ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၃)



မနေ့ကကိုတောကျော်နဲ့အဲ့ဆရာနဲ့ငါ့အိမ်ကိုရောက်လာတယ် ပြီးတော့ကိုတောကျော်ကပြောတာက ဆရာစောရာမ ဒီရွာကိုလာတာကိစ္စတခုရှိလို့ လာတာတဲ့ကွ သူကကိုးကျင်းအောင်ပြီးသားဆိုပဲကွ ငွေတွင်းကုန်းသင်္ချိုင်းမှာ လာမယ့်လကွယ်ညမှာအစီရင်တခုလုပ်ချင်လို့တဲ့ကွ 
ဟင်ဘယ်လို အစီရင်မျိုးတုန်း ကိုဘညိုရဲ့
အေး သူပြောပြတာကတော့ သူမှာသေသေချာချာစီရင်ထားတဲ့အရုပ်လေးတရုပ်ပါလာတယ်တဲ့ကွ အဲ့ဒိအရုပ်ကိုငွေတွက်းကုန်းသချီိုင်းမှာ အသက်သွင်းရမှာတဲ့ကွ အဲ့ဒါအောင်သွားရင်သူ့ကိုကျော်နိုင်တဲ့သူ မရှိတော့ဘူးဆိုပဲတာတေရ
ဘာအရုပ်မို့တုန်းဗျ
ဟာ အဲ့ဒါတော့မပြောဘူးကွ အရုပ်လို့ပဲပြောတာ
နို့ ကျုပ်ဆလာတာကရော
အေး ဒီလိုကွ ဆရာစောရာမကပြောတယ် သူမြေကျင်းထဲမှာဝင်ပြီး အရုပ်ကို အသက်သွင်းမှာတဲ့ကွ အဲ့ဒါကျင်းပေါ်ကနေဆေးပေါက်ပေးဖို့ သတ္တိရှိတဲ့လူငယ်တယောက် ရှာပေးဖို့ပြောတယ်
သြော် ဒီကိစ္စကြောင့် ကျုပ်ဆီကို လာတာကိုးးး
ဒါပေမဲ့ မင်းတယောက်တည်းလိုက်ရမှာမဟုတ်ဘူးကွ သူ့ကိုမြေကျင်းတူးပေးမယ့် ငွေတွင်းကုန်းသားလေးငါးယောက်လည်း ပါမှာကွ 
ခက်တာပဲ ကိုဘညိုရာ ကျုပ်ကအထက်လမ်းဆရာကြီးတွေရဲ့တပည့်ဗျ အထက်လမ်းဆရာကြီးတွေကိုပဲကြည်ညိုတယ် ဒီအောက်လမ်းတွေဆိုရင် ကျုပ်ကသတ်ကိုပစ်ချင်တာ  လှယဉ်နဲ့ပတ်သက်တဲ့အကြိတ်အခဲတွေက ကျုပ်ရင်မှာခုထိပြေသေးတာမဟုတ်ဘူးဗျ
သိပါတယ်တာတေရာ အခုဟာက ဒီအောက်လမ်းဆရာက ရွာမှာလာပြီးသောင်တင်နေမှာကို ငါစိုးရိမ်နေတာကွ ဒကောင်တွေက အခုကောင်းနေပေမယ့် ဘယ်အချိန်ဘာထလုပ်မယ်ဆိုတာ သိရတာမဟုတ်ဘူးလေကွာ တို့ရွာသားတွေက ဗဟုသုတကလည်းနည်းတော့တခုခုလွန်သွားမှဆိုရင်မလွယ်ဘူးကွ တာတေရ ဒီဆရာကပြောတယ်ကွ အဲ့ဒိအစီရင်ပြီးတာနဲ့သူ တခါတည်းသွားမှာဆိုပဲ ရွာထဲကိုပြန်ဝင်မှာမဟုတ်ဘူးတဲ့ကွ အဲ့ဒါကြောင့်ငါ မင်းကိုအကူညီတောင်းတာပါ တာတေရာ
ကျုပ်နဲဠ့ကိုဘညိုတို့ညီအကိုတွေကလှ ွတ်ခင်ကြတာဗျ သူ့ညီကိုဘစိမ်းဆိုရင်ပိုတောင်ခင်သေး ကိုဘညိုတွေးတာကလည်း ဟုတ်ပါတယ်လေ ဒီအောက်လမ်းဆရာ သူ့ကိစ္စမြန်မြန်ပြီးမှ ဒီရွာက မြန်မြန်ပြန်သွားမှာဆိုတော့ သူပြောတာဝိုင်းလုပ်ပေးလိုက်ကြမယ်ပေါ့ဗျာ ကျုပ်ဆုံးဖြတ်လိုက်တယ်  ကိုဘညိုတို့ရွာရောက်နေတဲ့ ဒီမကောင်းဆိုးဝါးကောင်ကို မြန်မြန်ပြန်လှ ွတ်ဖို့ကျုပ်ကူညီမယ်လို့ပေါ့ဗျာ

ကိုဘညို လကွယ်ညကဘယ်နေ့တုန်း
ဟာတာတေ ရက်တွေတောင်မေ့နေပြီထင်တယ်  ဒီနေ့အဖိတ်နေ့လေကွာ မနက်ဖြန်ဆိုလကွယ်ပြီကွ
သြော် ဟုတ်သားပဲ အမေနဲ့အဘကဒီနေ့အဖိတ်နေ့မို့ဆွမ်းချိုင့်ပို့မယ်လို့ပြောသွားတာ ကျုပ်ကမေ့နေလို့ဗျို့
ဘယ်လိုတုန်းတာတေ မနက်ဖြန် မင်းလာမှာလား
ဟာ လာမှာပေါ့ကိုဘညိုရဲ့ ခင်ဗျားတို့အခက်ခဲကိုကျုပ်ကဒီအတိုင်း ဘယ်ကြည့်နေမှာတုန်းဗျာ
ဟာ ဝမ်းသာလိုက်တာကွာ မနက်ဖြန် မနက်စာရွာမှာပဲ စားကွာ ငါတို့အိမ်မှာပဲစား မင်းကြိုက်တဲ့ကြက်သားကာလာသားချက် ချက်ထားမယ်
ဒါဆိုရင် မနက်ဖြန်ဆယ်နာရီလောက်ရောက်အောက်လာခဲ့မယ်
အေးအေး နေရာကျပြီပေါ့ ငါ့ညီဘစိ်မ်းကတော့ ဒီအောက်လမ်းဆရာအတွက် ကျင်းတူးပေးမယ့်လူ သုံးလေးယောက်ရှာထားမယ်ပြောတာပဲ
သုံးယောက်လောက်နဲ့ကျင်းတူးတာပြီးပါ့မလားဗျ ဘယ်အချိနိတူးမှာတုန်း
ဟ ဒီလူကကျင်းတူးတာတောင်ကြိုပြီးတူးလို့မရဘူးတဲ့ကွ အချိန်ကျမှတူးရမှာတဲ့ကွ ပြီးတော့အချိန်ပြီးအောင်တူးရမှာတဲ့ဟေ့
ငါနဲ့ဘစိမ်းလဲပါမယ်လေကွာ
ကိုဘညိုတို့ကိုဘစိမ်းတို့ပါ ပါရင်တော့ပိုကောင်းတာပေါ့ဗျာ
ဟကောင်တာတေရ မင်းချည်းပဲ ငါတို့ကလှ ွတ်ပါ့မလားကွ ငါရောဘစိမ်းရောလိုက်မှာပေါ့ကွမဟုတ်မဟက်ဖြစ်လို့ကတော့အောက်လမ်းဆရာရော ဘာရောနားမလည်ဘူး တခါတည်းခုတ်ကိုသတ်လိုက်မှာမောင်ရေ
ဒါတော့ကျုပ်ယုံတယ်ဗျ သူများအပေါ်မှာမဟုတ်တာလဲမလုပ်ဘူး သူတို့အပေါ်ကိုမဟုတ်တာလုပ်ရင်လည်း နည်းနည်းမှခံတဲ့သူတွေမဟုတ်ဘူးဗျ သူတို့ညီအကိုကို ငွေတွင်းကုန်းသားတွေက လှ ွတ်လေးစားတာ ခင်လည်းခင်ကြတယ် ဒါပေမဲ့အခုလိုကိစ္စတွေကျတော့ သူတို့နားမလည်ဘူးလေဗျာ
အဲ့ဒိနေ့ကညနေစောင်းမှ ကိုဘညိုပြန်တယ် အမေချက်ထားတဲ့ တောဝက်သားဟင်းနဲ့ ကျုပ်က ကိုဘညိုကို ထမင်းကျွေးတယ် လူခင်တွေဆိုတော့လည်း အားမနာပါးမနာ ပြောကြ ဆိုကြ စားကြ သောက်ကြပေါ့ဗျာ
အဘနဲ့အမေကလည်းအဲ့ဒိနေ့ကရွာထဲမှာ ဟိုအိမ် ဒီအိမ် ဝက်နေကြတော့ ညနေတော်တော်စောင်းမှ ပြန်ရောက်ကြတညဗျ ကိုဘညိုကအမေတို့ပြန်မလာသေးခင် ထပြန်သွားတာ ထနောင်းကုန်းနဲ့ငွေတွင်းကုန်းဆိုတာ သိပ်ဝေးတာမှမဟုတိတာ
ကျုပ်ကငွေတွင်းကုန်းက ကိုဘညို လာတဲ့အကြာင်း အောက်လမ်းဆရာအကြောင်း တွေ ပြောပြီး ကိုဘညိုကို ထမင်းကျွေးတဲ့အကြောင်း တွေ အမေ့ကိုပြောပြတယ်
တာတေရေနင်ကတော့အေးအေးဆေးဆေးကိုမနေနိုင်ဘူးနော် နေရာတကာ ပါကိုပါရမှကျေနပ်တဲ့အကောင်ပဲ 
ဟာ အမေရာ ဒီအောက်လမ်းဆရာက ကိုဘညိုတို့ရွာမှာ သောင်တင်နေပြီးတော်တော်နဲ့မပြန်ရင်ခက်မှာဗျ သူ့ကိစ္စမြန်မြန်ပြီးအောင်လုပ်ပေးလိုက်ရင် သူချက်ချင်းပြန်မှာဗျ ဒါပဲအကောင်းဆုံးမို့လားဗျာ
နောက်ျနေ့ကိုးနာရီလောက်မှာပဲ ကျုပ်ငွေတွင်းကုန်းကိုရောက်တယ် 
ကိုဘညိုတို့ကိုဘစိမ်းတို့အိမ်က တောင်ပိုင်းမှာဗျ ကျုပ်ကရွာလယ်လမ်းအတိုင်းဝင်လာတယ်

အပိုင်း(၄)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)