တစ္ဆေတွေနေတဲ့အိမ်၊ အပိုင်း ၂။
တစ္ဆေတွေနေတဲ့အိမ်၊ အပိုင်း ၂။
ကိုမောင်ပုမျက်နှာက ဝမ်းသာသွားတဲ့ပုံပဲဗျ။
ကျုပ်ကို ပြုံးပြုံးကြီးလုပ်ပြီး ကြည့်နေတယ်။
"ဒီလိုကွ တာတေရ၊ မင်းတို့ရွာက အောင်ချစ်ဆို
တာ ငါနဲ့ သူငယ်ချင်းကွ"
ကိုအောင်ချစ် ဆိုတဲ့အသံကို ကြားတော့ ကျုပ်
ဆတ်ကနဲတောင် တုန်သွားမိတယ်။
"ဗျာ…ကိုမောင်ပုက ကိုအောင်ချစ်နဲ့ သူငယ်
ချင်းတွေလား"
"အေးလေကွာ၊ ဒီကောင်နဲ့ ငါနဲ့က ဝါသနာတူ
တွေလေ တာတေရာ၊ ဘာဝါသနာလည်း မင်း
သိလား"
"ဟာ ကျုပ် မသိဘူးဗျ"
"ဖဲလေကွာ၊ ဖဲ၊ ဖဲ၊ ဟား…ဟား…ဟား"
"သြော် ဟုတ်လား၊ ကိုအောင်ချစ်ကတော့ ဖဲဆို
လွှတ်ဝါသနာကြီးတာဗျ"
"ငါလည်း အောင်ချစ်အတိုင်းပဲကွ တာတေရ၊
ငါတို့ နှစ်ယောက်စလုံးက မိန်းမတွေ ဘာတွေ
ယူဖို့ စိတ်မဝင်စားဘူးကွ၊ ဖဲပဲချချင်တာ၊ ဖဲသာ
ချနေရလို့ကတော့ ထမင်းမစားရလည်း နေနိုင်
တဲ့ကောင်တွေဟေ့"
"အင်း ကျုပ် ယုံပါတယ်ဗျာ၊ ကိုအောင်ချစ်နဲ့
ကျုပ်က တော်တော်ကို တွဲခဲ့ကြတာဗျ၊ ကုန်
ကုန်ပြောရရင် ကိုအောင်ချစ်သေတဲ့အချိန်အ
ထိ ဆိုပါတော့ဗျာ"
ထန်းရည်ဝိုင်းက ကျန်တဲ့လူတွေက တစ်ချို့
လည်း ဆေးလိပ်ကလေးဖွာလို့။ တစ်ချို့လည်း
ထန်းရည်ငှဲ့ထားတဲ့ အုန်းမှုတ်ခွက်ကလေးမော့
လို့။ တစ်ချို့ကတော့ သောက်လုံးကြီးတဲ့လူ
တွေဆိုတော့ မြူအိုးလိုက် မော့လို့ပေါ့ဗျာ။ ဒါ
ပေမဲ့ အားလုံးက ကျုပ်နဲ့ ကိုမောင်ပု ပြောနေ
ကြတာကို နားစွင့်နေကြတာဗျ။
"ဒါထက် တာတေရဲ့၊ ငါ့သူငယ်ချင်း အောင်
ချစ် သေတဲ့အကြောင်းကို နည်းနည်းတော့
ကြားမိသကွ၊ ပြီးတော့ အောင်ချစ်သေတဲ့အ
ချိန်မှာ မင်းအနားမှာ ရှိတယ်လို့ မင်းတို့ရွာက
ကိုဆိတ်ဖွားကြီးက ငါ့ကို ပြောဖူးတယ်ကွ"
"သြော် ကိုမောင်ပုကို ကိုဆိတ်ဖွား ပြောတာ
လား၊ ဟုတ်တယ်ဗျ၊ ကိုအောင်ချစ် သေတာ
ကျုပ်တို့ရွာမြောက်ဘက်က မီးလောင်းကုန်း
သင်္ချိုင်းထဲမှာ၊ ကိုအောင်ချစ်နဲ့ ကျုပ်နဲ့ မီး
လောင်ကုန်းက တရုတ်ကြီးအမိန်းရဲ့ အသု
ဘမှာ ဖဲချပြီး ပြန်လာကြတာဗျ။ ကျုပ်က
အောင်ချစ်နဲ့ အဖော်လိုက်ရတာပေါ့ဗျာ။
ည ၂ ချက်တီးလောက်ကြီးမှာ သေတာဗျ"
"ဟာ…ည ၂ ချက်တီး ဟုတ်လား၊ သင်္ချိုင်း
ထဲမှာ သေတာ၊ ဟင် ဘယ်လိုဖြစ်လို့တုံးကွ"
ထန်းရည်ဝိုင်းက အားလုံးဝိုင်းပြီး တစ်ယောက်
တစ်ပေါက် မေးကြတာဗျ။ ပြီးတော့မှ ကိုမောင်
ပုက ပြောတယ်
"သင်္ချိုင်းထဲမှာ အချိန်မတော်ကြီး သေတယ်
ဆိုတာတော့ ငါသိတယ် တာတေရ၊ ဘယ်လို
ဘယ်ပုံ သေတယ်ဆိုတာတော့ ငါ မသိဘူး
ကွ၊ နို့ ဘယ်လိုဖြစ်တာတုံးကွာ"
ကျုပ်လည်း ဒီအကြောင်းကို ပြန်မပြောချင်ပေ
မဲ့ သူတို့က သိပ်သိချင်နေတာဆိုတော့လည်း
ပြောရတော့မှာပေါ့ဗျာ
"ပိုးထိတာနေမှာပေါ့ မောင်ပုရာ"
ကိုအုန်း ဆိုတဲ့သူက သူ့ထင်ကြေးကို ဝင်
ပြောတယ်
"ပိုးထိတာ မဟုတ်ဘူးဗျ၊ အသတ်ခံရတာ"
"ဟာ အသတ်ခံရတာ ဟုတ်လား"
"ဒါဆို ဘယ်သူသတ်တယ်ဆိုတာ မင်းသိမှာ
ပေါ့ တာတေရ၊ ရဲကို မင်း မပြောဘူးလား"
ကျုပ်က သူတို့ကို ခေါင်းခါပြတယ်။ သူတို့က
တော့ ကျုပ် ဘာပြောမှာတုံးဆိုတာကို စိတ်
ဝင်စားနေကြတာဗျ။
"သိတာပေါ့ဗျာ၊ ကိုအောင်ချစ်ကို မဖဲဝါ
သတ်တာ"
"ဟေ"
"မဖဲဝါ ဟုတ်လား"
အားလုံး တအံ့တသြနဲ့ ကျုပ်ကို ကြည့်နေကြ
တယ်။ တချို့ကတော့ ဟုတ်ပါ့မလားဆိုတဲ့
အကြည့်နဲ့ပေါ့ဗျာ။
"မဖဲဝါဆိုတာ သရဲမပဲကွ၊ တာတေရ"
"ဟုတ်တယ် ကိုမောင်ပုရဲ့၊ အဲဒီမဖဲဝါက ကို
အောင်ချစ်ကို သတ်လိုက်တာ"
"ဟေ ဘယ်လိုဖြစ်တာတုံး တာတေရ"
"အင်း…ဒီလိုဗျ၊ ကိုမောင်ပုရဲ့၊ မီးလောင်ကုန်း
က တရုတ်အသုဘမှာ ဖဲသွားချဖို့ ကိုအောင်
ချစ်ကကျုပ်ကို အဖော်ခေါ်တယ်၊ အဲဒီမှာ မြို့
က တရုတ်တွေ ရောက်နေတာ၊ သူဋ္ဌေးချည်း
ပဲတဲ့၊ အဲဒီလူတွေကို သူနိုင်အောင် ကစားမယ်
လို့ပြောတယ်"
"သြော် …သြော်"
"ကျုပ်ကတော့ သတိပေးတာပေါ့ဗျာ၊ ကိုအောင်
ချစ် မြို့ကလူတွေကို ယှဉ်ကစားလို့ ခင်ဗျား နိုင်
ပါ့မလားဆိုတော့ ကိုအောင်ချစ်က ကျုပ်ကို
ပြောတယ်ဗျ၊ သူ့မှာ ဖဲနိုင်အောင် ကစားနိုင်တဲ့
နည်းတွေ ရှိတယ်တဲ့ဗျ"
"ဟေ ဟုတ်လား၊ ဘာနည်းတွေများပါလိမ့်"
ကိုမောင်ပုကလည်း ဖဲသမားဆိုတော့ ဖဲနိုင်
အောင် ကစားနိုင်တဲ့နည်းဆိုတာကို စိတ်ဝင်
စားတာပေါ့ဗျာ။
"ကိုမောင်ပုရာ မင်းက တစ်မျိုး၊ ငြိမ်ငြိမ်နား
ထောင်စမ်းပါကွ"
ကိုမောင်ပုရဲ့ သူငယ်ချင်းတွေက သူ့ကို ဝိုင်း
အော်ကြတယ်ဗျို့။
"အဲဒီည ခုနှစ်နာရီလောက်မှာ ကိုအောင်ချစ်
က ခေါ်လို့ သူနဲ့ ကျုပ်လိုက်သွားတယ်။ မီး
လောင်ကုန်းသင်္ချိုင်းကို ရောက်တော့ ကို
အောင်ချစ်က ပြောတယ်ဗျ"
"တာတေ ခဏနေဦးကွ၊ ဒီည ငါက စီးပွားဖြစ်
ဖဲရိုက်မှာဆိုတော့ ငါ့အစွမ်းတစ်ခုတည်းနဲ့တော့
မဖြစ်ဘူးကွ။ မဖဲဝါရဲ့ အကူအညီကိုလည်း
တောင်းရမှာ"
"ဗျာ …မဖဲဝါ ဟုတ်လား"
"အေး ဟုတ်တယ်လေ၊ ဘာလဲ မင်းက မဖဲဝါ
ဆိုတော့ လန့်သွားလို့လား"
လို့ ပြောပြီး လက်ထဲက အထုပ်ကို ဂူပေါ်မှာ
တင်ပြီး ဖြည်တယ်။ ကျုပ် သေသေချာချာ
မှတ်မိတယ် ကိုမောင်ပုရဲ့သူကြီး ဦးသူတော်
ရဲ့ဂူပေါ်မှာ ဖြည်တာ"
"ဘာအထုပ်ကို ဖြည်တာတုံးကွ တာတေရ"
"ခေါက်ဆွဲကြော်ထုပ်ဗျ၊ ကိုအောင်ချစ်က မ
ဖဲဝါကို ကျွေးဖို့ဆိုပြီး ကျုပ်တို့က အပိန့်ခေါက်
ဆွဲကြော်ဆိုင်က အကောင်းစား မှာလာတာဗျ"
"သြော်…သြော် မဖဲဝါကို ခေါက်ဆွဲကြော်
ကျွေးတာကိုး"
ထန်းရည်ဝိုင်းက လူတစ်ယောက်က ခေါင်း
လေး တညိတ်ညိတ်လုပ်ပြီး ဝင်ပြောသဗျ။
အပိုင်း ၃ ဆက်ရန်...
မူရင်း ရေးသားသူအား လေးစားစွာ ⭐ခရက်ဒစ်⭐ ပေးပါသည်။
Comments
Post a Comment