစ်မှတ်မိတော့မယ်"
"သမီးတို့လည်း ဒီဝဋ်ကဘယ်တော့များမှကျွတ်ပါ့မလဲ
အပါးရယ်.."
"ဟိုးရှေးနှစ်ပေါင်းများစွာကတည်းက အပါးတို့ရွာမှာကျိန်စာသင့်သလ့်ို ဖြစ်ခဲ့တယ်
ဒီရွာမှာ မွေး လာသူတွေဟာလည်း အဲဒီကျိန်စာဆိုးကို
မလိုချင်ပေမယ့် လက်ခံရတာပဲ...သမီးရယ်..
လပြည့်လကွယ်ကျရင် လူစိတ်ပျောက်ပြီး
အသွေးအသားတွေ စားသောက်ချင်လာကြတယ်
ဒါကြော့င်မို့လပြည့် လကွယ်ကျရင် တအိမ်တိရိစ္ဆန်တကောင်စုရတာပေါ့...
လူတွေကို ဒုက္ခ မပေးမိအောင်လေ...
ဒီရမ်းကံကောင်းသွားတယ်..
လမွန်းတည့်ချိန် ကျော်သွားလို့ အပါးတို့အသိစိတ်ဝင်တာမြန်လို့ပေါ့...."
"သူ့ကို ဘယ်တော့ပြန်ခိုင်းမလဲ..အပါး"
"နောက်လကွယ်ညမရောက်ခင်ပေါ့"
"အင်း.....ဟင်း...ဟင်း "
ထိုအချိန်မှာပင် ညည်းတွား သံပြု ရင်း ဒီရမ်းတယောက်
သတိ ရလာတော့၏။
"ဟင်...ကျွန်တော်ဘယ်ရောက်နေတာလဲ"
."မောင်ရင်တောင်အောက်တစ်နေရာမှာ
သတိလစ်နေတာတွေ့လို့ ဦးအိမ်ခေါ်လာခဲ့တာ
ဦးနာမည်..လဗျန်နော် ဒါကဦးသမီး ဆွမ်ပရာ "
...ဟုတ်ကဲ့ ကျွန်တော်နာမည် ဒီရမ်း ပါ
မုဆိုးတွေနဲ့အပျော်တမ်းအမဲပစ်လိုက်လာရင်း
ရေခဲတောင်ပြိုကျလို့ပြေးလွားရင်း
အဖွဲ့တွေနဲ့ကွဲပြီး တောင်ပေါ်က ပြုတ်ကျ
သွားတယ် ဒါကျွန်တော်နောက်ဆုံးမှတ်မိတာပါပဲ...
.. အော် ခုသတိရလာပြီပဲ ဘာမှစိတ်ပူမနေနဲ့တော့
နေကောင်းကျန်းမာလာမှ ပြန်ပေါ့
မင်းနေရပ်ကို ဦးလိုက်ပို့ပေးမယ်...
သားအဖနှစ်ယောက်မှာဒီရမ်း
ဆေးမြစ်အစွမ်းကြောင့်မှတ်ညဏ်အမှန်တကယ်
ပျောက်သွားကြောင်းဒီရမ်းအမူအယာပုံစံကို
အကဲခတ်လေ့လာပြီး၊ သက်ပြင်းပူကြီး
ကြိတ်၍ချလိုက်ကြမိတော့သည်။
ရက်ပိုင်းမှတ်ညဏ်များပျောက်ဆုံးနေသူတယောက်။
လျို့ဝှက်ချက်များပြည့်လွမ်းနေသော ရွာသား သားအဖနှစ်ယောက် သူတို့ဖန်တီးထားသော
ဇတ်လမ်းတပုဒ်အား ရက်ပိုင်းမှတ်ညဏ်ပျောက်
နေသောလူငယ်အားပြောပြနေကြ၏ ။
မိုးကားလင်းချေပြီ သို့သော်
အပြင်ရာသီဥတုကားဆီနှင်းများကျဆင်းနေလျှက်ရှိနေ၏။
]ပြီးပါပြီ]
မူရင်းရေးသားသူအားလေးစားစွာ creditပေးပါသည်။

Comments
Post a Comment