ပဥ္စလက်မှော်ရွာ အပိုင်း(၃)



"တကယ်က ကတိုးတွေအုပ်စုလိုက်ရှိနေချိန်
အမဲလိုက်မု ဆိုးတွေပစ်ရင် အဖိုတွေဟာ အမတွေ 
ခလေးတွေရှေ့က မားမား မတ်မတ်ရပ်ပေးတယ်
အဖိုတွေ ကာကွယ်ပေးပေမယ့် မုဆိုး လက်ကပြေးမလွတ်သေးရင် အမတွေဟာ ကောင်ပေါက်လေးတွေရှေ့က ကာကွယ်ပြီးရပ်ပေးတတ်တယ်....
ဒါကြောင့်..
ကတိုးကောင်ပေါက်လေးတကောင်လိုချင်ရင်
အရွယ်ရောက်ပြီး ကတိုးအားလုံးသတ်မှရမယ်"
ဆိုတဲ့ ဆိုရိုးစကားပါပဲ"

"သတ္တဝါ ဆိုပေမယ့် အတော်ကို လေးစားအတု
ယူစရာကောင်းတဲ့ စိတ်ဓတ်တွေပဲနော်...ဦး"

"ဟုတ်တယ်..
ဒါကြောင့်ဦးဘဝသက်တမ်းတလျှောက်မှာ
ကတိုးကို တခါမှ အမဲမလိုက်ဖူးဘူး"

ဦးလဗျန်နော် ပြောပြသော ကတိုးများအကြောင်းသိလိုက်ရသောအခါ
အပျော်တမ်း
မုဆိုးဒီရမ်းတစ်ယော်ကနောင်တရမိသွားသည်။

ဒီရမ်းအနေနဲ့နောက်နောင် အမဲမလိုက်လျှင်ကတိုးကောင်များမသတ်ရန်ဆုံးဖြတ်ချက်ချလိုက်မိသည်။

 အခန်း[၂]

ည။

ယနေ့ကားလပြည့်ညဖြစ်ဟန်တူသည်။

သို့သော်လည်း ငွေလရောက်ကားတိမ်အုပ်ကြားမှာ
ပိတ်မိနေလျှက် အလင်းရောင်အနည်းငယ်လေးရှိနေသည်မှအပ ပြည့်ပြည့်ဝဝ အလင်းရောင်မဖြန့်ကျက်နိုင်ချေ ။

သမင်အသေအားထမ်းကာ ဦးလဗျန်နော်တို့ သားဖနှစ်ယောက် ညနေစောင်းကတည်းကထွက်ခွာ
သွားကြပြီဖြစ်သည်။

ထို့ကြောင့်
အိမ်တွင် ဒီရမ်း တစ်ယောက်တည်းသာ ကျန်နေရစ်ခဲ့သည်။

ညနေစောင်းကတည်းကထွက်သွားခဲ့ကြသော
သားအဖနှစ်ယောက်ကား ယခုနေဝင်မိုးချုပ် ယခုထိပြန်မရောက်ကြသေးချေ ..။

ဒီရမ်းတစ်ယောက်နေရထိုင်ရလည်း သက်သာပြီမို့ 
အိမ်ပေါ်မှဆင်းကာ အိမ်ရှေ့မြေကွက်လပ်ပေါ်တွင်
သို့ဆင်းရင်း ရွာဖက်ဆီသို့ မျော်ကြည့်လိုက်မိသည်။

 ဦးလဗျန်နော်တို့ အိမ်ကား ရွာထိပ်နဲ့ တွင်ရှိကာ ရွာနဲ့
အနည်းငယ်လှမ်းသောနေရာတွင်တည်ရှိနေ၏။

ရွာကလေးကား မှိန်ဖျော့ဖျော့လရောင်အောက်တွင်တိတ်ဆိတ်ငြိမ်သက်စွာဖြင့်အိပ်မောကျနေသည်။
 
  ရွာကလေးကားတောင်ပေါ်ရွာကလေးပီပီ အိမ်ခြေ
နည်းပါးဟန်တူသည်။

  အိမ်ခြံအပြင်ဖက်သို့ ဘာရယ်မဟုတ် ဦးလဗျန်နော်တို့
သားအဖအား တွေ့လိုတွေ့ငြား လျှောက်လာရင်းမှ ရွာထိပ်ဖက်ဆီသို့ ရောက်မှန်းမသိရောက်လာခဲ့သည်။

  တစ်နေရာအရောက်တွင် 
ထူးခြားမူတစ်ခုအား ဒီရမ်း သတိပြု မိလိုက်သည်။

ခပ်လှမ်းလှမ်းတောတန်းဆီမှ မီးရောင်များ လှမ်းတွေ့လိုက်ရသောကြောင့်ပင်ဖြစ်သည်။

  ညနေက ရိုးရာပွဲသွားသည်ဆိုသော ဦးလဗျန်နော်တို့သား အဖပြောသော စကားအား
သတိရလိုက်မိသည် ။

ထို့ကြောင့် ဒီရမ်းလည်း 
သူ့ခြေလှမ်းမျ ားထိုနေရာဆီသို့ ဦးတည်လိုက်မိတော့၏ ။

 ထိုနေရာသည် တောင်ခြေတောအုပ်တစ်ခု၏အတန်ငယ်ကျယ်သော မြေကွက်လပ်ပေါ်မှ ထွက်ပေါ်လာသောမီးရောင်ပင်ဖြစ်သည်။

မြေကွက်လပ်အတွင်း လူများစုရုံးစွာရှိနေပြီး တိတ်ဆိတ်ငြိမ်သက်စွာဖြင့်မတ်တပ်ရပ်လျှက်ရှိနေကြသည်။

  စုစုပေါင်း လူ [၆၀] နီးပါးခန့် ရှိမည်ဖြစ်ပြီး ထိုလူအုပ်တန်းအလယ်တွင် ဦးလဗျန်နော်တို့သားအဖအား လူအုပ်စု အလယ်တွင်
ရောနှောလျှက်ရှိနေသည်ကိုတွေ့လိုက်ရသည်။

 ထူးခြားလွန်းသောအခြေအနေကြောင့် သစ်ပင်တစ်ပင်အား အသာကွယ်လိုက်ရင်း ဘာဆက်ဖြစ်မလဲ ဆက်ကြည့်နေမိသည်။

  ဒီရမ်းရောက်နေသောနေရာသည်ကား ကုန်းမြင့်ပိုင်းဖက်ရောက်နေသောကြောင့် ထိုလူအုပ်အား အပေါ်စီးမှ စီးမိုးကာမြင်နေရခြင်းပင်ဖြစ်သည်။

   လူအုပ်အလယ်တွင်ကား နွား..ဆိတ်..ဝက်...တခြားတောတိရိစ္ဆန် သတ္တေဝါများ
စုံလင်စွာ အကောင်လိုက်အတိုင်းပင် ပုံထားသည်
ကိုတွေ့လိုက်ရသည်။

   စိတ်ဝင်တစားရပ်ကြည့်နေချိန်မှာပင်..
ဒီရမ်းရှေ့မြင်ကွင်းများမသဲမကွဲတဖြည်းဖြည်း
ဝေဝါးကုန်၏။

  အကြောင်းမှာကား
 မြူခိုး များချက်ခြင်းပင်ရစ်ဆိုင်းလာပြီး
မြင်ကွင်းရှေ့တွင် ပိတ်ဆို့ကာ ဒီရမ်းသူ့ရှေ့မှ
လူအုပ်စုကိုသေချာမတွေ့ရတော့ချေ ..။

 မြူ များသည်တခနသာ ဆိုင်းကျလာခြင်းဖြစ်ပြီး တဖြည်းဖြည်း မြူ နှင်းမျ ား လွင့်ပြယ် သွားတော့သည်။

  ဒီရမ်း လည်းဦးလဗျန်နော်တို့ရှိနေသော ရွာသားလူအုပ်ကြီးအားလှမ်းကြည့်လိုက်မိသောအခါ....

   ဒီရမ်း တစ်ယောက်ကြောက်စိတ်ဖြင့် တကိုယ်လုံး
ကျောရိုးများ စိမ့်တက်လာကာ ကြက်သီးမွေးညှင်းများထ၍  ခေါင်းနပန်းများကြီးကုန်တော့သည်။

  သူ့အနေနဲ့ ကြောက်လန့်စိတ်ဖြင့် အော်ဟစ်မိမတတ်ဖြစ်သွားမူက်ို အချိန်မှီထိန်းထား
လိုက်ရသည်။

    အကြောင်းမှာကား ဦးလဗျန်နော် သားအဖပါဝင်သော
ရွာသားလူအုပ်ကြီးသည် သူ့တို့ရှေ့မှ သားကောင်ပုံကြီးအား သူ့ထက်ငါ အလုအယက်
သွေးသံရဲရဲဖြင့်  အားပါးတရ ကိုဖြတ်စားသောက်နေကြသည်။

သားကောင်များဗိုက်အား လက်ဖြင့် ထိုးခွဲရင်း အထဲမှ အူအသည်းများအား သွေးသံတရဲရဲဖြင့် ကိုက်ဖြတ်စားသောက်နေကြသည်မှာ သွေးပျက်ထိတ်လန့်ဖွယ် ကောင်းလွန်းလှသည်။

ဒီရမ်းတယောက် ကြောက်လန့်စိတ်ဖြင့် ထွက်ပြေးရန်မေ့လျှော့ကာ ထိုသွေးပျက်ဖွယ် မြင်ကွင်းအားကြည့်နေစဉ်.....

  ထိုအုပ်စုထဲမှ တစ်ယောက်သော သူသည် ဒီရမ်းပုန်း
အောင်းနေရာသို့ အသားဖဲ့ တဖဲ့အား ကိုက်ဖြတ်ရင်းတန်းလန်းဖြင့် ရဲရဲနီနေသော မျက်လုံးများဖြင့်စိုက်ကြည့်လာပါတော့သည်။

  ထို့နောက် ကျယ်လောင်သော အော်ဟစ်သံကြီးဖြင့်
ဗလုံးဗထွေးအော်ဟစ်လိုက်ချိန် အသားပုံကြီးအား
အလုအယက်စားသောက်နေသူများအားလုံးသည်
တခနတန့်လျှက် ဒီရမ်း ပုန်းအောင်းရာနေရာသို့
စိုက်ကြည့်လာကြတော့သည်။

   ဒီရမ်း ရင်ထိတ်သွားမိသည်။
သူပုန်းအောင်းရာ နေရာအားထိုသူများသိသွားခြင်း

အတွက်ကြောင့်ပင်ဖြစ်သည်။


အပိုင်း(၄)ဆက်ရန်..

မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments

Popular posts from this blog

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၃)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၅)

စက်ကြိုးဆွဲ မဖဲဝါ အပိုင်း(၆)