ကဝေသိုက် အပိုင်း(၄)
"ဒီလိုပါ ကိုလူပေရယ်၊ ကိုလူပေရဲ့ဖခင် ပထမံဆရာ
ပွားကြီးရှိစဉ်တုံးက ကျုပ်ကို မကြာမကြာပြောတာကွဲ့
'ဟဲ့..ငထွန်း နင်ငါ့ဆီကပညာကို ဘာဖြစ်လို့ ထိထိ
ရောက်ရောက် မယူတာတုံး တနေ့ကြရင် နင်မှားမှန်း
သိလိမ့်မယ်နော် ငထွန်း'လို့ ပြောခဲ့တာကို ကျုပ်နား
ထဲမှာ ပြန်ပြီး ကြားကြားနေလို့ပါကွယ်"
ဘိုးထွန်းပြောတဲ့ စကားကိုကြားတော့ ဘိုးလူပေက
ဘာမှ ပြန်မပြောဘဲ ခေါင်းညိမ့်ပြီး ပြုံးရုံပြုံးနေတယ်
ဗျ။ ကျုပ်လည်း ကျုပ်ဆရာကြီးဘိုးလူပေကို သေ
သေချာချာ သတိထားမိတယ်ဗျ။ ဘိုးလူပေက ကျုပ်
စပြီး တွေ့တုံးကလိုပဲဗျ။
ဒီအရွယ်အတိုင်း မပြောင်းဘူး။ သျှောင်တစောင်း
လေး ထုံးလို့ပဲဗျ။ နှုတ်ခမ်းမွှေးလေးသဲ့သဲ့နဲ့ အသား
က လတ်လတ် အမြဲတမ်း ပုတီးစိပ်တရားထိုင်လုပ်
နေလို့လားတော့ မသိဘူးဗျ။ အသားအရေက စို
ပြေပြီး မျက်လုံးတွေကလည်း ကြည်လင်နေတာ
ဗျို့။ မျက်နှာမှာ လောဘ ဒေါသ အရိပ်တွေ ကင်း
နေတော့ ပိုပြီး ကြည်လင်နေတော့တာပေါ့ဗျာ။
ခဏနေတော့ ဆရာကြီးက ဘိုးထွန်းကို ကျီတော်
ကဝေမ အကြောင်းထပ်မေးတယ်။
"နေဦး ကိုလူပေ၊ ကျုပ်က ကျီတော်အကြောင်းကို
အကြမ်းဖျင်းလောက်ပဲသိတာ။ အသေးစိတ်သိတဲ့
လူတစ်ယောက်ရှိတယ်။ ဒီကောင့်နာမည်က ပိုကာ
လို့ခေါ်တယ်။ ကျုပ်တို့ ယာကြီးကုန်းက ပေးဖို့ တာ
ဝန်ကျတဲ့ ဆီတို့ ဆန်တို့ ငပိငခြောက်တို့ ငွေကြေး
တို့ကို ပိုကာက သွားသွားပို့ရတာကွဲ့၊ တစ်ရွာကို
တစ်ယောက်ပဲလာရတာ။ သူတို့ကဝေသိုက်ထဲကို
လူစိမ်းလုံးဝအဝင်ခံတာ မဟုတ်ဘူး။ သူတို့သတ်
မှတ်ထားတဲ့ လူနဲ့ လှည်းပဲ ဝင်ရတာ ဝင်ပြီးရင်
ပေးစရာရှိတာ ပေးပြီး ချက်ချင်းပြန်ထွက်ရတာ
နဲ့ ကို့လူပေရဲ့"
"ဒီရွာခုနှစ်ရွာက ပုံမှန်ပို့နေတဲ့ အခွန်အခတွေနဲ့တင်
ဒီကဝေသိုက်က ဟာမတွေ စားလို့ ဘယ်ကုန်မှာတုံး
အကိုထွန်းရဲ့"
"ဟာ…ဘယ်ကုန်လိမ့်မတုံး ကိုလူပေရယ် ဒါကြောင့်
ကျီတော်ကဝေမဆိုတဲ့ကောင်မက သူ့ကိုယ်သူ မြို့
စားမကြီးလိုလို ဘုရင်မလိုလို ထင်နေတာဖြစ်မှာ
ပေါ့ကွယ်"
"အင်း…ကျီတော်ကဝေသိုက်က ဟာတွေတော့
ကျုပ်နဲ့ တွေ့ကြတော့မှာပေါ့ အစ်ကိုထွန်းရာ ကျုပ်
ကလည်း အထက်ပုဂ္ဂိုလ်ကြီးတွေ အမိန့်ချလိုက်
လို့ကတော့ နည်းနည်းမှ လက်တွန့်တဲ့သူ မဟုတ်
ဘူး အစ်ကိုထွန်းရဲ့"
"ဝမ်းသာလိုက်တာကိုလူပေရယ် ကျုပ်တို့ရွာက
လူတွေလည်း ဘာမှမတတ်လို့သာ ခေါင်းငုံ့ပြီး
ခံနေကြရတာကွဲ့။ စိတ်ထဲမှာတော့ ဘယ်သူမှ
ကျေနပ်တာ မဟုတ်ဘူး ကိုလူပေရဲ့"
"နို့ နေပါဦး အစ်ကိုထွန်းရဲ့၊ ဒီကဝေသိုက်ကြီး ဒီ
နေရာကို ရောက်လာတာ ဘယ်လောက်ကြာ
ပြတုံး"
"ဟာ ခြောက်နှစ် ခုနှစ်နှစ်လောက် ရှိပြီထင်တယ်
ကွဲ့"
" ဘယ်ကနေများ ဒီကိုရောက်လာရတာတုံး အကို
ထွန်းရဲ့"
"ကျုပ်ကြားတာတော့ ဟိုတုံးက နာမည်ကြီးခဲ့
တဲ့ ဆည်တော်ကဝေမရဲ့ မျိုးဆက်တွေလို့
ပြောတယ်ကွဲ့"
"အင်း …ဖြစ်နိုင်တာပေါ့ အစ်ကိုထွန်းရဲ့ ဆည်တော်
ကဝေမရဲ့အဆက်တွေမို့လို့ ကျီတော်ကို ရွေးပြီး အ
သိုက်လာစိုက်တာ ဖြစ်မယ်ဗျ"
"ဘိုးထွန်း …ဗျို့ ဘိုးထွန်း"
"ဟေ ဘယ်သူတုံး"
ဘိုးတော်ကြီးက ပြူတင်းပေါက်ကနေ ငုံ့ကြည့်တယ်။
"ဟ..ပိုကာပါလား၊ မင်းကတော့ အသက်ရှည်ဦးမဲ့
ကောင်ပဲ။ အခုပဲ မင်းအကြောင်း ပြောနေတာကွ။
လာ လာ အိမ်ပေါ်တက်ခဲ့။ ရေငတ်တုံး ရေတွင်းထဲ
ကျဆိုသလို ဖြစ်တော့တာပဲဟေ့"
အသားညိုညို ဂင်တိုတို လူတစ်တစ်ယောက်
အိမ်ပေါ်ကိုဒတက်လာတယ်ဗျ။ဆံပင်က ဂတုံး
ဆံတောက်ညှပ်နဲ့ တော်တော်ကို သန်မာမဲ့လူပဲဗျို့။
"ဟဲ့ ပိုကာလာ ဒီကို…။ ဒါ ငါ့ ဆရာကြီး ပထမံ
ဆရာပွားကြီးရဲ့သားတပည့်ဆရာကိုလူပေတဲ့။
လာ လာ အထက်ဆရာကြီးကိုဦးခိုက်ကွဲ့"
ကိုပိုကာဆိုတဲ့လူက ဘိုးထွန်းပြောတဲ့အတိုင်းပဲဗျ။
ဆရာကြီးဘိုးလူပေရှေ့မှာ ရိုရိုသေသေထိုင်ပြီး ဆ
ရာကြီးကို ကန်တော့တယ်။
"ကဲ ပိုကာ မင်းလာရင်းကိစ္စကို အရင်ပြောစမ်း"
"တခြား ဘာကိစ္စမှ မရှိဘူး ဘိုး၊ ဘိုးအိမ်မှာ ဧည့်
သည်တွေ ရောက်နေတယ်လို့ လုံးတင်ပြောသွား
လို့ ဘာများလုပ်ကိုင်ပေးရမှာတုံးလို့ လာမေးတာ
ဘိုးရဲ့"
"အော် ဒါဆိုရင်တော့ နေရာကြပြီပေါ့ကွယ်၊ ဒီက
ဆရာကိုလူပေက ကျီတော်ကဝေသိုက် ကိစ္စလာ
တာကွဲ့။ ဆရာကြီး သိချင်တာလေးတွေကို မင်းက
သေသေချာချာ ပြောပြပေတော့"
"ဟုတ်ကဲ့ ဘိုး ကျုပ်သိတာတွေ ပြောပြပါ့မယ်"
ဒီတော့မှ ဘိုးလူပေက စပြီး မေးတော့တာဗျို့။
"မောင်ပိုကာရေ…အဲ့ဒီကျီတော်ကဝေမရဲ့ ကဝေ
သိုက်က ဘယ်နားမှာရှိတာတုံးကွဲ့"
"ကျီတော်ရဲ့တောင်ဘက် ခွေးတဟောင်လောက်
ဝေးတဲ့ နေရာမှာပါ ဆရာကြီး"
"ကျီတော်နဲ့ အဲဒီကဝေသိုက်နဲ့ကြားမှာ ယာတွေ
ရှိလား မောင်ပိုကာရဲ့"
"ဟာ မဟုတ်ဘူး ဆရာကြီး အဲဒီ့ဘက်မှာ ဘာ
ယာခင်းမှ မရှိဘူး တောတွေပဲ ရှိတာဗျ"
"အော် ဒါဆိုရင် ကဝေသိုက်က တောထဲမှာပေါ့"
"ဟုတ်တယ် ဆရာကြီး ဟိုတုံးကတော့ လက်ချိုး
ထင်းလေး ဘာလေးလိုဆိုရင် အဲဒီ့တောထဲမှာ
သွားပြီး ထင်းခွေကြာတာပဲ ဆရာကြီးရဲ့၊ ဒီနောက်
ပိုင်းကျတော့ အဲဒီ့ဘက်ကို ဘယ်သူမှ မသွားရဲ
တော့ဘူး သွားရင်လည်း မြွေလိုက်လို့ ပြေးရ
ကျားသစ်လိုက် လို့ပြေးရဆိုတော့ သွားရဲတဲ့
သူ လူကို မရှိတော့ပါဘူး ဆရာကြီးရဲ့"
"အဲဒီကဝေသိုက်ကို သွားရင် ဘယ်လိုသွားရတုံးကွဲ့"
အပိုင်း(၅)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment