သင်္ချိုင်းရှင်မ "မဖဲဝါ"- အပိုင်း(၁)



သင်္ချိုင်းရှင်မ "မဖဲဝါ"
===============

"ဒေါ်သန်းတင် အသက် (၄၈)နှစ်) မြေပုံမို့မို့ပေါ်

အသာဖွနင်းမိတော့ ကျောထဲ စိမ့်နေအောင် ကျက်သီး

မွှေးညှင်းများ ထသွားလေတော့သည် မီးအိမ်လေးကို

မြှောက်ကြည့်လိုက်တော့ ဒီနေ့မှ အသစ်စက်စက်

ပြုလုပ်ထားသော စက်သူဌေး "ဦးချမ်းသာ"ရဲ့အုတ်ဂူ

အား လှမ်းမြင်နေရပြီဖြစ်၍ အောက်လမ်းဆရာ

ဘိုးထိန်နဲ့သူ့တပည့် ကျော်မြတို့ မျက်လုံးများ ဝင်း

လက်သွား၏ မကျည်းကုန်းရွာ စက်သူဌေး

"ဦးချမ်းသာ"ကို မနေ့က ဂူသွင်းကြတော့ သူရဲ့

စိန်လက်စွပ်ကြီးပါ တပါတည်း ထည့်ပေးလိုက်ကြ

သည်ကို ဆရာတပည့်နှစ်ယောက် သိရှိထား၍ လာ

ဖော်ကြခြင်းပင်ဖြစ်လေသည်

...."ဆရာကြီး"......

တပည့်ဖြစ်သူ ကျော်မြ၏ ရုတ်တရက်ခေါ်သံကြောင့်

အောက်လမ်းဆရာ ဘိုးထိန် လန့်ဖြန့်သွားလေသည်

....ဟာ....ဒီကောင်...လန့်တာကွာ....ကဲဘာတုန်း...

ကျော်မြပတ်ဝန်းကျင်အား အခြေအနေကြည့်ခါ

.....ဖြစ်ပါ့မလား...ဆရာကြီးရယ်....ဒီသင်္ချိုင်းက....

နာမည်ကြီးတယ်နော်......

....ဟာ...ကျော်မြ....မင်းကလဲကွာ....ငါ့တပည့်လုပ်ပြီး

ဒီလောက်တောင်.....သွေးကြောင်ရလားကွ....

....လာစမ်းပါကွာ....ငါတစ်ယောက်လုံးရှိပါတယ်ကွ....

ကျော်မြ ဘိုးထိန်အား ကြောက်ရသောကြောင့် ပါးစပ်

ပိတ်ငြိမ်ပြီး လိုက်လာခဲ့ရတာ ဒီသင်္ချိုင်းက တစ္ဆေ​

ခြောက်တဲ့နေရာမှာ နာမည်ကြီးလေသည်

ည၁၂လောက်ရှိပြီမို့ ဒီသင်္ချိုင်းဘက်ကို မည်သူမျှ

ဖြတ်သန်းသွားကြမည်မဟုတ် သင်္ချိုင်းထဲမှာ အုတ်ဂူ

အိုဟောင်းများကို မြိုပြီး ပေါက်နေသော ညောင်ပင်

ကြီးမှာလဲ အုံ့ဆိုင်းလျှက် တစ်ချက်တစ်ချက် လေတိုး

ရင် တဗြဲဗြဲနှင့် ညောင်ပင်ကြီးဆီက တိုးတိုက်သံတို့

ကြားရတတ်သည် လမိုက်ညမို့ ပတ်ဝန်းကျင်တစ်ခု

လုံး မှောင်မိုက်နေပြီး လောဘတတ်နေသော ဘိုးထိန်

မှာ ယူလာသော သံတူရွင်းနှင့် ဦးချမ်းသာ အုတ်ဂူအား

စ၍ဖောက်နေလေတော့သည်

....ဒုတ်....ဒုတ်....ဒုတ်....ချွင်.....

....ဟေ့ကောင်....ကျော်မြ....ငါ့ကိုဝိုင်းကူဦးလေကွာ....

လောဘ​ဇောကြောင့် ချွေးများစိုရွှဲနေသော ဘိုးထိန်မှ

ကျော်မြလက်ထဲသို့ သံတူရွင်း ကမ်းပေးလိုက်သည်

ကျော်မြလဲ ဆက်တူးတာပေါ့ သူဌေးဂူဆိုတော့

ကောင်းကောင်းပြုလုပ်ထားကြသည်မို့ အတော်နှင့်

မပေါက်ပေ

....အားစိုက်ပြီးသာတူးထား.....ကျော်မြ....ပေါက်ခါနီး

ပြီကွ...ဒီလက်စွပ်ကြီးရရင်....ငါတို့ဆရာတပည့်.....

ချမ်းသာပြီကွ.....

မီးအိမ်လေး မြှောက်ပြရင်း တပည့်ဖြစ်သူကျော်မြကို

အားပေးနေလေတော့သည် သိပ်မကြာလိုက်ပါ

....ခွပ်....

...ဟာ....ဆရာကြီးရေ....ပေါက်သွားပြီဗျ...

...ဟေ....ဟုတ်လား.....ကဲ....မင်းဖယ်စမ်း....ငါကြည့်

မယ်....

ဘိုးထိန် ဂူအတွင်းအား မီးအိမ်ဖြင့် ကြည့်သောအခါ

အပုပ်နံ့တို့က အနည်းငယ်မျှ ထွက်နေလေပြီဖြစ်ပြီး

ပြီးရောင်ကြောင့် ဂူထဲမှ အလောင်းကောင်၏ လက်မှ

စိန်လက်စွပ်ကြီးသည် အရောင်များ တစ်လက်လက်

ဖြင့် တွေ့ရလေတော့သည်

....ကျော်မြ....ရော့....မီးအိမ်ယူထား....ငါနှိုက်မယ်...

ကျော်မြအား မီးအိမ်လေးပေးပြီး ဘိုးထိန် ဂူထဲသို့

လှမ်းနှိုက်လေတော့သည် ခဏကြာသောအခါ

အေးစက်နေသော လက်တစ်စုံသည် ဘိုးထိန်လက်

အား ဂူထဲမှ ဆွဲထားလေတော့သည်

.....အောင်မလေး....ကျော်....ကျော်....ကျော်မြ....

ငါ့ကို....အမြန်ဆွဲစမ်း....

....ဟာ...ဆရာကြီး...ဘာဖြစ်တာလဲဗျ...

..ဂူထဲက..ငါ့....ငါ့လက်ကို....ဆွဲ.....ဆွဲထားတယ်ကွ....

ကျော်မြ သွေးပျက်ခြောက်ခြား သွားလေတော့သည်

ဘိုးထိန်၏လက်တစ်ဖက်ကို ကျော်မြအားနှင့် ဆွဲထုတ်

ပေမဲ့ မရပါ ဘိုးထိန်ကို ဂူထဲသို့ တစ်စုံတစ်ယောက်က

ဆွဲသွင်းနေလေတော့သည်

....အား....ငါမခံနိုင်တော့ဘူး...ကျော်....ကျော်မြ....

ငါ့..ငါ့ကို....ကယ်ပါဦးကွာ.....အား.....

ကျော်မြတစ်ယောက် ဘိုးထိန်လက်အား ဆွဲနေရင်းက

ရုတ်တရက် လွှတ်ချလိုက်ပြီး ဟားတိုက်ခါ ရယ်မော

လေတော့သည်

......ဟား......ဟား......ဟား.....

.....ဘိုးထိန်...ဘိုးထိန်....အောက်လမ်းဆရာစုတ်...

နင်က....မလောက်လေးမလောက်စားနဲ့.....ငါ့ရဲ့

သင်္ချိုင်းထဲကဂူကို......ဖောက်ချင်သေးတယ်ပေါ့...

....ဟား...ဟား....ဟား.....မရဘူးလေ.....

သင်္ချိုင်းရှင်မ....မဖဲဝါဆိုတာ....နင်ကြားဘူးတယ်

မဟုတ်လား.....ချမ်းသာ....ဒီကောင့်ကို....ဆက်ပြီး

ဆွဲထားစမ်းဟေ့....

ဘိုးထိန်ရဲ့ ဦးခေါင်းမှာ ဂူနံရံတွေနဲ့ ဆောင့်ထားသော

ကြောင့် သွေးများစီးကျလာတော့သည် သူ့တပည့်

ကျော်မြကတော့ သင်္ချိုင်းရှင်မ မဖဲဝါ ပူးကပ်နေခါ

ဟားတိုက်ရယ်မောနေလေသည်

....ကျုပ်.....ကျုပ်...တောင်းပန်ဗျာ.....နောက်မလုပ်

တော့ပါဘူး....အသက်ကိုချမ်းသာပေးပါ......

ဘိုးထိန်တစ်ယောက် သွေးပျက်ခြောက်ခြားနေပြီး

အကြိမ်ကြိမ်ပါးစပ်က တောင်းပန်ပါသော်လဲ မရပါ

ဂူထဲမှ လက်တစ်စုံဟာ ပို၍သာဆွဲထားလေ၏

...ဟေ့....ချမ်းသာ....ဒီလူယုတ်မာကို....ဒီသင်္ချိုင်းထဲ

က.....အရှင်ထွက်တာ....မလိုချင်ဘူးဟေ့.....

.....ဟား.....ဟား.....ဟား......

ကျော်မြတစ်ယောက် အမှောင်ထဲသို့ ရယ်သံတို့ဖြင့်

တိုးဝင်ပျောက်ကွယ်သွားလေတော့သည်

အော်ဟစ်ရုန်းကန်ရင်း အုတ်ဂူအကြိမ်ကြိမ်ဆောင့်တဲ့

ဒဏ်ကြောင့် သွေးအိုင်ထဲ ငြိမ်သက်သွားပါတော့သည်

ထိုညမှစ၍ ကျော်မြတစ်ယောက်လဲ ပျောက်ခြင်းမလှ

ပျောက်သွားခဲ့တာပါပဲ

အပိုင်း(၂)ဆက်ရန်

မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)