ရွာတော်စောင့်သရဲ .အပိုင်း(၂)
"အေး-----အေး-----နေဦးတာတေ မင်းကို ဆုံးအောင်ဆက်ပြောရဦးမယ်၊ဟင်းအိုးထဲမှာ ဝက်သားနှစ်တုံး သုံးတုံးကျန်
နေခဲ့တယ်တဲ့ကွ၊အဲဒါကို အရီးမြတင်ရဲ့သား ကိုဘိုတိုးကသူတိုအိမ်က ခွေးနှစ်ကောင်ကို ကျွေးလိုက်တာ ဝက်သားလည်းစားပြီးရော ခွေးနှစ်ကောင်သေပါလားတာတေရာ"
"ဟေ……ဟုတ်လား၊ဒါဆိုရင်တော့ မလွယ်ဘူးကွ စံဘော်ရဒီကောင်ကြီးက သက်တမ်းရာကျော်နေပြီ ထင်တယ်ကွ""ပြီးခဲ့တဲ့ညကရော ဘယ်သူ့အိမ်ကိုတက်စားသေးလဲ""နေဦးတာတေ၊ငါမင်းကို ပြောပြဖို ကျန်နေသေးတယ်
အဲဒီလိုဖြစ်တော့ ငါတိုရွာသားတွေ ဆွမ်းလှည့်မချက်တော့ဘဲဘုန်းကြီးကျောင်းကို အလှူငွေပဲ ထည့်ကြတယ်။ဒီမှာတင်
ဒီအကောင်ကြီးက ဟင်းမချက်ကောင်းလားဆိုပြီး တိုရွာကမွေးကင်းစ ကလေးတစ်ယောက်ကို အူတွေအသည်းတွေနှုတ်ပြီး စားရောဟေ့၊သေတဲ့ကလေးက သုံးလသားလောက်ပဲ
ရှိသေးတာ၊သေတော့ ဗိုက်ကလေးက ပြားချပ်နေတာနဲ့ ရွာထဲကလူကြီးတွေက ဗိုက်ကို ခွဲကြည့်ကြတော့ ကလေးမှာ
အူတွေ၊အသည်းတွေ မရှိတော့ဘူးကွ"
"နေပါဦးကွ စံဘော်ရ၊ကလေးက ဘာဖြစ်လို သေတာတဲ့တုံး""ဘာမှ မဖြစ်ဘူးကွ၊အကောင်းကြီးကနေ အိပ်နေတုန်း
လန့်အော်ပြီး သေသွားတာကွ၊ဒါနဲ့ ငါတိုရွာက လူကြီးတွေကမဖြစ်တော့ဘူးဆိုပြီး ဝက်သားတစ်နေ့သုံးပိဿာချက် ချက်
ပြီး အိုးကြီးနဲ့ကို သွားသွားချကျွေးနေရတာ"
"ဟေ ဟုတ်လား၊ဘယ်နားမှာ သွားပြီး ကျွေးရတာတုံးကွ""ငါတို ရွာထိပ်မှာ အသက်ဘယ်လောက်ရှိနေမှန်း မသိတဲ့
တမာပင်လေးတစ်ပင် ရှိတယ်ကွ၊အပင်အမြင့်က လူခါးစောင်းလောက်ပဲရှိတယ်၊ဒါပေမယ့် သက်ရင့်တမာပင်ကြီးတွေလိုပဲ
အကိုင်းအခက်နဲ့၊အပင်တွေ အကိုင်းတွေကလည်း သက်ရင့်ပင်ကြီးတွေလိုပဲ၊အပွေးတွေတက်၊ကြီးပေါင်းတွေတက်နဲ့ကွ၊
လူကြီးတွေ ပြောတာကတော့ ငါတိုနေတဲ့ ရွာတော်ကြီးကိုတည်တဲ့ သူကြီးဦးမာ ဆိုတဲ့လူကြီးက အဓိဋ္ဌာန်ပြီးစိုက်ခဲ့တာလိုပြောတာပဲကွ။ဘာတွေအဓိဋ္ဌာန်ခဲ့တယ် ဆိုတာတော့ ဘယ်သူမှ မသိပါဘူးကွာ။လူကြီးတွေ ပြောတာကတော့
ဒီတမာပင်က ဘုရင်တွေ ရှိတဲ့အခါကတည်းက စိုက်ထားတာလိုပြောကြတာပဲ၊အဲဒီတမာပင်လေးကို ခြံနဲ့ဝိုင်းထားတာကွတိုရွာသားတွေက တင်ဖို မြှောက်ဖို ကိစ္စဆိုရင် အဲဒီရွာထိပ်ကတမာပင်ပုလေးမှာပဲ သွားပြီး လုပ်ကြတာကွ တာတေရ"
"သြော်…ဒါဆိုရင် ဟိုအကောင်ကြီးကို ဝက်သားကျွေးတာလည်း အဲဒီနေရာမှာပဲပေါ့"
"အေး…………ဟုတ်တယ်ကွ" ကျုပ်လည်း စံဘော်ပြောတာကိုတွေးကြည့်နေတာပေါ့ဗျာ။
"မောင်တာတေရေ..ဘိုးထော်တို အခုလာတာ မောင်တာတေကို ခေါ်ဖိုပဲကွ၊ဒီကိစ္စကို မောင်တာတေလိုက်လာပြီးအကဲခတ်ပေးပါ ပြီးတော့ရှင်းနိုင်ရင်လည်း ရှင်းပေးပါ
မောင်တာတေ ဘိုးထော်တိုနဲ့ တော့ တခါတည်းလိုက်ခဲ့ပါ"ဘိုးထော်က ကျုပ်ကို အရအမိကို ခေါ်တော့တာပေါ့ဗျာ။ကျုပ်ကလည်း ဘယ်လိုလုပ် ငြင်းလိုကောင်းမှာတုံးဗျာ။စံဘော်
ဆိုတာက လွှတ်ခင်ကြတဲ့ ငယ်သူချင်းလေဗျာ။
နောက်ဆုံးတော့ ယူစရာရှိတာတွေယူပြီး စံဘော်တို သားအဖလှည်းနဲ့ ကျုပ်ရွာတော်ကြီးကို လိုက်ခဲ့ရတော့တာပေါ့ဗျာ။"ဟ……ဘယ်လိုတုံး၊ဟ ငနီကြီး၊တောက် ဘာလို တွန်းနေတာတုံးဟ၊အဖြောင့်ဆွဲလေ""ဟ ဒီနွား၊အေး အဲဒီလို သွားလေ"
စံဘော်အဘ ဘိုးထော်က လှည်းမောင်းတာဗျ။
ကျုပ်နဲ့စံဘော်ကတော့ ဘချစ်အကြောင်းကို ပြောလာကြတာ။ဘချစ်ဘယ်ရောက်နေမှန်း ကျုပ်ရော၊စံဘော်ရော မသိကြဘူးဗျ။ကျုပ်တိုနှစ်ယောက်လုံး ဘချစ်ကို သတိရနေကြတာ။
သုဿာန်ကျောင်းဘုန်းကြီးမွေးစားထားတဲ့ အကောင်လေဗျာ။ဘချစ်က စကားပြောရင် အ,ထစ် အ,ထစ်နဲ့ ပြောတဲ့ကောင်စကားသာ ထစ်တာ လွှတ်ခင်ဖိုကောင်းတဲ့ကောင်ဗျ။ဘိုးထော် လှည်းမောင်းတဲ့အသံကို နားထောင်ရင်း စံဘော်
နဲ့ ကျုပ် စကားကောင်းလာလိုက်တာ ညနေစောင်းသွားတာတောင်သတိမမထားမိလိုက်ဘူးဗျို။"မောင်တာတေ ဟိုရှေ့ကဟာဘိုးထော်တိုရွာပဲကွ
ရောက်ပြီ"လို ပြောတော့မှ ကျုပ်ကလှမ်းကြည့်မိလိုက်တာ။
"ဟ စံဘော်ရွာတော်ကြီးဆိုလို ငါ့စိတ်ထဲမှာ ရွာကြီး အကြီးကြီး ထင်နေတာကွ၊ခုသေသေချာချာ ကြည့်တော့မှ မင်းတိုရွာက သိပ်မကြီးဘဲကိုး"
"ဟာ မဟုတ်ဘူးကွ မောင်တာတေရဲ့၊ဒီရွာကြီးကို ဘုရင်တွေ လက်ထက်တွေကတည်းက တည်ခဲ့တာဘုရင်တိုက်ရိုက် အုပ်ချုပ်တဲ့ရွာလို ပြောတယ်၊ဘုရင်ရဲ့ စစ်ကဲကြီး ဦးမာ
ဆိုတာက သူကြီးလုပ်ရတာကွ၊သူပဲ ရွာတည်ခဲ့တယ်လို ပြောတယ်။တကယ်က ရိုးရိုးသူကြီး မဟုတ်ဘူးကွ၊ဘုရင်ဘဏ္ဍာ
တိုက်ထဲကို သွင်းရတာတဲ့ကွ၊ဒီတုန်းက အိမ်ခြေတစ်ထောင်ကျော် လောက်ရှိတယ်ဆ်ုပဲ။နှစ်တွေကြာလာတော့ရွာကတဖြည်းဖြည်းသောင်လာတာပေါ့ကွာ။ခုဆိုရင် အိမ်ခြေတရာ
ကျော်လောက်ပဲ ရှိတော့တာ မောင်တာတေရဲ့"
"သြော်………ဒီလိုလား ဘိုးထော်ရဲ့"
ကျုပ်တိုရွာထဲဝင်တော့ နေဝင်ကာနီးနေပြီဗျ။စံဘော်တိုဝိုင်းက ကျယ်ပါတယ်။
"စံဘော် ဒီညဝက်သားသွားကျွေးရင် ငါလိုက်မယ်"
ကျုပ်က လှည်းပေါ်က ဆင်းတာနဲ့ တန်းပြောလိုက်တာ။
အပိုင်း(၃)ဆက်ရန်....
မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်..

Comments
Post a Comment