တစ္ဆေရင်သွေး အပိုင်း(၁)
တစ္ဆေရင်သွေး
အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတွေ့
ရ ဆိုတဲ့ စကားက လွှတ်မှန်တာဗျ။
ဘာလိုလိုနဲ့ ပြာသိုလတောင် ကွယ်ပေါ့။
ကျုပ်တို့အညာမှာ ဒီနှစ် အေးချက်ကတော့
စံချိန်တင်လောက်ရဲ့ဗျာ။ သိမ်းထားတဲ့ နှမ်း
ရိုးတွေတောင် ညတိုင်း မီးလှုံရလို့ ကုန်ကာ
နီးပြီဗျ။ ဒီရာသီ ဒီလိုညမျိုးတွေမှာ ဝိုင်းတော်
တော်များများက မီးဖိုကြတာဗျ။မီးဖိုတွေ့လို့
မီးဝင်ပြီး လှုံရင်လည်း လက်ဖက်ကျွေး၊ ရေ
နွေးကြမ်းတိုက်နဲ့ စကားဝိုင်းဖွဲ့ပြီး ရောက်
တတ်ရာရာ ပြောကြတာဗျ။
ကျုပ်တို့ အညာဓလေ့ထဲမှာ လွှတ်အံ့သြဖို့
ကောင်းတဲ့ ဓလေ့တစ်ခု ရှိသေးသဗျ။ ရွာ
ထဲက ဘယ်သူ့အိမ်မှာ ဧည့်သည်ရောက်လို့
တဲ့ဆိုရင် အိမ်သားတစ်ယောက်က သွားပြီး
မိတ်ဖွဲ့စကားပြောပြီးရင် ကိုယ့်အိမ်ကို ထ
မင်းစား ဖိတ်ကျွေးတာဗျို့။အနည်းဆုံးတော့
အိမ်လည်ခေါ်ပြီး လက်ဖက်နဲ့ ရေနွေးကြမ်း
တော့ ဧည့်ခံတာဗျ။
ကိုယ့်ဆွေထဲမျိုးထဲက အိမ်တစ်အိမ်မှာ
ဧည့်သည်ရောက်လို့ကတော့ အဲဒါ ကိုယ့်
ဧည်သည်လို့ကို သဘောထားကြတာဗျ။
ကျုပ်တို့အညာသားတွေရဲ့ ခင်ချက်ဗျာ။
"ဟ တာတေပါလား၊ တာတေ ဘိုးတို့ဝိုင်း
ဘက် မလာတာတောင် ကြာပေါ့"
ဒီညတော့ ကျုပ်တို့ဝိုင်းဘက်မှာ မီးလှုံ
ဖြစ်ဘူးဗျ။ ကျောက်ခဲနဲ့ သံမဏိက…
"ကိုကြီးတာတေ၊ ဒီညတော့ ဘိုးလိပ်ပု
တို့ဝိုင်းကို သွားကြရအောင်ဗျာ၊ ဘိုးလိပ်
ပြောပြတာတွေ နားမထောင်ဖြစ်တာ
တော်တော်ကြာပြီဗျ"
"အေး ကောင်းသားပဲ၊ ငါလည်း နှမ်းပျစ်
ထုပ်ကို ဘိုးလိပ်ပု ပေးဖို့ဟာတစ်ခါမှ
မရောက်ဘူးကွ"
"ဘယ်က နှမ်းပျစ်ထုပ်တုံး"
ကျောက်ခဲက မေးတာဗျ။
"ဟိုတလောက မြို့ရောက်လို့ ဝယ်လာ
တာကွ၊ နှမ်းနက်နဲ့ ထိုးထားတာ၊ ဆေး
ဘက်ဝင်တယ်လို့ ပြောလို့ ဘိုးလိပ်ပု အ
တွက် ဝယ်လာခဲ့တာက"
"ဘိုးလိပ်ပုကိုတော့ ကျုပ်တို့ရွာသားတွေ
က ခင်ကြသားဗျ။ လူကြီးရော လူငယ်ပါ
ဘိုးလိပ်ပုကို ခင်ကြတာ ကိုကြီးတာတေရ"
သံမဏိကလည်း ဘိုးလိပ်ပုကြီးကို လွှတ်
ခင်တဲ့ကောင်ဗျ။ ဒီတော့ ဒီကောင်က ဝင်
ပြောတာ။ ဘိုးလိပ်ပုဆိုတာ ကျုပ်တို့ရွာမှာ
အသက်အကြီးဆုံး ဘိုးတော်ကြီးဗျ။ အ
သက် ကိုးဆယ်ကျော်နေပြီ။ အရပ်က ပု
ပုလေးဗျ။ သျှောင်ထုံးလေးနဲ့၊ ခုချိန်အထိ
သတိကောင်းတုန်း။ငယ်ငယ်ကအကြောင်း
တွေကို သတိရနေတုန်းပဲ။ ဘာကိုမှ မမေ့
ဘူးဗျ။ ဘိုးလိပ်ပုတို့ဝိုင်းထဲကို ကျုပ်တို့
ရောက်တော့ ဘိုးလိပ်ပုက ကျုပ်ကို လှမ်း
ပြီး နှုတ်ဆက်တာဗျ။
"ဟုတ်တယ် ဘိုးရေ၊ ဟိုတလောက မြို့က
ဘကြီးဖြတ်တာနဲ့ မြို့မှာ တော်တော်ကြာ
သွားတာ"
"သြော်…ငွေစိန့်အစ်ကိုကြီးဆိုတာ ထင်
တယ်"
"ဟုတ်တယ် ဘိုးရဲ့၊ ဘကြီးက လူပျိုကြီး၊
မြို့မှာ တစ်ယောက်တည်းနေတာ"
" အေးပေါ့ကွာ၊ ပြုစုမယ့်သူ မရှိတော့ ခက်
သားလားကြာ"
"ရော့ ဘိုး၊ ဒါ ဘိုးစားဖို့၊ နှမ်းနက်နဲ့ ထိုးထား
တဲ့ နှမ်းပျစ်မုန့်"
"ဟာ တာတေက ဘယ်သွားသွား ဘိုးကို
တော့ သတိတရ ရှိသားဗျ၊ အေး အေး ၊
သာဓုဗျာ၊ သာဓု၊ သာဓု"
ကျုပ်တို့ရောက်တော့ ဘိုးက ဝိုင်းထဲမှာ မီး
လှုံရင်း စကားပြောနေတာဗျ။ သူ့သားတွေ
သမီးတွေက ဘိုးကို ထင်းမီးထည့်ပြီး မီးဖို
ပေးထားတာ၊ ရေနွေးနဲ့ လက်ဖက်သုတ်နဲ့
ရွာထဲက လူကြီးသုံးယောက်လည်း ဘိုးနဲ့
စကားပြောဖို့ ရောက်နေကြတာဗျ။
" ဘိုးရေ၊ တာတေ ကြီးလာမှ ကျုပ်တို့ရွာ
မှာ အားကိုးတစ်ခု ဖြစ်လာတာဗျို့"
"အေး အေး ဟုတ်တယ်၊ ဟုတ်တယ်၊
မောင်ရှိန်ရေ၊ မင်းပြောတာ ဟုတ်တယ်"
"တာတေက ရပ်ရေးရွာရေးဆိုလည်း ရှေ့
ကနေပြီး ဦးဆောင်တာ ဘိုးရဲ့၊ ပြီးတော့
တာတေက ပယောဂဆိုရင်လည်း ဆရာ
တစ်ပိုင်း ဖြစ်နေတာဗျ"
"ဟုတ်ပါ့၊ ဟုတ်ပါ့၊ အဲဒါလည်း ဘိုးကြားပါ
တယ်"
"ဟာ ဘိုး၊ ဆရာတစ်ပိုင်း မဟုတ်ပါဘူးဗျာ
ကျုပ်က စပ်စုတဲ့ကောင်ဆိုတော့ ထူးတာ
ဆန်းတာတွေကို မြင်ချင်တွေ့ချင်တာနဲ့
ဆရာသမားတွေနောက် လျှောက်လိုက်
တာပါ ဘိုးရဲ့"
"အေး၊ ဒါလည်း ကောင်းတာပဲ လူကလေး
ရဲ့၊ ဗဟုသုတပညာတွေ တိုးတာပေါ့ကွယ်
ပုဗ္ဗာရုံကျောင်း ဆရာတော် ဦးဂုဏကတော့
သူ့တပည့် တာတေကို လွှတ်ချီးမွမ်းတာဗျ
နို့ မောင်တာတေ၊ သင်္ချိုင်းစောင့် မဖဲဝါနဲ့
ခင်မင်တယ်ဆို"
"ခင်မင်တာတော့ မဟုတ်ဘူး၊ ဘယ်လို
ကြောင့် ဆိုတာတော့ ကျုပ်လည်း မပြော
တတ်ပါဘူး ဘိုးရဲ့၊ ကျုပ်က ပင့်ပြီး စားပွဲ
သောက်ပွဲ ပေးရင်း မဖဲဝါကြီး လာစား
သောက်တယ်ဗျ။ ကျုပ်မှာ အကြောင်းရှိ
ရင်လည်း မဖဲဝါကြီးကို မေးလို့ရတယ်။
ဘာဖြစ်တယ်၊ ဘာလုပ်ရမယ်ဆိုတာကို
မဖဲဝါက ကျုပ်ကို ပြောပြတယ်ဗျ"
"ဟ တာတေရ၊ အဲဒါ ခင်တာပေါ့ကွ"
စကားဝိုင်းမှာ ထိုင်ပြီး နားထောင်နေတဲ့
ဦးမောင်ဆိုတဲ့ ဘိုးတော်ကို ကျုပ်ကို
ပြောတာဗျ
"မင်းကို မဖဲဝါ စောင့်ရှောက်တယ်လို့
ပြောလို့ရတာပေါ့ကွ"
ဘာမှမပြောဘဲ လက်ဝါးတွေ မီးလှုံ
နေတဲ့ ဘိုးတော်ဦးစိန်ညှက်ကလည်း
ဝင်ပြောသဗျ။
"ဘာပဲပြောပြော တာတေက အရွယ်နဲ့
မလိုက်အောင် အတွေ့ အကြုံတွေက
များသားဗျ"
ဘိုးလိပ်ပုက ကျုပ်ကိုပြောရင်း တစ်ခုခုကို
တွေးနေပုံပဲဗျ။ အားလုံးကလည်း ဘိုးလိပ်ပု
ဘာပြောမှာတုံးဆိုတာကို နားထောင်နေကြ
တယ်၊ ကျောက်ခဲနဲ့ သံမဏိကလည်း ခေါင်း
တွေ မော့လို့ဗျ။
အပိုင်း(၂)ဆက်ရန်
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments
Post a Comment