ခေါင်းတလားတစ္ဆေ အပိုင်း(၂)
မင်းကျော်စွာအနေဖြင့် ရွှေခေါင်းတလားကြီးရလာစက ဝမ်းသာမိသော်လည်း နောက်ပိုင်းသူတို့နှင့်ပတ်သက်သူများ တစ်ယောက်ပြီး
တစ်ယောက် သေကြရသည်ကိုမြင်သောအခါ ကြောက်ရွံ့စိတ်
ဖြစ်လာ၏။
ထို့ကြောင့် လက္ခဏာဆရာကြီး မာမိုမက်ထံသို့သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်၏။ ထိုသို့မေးမြန်းကြည့်တော့လည်း အခြေအနေကတော့မကောင်းလှပေ။ ညာဘက်လက်တစ်ဖက် ဆုံးရှုံးရမည့်အပြင် အသက်အန္တရာယ်ပါ စိုးရိမ်ရမည့် အခြေအနေမျိုး ရှိသောကြောင့် စိတ်ထဲ၌
တထင့်ထင့်နှင့်ပင်။
# # #
အခန်း၂။
မာမိုမက်ထံမှပြန်လာပြီး ရက်အတန်ငယ်ကြာသောအခါ
မိတ်ဆွေတစ်စုရောက်လာပြီးခေါ်သဖြင့် တောထဲသို့ အမဲပစ်ရန်
လိုက်သွားခဲ့၏။
ယခင်ကလည်း မိတ်ဆွေများနှင့် အမဲပစ်ထွက်လေ့ရှိသဖြင့် တောထဲရောက်သောအခါ အခြားစိတ်ပူပန်စရာအကြောင်းများ မေ့ပျောက်သွားလေသည်။
တောထဲရောက်ပြီး ညဘက်စခန်းချနေကြစဥ်မှာ မင်းထင်းကျော်က အပေါ့သွားရန်အတွက် အပြင်ထွက်လာရာ အနောက်မှခြေသံကြားရသဖြင့် လှည့်ကြည့်လိုက်သောအခါ အမှောင်ထဲမှာရပ်နေသော မံမီရုပ်အလောင်းကြီးကြီးကို တွေ့လိုက်ရ၏။ ထွေထွေထူးထူးစဥ်းစားမနေတော့ပဲ၊ အသင့်ပါလာသော သေနတ်နှင့်ပစ်လိုက်ရာ ...
“ဖောင်း ... အား”
သေနတ်ကျည်ဆံကရှေ့သို့မထွက်ပေ။ နောက်သို့ပြန်ကန်ထွက်ရာ သေနတ်ကိုင်ထားသော မင်းကျော်စွာ၏ ညာဘက်လက်တစ်ခုလုံး ကြေမွသွားခဲ့၏။ သေနတ်သံကြောင့် တဲအတွင်းမှ အခြားအဖော်များ
က သေနတ်များကိုင်ကာ ပြေးထွက်လာကြသည်။
“မင်းကျော်စွာ! ဘာဖြစ်တာလဲ”
မင်းကျော်စွာက ဒဏ်ရာရထားသောလက်ကို ဆုပ်ကိုင်ထားရင်း
မံမီရုပ်အလောင်းကြီးရှိသောနေရာသို့ လှမ်းကြည့်လိုက်သောအခါ
မတွေ့ရတော့ပေ။
သူသည် အခြားအဖော်များကို အကျိုးအကြောင်းပြောပြောသောအခါ ဒဏ်ရာကို ပတ်တီးစည်းပေးကြသည်။
နောက်တစ်နေ့ မနက်ပိုင်းပြန်ရန်ပြင်သောအခါ
သူတို့စီးလာသောကားက စက်နှိုး၍မရတော့ပေ။
လူသူမနီးသော တောစပ်တွင် အခြားအကူအညီလည်းမရသောကြောင့် ရက်အတော်ကြာသွားခဲ့၏။
လန်ဒန်သို့ပြန်ရောက်သောအခါ ဆရာဝန်နှင့်ပြတော့ ဒဏ်ရာအခြေအနေက အတော်ပင်ဆိုးဝါးနေပြီဖြစ်သောကြောင့်
တံတောင်ဆစ်မှ ဖြတ်ပစ်လိုက်ရတော့သည်။
ထိုအခြေအနေကြောင့် မင်းကျော်စွာ တုန်လှုပ်သွားလေ၏။
“မာမိုမက်ပြောတဲ့အတိုင်း ငါ့ရဲ့ညာဘက်လက်တော့ ဆုံးရှုံးသွားခဲ့ပြီ၊
ဒီအတိုင်းဆိုရင်တော့ မကြာခင် ငါသေရတော့မယ်ထင်တယ်”
ဟုတွေးမိရင်း ဦးထင်ကျော်ထံသို့သွားကာ အကျိုးအကြောင်း
ပြောပြလိုက်၏။ ဦးထင်ကျော်အိမ်သို့ရောက်တော့၊ သူတို့လည်းအခြေအနေမကောင်းပေ။
“မင်းပြောတာ ဟုတ်တယ်၊ ဒီမှာလည်း ရွှေခေါင်းတ
လားကြီးရောက်လာမှ အခြေအနေမကောင်းဘူး”
“ဟာ! ဘယ်လိုတွေဖြစ်တာလဲ”
“ငါရွှေခေါင်းကြီးကို မြေအောက်ခန်းထဲမှာထည့်ထားတာ၊ ညဘက်အဲ့ဒီ
အခန်းထဲက ထူးထူးခြားခြားအသံတွေကြားလို့ ဆင်းကြည့်တော့
ရှေးခေတ်ဖာရိုးအဝတ်အစားနဲ့ မိန်းမတစ်ယောက်ကို တွေ့ရတယ်”
“နောက်တော့ ဘယ်လိုဖြစ်သလဲ”
“နေ့ဘက်ထပ်ပြီးဆင်းကြည့်တော့လဲ ရွှေခေါင်းတလားအပေါ်မှာ မိန်းမရုပ်တစ်ရုပ် ထွင်းထုထားတာတွေ့ရတယ်၊ အဲ့ဒီမိန်းမရုပ်က ညဘက်ကတွေ့ရတဲ့ မိန်းမနဲ့တစ်ထေရာတည်း တူနေတာပဲ”
“ဟင်”
မင်းကျော်စွာ များစွာအံ့သြသွားလေ၏။
“ဒါထက် ထူးဆန်းတာတွေ့ရသေးတယ်”
“ဘယ်လိုမျိုးလဲ”
“ရွှေခေါင်းတလားပေါ်မှာ ပြုလုပ်ထားတဲ့ရုပ်တုက အသက်ဝင်လာသလိုဖြစ်ပြီးတော့ မျက်တောင်ခတ်နေတယ်၊ ငါ့ကိုစိုက်ကြည့်နေတဲ့အကြည့်က အတော်ကို ကြောက်စရာကောင်းတယ်”
ဦးထင်ကျော်က စကားပြောရင်း မျက်နှာပေါ်မှချွေးစက်တို့ကို
ပုဝါဖြင့်သုပ်လိုက်၏။
“ဒီတော့ဘယ်လိုလုပ်ကြမလဲ”
“ငါတော့ ငါတို့ရထားတဲ့ ရွှေခေါင်းတလားကြီးကို
ရောင်းပစ်ဖို့ စိတ်ကူးထားတယ်”
“ဝယ်မယ့်သူကော ရှိပါ့မလား”
“ဒီကိစ္စကို မာရီယာက တာဝန်ယူပြီး လုပ်နေတယ်၊
သူနဲ့တွေ့ပြီးတော့မှ အဖြေသိရမှာပဲ”
ဟု ဦးထင်ကျော်ကပြောလေသည်။
နောက်တစ်ရက်မှာတော့ ဦးထင်ကျော်နေသော အိမ်မှာပင် မာရီယာနှင့်ပြန်တွေ့ရသည်။
အခြေအနေကိုမေးတော့ သူမက ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြလေ၏။
“အရောင်းအဝယ်ကိစ္စ ဘာမှမလုပ်ရသေးဘူး၊
ဒီရက်ထဲမှာ ကျွန်မအတွက် မကောင်းတာတွေနဲ့ချည်းကြုံနေရတယ်၊ ဒါနဲ့ ရှင့်ရဲ့လက်တစ်ဖက်က ဘယ်လိုဖြစ်တာလဲ”
မာရီယာက မင်းကျော်စွာ၏ ဖြတ်ထားသောလက်ကို
မြင်သွားသဖြင့်မေးလိုက်သည်။
“ငါလည်းနင့်လိုပဲ ဘုရင်မတောင်ကြားက ပြန်လာ
ကတည်းက အခြေအနေမကောင်းဘူး၊ ကြောက်စရာလန့်စရာတွေနဲ့ချည်းတွေ့နေရတယ်၊ နောက်ဆုံးလက်တစ်ဖက်ဖြတ်လိုက်ရတဲ့
အထိပါပဲ”
မင်းကျော်စွာက သူကြုံတွေ့ခဲ့ရသော အကြောင်းများကို ပြန်ပြောပြလိုက်၏။
“နင်ရော၊ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံခဲ့ရသလဲ ပြောပြပါဦး”
ထိုအခါ မာရီယာက သူမကြုံခဲ့ရသော အဖြစ်အပျက်များကို
ပြောပြလေသည်။
“တစ်ညမှာ ကျွန်မအသံကြားလို့ အိမ်အောက်ကို
ဆင်းကြည့်လိုက်တော့၊ ရှေးခေတ်ဖာရိုးအဝတ်စား
နဲ့ အမျိုးသမီးတစ်ယောက် လမ်းလျှောက်နေတာကို
တွေ့ရတယ်၊ အဲ့ဒီအမျိုးသမီးက ကျွန်မရပ်နေတဲ့ အပေါ်ကို မော့ကြည့်ပြီး အမှောင်ထဲမှာ ချက်ချင်း
ပျောက်သွားတယ်”
မာရီယာက ထိုအကြောင်းကို အတူနေသော အမျိုး
သမီးကို ပြောမပြတော့ပေ။
နောက်တစ်ညမှာတော့ အောက်ထပ်မှ အသံအချို့
ကြားရပြန်သည်။ မာရီယာကထွက်မကြည့်တော့ပေ။ ထိုအခါ အတူနေ
သော အမျိုးသမီးက ထွက်ကြည့်လေ၏။
အပိုင်း(၃)ဆက်ရန်..
မူရင်းရေးသားသူအား လေးစားစွာ creditပေးပါသည်။

Comments
Post a Comment