ပဉ္စလက် မှော်ရွာ အပိုင်း(၁)
★ ★ ပဉ္စလက် မှော်ရွာ★ ★
နွေဦးရာသီ ။
တောင်စဉ်တောင်တန်းကြီးများမိုးထိမတတ် မြင့်မားခြင်း
နဲ့အတူ တဆောင်းတွင်းလုံးနှင်းများဖုံးလွမ်းနေသော
တောင်တန်းကြီးများသည် ယခုလိုနွေဦးရာသီတွင်နှင်း
ခဲများပျော်ကျကာ သစ်ပင်ပန်းပင်များလည်း တဆောင်းတွင်းလုံးဆီးနှင်း ဖုံးလွမ်းခြင်းမှလွန်မြောက်ကာ ငြားစွင့်စွာ ဖြင့်ပြန်လည်
ခေါင့်မော့လာကြသည်။
သို့သော်
ဒီအရပ် ဒီဒေသ သည် အမြဲတစေ အအေးဓတ်များကာ
နွေဦးရာသီဆိုသော်လည်း နေရောင်ခြည်ကို ခနတဖြု တ်သာ မြင်ရပြီး အမြဲတစေ ကောင်းကင်သည် တိမ်ထူထပ်လျှက်ရှိနေတတ်သည့် အချိန်က များနေတတ်သည်။
ဤနေရာသည်ကား မြန်မာပြည်မြောင်ပိုင်း မှနေရာ
တစ်ခုပင်ဖြစ်သည်။
လဗျန်နော်သည် လွယ်နေကျ ပလိုင်းအားလွယ်လိုက်ရင်း ရွာမှ မနက်စောစော
ထွက်လာခဲ့သည်။
ယနေ့သည် နေရောင်ခြည်လေး အနည်းငယ်ပွင့်သောကြောင့် ဆေးမြစ် ၊ ဆေးဥ များ
ရှာရန်အတွက်ပင်ဖြစ်သည်။
သူတို့ဒေသတွင်ပေါာက်သော မချစ်ဥ ၊ ခန်းတောက်မြစ်
များကား ရှားပါးကာ တန်ဘိုးရှိသောကြောင့် တဖက်နယ်စပ်သို့ ရောင်းချရန် လာဝယ်သော ရွာသားများ ခြေချင်းလိမ်နေတတ်သည်။
ဆေးမြစ်ဆေးဥ ရှာသော အလုပ်သည်ကား မကျွမ်းကျင်ပါက အလွန်အန္တရယ်များသောအလုပ်ပင်ဖြစ်သည်။
တောတောင်သဘာဝအခြေအနေမကျွမ်းကျင်ပါက
အချိန်မရွေးအန္တရယ်များကရှိနေသည်။
နေအပူချိန်ကြောင့် ရေခဲတောင်များပြိုကျမည့်အခြေအနေသည်အချိန်မရွေး
ပေါ်ပေါက်နိုင်သလို ရေခဲများအပေါ်ယံ ဖုံးကာ အောက်တွင် ချောက်နက်ကြီးများရှိသော နေရာများကို
လည်းရှောင်ကွင်း သွားလာတတ်ဖို့လိုသည်။
အဆိုးဆုံး ကြောက်စရာ အကောင်းဆုံးဟု
ဆိုရသတ်မှတ်ရမည့် ကိစ္စတခုကား ဒီအရပ်တွင်
မှီတင်းနေထိုင်သော နှင်းဝံပုလွေများ ပင်ဖြစ်သည်။
ဝံပုလွေများကားအုပ်စုဖွဲ့နေထိုင်တတ်ကြကာ ဆောင်းရာသီတွင် ရာသီဥတုအခြေနေဆိုးရွားသောကြောင့် ဂူတွင်းများတွင်
အောင်းနေလျှက် ယခုလို နွေဦးပေါက်ရာသီတွင် အမဲလိုက်တတ်ကြသည်။
ဆာလောင်ကာ ဒေါသကြီးနေသော
ဝံပုလွေ အုပ်ကြီးနဲ့ ဆုံရသူများမှာ အသက်ရှင်ဖို့
လမ်းမမြင်ချေ ။
လဗျန်နော်သည် အရည်ပျော်စပြု ရေခဲပြင်တွင်တိုးထွက်နေသော ဆေးပင်များအား
လိုက်လံရှာဖွေကာ သံပေါက်ချွန်းဖြင့် မပျော်သေး
သော ရေခဲပြင် အောက်ခြေကို သံပေါက်ချွန်းဖြင့် ထိုးခွဲ
ကာ ဆေးမြစ်အား ဂရုတစိုက်တူးဖော်နေတော့သည်။
ဆေးမြစ်မျ ားအတန်အသင့်ရသောအခါ ပလိုင်းကြိုးကိုနဖူးတွင်လွယ်လျှက် အိမ်ပြန်ရန် ဆုံးဖြတ်လိုက်သည်။
အချိန်ကလည်းနေမွန်းတည့်ချိန်ခန့်ရှိပြီ ..။
သို့သော်နေလုံးကြီးကားထူထပ်နေသောတိမ်တိုက်ကြားရောက်ကာ ခေါင်းပင်မပြူ နိုင်ချေ ..။
အိမ်ပြန်ရန်အတွက်ကား ယခင်လာသောလမ်းမှပြန်၍မဖြစ်တော့ပေ..
ဆေးမြစ်လိုက်ရှာရင်း သူလာသောလမ်းနဲ့ကားဆန့်ကျင်ဖက်အဖြစ်
ဝေးလျှက်ကျန်နေခဲ့ပြီဖြစ်သောကြောင့် ယခုရောက်နေသောနေရာ မှပင်ပြန်ရန်ဆုံးဖြတ်ကာ
တောင်ပေါ်မှပလိုင်းကြိုးကို
နဖူးတွင်မှေးထိန်းရင်းတောင်ခြေသို့
ဆင်းလာခဲ့သည်။
ဒီတော ဒီတောင်ကသူငယ်စဉ် လူပျို ဘဝကပင်
သူ့အဖေနဲ့ သွားလာနေကြမို့ ဘယ်နေရာရောက်ရောက်
လမ်းမရှိလည်း တောတိုးကာ သူ့ရွာသို့ လဗျန်နော် မှန်းဆပြန်တတ်သည်။
တောင်အောက်ရောက်၍ တောင်ခြေမှတဆင့်
ရွာဖက်ဆီမှန်းဆကာ ပြန်လာသော
လဗျန်နော် တစ်ယောက် တောင်ကြီးတစ်တောင်ဘေးအရောက်တွင်...
"ဟင်"
လဗျန်နော် အံ့အြသွားရသည်။
တောင်ခြေတောစပ်တွင် လူတစ်ယောက်လဲကျနေသည်
ကိုတွေ့လိုက်ရခြင်းကြောင့်ပင်ဖြစ်သည်။
ကြည့်ရသည်မှာ တောင်ပေါ်မှ ပြုတ်ကျလာဟန်တူသည်။
လဗျန်နော် ထိုသူအနီး တိုးကပ်လိုက်ရင်း
ဆေးပလိုင်း ဘေးချလျှက် ထိုသူအနီး မုဆိုးဒူးထောက်ထိုင်ချ လိုက်ကာ မှောက်လျှက်အနေထားဖြင့်
လဲကျနေသော ထိုသူအား
ပက်လက်အနေထားဖြစ်အောင်ဆွဲ
လှန်လိုက်သည်။
သေသည်ရှင်သည်မသိထိုသူအတွက် အကယ်၍
မသေဆိုပါက ကယ်တင်ရန်ဖြစ်သည်။
ထိုသူကား အသက် ၃၀ အရွယ်ခန့်ရှိသော
လူတစ်ယောက်ပင်ဖြစ်သည်။
ရင်ဘတ်ပေါ်နားကပ်၍ နားထောင်ကြည့်လိုက်သော
အခါ နှလုံးခုံသံ တဒုတ်ဒုတ် ကြားနေရခြင်းအတွက်
ထိုလူမသေသေးမှန်းပဲ မေ့မျောနေမှန်းသိလိုက်ရသည်။
ထို့အတွက် ထိုသူအားပွေ့ချီကာပခုံးပေါ်ခက်ခက်ခဲခဲကျောပိုးရင်း
သယ်ယူလာခဲ့တော့သည်။
"အား...ကျွတ်....ကျွတ်....."
"ရှင်သတိရလာပြီလား..အပါး [အဖေ] ရေ ဒီမှာ
လူစိမ်းသတိရလာပြီ.."
ခေါင်းတဆစ်ဆစ်ကိုက်ကာ
ဒီရမ်းနိုးလာချိန်တွင်မိန်းခလေး
တစ်ယောက်မေးမြန်းသံနဲ့အတူ
သူ့အဖေကို လှမ်းခေါ်သံအား ဒီရမ်း အရင်ဆုံးကြားလိုက်ရသည်။
ဒီရမ်းရောက်နေသောနေရာမှာ အိမ်တလုံး၏ ဧည့်ခန်းထောင့်အိပ်ယာပေါ်တွင် ဖြစ်ပြီး သူနဘေးတွင်
အအေးပိုင်း ဒေသပီပီ မီးတောက်ရဲရဲဖြင့် မီးဖိုလေး
တစ်ခုကရှိနေပါသည်။
ခနအကြာ
တဲ အပြင်မှ အသက် ၅၀ အရွယ်ခန့် လူကြီးတစ်ယောက်နဲ့ ဘေးတွင်ကား[၁၈]နှစ်အရွယ် ချောမောလှပသော သူကြားလိုက်ရသော
အသံပိုင်ရှင်မိန်းမပျို လေးတစ်ယောက် ကပ်လျှက်လိုက်ပါလာသည်ကို တွေ့လိုက်ရသည်။
"သတိရလာပြီလား မောင်ရင်လေး..."
လူကြီးနဲ့ မိန်းမပျိုလေးကား သူအိပ်ယာဘေးမလှမ်းမကမ်းတွင်ဝင်ထိုင်ရင်း
လူကြီးကစတင်နူတ်ဆက်လိုက်ခြင်းပင်ဖြစ်သည်။
"ဟုတ်ကဲ့ ဦးလေး
ကျွန်တော်ခုဘယ်ရောက်နေတာလဲ "
အပိုင်း(၂)ဆက်ရန်...
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment