ကိုယ်တူကိုယ်ခွဲမဖဲဝါ အပိုင်း(၂)



ဟာ ကိုဘညိုကလည်းအောင်စိန်ကြည်ကိုပြောတာမဟုတ်ဘူးဗျ ကျုပ်တို့ထနောင်းကုန်းမှာနေသွားတဲ့အောင်စိန်ကိုပြောတာကျုပ်တို့အောင်ပိန်လို့ခေါ်တဲ့ကောင်ဗျာ
ဟာ အောင်စိန်ကတော်လှချည်လား ဒီကောင်လက်ရာတော်တော်ကောင်းတာပဲကွ
တော်ဆိုသူ့အဘိုးကမန္တလေးကနာမည်ရပန်းပုဆရာဗျအောင်စိန်မန္တလေးပြန်ပြောင်းသွားတော့ဆရာကောင်းတွေနဲ့သေသေချာချာသင်ရတာကိုဗျ ပါရမီခံကလည်းရှိတယ်ထင်ပါရဲ့ဗျာ
အေးကွာဝမ်းသာစရာပေါ့လေ
နေဦးကိုဘညိုရဲ့ ကျုပ်ပြရဦးမယ် ဆင်ဦးစီးရဲ့မျက်နှာကိုသေသေချာချာကြည့်စမ်းဗျာ
ကျုပ်ကပြောတော့မှကိုဘညိုကတန်းလျားမှာနေရာကနထလာပြီးသေသေချာချာကြည့်တာဗျ ဆင်ဦးစီးကချွန်းကိုအားနဲ့မြှောက်ထားတဲ့ပုံဗျ
ဟာ တာတေ ဒါမင်းပုံပဲကွ
ဟားဟား ဟားကျုပ်လည်းတခါမှသေသေချာချာမကြည့်ဖြစ်ပါဘူးကိုဘညိုရာ ဒီနေ့မှဖုန်သုတ်ရင်းကြည့်မိတာဗျဒီကောင်ဘယ်လောက်တော်နေပြီဆိုတာခင်ဗျားသိအောင်ပြတာပါကျုပ်လည်းကိုဘညိုမလာခင်လေးကမှတွေ့သွားတာဗျ ဒါကြောင့်အောင်စိန်ကကျုပ်ကိုပြောတာဗျို့ဒီအရုပ်ကိုစထုကတည်းကမင်းအတွက်တမင်ရီရွယ်ပြီးထုထားတာတဲ့ဗျာ
အင်း ဝမ်းသာလိုက်တာကွာ အောင်စိန်တော့ဒီတသက်မတိမ်ကောတော့ဘူးကွ
အေးဗျာ လူကောင်လေးကအရင်လိုသေးသေးညှက်ညှက်ကလေးဗျ လူနဲ့ပညာနဲ့တောင်မလိုက်သလိုဖြစ်နေပါကောဗျာ
ဟုတ်ပါ့ကွာ မင်းပြောသလိုဆိုရင် လူကသေးပြီးပညာကကြီးနေတာပေါ့နော်
ကျုပ်ရောကိုဘညိုရော နဂါးဆေးပေါ့လိပ်လေးတွေဖွာရင်း ဆင်ရုပ်ကလေးကိုကြည့်နေကြတယ်

နို့နေပါဦး ကိုဘညိုရဲ့ ကျုပ်ဆီလာတာဘာကိစ္စများရှိလို့တုန်း
အေးကွာအောင်စိန် ပန်းပုရုပ်ကိုကြည့်ရတာနဲ့လာရင်းကိစ္စပြောဖို့မေ့သွားတာဟေ့
ကိုဘညိုကဆေးပေါ့လိပ်ကိုပြာခံခွက်ထဲချထားလိုက်ပြီးရေနွေးကြမ်းပန်းကန်ကိုတကျိုက်တည်းမော့သောက်လိုက်တယ်
ဒီလိုကွတာတေရ ငါတို့ရွာမှာဆရာတယောက်ယောက်လာတယ် နာမည်က ဆရာစောရာမတဲ့ကွအသက်ကလေးဆယ်လောက်ပဲရှိသေးတယ် ပညာတော့တော်တော်ထက်တာကွ တာတေရသူရောက်မှအနီးနားကပိုးထိတဲ့လူတွေတယောက်မှမသေဘူး သူ့မှာပါလာတဲ့အင်းလက်ကိုင်ပုဝါနဲ့ရိုက်ချလိုက်တာကိုက်တဲ့အပေါက်ကနေအဆိပ်မည်းမည်းတွေအကုန်ပြန်ထွက်ကြတာကွ ဟိုနေ့ကတို့ရွာနောက်ပိုင်းကကိုထွန်းဇံကြီးကိုသင်္ချိုင်းကုန်းထဲကမြွေကိုက်လိုက်တာ သေရောမှတ်တာဟေ့ တကိုယ်လုံးပြာနှမ်းပြီးသတိလစ်နေပြီ အဲ့ဒါဆရာစောရာမ ကကိုက်တဲ့မြွေကိုအမိန့်ပြန်ပြီးခေါ်လိုက်တာမြွေဟောက်ကြီးတကောင်ရောက်လာပြီးအိမ်ပေါ်ထိတက်တာကွ လူတွေဆိုလန့်ကုန်တာပေါ့ကွာ အဲ့ဒါဆရာစောရာမက
မကြောက်နဲ့မကြောက်နဲ့ဒီကောင်ကိုကျုပ်အမိန့်ပြန်ပြီးခေါ်လိုက်တာ ဒါကြောင့်လာတာ ကိုထွန်းဇံကိုကိုက်တာဒီကောင်ပဲ  ကဲဟေ့ကောင် မင်းအဆိပ်ကို မင်းပြန်စုပ်စမ်း ကုန်အောင်စုပ်နော် ငါအကြောင်းသိတယ်မို့လား အေး အခုစုပ်
လို့အမိန်ပေးလိုက်နဲ့မြွေဟောက်ကြီးကစန့်စန့်ကြီးလဲနေတဲ့ကိုထွန်းဇံဆီကိုသွားပြီး သူကိုက်လိုက်တဲ့အစွယ်ရာကို ပါးစပ်နဲ့တေ့ပြီးစုပ်တော့တာပဲဟေ့ မကြာပါဘူးကွာ အစွယ်ရာက အဆိပ်တွေထွက်လာရောဟေ့ အဲ့ဒိအဆိအာပ်တွေကိုဆရာစောရာမက စက္ကူနဲ့သုတ်လိုက် ထပ်စုပ်ခိုင်းလိုက်နဲ့နောက်ဆုံးသွေးလိုက်လာတော့မှ
အေး ဟုတ်ပြီ ကုန်ပြီ မင်းအဆိပ်တွေကုန်ပြီ
လို့ပြောပြီးပြန်လှ ွတ်လိုက်ရောကွ မြွေဟောက်ကြီးလဲအိမ်ပေါ်ကနေဆင်းပြီး မြက်ပင်တွေထဲဝင်သွားရောဟေ့
အင်း ဒီဆရာအတော်စွမ်းတာပါလားဗျ
ဟာ စွမ်းပါပြီလားတာတေရာ
နို့  နေပါဦး ကိုဘညိုရဲ့ ဒီဆရာကအထက်လမ်းလားအောက်လမ်းလားဗျ
အေး ရွာထဲကလူတွေကတော့အထက်လမ်းလား အောက်လမ်းလားဘာမှတွေးမနေကြဘူးကွ ဆရာစောရာမကို လှ ွတ်ပြီးအထင်ကြီးနေကြတာဟေ့
ကိုဘညိုကရော ဘယ်လိုထင်တုန်းဗျ
အောက်လမ်းဆရာကြီးကွ တာတေရ  ဘုရားလုံးဝမရှိခိုးဘူး
ဟင်ဟုတ်လားကိုဘညို
အေး ဟုတ်တယ်ဒါပေမယ့် ပုတီးကြီးတကုံးကတော့ လည်ပင်းမှာအခန့်သားဆွဲထားတာနော် ပုတီးတလုံးတလုံးကလည်း ဇီးဖြူသီးလုံးလောက်ရှိတာကွ
ဒါပေါ့ဗျာ ဒီလိုလူတွေက ပြယုဂ်ကောင်းအောင်သိပ်လုပ်တဲ့လူတွေဗျ မိန်းကလေး မနိာန်းမငယ်တွေနဲ့ရော ကင်းရဲ့လား
အေး ခုထိတော့ကင်းသေးတယ်ကွ ရွာက မိန်းကလေးတွေကလည်း တယောက်မှအသွားအလာမလုပ်ကြဘူးလေ
အင်း ဒါဆိုတော်သေးတာပေါ့ဗျာ အောက်လမ်းဆရာတွေက အဲ့ကိစ္စတွေမှာ သိပ်ဆိုးတာဗျ လုံးဝကိုစည်းမစောင့်ကြဘူး တို့ဆေးတွေသုံး ဘာတွေသုံး လုပ်ကြတာကိုဘညိုရဲ့နို့ဘယ်သူနဲ့ပတ်သက်ပြီးရောက်လာတာတုံးဗျ
ဘယ်သူနဲ့မှမပတ်သက်ပါဘူးကွာ သူ့ဟာသူရောက်လာပြီးရွာလယ်က အရီးဘုမအကြော်ဆိုင်မှာဝင်ထိုင်တာတဲ့ကွ ပြီးတော့ ရွာသားတွေနဲ့အဲ့ဒိမှာမိတ်ဖွဲ့တာပေါ့ဗျာ သူ့ကိုယ်သူဆေးဆရာပါ လေဖြတ်တဲ့သူတွေဘာတွေရှိရင်ပြေညပါ ပိုက်ဆံမယူပါဘူး ကုသိုလ်ဖြစ်ကုပေးပါ့မယ်ပြောတော့ တို့ရွာတောင်ပိုင်းက ကိုတောကျော်ဆိုတဲ့လူကလေဖြတ်သွားတာဆယ်ရက်လောက်ပဲရှိဦးမှာကွ အဲ့ဒိကိုရွာကလူတွေက ခေါ်သွားပြီးပြတော့ ဒီဆရာကကုပေးလိုက်တာကောင်းကိုသွားတာဗျ ဒါနဲ့ပဲ ကိုတောကျော်တို့အိမ်မှာပဲသောင်တင်နေတာပေါ့ကွာ
နို့နေပါဦးကိုဘညိုရဲ့ အခုကျုပ်ဆီကိုလာတဲ့ကိစ္စပြောပါဦးဗျ

အေးဟေ့ဆရာစောရာမအကြောင်းပြောပြရတာနဲ့ပဲ လာရင်းကိစ္စကိုမေ့ရောတာတေရ

အပိုင်း(၃)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

ခေါ်၍ လိုက်လာရပါသည် (အပိုင်း ၂)

ခွေးနက်ကြီးနှင့်သိုက်စောင့်သရဲ အပိုင်း(၃) ဇာတ်သိမ်းပိုင်း

စုန်းထီး အပိုင်း(၁)