စောရဦးခေါင်း၊ အပိုင်း(၅)
"ဒီလို တာတေ၊ ငါ့အစ်ကို ကိုမင်းလွင်
နဲ့ ငါနဲ့ တိုင်ပင်ကြတယ်၊ ဒီက ဘိုးအို
ရဲ့ အိမ်ကြီးရော၊ ယာတွေရော၊ ထန်း
တွေရော ဘကြီးဖိုးသောင်းနဲ့ ဒွေးလေး
ပုကြည်တို့ကို အပြီးပေးခဲ့မယ်။ ပြီးရင်
ငါတို့ညီအစ်ကို မန္တလေးကိုပြောင်းပြီး
ပွဲရုံလုပ်ငန်း လုပ်တော့မယ်၊ ငါ အခု
လာတာ ဒွေးလေးပုကြည်ကို လာ
ခေါ်တာ၊ မနက်ဖြန်ဆိုရင် ဘကြီး
ဖိုးသောင်းရယ်၊ ဒွေးလေးပုကြည်
ရယ်၊ ငါတို့ညီအစ်ကိုရယ် မျက်နှာ
စုံညီ တွေ့ကြပြီး သူတို့ကို အပြီးလွှဲ
ကြတော့မှာ"
"ဟင် ကိုမင်းဒင်တို့က ဆုံးဖြတ်
ပြီးကြပြီပဲ"
"သြော် မနက်ဖြန်ဆိုရင် ယာတွေ
ရော ထန်းတောရော သူတို့ကို လွှဲ
တော့မှာကွ တာတေရ"
"နို့ ဒီစောရဦးခေါင်းကြီးက ကိုမင်း
ဒင် ယူသွားမှာလား"
"ဟာ မယူပါဘူး တာတေရာ၊ ဒီအ
ကြောင်းတွေ ငါ တစ်ယောက်ပဲ သိ
တာကွ၊ ကိုမင်းလွင်တောင် သိတာ
မဟုတ်ဘူး၊ ငါ အခု မင်းဆီကို လာ
တာက ဒီစောရဦးခေါင်းကိစ္စပဲကွ"
"ဗျာ ကျုပ်က ဘာလုပ်ရမှာလဲ
ကိုမင်းဒင်"
"ငါ ဒါကြီးကို သုံးဖို့နေနေသာသာ ယူ
တောင် မထားဝံ့ဘူးကွ၊ ဘိုးအိုပေးခဲ့
လို့သာ ယူထားရတာ၊ ကြက်သီးတ
ဖျန်းဖျန်း ထနေတာကွ တာတေရ။
မင်းကတော့ ဒါမျိုးတွေ စိတ်ဝင်စား
တယ် ဆိုတာ ငါသိတယ်၊ ဒါကြောင့်
မင်းကို ငါလာပေးတာ"
"ဟာ ကျုပ်ကိုပေးမှာ ဟုတ်လား
ကိုမင်းဒင်"
"အေးလေကွာ၊ မင်းယူထားလိုက်ပါ၊
မင်းသုံးချင်လည်းသုံးပေါ့၊ မသုံးချင်
လည်း သိမ်းထားပေါ့ကွာ၊ဒါမှမဟုတ်
အပြီးဖျက်ဆီးပစ်ချင်ရင်လည်း ရ
တယ်ကွ"
"ဗျာ ဖျက်ဆီးလို့ရတာ ဟုတ်လား"
"အေး ဟုတ်တယ် တာတေ၊ ဘိုးအို
ငါ့ကို ပြောတုန်းက အဲဒီအထိပြောခဲ့
တာ၊ ဒီခေါင်းခွံကို ရွာပြင်ထွက်ပြီးသ
င်္ချိုင်းမှာ မီးရှို့ပစ်ရမယ်၊ ဒီခေါင်းခွံကြီး
မီးလောင်နေတဲ့အချိန်မှာစောရကြီး
ကို ခေါ်တဲ့ဂါထာရွတ်၊သူ ရောက်လာ
လိမ့်မယ်။ မင်းကသူ့ကို သွားလိုရာ
သွားဖို့ ခွင့်ပြုလိုက်တဲ့အကြောင်း
ပြောလိုက်ပေါ့ကွာ။ ပြီးရင် သူ့ကို
နှင်တဲ့ဂါထာကို နှစ်ဆယ့်ခုနှစ်ခေါက်
ရွတ်ရတယ်၊ ဒါဆိုရင် သူလွတ်သွား
ရောတဲ့ကွ၊ ကဲ ဘယ်လိုလဲ၊ မင်း ယူ
ထားမယ်မို့လား။ ငါ တခြားသူတွေ
လက်ထဲတော့ မပေးချင်ဘူးကွာ။
မင်းက အတွေ့အကြုံများတဲ့သူ
ဆိုတော့ လုပ်သင့်တာ မလုပ်သင့်
တာ မင်းဘာသာ ချင့်ချိန်ပြီး ကြည့်
လုပ်ပေါ့ကွာ"
ကိုမင်းဒင်က သူ့အဘိုး ဦးအို တစ်သက်
လုံးလျှို့ဝှက်ထားတဲ့ကိစ္စကို တစ်ခုမကျန်
ကျုပ်ကို ပြောပြပြီး စောရဦးခေါင်းလို့ခေါ်
တဲ့ မှော်အစီအရင် ပစ္စည်းကို တကယ်
ပေးနေတယ်ဆိုတာ ကျုပ်သိတယ်
ဒီပစ္စည်းဟာ တော်တော်ကို ထူးဆန်းပြီး
အဖိုးတန်မှန်း ကျုပ်သိပါတယ်။ ဒါပေမဲ့
ကျုပ်လည်း ဒါကြီးကို နည်းနည်းတော့
ကြောက်သားဗျ။နောက်ဆုံးတော့ ကျုပ်
ဆုံးဖြတ်လိုက်တယ်။ ဒီလောက်ထူးဆန်း
တဲ့ပစ္စည်းကို ကျုပ်ယူထားလိုက်မယ်
ပေါ့ဗျာ။
"ကဲ ကိုမင်းဒင်၊ ခင်ဗျားအဘိုး ဦးအိုရဲ့
အင်မတန်ထူးဆန်းတဲ့ စောရဦးခေါင်း
ကြီးကို ကျုပ်ယူထားလိုက်ပါ့မယ်ဗျာ"
"ဟာ အဲဒီလို လုပ်စမ်းပါ တာတေရာ၊
အခုမှပဲ ငါရင်ထဲက အလုံးကြီးကျသွား
တော့တယ်၊ ကဲ ရော့ကွာ၊ မင်းကို အပြီး
အပ်လိုက်ပြီ"
ကိုမင်းဒင်က ဝမ်းသာအားရနဲ့ သူ့ရဲ့
စောရဦးခေါင်း ထည့်ထားတဲ့ သေတ္တာ
ပြားပြားကလေးကို ကျုပ်လက်ထဲ ထည့်
လိုက်ရောဗျို့။
"ရော့ တာတေ၊ ဒီပုဆိုးလေးနဲ့ ပတ်ထား၊
အဲဒါ ငါ့ပုဆိုးလေးကွ၊ အမှတ်တရပေါ့ကွာ"
ကိုမင်းလွင်က အဲဒီလိုပြောပြီးတော့
သူ့အိတ်ကပ်ထဲကို နှိုက်ပြီး စမ်းနေ
တယ်ဗျ
"ရော့ ဒါလေးလည်း ငါ့ရဲ့အမှတ်တရ
လက်ဆောင်လို့ သဘောထားပြီး ယူ
ထားလိုက္ပါကြာ"
"ဟင် ဘာတုံးဗျ၊ ကိုမင်းဒင်"
အို ရွှေဒင်္ဂါးပြားလေးပါလား။
ဂျော့ဘုရင်ပုံနဲ့ဗျ။
"ယူပါ တာတေရ၊ ငါတို့ ညီအစ်ကို
က ဒီတစ်ရက် နှစ်ရက်အတွင်း သွား
ကြတော့မှာ"
ကျုပ် ကိုမင်းဒင်ပေးတဲ့ ရွှေဒင်္ဂါးပြား
လေးကို ယူလိုက်တယ်။ အဲဒီညက
ကိုမင်းဒင် ကျုပ်နဲ့ စကားပြောနေ
လိုက်တာ သန်းခေါင်လောက်ရှိ
တော့မှ သူ့ဒွေးလေး မပုကြည်တို့
အိမ်ကို ပြန်သွားတယ်ဗျ။
ကျုပ်ကတော့ သူပေးခဲ့တဲ့ ဒင်္ဂါးတစ်
ပြားနဲ့ စောရဦးခေါင်းသေတ္တာကလေး
ကို လုံလုံခြုံခြုံ သိမ်းရတော့တာပေါ့ဗျာ
အဲဒီညက အိပ်မက်ထဲမှာ ခေါင်းမပါတဲ့
သရဲကြီးတစ်ကောင် လိုက်တယ်လို့
အိပ်မက်မက်လို့ ကျုပ်ဖြင့် ပြေးလိုက်
ရတာ၊ အိပ်မက်ထဲမှာ ဟောဟဲကို
လိုက်ရောဗျို့။တစ်ပတ်လောက်ကြာ
တော့ အရီးပုကြည် ကျုပ်ကို လာပြော
တယ်။ ကိုမင်းဒင်တို့ညီအစ်ကို မန္တလေး
ကို ပြောင်းသွားတဲ့အကြောင်း၊ ကျုပ်ကို
နှုတ်ဆက်သွားကြောင်းပေါ့ဗျာ။
ကျုပ်လည်း ဒီလိုနဲ့ နေလာလိုက်တာ
သုံးလလောက်ကြာတော့မှ စောရဦး
ခေါင်းအကြောင်းကို ထိုင်ပြီးတွေးမိ
တော့တယ်။ဒါကြီးကို ကျုပ် ဘာလုပ်
ရမှာတုံး။ ဒီအတိုင်း သိမ်းထားရမလား။
ဒါမှမဟုတ်ရင်လည်း ဖျက်ဆီးပစ်လိုက်
ရမှာလားပေါ့ဗျာ။
ဒီလောက်ထူးဆန်းတဲ့ ပစ္စည်းကို
ဖျက်ဆီးပစ်ရမှာကလည်း တော်
တော်ကို နှမြောဖို့ ကောင်းတာဗျာ။
အဲဒီညက ဝိုင်းထဲမှာ ကျုပ်တစ်
ယောက်တည်း ဆေးလိပ်ဖွာရင်း
တွေးနေမိတယ်။ နောက်ဆုံးတော့
ကျုပ် ဆုံးဖြတ်လိုက်တယ်။ သူတစ်
ပါးပစ္စည်းကို ခိုးဝှက်ပြီးတော့ ကျုပ်
အသက်မရှင်ချင်ဘူးဗျာ။
အပိုင်း(၆)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ် ပေးပါသည်။

Comments
Post a Comment